Jobs In Myanmar
Load...

Scope of Human Resource Management

by www.jobsinyangon.com


Tags: Knowledge-HumanResource-Management-HR-JobsinYangon



ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု နယ်ပယ်

အဖွဲ့အစည်း -  ထိန်းသိမ်းအုပ်ချုပ်ဖို့ရန် အလွယ်ကူဆုံး နှင့် အခက်အခဲဆုံးအရာ။ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု (HRM) ရဲ့ ဦးတည်ချက်တွေမှာ လူအင်အားလိုအပ်ချက်စစ်ဆေးမှု မှ စီမံခန့်ခွဲမှုအပြင် ဝန်ထမ်းထိန်းသိမ်းရေးအထိ ပါဝင်ပါတယ်။ အဲဒီအတွက် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု (HRM)အနေနဲ့ အသုံးဝင်တဲ့ မူဝါဒအမျိုးမျိုး၊ လုပ်ငန်းစဉ်များနှင့် အစီအစဉ်များ  ဖန်တီးခြင်းနှင့် လက်တွေ့အကောင် အထည်ဖော်ခြင်း တို့ဆောင်ရွက်ရန်အတွက် တာဝန်ရှိပါတယ်။ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု (HRM) ရဲ့ တာဝန်မှာ အသိပညာ၊ ကျွမ်းကျင်မှု၊ ဖန်တီးနိုင်စွမ်း၊ ပါရမီ နှင့် စွမ်းရည်တို့ကို တိုးတက်အောင်ပြုလုပ်စီမံဖို့နဲ့ အဲတာတွေအားလုံးကို အသင့်တော်ဆုံးဖြစ်အောင် အသုံးချတတ်ဖို့ဘဲ ဖြစ်ပါတယ်။

ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု (HRM)ဟာ လူသားဉာဏ်ရည်ဉာဏ်သွေးကို စီမံဖို့နဲ့ အကျိုး ရှိရှိ အသုံးချတတ်ဖို့ဘဲ မဟုတ်ပါဘူး။၎င်းဟာ ဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်း ဆိုင်ရာ အရင်းအနှီးတွေကို စီမံတတ်ဖို့လည်း ရည်ရွယ်ပါတယ်။ အသေးစိတ်အချက် အလက်တွေကိုပါ ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု (HRM)ရဲ့ နယ်ပယ်ဟာ နေ့စဉ်နဲ့အမျှကြီးထွားလာနေတာကိုသိရပါတယ်။HMR မှာ ဝန်ထမ်းဆိုင်ရာ အစီအစဉ်ဆွဲခြင်း၊ ခန့်အပ်ခြင်း(ဝန်ထမ်းရှာဖွေခြင်း နှင့် ရွေးချယ်ခြင်း) ၊ မွမ်းမံသင်တန်းနှင့် တိုးတက်မှု၊ လစာငွေစီမံခန့်ခွဲမှု၊ ဆုချီးမြှင့်မှု နှင့်အသိအမှတ်ပြုမှု၊စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ဆက်ဆံရေး၊ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ အပြင် အခြားအရာများလည်း ပါဝင်ပါသေးတယ်။ အခြားနည်းနဲ့ ဖော်ပြရမယ်ဆိုရင်တော့ HMR ရဲ့ တာဝန်ဟာ လုပ်ငန်းခွင်မှာ သင့်တင့် မျှတတဲ့ ဆက်ဆံရေးကိုထိန်းသိမ်းထားဖို့နဲ့  အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေနဲ့ တစ်ဦးချင်း ရည်မှန်းချက်တွေအကြား သင့်တင့်မျှတမှု ဖန်တီးပေးဖို့ဘဲ ဖြစ်ပါတယ်။

ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု (HRM) ရဲ့နယ်ပယ်ဟာ ကျယ်ပြန့်ပါတယ်။ထို့အတွက် ကြောင့် သု့ကိုတိတိကျကျသတ်မှတ်နိုင်ဖို့ အလွန်ဘဲခဲယဉ်းပါတယ်။ သို့သော် ၎င်းကို အောက်ပါ ခေါင်းစဉ်တွေနဲ့ ခွဲခြားသတ်မှတ်နိုင်ပါတယ်။

ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု (HRM)

ဒီလုပ်ငန်းကတော့ ဝန်ထမ်းအင်အားအစီအစဉ်ဆွဲခြင်း၊ ခန့်အပ်ခြင်း (ဝန်ထမ်းရှာဖွေခြင်း  နှင့် ရွေးချယ်ခြင်း) ၊ မွမ်းမံသင်တန်းနှင့် တိုးတက်မှု၊ ဝန်ထမ်းသစ်ဝင်ရောက်မှုနှင့် အသားကျအောင်ပြုလုပ်ခြင်း၊ လွှဲပြောင်းခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ နစ်နာကြေးပေးခြင်း၊ အလုပ်မှ အနားပေးခြင်း နှင့် ဝန်ထမ်းအင်အားလျော့ချခြင်း နှင့် ဝန်ထမ်းအလုပ်ပြီးမြောက်နိုင်စွမ်း အစရှိတဲ့ ဝန်ထမ်းအင်အား စီမံခန့်ခွဲမှုတွေ ပါဝင်ပါတယ်။ ဒီတာဝန်ရဲ့ ဦးတည်ချက်တော့အဖွဲ့ အစည်း တိုးတက်အောင်မြင်ဖို့အတွက် တိုက်ရိုက်အရေးပါတဲ့ ဝန်ထမ်းတစ်ဦးချင်း စီရဲ့ တိုးတက်မှုနဲ့ကျွမ်းကျင်မှုတို့ကို သေချာအောင်ပြုလုပ်ဖို့ဘဲ ဖြစ်ပါတယ်။

ဒီကဏ္ဍမှာ စွမ်းဆောင်ရည်အကဲဖြတ်မှု၊ ကျွမ်းကျင်မှုအသစ်များ ဖန်တီးခြင်း၊ လစာငွေများ၊ခံစားခွင့်များ၊အသုံးစရိတ် များထုတ်ပေးခြင်း၊ ခရီးသွားမူဝါဒ နှင့် လုပ်ငန်းစဉ်များ သတ်မှတ်ခြင်း အခြားလုပ်ဆောင်ချက်များလည်းပါဝင်ပါသည်။

ဝန်ထမ်းများ၏ လူမှုဖူလုံရေးဆိုင်ရာ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု (HRM)

HRM ရဲ့ ဒီကဏ္ဍကတော့ အလုပ်ခွင်အခြေအနေများနှင့် လုပ်ငန်းခွင်ရှိ အထောက်အကူပြုပစ္စည်းများနဲ့ ပတ်သက်ပါတယ်။ ဒီအပိုင်းမှာတော့ လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးဆိုင်ရာ ရန်ပုံငွေ ၊ လူမှုဘဝလုံခြုံမှု နှင့် ဆေးဝါးဝန်ဆောင်မှုများ ပါဝင်ပါတယ်။ ဒါတင်ကသေးဘဲ လုံခြုံရေးအရာရှိများခန့်အပ်မှု၊ အလုပ် တာဝန်ထမ်းဆောင်ရန် သင့်တော်တဲ့ နေရာတစ်ခု ဖြစ်အောင်ပြုလုပ်ခြင်း၊ လုပ်ငန်းခွင်ရှိ အန္တရာယ်များအားဖယ်ရှားခြင်း၊ ထိပ်သီးစီမံခန့်ခွဲမှုမှ အထောက်အပံ့၊ အလုပ်လုံခြုံမှု၊အကာအကွယ်ပေးကိရိယာများ၊ သန့ှ်ရှင်းမှု၊လေဝင်လေထွက် အလင်းရောင် ကောင်းမွန်စွာရရှိမှု၊ မိလ္လာစနစ်ကောင်းမွန်မှု၊ ဆေးဝါးစောင့် ရှောက်မှု၊ နေထိုင်မကောင်းလျှင်ရရှိနိုင်သော ခံစားခွင့်များ၊ အလုပ်ခွင် ဒဏ်ရာရရှိမှုဆိုင်ရာ ခံစားခွင့်များ၊ တစ်ကိုယ်ရည် ဒဏ်ရာရရှိမှုဆိုင်ရာ ခံစား ခွင့်များ၊ ကိုယ်ဝန်ဆောင်စဉ် ရရှိုနိုင်သော ခံစားခွင့်များ၊ အလုပ်လက်မဲ့ဆိုင် ရာခံစားခွင့်များ နှင့် မိသားစုခံစားခွင့်များလည်း ပါဝင်ပါတယ်။

၎င်းဟာ ကြီးကြပ်ကွပ်ကဲမှု၊ ဝန်ထမ်းများနှင့် ဆွေးနွေးခြင်း၊ ဝန်ထမ်းများနှင့် သယဇာတဖြစ်သော ဆက်ဆံရေးဖော်ဆောင်မှု၊ ပညာရေးနှင့် မွမ်းမံသင်တန်း များနှင့်လည်း ဆက်စပ်လျက်ရှိပါတယ်။ ဝန်ထမ်းလူမှုဖူလုံရေးဟာ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်အစစ်အမှန်တွေကို သတ်မှတ်ပြီး စီမံခန့်ခွဲရေးနှင့် ဝန်ထမ်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းခြင်း ဘဲဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ကန်တန်းပစ္စည်းများ၊ ကလေးကစားကွင်း၊ နားနေခန်းနှင့် နေ့လည်စာစားခန်း၊ အိမ်ယာ၊ သွားလာရေး၊ ဆေးဝါးအထောက် အပံ့ ၊ ပညာရေးနှင့် လုံခြုံမှု၊ အပန်းဖြေအဆောက်အုံတို့နှင့်လည်း သက်ဆိုင်နေပါတယ်။

စက်မှုလုပ်ငန်းဆက်ဆံရေးဆိုင်ရာ ဝန်ထမ်းစီမံခန့်ခွဲမှု - ဒီအပိုင်းမှာ အရမ်းထိလွယ်ရှလွယ်  ဖြစ်တတ်တဲ့ အပိုင်းဖြစ်တာမို့ အလုပ်သမား သို့ ဝန်ထမ်းသမဂ္ဂနှင့် ဂရုတစိုက် ဆက်ဆံခြင်း၊ သူတို့ရဲ့ အခက်အခဲတွေကို ကောင်းစွာဖော်ပြပြီး အဖွဲ့အစည်း အတွင်း အဆင်ပြေညီညွှတ်မှု ရှိဖို့ရန်အတွက် ကောင်းစွာကိုင်တွယ်နိုင်ခြင်း တွေ ပြုလုပ်နိုင်ဖို့လိုအပ်ပါတယ်။ ၎င်းဟာ အလုပ်ခံအပ်မှု(သမဂ္ဂ-စီမံခန့်ခွဲမှု) ဆက်ဆံရေး ၊ ပေါင်းစပ်ညှိနိုင်းရေး၊ စည်းကမ်းဆိုင်ရလုပ်ဆောင်ချက်များ၊ အခက်အခဲတွေကို ပူးပေါင်းဖြေရှင်းခြင်း၊ လူတွေရဲ့ အမူအကျင့်တွေကိုနားလည် ခြင်း၊ လုပ်ငန်းခွင် ဆက်ဆံရေးတွေကို ထိန်းသိမ်းခြင်း၊  စုပေါင်းညှိုနှိုင်းခြင်း၊ နှင့် သဘောထားကွဲလွဲမှုများအား ဖြေရှင်းခြင်းတို့ပါဝင်တဲ့ အနုပညာတစ်ရပ်ဘဲ ဖြစ်ပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ ဝန်ထမ်းတွေရဲ့ အကျိုးအမြတ်ကို အဖွဲ့အစည်းအပေါ်မှာ အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုရှိလာနိုင်တဲ့ အနေအထားကိုရောက်မလာနိုင် အောင် နားလည်မှုအပြည့်နဲ့ ကာကွယ်ပေးခြင်းဘဲဖြစ်ပါတယ်။ ဝန်ထမ်းတွေကော စီမံခန့်ခွဲရေးအဖွဲ့ရဲ့ အကျိုးအမြတ်ကိုပါ ထိန်းသိမ်းထားနိုင်မယ့် စက်မှုလုပ်ငန်းဆိုင်ရာ ဒီမိုကရေစီတစ်ရပ် အားထုတ်ဖော်ဆောင်ရခြင်းဘဲ ဖြစ်ပါတယ်။
ဝန်ထမ်းစီမံခန့်ခွဲရေး(HRM) ရဲ့ နယ်ပယ်ဟာ အရမ်းကို ကျယ်ပြန့်တာကြောင့်  အတိအကျချရေးဖို့ မဖြစ်နိုင်ပါဘူး။ သို့သော် ဝန်ထမ်းစီမံခန့်ခွဲရေး(HRM)ကို နားလည် သဘောပေါက်စေနိုင်ရန် ရည်ရွယ်ပြီး အထက်ဖော်ပြပါ အစိတ်အပိုင်း သုံးပိုင်းအဖြစ် ခွဲခြမ်းဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS