Jobs In Myanmar
Load...

UK နိုင်ငံတွင် ပထမဆုံး COVID-19 မျိုးကွဲ Omicron ဖြစ်ပွားမှုအား စတင်တွေ့ရှိခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-COVID-Omicron-UK-JobsInYangon



UK နိုင်ငံတွင် ပထမဆုံး COVID-19 မျိုးကွဲ Omicron ဖြစ်ပွားမှုအား စတင်တွေ့ရှိခဲ့ 

 

UK နိုင်ငံတွင် COVID-19 မျိုးကွဲအသစ် Omicron ကူးစက်ခံရတဲ့ ပထမဆုံး case တစ်ခုကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါ Omicron virus ကူးစက်ခံရသူမှာ Nottingham တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ စနေနေ့က Nottingham နှင့် Essex ပြည်နယ်များရှိ လူ (၂) ဦးဟာ အဆိုပါ COVID-19 မျိုးကွဲအသစ် ကူးစက်ခံခဲ့ရကြောင်း UK အာဏာပိုင်များမှ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

Nottingham တက္ကသိုလ်မှ တောင်အာဖရိကတိုက်တွင် စတင်တွေ့ရှိခဲ့တဲ့ အဆိုပါ virus မျိုးကွဲကို COVID positive တွေ့ရှိရတဲ့ sample ကို ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့တဲ့အတွက် ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ကူးစက်ခံထားရတဲ့ အဆိုပါကျောင်းသားဟာ လောလောဆယ်တွင် ကျောင်းသို့တက်ရောက်ခြင်းမရှိပဲ self-isolating ပြုလုပ်နေကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ UK Health Security Agency (USHSA) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ အဆိုပါ Nottingham နှင့် Essex ပြည်နယ်များတွင် ဖြစ်ပွားခဲ့တဲ့ case (၂) ခုစလုံးဟာ တောင်အာဖရိကတိုက်သို့ ခရီးသွားလာခဲ့မှုနှင့် ဆက်စပ်နေကြောင်း သိရှိရပါတယ်။ 

Nottingham တက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ Local Democracy Reporting Service (LDRS) သို့လည်း “ကျွန်ုပ်တို့အနေနဲ့ ပုံမှန်အတိုင်းဆိုလျှင် case တစ်ခုခြင်းစီအပေါ် မှတ်ချက်ပေးခြင်းပြုလုပ်လေ့မရှိသော်လည်း ဒီကျောင်းသားဟာ ယခုအခါနိုင်ငံတစ်ဝှမ်းလုံးသို့ပြန့်ပွားကူးစက်လျှက်ရှိနေတဲ့ Omicron virus မျိုးကွဲကူးစက်ခံရတဲ့ case များထဲတွင် တစ်ခုအပါအဝင်ဖြစ်နေတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ဒီကျောင်းသားဟာလည်း လက်ရှိတွင် ကျောင်းသို့တက်ရောက်နေခြင်းမရှိပဲ ကူးစက်ခံရတဲ့အချိန်တစ်လျှောက်လုံးတွင် self-isolation ပြုလုပ်နေခဲ့တာဖြစ်ပြီး ကျွန်ုပ်တို့ဟာ ပြည်သူ့ကျန်းမာရေးအာဏာပိုင်များနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်၍ အဆိုပါကျောင်းသားများကို ကူညီထောက်ပံ့ပေးမှုများပြုလုပ်ပေးလျှက်ရှိနေပြီး သူတို့မြန်ဆန်စွာ ပြန်လည်ကျန်းမာလာဖို့ကိုလည်း ဆုတောင်းပေးနေပါတယ်” ဟူ၍ ပြောဆိုခဲ့ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 

www.jobsinyangon.com  


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)
Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS