Jobs In Myanmar
Load...

Professional Email Writing: Do’s and Don’t

by www.jobsinyangon.com


Tags: Knowledge-Professional-Email-Writing-JobsInYangon



Professional တစ်ဦးအနေနဲ့ Email ရေးသားရာတွင် ဆောင်ရန်/ ရှောင်ရန် အချက်များ 

 

စာဖတ်သူတို့ရဲ့ professional ဂုဏ်သတင်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့အချက်များထဲကတစ်ခုကတော့ သေချာစွာရေးသားခြင်းမရှိပဲ ပေးပို့လိုက်မိတဲ့ e-mail များပဲဖြစ်ပါတယ်။ Send button ခလုတ်ကို တစ်ချက်လောက် မှားနှိပ်လိုက်မိလိုက်ရုံမျှနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ တစ်ခုအကြားရှိ အပြန်အလှန်ဖလှယ်မှုများ၊ အလုပ်လျှောက်ထားရာတွင်နှင့် HR ပိုင်းဆိုင်ရာ (သို့မဟုတ်) လုပ်ဖော်ကိုင်ဖက်များအကြားရှိ ပြဿနာများကို ဖြေရှင်းရာတွင် ခြားနားချက်များကို ဖြစ်ပေါ်သွားစေနိုင်ပါတယ်။ International Data Corporation (IDC) မှ ဦးဆောင်ပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ ဝန်ထမ်းအများစုဟာ တစ်ပတ်တာအတွင်း သူတို့အလုပ်လုပ်ချိန်စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းခန့်ကို e-mail များဖတ်ရှုခြင်း/ ဖြေကြားခြင်းဖြင့် အချိန်ကုန်ဆုံးနေကြရတာဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ကို မိမိအားသတိထားမိလာစေလိုပါက ကောင်းမွန်ထိရောက်မှုရှိတဲ့ e-mail တစ်စောင်ကို ရေးသားတတ်ဖို့ဟာ အတော်လေးအရေးကြီးလာပြီပဲဖြစ်ပါတယ်။ 

ဒီ article အတွင်းမှာတော့ စာဖတ်သူတို့အတွက် e-mail များရေးသားရာတွင် ရှောင်ရှားသင့်တဲ့အချက်များကို ဖော်ပြပေးထားသလို ဘယ်လိုအချက်တွေက မိမိတို့ရေးသားလိုက်တဲ့ e-mail တစ်စောင်ကို ကောင်းမွန်စွာရေးသားထားတဲ့ e-mail တစ်စောင်အဖြစ်သို့ မည်ကဲ့သို့ ပြောင်းလဲပေးနိုင်မလဲဆိုတာကိုလည်း ဖော်ပြတင်ဆက်ပေးထားပါတယ်။ Professional ဆန်ဆန် e-mail များကို ရေးသားတတ်ခြင်းဟာ သင့်အပေါ်အခြားသူများမှ ကောင်းမွန်တဲ့အထင်အမြင်ကို ရရှိနိုင်အောင် ကူညီပေးနိုင်ရုံသာမကပဲ တစ်ဦးနဲ့တစ်ဦးအကြားတွင် ယုံကြည်မှုများကိုတည်ဆောက်နိုင်စေမှာဖြစ်ပါတယ်။ 

 

E-mail တစ်စောင်ကိုရေးသားရာတွင် လိုက်နာကျင့်သုံးသင့်သည့်အချက်များ 

 

တိကျရှင်းလင်းတဲ့ အကြောင်းအရာခေါင်းစဉ် (subject) တစ်ခုရှိနေပါစေ - သင့်ရဲ့ အထက်လူကြီးထံသို့ (ဒါမှမဟုတ်) အလုပ်တစ်ခုကိုလျှောက်ထားရန်အတွက် e-mail တစ်စောင်ကိုရေးသားပေးပို့ရာတွင် ကြည့်လိုက်ရုံနဲ့ သင်ပေးပို့လိုက်တဲ့ e-mail ရဲ့ အကြောင်းအရာကို တန်းပြီးနားလည်းသဘောပေါက်နိုင်စေဖို့ဟာ အရေးကြီးလှပါတယ်။ အကယ်၍ e-mail လက်ခံသည့်သူထံတွင် message များ အများအပြားရောက်ရှိနေပါက ထိုသူတို့အနေနဲ့ subject များရဲ့ အရေးကြီးမှုအပေါ်မူတည်ပြီး ဘယ်အရာတွေကိုတော့ဖြင့် ဖတ်ရှုရမလဲဆိုတာကို ရွေးချယ်သွားကြမှာဖြစ်ပါတယ်။

Professional ဆန်တဲ့ သင့်လျှော်သောနှုတ်ဆက်မှုပုံစံများကို အသုံးပြုပါ - သင့်အနေနဲ့ e-mail ကို လက်ခံမည့်သူနှင့် မည်မျှပင် သိကျွမ်းရင်းနှီးမှုရှိနေစေကာမူ “Hey, Yo (သို့မဟုတ်) Hiya” တို့ဟာ professional လောကတွင် အသုံးပြုသင့်တဲ့ နှုတ်ဆက်မှုပုံစံများမဟုတ်ပါဘူး။ ထိုအစား “Hi” သို့မဟုတ် “Hello” ကို သုံးစွဲနိုင်ပြီး Formal ပိုကျဖို့အတွက်ဆိုရင်တော့ “Dear မ _ _ _ _”  ဟူ၍ သုံးစွဲရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် “Hello Amelia” ဟူ၍ နှုတ်ဆက်မှုပုံစံများဟာလည်း သင့်လျှော်တဲ့ နှုတ်ဆက်မှုပုံစံတစ်ခုဖြစ်သော်လည်း, ထိုသူရဲ့ အမည်ကို ခွင့်ပြုချက်မရပဲ အတိုကောက်ခေါ်ဝေါ်ခြင်းကိုတော့ ရှောင်ရှားသင့်ပြီး နာမည်အပြည့်အစုံကို တပ်၍ “Hello Amelia Luckwood” ဟူ၍ အပြည့်အစုံထည့်သွင်းနှုတ်ဆက်ရမှာဖြစ်ပါတယ်။ 

Formal အရ သုံးစွဲသည့်စကားလုံးများနှင့် သာမန်ပြောဆိုရာတွင် သုံးစွဲသည့်စကားလုံးများအကြား မျှတမှုရှိပါစေ - သင်ပေးပို့တဲ့ e-mail ဟာ သင်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာနဲ့ သင့်ရဲ့ professionalism အဆင့်ကို ဖော်ပြနေနိုင်ပါတယ်။ E-mail တစ်စောင်ကို မိမိရဲ့ အထက်က စီမံခန့်ခွဲသူများ (သို့) သူစိမ်းတစ်ဦးထံသို့ ပေးပို့တဲ့အခါတွင် သင်အသုံးပြုမယ့် font, စာလုံးပေါင်းသတ်ပုံ, စကားအထားအသို အစရှိသည်တို့ဟာ professional ဆန်နေစေဖို့အတွက် ကြိုးစားရမှာဖြစ်ပါတယ်။ သင်ရေးသားတဲ့ e-mail တစ်စောင်ကို ပိုပြီး အသက်ဝင်စေဖို့အတွက် emoji များကို သုံးစွဲလိုစိတ် သင့်ထံတွင်ရှိနေနိုင်သော်လည်း ဘယ်သူတွေကိုတော့ emoji များထည့်ပြီးပေးပို့သင့်သလဲ၊ ဘယ်သူတွေကိုတော့ ထိုသို့ emoji များထည့်သွင်းမပေးပို့သင့်ဘူးလဲ ဆိုတာကို ကောင်းစွာသိရှိထားဖို့လည်း လိုအပ်ပါတယ်။ 

မိမိကိုယ်ကို မိတ်ဆက်မှုပြုလုပ်ပါ - အကယ်၍ သင်ဟာ သူစိမ်းတစ်ဦးထံသို့ စတင်၍ e-mail ပို့ရခြင်းဖြစ်ပါက သင့်ကိုယ်သင် ကောင်းမွန်ထိရောက်စွာမိတ်ဆက်ပေးဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် “Dear Hiring Manager, My name is Amelia Luckwood, Marketing Specialist at _ _ _ _ _ _ _ Co., Ltd. I got your contact information from _ _ _ _ _ _ _ _ .” ဟူ၍ မိတ်ဆက်နိုင်ပါတယ်။ အဆက်အသွယ်အသစ်များ၊ Potential customer များ၊ Client များနဲ့ လုပ်ငန်းရှင်များထံသို့ ပထမဆုံးအကြိမ် စတင်ဆက်သွယ်မှု ပြုလုပ်ရာတွင် ၎င်းတို့ဟာ သင့်အနေနဲ့ သူတို့ရဲ့ contact information ကို မည်ကဲ့သို့ ရရှိလာသလဲဆိုသည်အား သိရှိလိုကြမှာဖြစ်တဲ့အတွက် ဒီကဲ့သို့ မိမိကိုယ်ကို သင့်လျှော်ကောင်းမွန်စွာ စတင်မိတ်ဆက်ပေးဖို့ဟာ အလွန်အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ 

အစဉ်အလာများကို သိရှိထားပါ - သင် e-mail ပေးပို့ရန် ရည်ရွယ်ထားသည့်သူများရဲ့ ဓလေ့ထုံးတမ်းစဉ်လာများကို လေ့လာမှုပြုလုပ်ထားပါ။ မိမိတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာများနှင့် တူညီမှုမရှိတဲ့သူများထံသို့ e-mail များပေးပို့ရာတွင် ထိုသူတို့နေထိုင်ရာနိုင်ငံရဲ့ ဓလေ့ထုံးတမ်းစဉ်လာများကို ကြိုတင်လေ့လာထားခြင်းဟာ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် - “ဂျပန်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်တဲ့ e-mail တစ်စောင်ရဲ့ ပထမဆုံစာကြောင်းတွင် ရာသီဥတုအခြေအနေကို မေးမြန်းခြင်းမဟာ မရှိမဖြစ်ပြုလုပ်သင့်တဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။” 

မှန်ကန်တဲ့ font များနှင့် မှန်ကန်တဲ့စာလုံးအထားအသိုကို အသုံးပြုပါ - Presentation ဟာ ဘဝရဲ့ ဘက်ပေါင်းစုံတွင် အဓိကအရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့အတွက် e-mail များဟာလည်း ထို့နည်းတူပဲဖြစ်ပါတယ်။ Font အမျိုးအစားများဟာ သိပ်အရေးမကြီးဘူးဟု ထင်ရနိုင်သော်လည်း သင့်ရဲ့ e-mail ကို ဖတ်ရှုခံရခြင်း (သို့မဟုတ်) delete ပြုလုပ်ခံရခြင်းအပေါ် အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။ 

သင့်ရဲ့ attachment များနဲ့ e-mail ကို ၂ ခါပြန်စစ်ပါ - ဖိုင်တစ်ခုကို attach ပြုလုပ်တဲ့အခါတွင် သင့် e-mail ထဲတွင် ရေးသားထားသည့် အကြောင်းအရာများနဲ့ လျှော်ညီစွာ upload ပြုလုပ်ထားတာ ဟုတ်/ မဟုတ်ကို ပြန်လည်စစ်ဆေးကြည့်ရှုပေးပါ။ ဒါ့အပြင် ထည့်သွင်းထားသည့် attachment များကို ရည်ညွှန်းသည့်အနေဖြင့် “Kindly find attached” သို့မဟုတ် “See below-attached documents” အစရှိသည်ဖြင့် ဖော်ပြပေးဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ စာလုံးပေါင်းမှားယွင်းနေသော (သို့မဟုတ်) ပါဝင်သင့်သည့် စကားလုံးများ မပါဝင်ခြင်းဟာ အသေးစိတ်ကို ဂရုတစိုက်စစ်ဆေးမှုမရှိဘူးဆိုသည်အား ဖော်ပြနေပါတယ်။ 

အမှတ်အသား၊ လက်မှတ်ကို ထည့်သွင်းပါ - သင်ပေးပို့မှုပြုလုပ်လိုက်တဲ့ e-mail တိုင်းတွင် သင်ဘယ်သူလဲဆိုတာကို ဖော်ပြပေးနိုင်မယ့် signature တစ်ခုနဲ့ သင့်ကို ဆက်သွယ်နိုင်မယ့်နည်းလမ်းများ ပါဝင်နေသင့်ပါတယ်။ ဒါ့အပြင် “Do let me know if you have any questions or concerns, Best regards, Warm regards, Cheers!” အစရှိတဲ့ ယဉ်ကျေးသည့်သဘောကိုဆောင်သော လောကွတ်ပြုသည့် စကားလုံးများကိုလည်း သင့်ကုမ္ပဏီရဲ့ အစဉ်အလာများ (သို့မဟုတ်) မိမိရဲ့ personal brand တို့အပေါ်မူတည်၍ ထည့်သွင်းရေးသားရမှာဖြစ်ပါတယ်။ သင့်ရဲ့ professional contact detail များအပါအဝင် အထက်ဖော်ပြပါ အချက်အလက်များကို e-mail တစ်စောင်ရဲ့ နောက်ဆုံးတွင် အလိုအလျှောက်ပါဝင်နေစေရန်အတွက် set up ပြုလုပ်ထားနိုင်ပါတယ်။ 

E-mail များရရှိကြောင်းကို ပြန်လည်၍ အကြောင်းပြန်ပေးပါ - တစ်ခါတစ်ရံတွင် အလုပ်တွေအရမ်းရှုပ်နေပြီး e-mail များ အဆက်မပြတ်ဝင်ရောက်လာခြင်းမျိုးနဲ့လည်း သင်တွေ့ကြုံကောင်း တွေ့ကြုံရနိုင်ပါတယ်။ ဒါပေမယ့် ဒီ e-mail များကို ignore ပြုလုပ်ထားပြီး သင့်ရဲ့ professional ဆန်မှုကို လွှင့်မပစ်လိုက်ပါနဲ့။ မိမိတို့ လက်ခံရရှိတဲ့ e-mail တစ်စောင်ကို ချက်ခြင်းအကြောင်းပြန်ပေးဖို့ မလိုအပ်သော်လည်း e-mail ရရှိကြောင်းနဲ့ သင့်အနေနဲ့ ဒီကိစ္စကို ဘယ်အချိန်လောက်တွင် ပြန်လည်၍ အကြောင်းပြန်ပေးနိုင်မလဲဆိုသည်အား ပြန်လည်၍ အကြောင်းကြားပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ သင့်ကို e-mail ပေးပို့သူဘက်မှ “ကျွန်တော်/ ကျွန်မ ပေးပို့လိုက်တဲ့ e-mail ကို ရရှိပါရဲ့လား” ဟူ၍ မေးမြန်းလာခြင်းအား ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ 

 

E-mail တစ်စောင်ကို ရေးသားရာတွင် မပြုလုပ်သင့်သော အချက်များ 

 

မိမိတို့ရဲ့ e-mail ဟာ လုံခြုံမှုရှိတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့ - ကွန်ပျူတာ software program များဟာလည်း တစ်ခါတစ်ရံတွင် အမှားအယွင်းများဖြစ်ပေါ်တတ်ပြီး သင့်ရဲ့ e-mail ကို မှားယွင်း၍ပေးပို့လိုက်မိခြင်းမျိုး ဖြစ်လာနိုင်ပါတယ်။ အချို့သော ကုမ္ပဏီများတွင်လည်း ဝန်ထမ်းများရဲ့ e-mail များကို နီးကပ်စွာစောင့်ကြည့်လေ့ရှိတတ်ကြပါသေးတယ်။ ဒါကြောင့် သင့်ရဲ့လုပ်ဖော်ကိုင်ဘက်များကို သင်မတွေ့စေလိုတဲ့ အကြောင်းအရာများအား ဘယ်တော့မှ e-mail ပေါ်ကနေတဆင့် ပေးပို့မှုမပြုလုပ်သင့်ပါဘူး။ အကယ်၍ သင်ပေးပို့မယ့် message တစ်ခုဟာ ကိုယ်ရေးအချက်အလက်များနဲ့ သက်ဆိုင်နေပြီး၊ အခြားသူများကို မသိရှိစေလိုပါက မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောဆိုဆွေးနွေးမှုများကို ပြုလုပ်သင့်ပါတယ်။ 

စာလုံးအကြီး (Capital Letter) များကို အသုံးပြု၍ e-mail ရေးသားခြင်းကို မပြုလုပ်ပါနဲ့ - Capital Letter များကို အသုံးပြု၍ e-mail တစ်စောင်လုံးကို ရေးသားခြင်းဟာ အော်ဟစ်ပြောဆိုခြင်းဟူ၍ မှတ်ယူလေ့ရှိကြတဲ့အတွက် ဒီအချက်ကို ရှောင်ရှားသင့်ပါတယ်။ 

ရောင်စုံစာလုံးဖောင့်များကို အသုံးမပြုပါနဲ့ - သင့်ရဲ့ font size နဲ့ စာလုံးအရောင်ကို professional ဆန်စွာထားရှိပါ။ Font size ဟာ 10-12 ကြားရှိနေသင့်ပြီး အရောင်ကိုတော့ အနက်ရောင်ဖြင့်သာ ထားရှိသင့်ပါတယ်။ အကယ်၍ သင့်အနေနဲ့ တစ်စုံတစ်ရာကို အလေးအနက်ထားဖော်ပြလိုပါက အဆိုပါနေရာကို အရောင်ထည့်သွင်း၍ ဦးစားပေးဖော်ပြပေးနိုင်ပါတယ်။ 

“Reply All” ခလုတ်ကို မနှိပ်ပါနဲ့ - “Reply-to-All” လုပ်ဆောင်ချက်ကို e-mail တွင်ပါဝင်နေသူများအားလုံးမှ သိရှိဖို့လိုအပ်သည့်အခါမှသာ အသုံးပြုရမှာဖြစ်ပါတယ်။ တစ်စုံတစ်ဦးသာ သိရှိရန်လိုအပ်သည့် အချက်အလက်များကို group တစ်ခုလုံးထံသို့ ပေးပို့မိခြင်းဟာ ရှက်စရာကောင်းလှပါတယ်။ အကယ်၍ e-mail လက်ခံရရှိကြောင်းကို အကြောင်းပြန်ခြင်း (သို့) meeting အချိန်ကို အတည်ပြုဖို့အတွက် e-mail ပြန်လည် ပေးပို့ခြင်းဖြစ်ပါက e-mail ပေးပို့လာတဲ့ sender ကိုသာ ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။ 

E-mail လက်ခံသူဘက်မှ သင်ဘာကိုဆိုလိုသလဲဆိုသည်အား အလိုအလျှောက်သိရှိနိုင်လိမ့်မယ်လို့ မယူဆပါနဲ့ - E-mail တစ်ခုရဲ့ နောက်ဆက်တွဲတုန့်ပြန်မှုများကို ရေးသားသည့်အခါတွင်တောင်မှ သင်ရေးသားလိုက်တဲ့ e-mail များကို stand-alone note များအဖြစ်ဖန်တီးထားပါ။ ဆိုလိုသည်မှာ - စာတစ်ကြောင်းတည်း ရေးသား၍ ပေးပို့ခြင်းကို ရှောင်ရှားပါ။ လိုအပ်ပါက ယခင် e-mail များတွင် ပြောဆိုထားသည့် စာပိုဒ်များကို “ရည်ညွှန်းချက်” များအနေဖြင့် ထည့်သွင်းရေးသားပါ။ သင်ပြောလိုသည့် အကြောင်းအရာကို သိရှိနိုင်ရန်အတွက် e-mail လက်ခံသူဘက်မှ ယခင် e-mail များကို ပြန်လည်ဖတ်ရှုနေရခြင်းဟာ လွန်စွာစိတ်ရှုပ်ဖို့ကောင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သင်ပေးပို့လိုက်သည့် e-mail ကို လက်ခံသည့်သူဟာ တစ်နေ့တာအတွင်း ရာပေါင်းများစွာသော e-mail များကို ဖတ်ရှုနေရသူတစ်ဦးလည်း ဖြစ်ကောင်းဖြစ်နေနိုင်တဲ့အတွက် သင့်ရဲ့ e-mail နဲ့ သက်ဆိုင်တဲ့ ယခင်ကပြောထားသမျှကို မှတ်မိချင်မှ မှတ်မိနေမှာပါ။ ဒါကြောင့် ယခင်က ပြောထားတဲ့ စကားလုံးများကို ရည်ညွှန်းချက်တစ်ခုအနေနဲ့ ပြန်လည်ထည့်သွင်းဖော်ပြ၍ remind ပြုလုပ်ပေးသင့်ပါတယ်။ 

Negative မဆန်ပါစေနဲ့ - မိမိစိတ်တိုဒေါသထွက်နေသည့် အချိန်တွင် ဘယ်တော့မှ e-mail ပေးပို့ခြင်း (သို့မဟုတ်) ရိုင်းပြသည့် တုန့်ပြန်မှုတစ်ခုကို ပြုလုပ်ခြင်း မပြုလုပ်မိပါစေနဲ့။ သင့်ရဲ့ message များကို သေချာစွာ စဉ်းစားဆုံးဖြတ်ပြီးမှ ပေးပို့ပါ။ အကယ်၍ သင်စိတ်တိုဒေါသထွက်နေခဲ့ပါက သင်ရေးသားနေတဲ့ message ကို “drafts folder” အတွင်းသို့ ခေတ္တထည့်သွင်းထားပြီးနောက် အချိန်အနည်းငယ်ကြာပြီး သင့်အနေနဲ့ စိတ်တည်ငြိမ်မှုပြန်လည်ရရှိလာတဲ့အခါတွင်မှ တစ်ဖန်ပြန်လည်၍စစ်ဆေးကြည့်ရှု၍ ပြန်လည်ရေးသားပါ။  

Exclamation Point (!) များနဲ့ အတိုကောက်စကားလုံးများကို အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ရှားပါ - Exclamation Point များကို အတန်းလိုက်အသုံးပြုခြင်း (!!!!!!!!) ဟာ professional မဆန်သလို အတိုကောက်စာလုံးများကို များစွာအသုံးပြုခြင်းဟာလည်း professional မဆန်လှပဲ သင်ဟာပျင်းရိသူတစ်ဦးဖြစ်တယ်လို့ ထင်မြင်သွားနိုင်ပါတယ်။ Exclamation point များနှင့် အခြားသော စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်တဲ့အရာများ - emoticon များ၊ LOL, OMG အစရှိတဲ့ အတိုကောက်စာလုံးများကို စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားရာတွင် သင်နဲ့ ပြောဆိုနေသူနှင့် သင့်အကြားတွင် လုံလောက်တဲ့ ရင်းနှီးမှုမျိုးမရှိပါက ဒီလိုအသုံးအနှုန်းများကို ရှောင်ရှားခြင်းက အကောင်းဆုံးဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
Definity Group of Co.,Ltd

Definity Group of Co.,Ltd

Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Sea Rain Co.,Ltd

Sea Rain Co.,Ltd

PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS