Tags: News-FDA-Fully-Approved-Vaccine-JobsInYangon
FDA ရဲ့ အပြည့်အဝသုံးစွဲမှု ခွင့်ပြုချက်ကို Pfizer/ BioNTech ရောဂါကာကွယ်ဆေးမှ ရရှိခဲ့
အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ Pfizer/ BioNTech COVID-19 ကာကွယ်ဆေးကို အပြည့်အဝထောက်ခံချက်ပေးလိုက်ပြီဖြစ်ပြီး ယခုအခါတွင် ၎င်းကို Comirnaty အမည်ဖြင့် ဖြန့်ချီသွားတော့မှာဖြစ်ကြောင်းကို Pfizer နှင့် BioNTech ကုမ္ပဏီမှ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ရောဂါကာကွယ်ဆေးဟာ FDA ရဲ့ အပြည့်အဝထောက်ခံချက်ဖြစ်တဲ့ Biologics License Application (BLA) ကိုရရှိခဲ့ပြီဖြစ်ပြီး အသက် ၁၆ နှစ်နှင့် အထက်အတွက် ပထမတစ်ကြိမ်နှင့် ဒုတိယအကြိမ်ကြားတွင် ၃ ပတ်ခန့်ခြား၍ ကာကွယ်ဆေးထိုးနှံမှု ပြုလုပ်သွားရမှာဖြစ်ပါတယ်။ ဒါဟာ COVID-19 ရောဂါအတွက် ပထမဆုံး BLA ခွင့်ပြုချက်ရရှိခဲ့တဲ့ ရောဂါကာကွယ်ဆေးဖြစ်ပါတယ်။
FDA မှ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Janet Woodcock မှလည်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် - “သန်းပေါင်းများစွာသော လူများဟာ COVID-19 ကာကွယ်ဆေးကို စိတ်ချစွာထိုးနှံခွင့်ရရှိခဲ့ပြီးဖြစ်သော်လည်း ဒီ FDA ရဲ့ ထောက်ခံချက်ဟာ ကျန်ရှိနေသေးသော သူများအနေနဲ့ ကာကွယ်ဆေးကို ပိုမို၍စိတ်ချယုံကြည်စွာနဲ့ ထိုးနှံနိုင်လာကြလိမ်မယ်လို့ မျှော်လင့်ပါတယ်။ ယနေ့ရဲ့ သမိုင်းမှတ်တိုင်ဟာ အမေရိကန်နိုင်ငံအတွင်း ကပ်ရောဂါပျံ့ပွားမှုကို ထိန်းချုပ်ရန် ပိုမိုနီးကပ်လာပြီဆိုတာကို ဖော်ပြလျှက်ရှိနေပါတယ်” ဟူ၍ ပြောဆိုသွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.