Jobs In Myanmar
Load...

Regaining your confidence after a layoff

by www.jobsinyangon.com


Tags: Knowledge-Laid-Off-Regaining-Confidence-JobsInYangon



အလုပ်မှထုတ်ပယ်ခြင်းခံရပြီးနောက်တွင် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန် ပြန်လည်တည်ဆောက်ခြင်း 

 

၂၀၂၀ ခုနှစ်ဟာ လူအတော်များများအဖို့ Lockdown များ၊ WFH ပြုလုပ်ရခြင်းများနဲ့၊ ကြပ်တည်းတဲ့စီးပွားရေးအခြေအနေများကြောင့် ဖြတ်သန်းရလွန်စွာခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ထိုအခြေအနေများဟာ ယခု ၂၀၂၁ ခုနှစ်အတွင်းမှာလည်း ဆက်လက်၍ဖြစ်ပွားနေခဲ့ပါတယ်။ များစွာသောလူငယ်များအနေနဲ့ အလုပ်မှထုတ်ပယ်ခံရခြင်း (သို့) လစာငွေပမာဏအတော်များများဖြတ်တောက်ခံရခြင်းတို့နဲ့လည်း တွေ့ကြုံခဲ့ရမှာပါပဲ။ မည်သို့သောအခြေအနေမျိုးတွင်ဖြစ်နေပါစေ အလုပ်မှထုတ်ပယ်ခံရခြင်းဟာ ထုတ်ပယ်ခံရသူဝန်ထမ်းအဖို့တော့ မိမိကိုယ်ကိုယုံကြည်မှုများပျောက်ဆုံးသွားမှာအမှန်ပဲဖြစ်ပါတယ်။ မိမိတို့ရဲ့ သက်ဆိုင်ရာ Career များတွင် အောင်မြင်မှုများကိုရယူနိုင်ဖို့အတွက် မိမိကိုယ်ကိုယုံကြည်မှုဟာ အရေးပါတဲ့အခန်းကဏ္ဍမှပါဝင်နေတဲ့အတွက် ထိုကဲ့သို့ အလုပ်မှထုတ်ပယ်ခြင်းကို ရုတ်တရက်ခံလိုက်ရတဲ့အခါမှာ စာဖတ်သူတို့အနေနဲ့ စိတ်ညစ်၊ စိတ်ပျက်မသွားဖို့ အရေးကြီးလှပါတယ်။ 

မိမိကိုယ်ကိုအသုံးမကျဘူး၊ အဆင်မပြေဘူးလို့ တွေးတောနေမယ့်အစား အောက်ပါအကြံပြုချက် (၄) ချက်အတိုင်း လိုက်ပါလုပ်ဆောင်ကြည့်ပြီး အလုပ်မှထုတ်ပယ်ခံရပြီးနောက် သင့်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုအား ပြန်လည်တည်ဆောက်လိုက်ပါ။ 

၁။ ဒါ သင့်ကြောင့်မဟုတ်ဘူးဆိုတာကို သိထားပါ - ဒီလိုပြုလုပ်နိုင်ဖို့က လက်တွေ့မှာခက်ခဲမှာပါ၊ ဒါပေမယ့် သင်အလုပ်ထုတ်ခြင်းခံရတဲ့ ပြဿနာအရင်းခံဟာ သင်မဟုတ်တာကိုသိထားပါ။ ဒီလိုခက်ခဲကြပ်တည်းလှတဲ့ ကာလအတွင်းမှာ သင့်နည်းတူအလုပ်မှထုတ်ပယ်ခံရသူ အမြောက်အများရှိနေပြီး ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာဖြင့်ဆိုပါက သန်းပေါင်းများစွာသောဝန်ထမ်းများဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်ဆိုတာကို သတိရပါ။ ဒါဟာ သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကြောင့်မဟုတ်ပါဘူး။ လက်ရှိ စီးပွားရေးအခြေအနေများအရ သင့်အားအလုပ်မှထုတ်ပယ်ခံရခြင်းဖြစ်ပါတယ်။ ဒါဟာသင့်ကိုယ်သင်ပြန်လည်ထူထောင်နိုင်စေဖို့အတွက် ပထမဆုံးသောခြေလှမ်းပဲဖြစ်ပါတယ်။ 

၂။ ကျွမ်းကျင်မှုအသစ်များနဲ့ certificate အသစ်များကို ရယူထားပါ - ပိုမိုကောင်းမွန်တဲ့သူတစ်ဦးဖြစ်လာဖို့အတွက်နဲ့ မိမိကိုယ်ကိုယုံကြည်မှုအား ပြန်လည်တည်ဆောက်နိုင်စေရန် ဒါဟာ အကောင်းဆုံးသောနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အလုပ်မှထုတ်ပယ်ခံလိုက်ရတဲ့အခါ ထိုအချိန်ကို သင်ယူမှုအသစ်များပြုလုပ်နိုင်ရန်အတွက် အချိန်အားလပ်သွားတဲ့အခွင့်အလမ်းတစ်ရပ်အဖြစ်ပြောင်းလဲလိုက်ပါ။ Career ပြောင်းဖို့ အရင်ကစဉ်းစားခဲ့ဖူးပါသလား? အခုအချိန်မှာ သင်လုပ်နိုင်ပါပြီ။ လိုအပ်တဲ့ကျွမ်းကျင်မှုများကို သင်ယူမလား၊ သင်တန်းအချို့ပြန်တက်မလား (ဒါမှမဟုတ်) သင်လုပ်လိုတဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုကို စတင်မလား? ဒါတွေအားလုံးဟာ သင့်ရဲ့ပျောက်ဆုံးသွားတဲ့ မိမိကိုယ်ကိုယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့အကောင်းဆုံးနည်းလမ်းများပဲဖြစ်ကြပါတယ်။ 

၃။ ယခင်ကအောင်မြင်မှုများအပေါ်အခြေပြု၍ အသုံးချပါ - သင့်အနေနဲ့ မိမိကိုယ်ကိုယုံကြည်မှုကို ပြန်လည်တည်ဆောက်လိုတာပဲဖြစ်ဖြစ် CV ဖောင်တင်ဖို့ CV အသစ်တစ်စောင်ကို ပြင်ဆင်နေတာပဲဖြစ်ဖြစ် ယခင်က မိမိရဲ့အောင်မြင်မှုများနဲ့ စွမ်းဆောင်ရည်များ၊ မှတ်တိုင်များကို ထည့်သွင်းဖော်ပြထားပါ။ ဒါတွေအားလုံးဟာ သင်အလုပ်လျှောက်ထားချိန်မှာ မိမိကိုယ်ကိုယုံကြည်မှုပိုမိုရရှိနိုင်စေသလို သင့်ရဲ့ကျွမ်းကျင်မှုများကို ထိရောက်စွာဖော်ပြနိုင်ခဲ့ပါက အလုပ်ပြန်လည်ရရှိနိုင်ခြေဟာလည်း မြင့်မားလာမှာပဲဖြစ်ပါတယ်။ “တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့အနေနဲ့ ဆိုးရွားတဲ့နေ့ရက်တွေနဲ့တွေ့ကြုံရမှာပါ၊ ဒါတွေဟာ တစ်ဘဝလုံးတွေ့ကြုံနေရမယ့်အရာတွေတော့မဟုတ်ပါဘူး။” 

၎။ ယခင်က သင်လည်းပဲ target များပြည့်မှီအောင်ပြုလုပ်ပေးနိုင်ပြီး ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့ဖူးတာကို သတိရပါ။ ယခုအချိန်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အကြပ်အတည်းများတွေ့ကြုံနေရချိန်ဖြစ်ပါတယ်။ သင့်တစ်ယောက်တည်းမှမဟုတ်ပါဘူး လူတိုင်းလူတိုင်းမှာ အနည်းနဲ့အများ အခက်အခဲကိုယ်စီရှိနေကြပါတယ်။ မိမိတွေ့ကြုံခံစားရတဲ့အရာများကို အခြားသူများနဲ့နှိုင်းယှဉ်ပြီး စိတ်ဓါတ်မကျပါနဲ့။ တစ်ခါတစ်ရံမှာ သင့်လက်ရှိအလုပ်ကထုတ်ခံလိုက်ရခြင်းဟာ အနာဂါတ်မှာသင့်ကိုပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားနိုင်ပါတယ်။ “သူတို့ကျဘာလို့ အလုပ်အထုတ်မခံရတာလဲ?” “သူတို့က ငါ့လောက်တော်လို့လား” ဒီအတွေးတွေကို ရပ်လိုက်ပါ။ ဒီအစား “သင့်ကိုယ်သင်အာရုံစိုက်ပါ၊ သင့်ရဲ့ကျွမ်းကျင်မှုများ၊ သင်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့အရာများကို ဆန်းစစ်ပြီးနောက် ရှေ့သို့ဆက်သွားပါ။”

အလုပ်မှထုတ်ပယ်ခြင်းနဲ့ အလုပ်မှ လစာမဲ့ခွင့်ပေးခြင်းတို့ဟာ လက်ရှိအခြေအနေမှာပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေဖြစ်ခဲ့ရလို့ ယခင်ကလောက်သင့်အနေနဲ့ကောင်းစွာနေထိုင်နိုင်ခွင့်မရတော့မှာကို တွေးပူမနေပါနဲ့။ ဘဝဟာ အမြဲတမ်း အတက်အကျ၊ အနိမ့်အမြင့်များနဲ့ပြည့်နှက်နေပါတယ်။ ဒီအတွက် ပြန်လည်ရပ်တည်နိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါ။ 

General George Payton ရဲ့ဆောင်ပုဒ်တစ်ခုကို ပြန်လည်ကောက်နှုတ်ပြရမည်ဆိုပါလျှင် “အောင်မြင်မှုဆိုတာ သင်အောက်ဆုံးထိရောက်ပြီးတဲ့နောက်တွင်မှ ဘယ်လောက်အထိပြန်လည်ခုန်ထွက်နိုင်သလဲဆိုတာပါပဲ” ဒီတော့ ကျွန်တော်တို့ www.jobsinyangon.com က စာဖတ်သူပရိတ်သတ်များလည်း ပြန်လည်ခုန်ထွက်နိုင်ဖို့အတွက် အဆင်သင့်ပြင်ဆင်ထားကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
A4 International Mathematics School

A4 International Mathematics School

Saya A4 and teacher A4 taught mathematics for the children who learned Grade 5 to Grade 12 from International School since 2003. When Saya A4 depart from Myanmar, most of parents send their children t...
Show the postings (5)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS