Jobs In Myanmar
Load...

Seven Tips for Succession Planning

by www.jobsinyangon.com


Tags: Knowledge-Succession-Planning-Tips-JobsInYangon



Succession Planning လုပ်ဆောင်ချက်အတွက် အကြံပြုချက် (၇) ချက် 

 

Succession Planning ဆိုသည်မှာ Talent ရှိသူများကို ဖန်တီးတည်ဆောက်ခြင်းနှင့် ထိန်းသိမ်းထားနိုင်စေမည့် Talent စီးဆင်းရာလမ်းကြောင်းတစ်ခုကို ဖန်တီးခြင်းဖြစ်ပြီး ဒါဟာ Talent Management ပြုလုပ်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောလုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ လွန်စွာရှုပ်ထွေးလှတဲ့လုပ်ဆောင်ချက်တော့မဟုတ်ပဲ အောက်ပါအဆင့် (၇) ချက်ကို လိုက်ပါလုပ်ဆောင်သွားနိုင်ပါက Succession Planning ကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန် အကူအညီဖြစ်စေမှာဖြစ်ပြီး လုပ်ငန်းအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းများကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

 

မည်သူများက Succession Planning လုပ်ဆောင်ချက်တွင် ပါဝင်ဆင်နွှဲသင့်ပါသလဲ? 

များသောအားဖြင့် Succession Planning Team တစ်ခုတွင် C-Suite မှ လူကြီးများ၊ Board of Director များနဲ့ အကြီးတန်း Management မှ ဝန်ထမ်းများအပြင် HR မှ ဝန်ထမ်းများလည်းပါဝင်နေသင့်ပါတယ်။ ဒီအစီအစဉ်ကို စတင်ခြင်းမပြုမှီ Team member များကို သူတို့လည်းပါဝင်ဖို့လိုအပ်ကြောင်း အသိပေးထားဖို့လည်း လိုအပ်ပါလိမ့်မယ်။ 

Succession Planning လုပ်ဆောင်ချက်အတွက် အဆင့် (၇) ဆင့်ကတော့ 

 

၁။ သင့်ရဲ့ Succession Plan အတွက် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို သတ်မှတ်ပါ။ 

သင့်ရဲ့ team ဟာ ဒီအစီအစဉ်မှ မည်သို့သောရလာဒ်များကိုရရှိခြင်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်သတ်မှတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ အကောင်းဆုံးရလာဒ်များကို ကြိုတင်သတ်မှတ်ထားနိုင်ခြင်းအားဖြင့် အဆိုပါအစီအစဉ်ကို အစပြုလုပ်ဆောင်ရာတွင် အောင်မြင်မှုရှိ/ မရှိကို တိုင်းတာနိုင်မှာဖြစ်ပါတယ်။ များသောအားဖြင့် Susccession Planing အတွက် ချမှတ်လေ့ရှိသော ရည်မှန်းချက်များတွင် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေး၊ Talent များကို ထိန်းသိမ်းနိုင်ရေး၊ လုပ်ငန်းတွင်း ရာထူးပြောင်းရွှေ့မှုလွယ်ကူရေးတို့အပြင် လုပ်ငန်းရဲ့ အစဉ်အလာများနှင့် အခြားသောကုန်ကျစားရိတ်များနဲ့ သက်ဆိုင်သောအရာများပါဝင်နေလေ့ရှိကြပါတယ်။ 

 

၂။ တာဝန်များခွဲဝေသတ်မှတ်၍ အစီအစဉ်များကို ဖန်တီးတည်ဆောက်ခြင်းနှင့် အစီအစဉ်များတည်မြဲမှုရှိစေရေးအတွက် တာဝန်ဝတ္တရားများကို ရှာဖွေသတ်မှတ်ခြင်း 

အဓိက team တွင် ပါဝင်သော အဖွဲ့ဝင်တစ်ဦးချင်းစီအနေနဲ့ မည်သည့်တာဝန်များကိုထမ်းဆောင်ရမည်ကို ဆုံးဖြတ်၍ အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ရန်နှင့် အစီအစဉ်ရေးဆွဲခြင်းနှင့်သက်ဆိုင်မည့် တာဝန်ဝတ္တရားများကို စဉ်းစားဆုံးဖြတ်ခြင်း၊ အစီအစဉ်ကို အကောင်အထည်ဖော်ပြီးနောက် ရရှိလာမည့်ဒေတာအချက်အလက်များနှင့် ရလာဒ်များကိုတိုင်းတာခြင်းနှင့် အဆိုပါအစီအစဉ်အတွက် အရေးပါတဲ့ လုပ်ဆောင်ချက်များကို Department တိုင်းတွင် တစ်နှစ်တာကာလပတ်လုံး တည်မြဲမှုရှိစေရန်ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အချို့သောအဖွဲ့ဝင်များက ကြီးကြပ်စောင့်ကြည့်ခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊ အချို့သော ဌာနဆိုင်ရာအကြီးအကဲများက talent များဖန်တီးပျိုးထောင်ခြင်းနှင့် ပိုမိုမြင့်မားတဲ့တာဝန်များကိုထမ်းဆောင်နိုင်မည့် ဝန်ထမ်းများကိုရှာဖွေဖော်ထုတ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။ တူညီစွာပဲ HR မှ ဝန်ထမ်းများကလည်း Administrative လုပ်ဆောင်ချက်များနဲ့ သူတို့ရဲ့ပုံမှန်လုပ်ဆောင်ချက်များဖြစ်တဲ့ လစ်လပ်ရာထူးနေရာများကိုစောင့်ကြည့်ခြင်း၊ Meeting များ စီမံခြင်းနှင့် ဝန်ထမ်းများကို ပညာပေးသင်ကြားမှုများပြုလုပ်ခြင်းတို့ကို ပြုလုပ်ပေးကြရမှာဖြစ်ပါတယ်။ 

 

၃။ ဆက်ခံမှုပေါ်လစီကို မူကြမ်းရေးဆွဲခြင်း 

ပေါ်လစီစည်းမျဉ်းများရှိနေခြင်းအားဖြင့် Succession Planning Team သို့ အသစ်ရောက်ရှိလာမည့် Member များအနေနဲ့ သင်ချမှတ်ထားခဲ့တဲ့ လုပ်ဆောင်ချက်များကို လိုက်ပါလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ လုပ်ဆောင်ချက် (procedure) များကို ချမှတ်၊ သတ်မှတ်ခြင်းအပြင် သင်ချမှတ်လိုက်တဲ့စည်းမျဉ်းများဟာ ၎င်းတို့ရဲ့ရည်ရွယ်ချက်များ (သို့) ရည်မှန်းချက်များကိုလည်း ဖော်ပြနေရမှာဖြစ်ပါတယ်။ အဆိုပါပေါ်လစီစည်းမျဉ်းကိုအသုံးပြုနိုင်မည့် များစွာသောအခြေအနေများကိုထည့်သွင်းစဉ်းစား၍ ကြိုတင်စီစဉ်ထားသော (သို့) ရုတ်တရက်လစ်ဟာသွားတဲ့ လစ်လပ်နေရာများကိုပါ ဖြည့်တင်းမှုပြုလုပ်နိုင်ရန်အတွက် ကြိုတင်စဉ်းစားထားရမှာဖြစ်ပြီး အခြေအနေအပေါ်မူတည်၍ အသုံးပြုရမည့် နည်းဗျူဟာများလည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။ 

 

၎။ အဓိကကျတဲ့ ရာထူးနေရာများကိုရှာဖွေဖော်ထုတ်၍ အဆိုပါရာထူးများကို ဆက်ခံနိုင်ရန် အလားအလာရှိသော candidate များကို စာရင်းပြုစုထားပါ။ 

Organizational chart တစ်ခုဟာ သင့်ကို တာဝန်များနှင့် report ပြုလုပ်ရမည့်အဆင့်များကို ရှာဖွေဖော်ထုတ်ရာတွင် အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီတာဝန်များကို ရှာဖွေဖော်ထုတ်ပြီးတာနဲ့ ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုနှင့် experience အပေါ်မူတည်၍ အဆိုပါတာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်စွမ်းရှိသော ကိုက်ညီမှုရှိတဲ့ အရည်အချင်းရှိသူများကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ် (သို့) လိုအပ်ပါက upskilling ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Leadership development training နှင့် လမ်းညွှန်သင်ကြားမှုအစီအစဉ်များပြုလုပ်ပေးခြင်းဟာ ကုမ္ပဏီကို အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေနိုင်တဲ့အရာများဖြစ်ပြီး အဆိုပါ program များဟာ အရည်အချင်းရှိသူများကို motivate ဖြစ်လာစေမှာဖြစ်သလို မိမိတို့ရဲ့ကုမ္ပဏီတွင် တည်မြဲမှုရှိလာစေရန်အတွက်လည်း အကူအညီဖြစ်စေနိုင်ပါတယ်။ 

 

၅။ Talent များကို ဖန်တီးပျိုးထောင်ခြင်းနှင့် ခေါ်ယူနိုင်ရေးကို သင့်ရဲ့ Succession Plan အတွက် အရေးကြီးတဲ့အစိတ်အပိုင်းများအဖြစ် မှတ်ယူထားရပါမယ်။ 

လက်ရှိတွင် ကုမ္ပဏီတွင်းရှိနေတဲ့ talent များကို ပျိုးထောင်ပေးခြင်းနှင့် ပြင်ပမှ talent ရှိသူများကို ဌားရမ်းနိုင်ဖို့အတွက် သင့်ရဲ့ succession plan အပေါ် အခြေခံ၍ပြုလုပ်သွားရမှာဖြစ်ပါတယ်။ Upskiling ပြုလုပ်ပေးနိုင်မည့် အစီအစဉ်များနှင့် လမ်းညွှန်သင်ကြားမှုပြုလုပ်ပေးခြင်း အစရှိတဲ့အခွင့်အလမ်းများ သင့်ရဲ့လုပ်ငန်းအတွင်းတွင်ရှိနေခြင်းဟာ ဝန်ထမ်းများရဲ့ သက်မွေးမှုလမ်းကြောင်းများကို ပိုမိုတိုးတက်မှုရှိလာစေရန်ပြုလုပ်ပေးရာ၌ အထောက်အကူဖြစ်စေမှာဖြစ်ပြီး ထိုအရာက ဝန်ထမ်းများ အလုပ်တွင်တည်မြဲမှုရှိစေရေးကိုသာမကပဲ ခေါင်းဆောင်မှုလမ်းကြောင်းသို့ လျှောက်လှမ်းနေတဲ့သူများကိုလည်း အနာဂါတ်တွင် ထမ်းဆောင်လာရနိုင်တဲ့ တာဝန်များ/ ရာထူးများအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုများကို ကြိုတင်သင်ကြားမှုပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် ထိုကဲ့သို့သောအစီအစဉ်များ မိမိတို့ရဲ့လုပ်ငန်းအတွင်းတွင် ရှိနေခြင်းအားဖြင့် talent အသစ်များကိုလည်း ဆွဲဆောင်နိုင်မှာဖြစ်ပြီး ထိုသူတို့ဟာလည်း အလုပ်လုပ်ရင်း၊ လေ့လာသင်ယူရင်းဖြင့် ပိုမိုများပြားတဲ့ တာဝန်ဝတ္တရားအသစ်များကို ထမ်းဆောင်လာနိုင်မှာဖြစ်ပြီး သူတို့ရဲ့ career လမ်းကြောင်းကို သင့်လုပ်ငန်းအတွင်းတွင် မြှုပ်နှံမှုပြုလုပ်လိုလာကြမှာပဲဖြစ်ပါတယ်။ 

 

၆။ သင့်ရဲ့ အစီအစဉ်များကို စောင့်ကြည့်မှုများပြုလုပ်၍ ရလာဒ်များကိုတိုင်းတာမှုပြုလုပ်ပါ။ 

သင့်ထံတွင် သတ်မှတ်ထားတဲ့ ရည်မှန်းချက်များ ဒီလုပ်ဆောင်ချက်ရဲ့ ပထမဆုံးအဆင့်မှာကတည်းက ရှိနေပြီးသားဖြစ်တဲ့အတွက် ယခုအချိန်ဟာ သင်ပြုလုပ်ထားတဲ့ အစီအစဉ်ရဲ့ ခိုင်မာကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိကို စစ်ဆေးတိုင်းတာမှုပြုလုပ်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ လစ်လပ်ရာထူးနေရာများကို မည်သို့ဖြည့်ဆည်းနိုင်ခဲ့သလဲ? ရုံးတွင်းရှိတစ်စုံတစ်ယောက်နှင့် အစားထိုးနိုင်ခဲ့သလား၊ ပြင်ပမှခေါ်ယူမှုပြုလုပ်ခဲ့ရသလား? အစရှိတဲ့ ဒေတာအချက်အလက်များကို ပုံမှန်စစ်ဆေးခြင်း ပြုလုပ်ပေးရပါမယ်။ ဒါ့အပြင် ဒီလိုအစားထိုးမှုများဟာ မည်မျှအထိ အောင်မြင်မှုရှိခဲ့သလဲ၊ ဝန်ထမ်းတည်မြဲမှုနှင့် အလုပ်ထွက်မှုနှုန်းများ၊ talent အတွက် ကုန်ကျခဲ့သည့်စားရိတ်များ အစရှိသည်တို့ကိုလည်း ကြည့်ရှုကြည့်လိုက်ပါ။ ရရှိလာသည့်ဒေတာအချက်အလက်များနှင့် အခြားသော လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများကို ကြည့်ရှုကြည့်ခြင်းအားဖြင့် သင့်ရဲ့ plan ဟာ ချိန်ညှိပေးမှုများနှင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးဖို့လိုအပ်နေသလားဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ 

 

၇။ သင့်ရဲ့ Succession Planning လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိပါစေ 

သင့်ရဲ့ succession plan နှင့် ပတ်သက်တဲ့ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို ဝန်ထမ်းများအား ရှင်းရှင်းလင်းလင်း အသိပေးပြောကြားထားပါ။ ဒါမှသာသူတို့အနေနဲ့ ဒီအရာက လုပ်ငန်းတစ်ခုလုံးနှင့် အဆိုပါလုပ်ငန်းအတွင်း အလုပ်လုပ်နေတဲ့ ဝန်ထမ်းတိုင်းအတွက် မည်ကဲ့သို့ အကျိုးရှိလာစေနိုင်သလဲဆိုတာကို သိရှိလာကြမှာဖြစ်ပါတယ်။ ဒါဟာ သင့်လုပ်ငန်းအတွင်းရှိ မည်သည့်ဝန်ထမ်းများကတော့ ကုမ္ပဏီနှင့်အတူ သူတို့ရဲ့ career များကို ပိုမိုတိုးတက်မှုရှိလာစေရန် လုပ်ဆောင်သွားလိုစိတ်ရှိနေသလဲဆိုတာကိုလည်း သိရှိရစေရန်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ 

 

နိဂုံးချုပ်အားဖြင့် 

အထက်ဖော်ပြပါ အဆင့် (၇) ဆင့်ကို လိုက်ပါလုပ်ဆောင်ခြင်းအားဖြင့် သင့်လုပ်ငန်းအတွင်း တွေ့ကြုံလာရမည့် အပြောင်းအလဲများကို ကိုင်တွယ်ဖြေရှင်းမှုပြုလုပ်ရခြင်းအား ပိုမိုလွယ်ကူသွားစေမှာဖြစ်ပြီး သင့်ရဲ့အဖွဲ့ဝင်များနှင့် ကုမ္ပဏီရဲ့ ပေါ်လစီစည်းမျဉ်းများ၊ ရာထူးတာဝန်များနှင့် Candidate ဖြစ်လာနိုင်သူများကို ကိုက်ညီမှုရှိလာစေမှာဖြစ်ပြီး သင့်ဝန်ထမ်းများရဲ့ lifecycle အတွင်းတွင် ထိုအစီအစဉ်ကိုထည့်သွင်းတည်ဆောက်ပေးနိုင်ခဲ့ပါက ဝန်ထမ်းများကိုဆွဲဆောင်ခြင်းနှင့် တည်မြဲမှုရှိစေရေးအတွက် အထောက်အကူဖြစ်စေနိုင်ပြီး သင့်လုပ်ငန်းအတွက်မှန်ကန့်သင့်တော်မှုရှိတဲ့ ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်လို့ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူတို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS