Jobs In Myanmar
Load...

ကိုယ့်ကိုယ်ကို တန်ဖိုးသတ်မှတ်ခြင်း (သို့မဟုတ်) လစာ ညှိုနှိုင်းခြင်း

by www.Jobless.com.mm


Tags: salary negotiation company jobless survey recruitment agency bonus jobs in Yangon life insura



 

၈ ရက်၊ မတ်လ၊ ၂၀၁၆။    ။ အချို့သော ကုမ္ပဏီများတွင် နှစ်စဉ်လစာတိုးတက်ခံစားခွင့်သည် ကုမ္ပဏီ၏ စီးပွားရေး အခြေ အနေပေါ်မူတည်၍ ညှိုနှိုင်းရ ခက်ခဲတတ်သည်။ ယနေ့ခေတ် စီပွားရေးအခြေအနေအရဆိုလျှင် တစ်နှစ်ကို တစ်ရာခိုင်နှုန်းခန့်သာ တိုးတက်ခံစားရနိုင်သဖြင့် နှစ်တိုးလစာငွေသည် အားကိုးမျှော်မှန်းလောက်သည့် အနေအထားတွင် မရှိပေ။

ထို့ကြောင့် လုပ်ငန်းခွင်အသစ်သို့ ဝင်ရောက်ရာတွင် လုပ်ခလစာ ညှိုနှိုင်းမှုသည် သင့်တော်သည့် လစာတန်ဖိုးသတ်မှတ်ချက်ထက် တစ်ဆယ်ရာခိုင်နှုန်း(၁၀ %)ခန့်ကို တိုးမြှင့် တောင်းဆိုရမည်။ ထိုသို့ တောင်းဆိုရာတွင် သတိပြုရမည့်အချက်မှာ လျှောက်ထားသည့် ရာထူးအတွက် ကုမ္ပဏီ၏ လစာပေးချေမှု စနစ် (pay roll) အရ သတ်မှတ်ထားသည့် အနည်းဆုံးနှင့် အများဆုံး လုပ်ခလစာ နှုန်းထားအတွင်း၌သာ ရှိရမည်။ တိုးမြှင့်တောင်းဆိုသည့် တစ်ဆယ်ရာခိုင်နှုန်း(၁၀ %)သည် ကုမ္ပဏီ၏ လစာသတ်မှတ်မှုအတွက် ထူးထူးခြားခြားပြောင်းလဲ မသွားနိုင်သော်လည်း တောင်းဆိုသည့် ကာယကံရှင်ဝန်ထမ်းအတွက်မူ အကျိုး သက်ရောက်မှုများစွာ ရှိလာနိုင်သည်။ ထိုအကျိုးသက်ရောက်မှုများမှာ-

(က) တစ်နှစ်လျှင် နှစ်တိုးလစာ တစ်ရာခိုင်နှုန်း(၁%)သာ ရရှိသည့် ကုမ္ပဏီရှိဝန်ထမ်း၏ ၁၀ နှစ်စာ နှစ်တိုးလစာငွေမျိုးကို ရရှိမည်။

(ခ) လုပ်ငန်းခွင်မှ အငြိမ်းစား ယူခဲ့လျှင်လည်း ရရှိမည့် ပင်စင် (pension) လစာ နှုန်းထားလည်း မြင့်မားမည်။

(ဂ) အကယ်၍ အခြားလုပ်ငန်းသို့ ပြောင်းရွှေ့မည် ဆိုပါကလည်း ယခင် ရရှိထားသည့် လစာ နှုန်းထားကို ဖော်ပြရာတွင်လည်း ကောင်းမွန်သည့် တန်ဖိုးသတ်မှတ်ချက် တစ်ခုကို ဖော်ပြနိုင်မည်။

          ဒါကြောင့် အကောင်းဆုံးညှိုနှိုင်းမှုကို လုပ်ငန်းခွင်အသစ်သို့ ဝင်ရောက်သူများ မဖြစ်မနေ လုပ်ဆောင် သင့်ပေသည်။ လုပ်ငန်းခွင် ဝင်ရောက်နေသူများသည် ပုံမှန်အားဖြင့် သူတို့၏ လစာငွေများကို လုံးဝထုတ်ဖော် ပြောကြားလေ့မရှိပေ။ လျှို့ဝှက်လေ့ ရှိကြသည်။ ကုမ္ပဏီများဘက်ကလည်း လစာနှုန်းထား တွေကို ထုတ်ပြန်လေ့မရှိပေ။ မည်သို့ လုပ်ဆောင်မည်နည်း။

          ပထမဆုံးလုပ်နိုင်သည့်အရာသည် လေ့လာခြင်းပင်ဖြစ်သည်။ ကုမ္ပဏီများ၏ အလုပ်ခေါ်စာများနှင့် အလုပ်ကြေငြာများတွင်ပါရှိသည့် လစာများမှ အစပြု၍ လေ့လာနိုင်သည်။ ဆင်တူရိုးမား အလုပ်ရာထူးများ ၏ လစာငွေများသည် ကွာခြားမှု ကြီးကြီးမားမား မရှိနိုင်ပေ။ အင်တာနက်ပေါ်တွင်လည်း ရာထူးအလိုက် လစာနှုန်းထား သတ်မှတ်ချက်များနှင့် သုတေသနစာတမ်းများကို ရှာဖွေလေ့လာနိုင်သည်။ 

အကယ်၍ လုပ်သားရှာဖွေ စုဆောင်းရေး အေဂျင်စီ တစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါက ရာထူးအလိုက် လစာနှုန်းထားများကို တိကျစွာ သိရှိနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအတွက် ကုမ္ပဏီများထံမှ ရရှိလေ့ရှိသော ဝန်ဆောင်ခသည် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် ဝန်ထမ်း၏ လစာငွေပေါ်မူတည်၍ ရာခိုင်နှုန်းအလိုက် ရရှိလေ့ရှိသော ဝင်ငွေဖြစ်သောကြောင့်ဖြစ်သည်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများသည် သူတို့၏လက်ဝယ်ရှိ အလုပ်လျှောက်သူများကို အကောင်းဆုံး လစာငွေများ ရရှိခံစားနိုင်စေရန် အကြံပေးလမ်းညွှန်မှုများ ပြုလုပ်လေ့ရှိကြသည်။ ထို့ကြောင့် လုပ်ငန်းခွင် အသစ်သို့ ပြောင်းရွှေ့(သို့မဟုတ်)ဝင်ရောက်လုပ်ကိုင်မည့်သူများသည် လုပ်ခလစာကို ညှိုနှိုင်းတောင်းဆို ရန် အခက်အခဲရှိပါက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၏ အခမဲ့ ဝန်ဆောင်မှု အကြံဥာဏ်များကို ရယူသင့်ပေသည်။

လစာညှိုနှိုင်းမှု အနေအထားသည် သက်ဆိုင်ရာ ကုမ္ပဏီအမျိုးအစားနှင့် အရွယ်အစားပေါ်တွင် လည်း မူတည်သည်။ ကုမ္ပဏီကြီးများတွင်ရှိသော လူ့စွမ်းအား အရင်းအမြစ်ဌာန (Human Resource) ၏ ရာထူးအလိုက် လစာနှုန်းထား အနိမ့်ဆုံးနှင့် အမြင့်ဆုံးသတ်မှတ်ချက်သည် ကွာဟမှုကြီးမားနိုင်သည်။ မိမိ တောင်းဆိုလိုသော လစာနှုန်းထားသည်လည်း ရာထူးအလိုက် သတ်မှတ်ထားသော လစာအတွင်း ရှိပေ မည်။ သို့သော် အချို့ကုမ္ပဏီငယ်များတွင် လစာသတ်မှတ်မှုအနေအထားမှာ ကျဉ်းမြောင်းတတ်သည်။ ထိုအခါတွင် ကုမ္ပဏီကြီးများက မိမိရာထူးအတွက် ကမ်းလှမ်းသော လစာငွေသည် ကုမ္ပဏီငယ်များမှ မိမိ ထက်ရာထူးကြီးသော ဝန်ထမ်းများ၏ လစာငွေထက် များနေတတ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိ၏ စွမ်းဆောင်ရည်သည် ယခုတောင်းဆိုသော (သို့မဟုတ်) ကမ်းလှမ်ေးသာ လစာငွေထက် ပိုမို ကြောင်းနှင့် ကုမ္ပဏီငယ်များမှ လစာနည်ေးသာ ရာထူကြီး ဝန်ထမ်းများထက် ပိုမိုစွမ်းဆောင်နိုင်ကြောင်း ပြသရမည်။

          လစာညှိုနှိုင်းခြင်းအတွက် အခြားနည်းလမ်းလည်း ရှိသည်။ မိမိ တာဝန်ထမ်းဆောင်မည့် ကုမ္ပဏီ သည် ဝန်ထမ်းများအတွက် အခြာေးသာ အကျိုးခံစားခွင့်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ အသက် အာမခံ၊ ပင်စင် (pension) နှင့် အားလပ်ရက် အကျိုးခံစားခွင်ု စသည်များကို ပေးအပ်ခြင်း ရှိ၊ မရှိ စုံစမ်းရမည်။ ထိုသို့ အကျိုးခံစားခွင့်များကို အပြည့်အဝပေးအပ်သည့် ကုမ္ပဏီဖြစ်ပါက လစာညှိုနှိုင်းရာတွင် ထည့်သွင်းစဉ်းစားကာ မိမိတောင်းဆိုလိုသော မျှော်မှန်းလစာကို အတတ်နိုင်ဆုံး အဆင်ပြေစေရန် ညှိုနှိုင်း သင့်သည်။

          လစာ ညှိုနှိုင်းခြင်းဆိုင်ရာ ကိစ္စတွင် ယခုထက်ပိုသော နည်းလမ်းများလည်း ရှိသေးသည်။ အကယ်၍ မိမိတာဝန်ထမ်ဆောင်မည့် ကုမ္ပဏီသည် လစာနှုန်းထားဆိုင်ရာကိစ္စများကို ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ်) မန်နေဂျာ တစ်ဦဦးမှ အလုံးစုံ တာဝန်ယူလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပါက ညှိုနှိုင်းရာတွင် ပိုမိုလွယ်ကူနိုင်သည်။ ထိုသို့ ညှိုနှိုင်းရာတွင် မိမိတောင်းဆိုလိုသော အမြင့်ဆုံး လစာနှုန်းထားကို ဖော်ပြ၍ တစ်ဖက်မှ ပေးစွမ်းနိုင်မည့် အခြေအနေပေါ်မူတည်ကာ လုပ်ငန်းတာဝန်ယူမှုအပိုင်းများကို အတိုးအလျှော့ ပြုလုပ်ကာ တိုက်ရိုက်ပွင့်ပွင့်လင်းလင်းညှိုနှိုင်းခြင်က လစာညှိုနှိုင်းခြင်းဆိုင်ရာ နည်းလမ်းများတွင် အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (14)
Sea Rain Co.,Ltd

Sea Rain Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS