Tags: News-TikTok-Downloads-3Billion-JobsInYangon
သတင်းများအရ ကမ္ဘာတစ်လွှားတွင် TikTok ကို Install ပြုလုပ်သူစုစုပေါင်း ၃ ဘီလျံခန့် ရှိလာ
သူတို့ရဲ့ တရုတ်နိုင်ငံတွင်း app တစ်ခုဖြစ်တဲ့ Douyin အပါအဝင် TikTok ဟာ ယခုအခါ ကမ္ဘာတစ်ဝှမ်းတွင် install ပြုလုပ်မှု စုစုပေါင်း ၃ ဘီလျံခန့် ရှိလာခဲ့ပြီဖြစ်ပြီး အဆိုပါနေရာသို့ရောက်ရှိလာတဲ့ Facebook မဟုတ်တဲ့ ပထမဆုံး app တစ်ခုဖြစ်လာခဲ့ပြီဖြစ်သလို ၂၀၂၁ ခုနှစ်အတွင်းတွင် ပိုမို၍ကြီးပွားတိုးတက်လာနိုင်တဲ့ အလားအလာကောင်းများကို တွေ့မြင်နေရပြီပဲဖြစ်ပါတယ်။
Sensor Tower မှ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ “TikTok ဟာ ၂၀၂၁ ခုနှစ်ရဲ့ ပထမ ၃ လတာ ကာလအတွင်း အများဆုံး download ပြုလုပ်ခဲ့ရသော ဂိမ်းမဟုတ်ပဲ အမြတ်အစွန်းများစွာရရှိနေသော app တစ်ခုဖြစ်လာခဲ့ပြီး ယခုအခါတွင် ပထမဆုံးအကြိမ် install ပြုလုပ်မှုပေါင်း ၃၈၃ သန်းခန့်ရှိလာခဲ့ပြီး အသုံးပြုသူများမှ ငွေကြေးသုံးစွဲမှုဟာ ကန်ဒေါ်လာ ၉၁၉.၂ သန်းအထိ ရှိလာခဲ့ကြောင်း သိရှိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ app store များတွင် TikTok ကို ဖယ်ရှားခံခဲ့ရခြင်းကြောင့် သူတို့ရဲ့ app ကို အသစ် download ပြုလုပ်မှုပမာဏဟာ ယမန်နှစ်များနှင့် နှိုင်းယှဉ်လိုက်ပါက ၃၈ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သော်လည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်လိုက်ပါက အသုံးပြုသူများရဲ့ ငွေကြေးသုံးစွဲမှုပမာဏဟာ ကန်ဒေါ်လာ 530.2 သန်းမှ ၇၈ ရာခိုင်နှုန်းခန့် တိုးတက်လာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။”
လက်ရှိအချိန်တွင် Facebook နှင့် YouTube တို့ဟာလည်း TikTok ရဲ့ ဈေးကွက်အနေအထားအရ သူတို့ကို ကိုင်လှုပ်နေနိုင်သည်ကို အသိအမှတ်ပြုလာရပြီဖြစ်ပြီး သူတို့ရဲ့ creator monetization tool များကို ပိုမိုကောင်းမွန်မှုရှိစေရန်ပြင်ဆင်လျှက်ရှိပြီး ရေပန်းစားနေတဲ့သူများကို သူတို့ရဲ့ platform များပေါ်သို့ ဆွဲဆောင်နိုင်ရန် ကြိုးစားလျှက်ရှိနေကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.