Tags: News-Sony-Evo-Championship-JobsInYangon
Evolution Championship Series (Evo) ကမ္ဘာ့အကြီးဆုံး fighting game ပြိုင်ပွဲအား Sony မှ ဝယ်ယူခဲ့
ကမ္ဘာ့အကြီးမားဆုံး fighting game ပြိုင်ပွဲတစ်ခုဖြစ်သည့် Evolution Championship Series (Evo) အား Sony Interactive Entertainment မှ ဝယ်ယူလိုက်ပြီဖြစ်ကြောင်းကို ၁၈ ရက်နေ့ မတ်လ၊ ၂၀၂၁ ခုနှစ်တွင် ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။
ထိုအရာကို အားကစားပစ္စည်းများဆိုင်ရာ marketing ကုမ္ပဏီတစ်ခုဖြစ်သော Endeavor မှ မကြာသေးမှီက အသစ်ဖွဲ့စည်းလိုက်သည့် RTS ဟု ခေါ်တွင်သော esports အဖွဲ့အစည်းအသစ်တစ်ခုနှင့် ပူးပေါင်း၍ ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။ Evo ရဲ့ co-founder များဖြစ်ကြတဲ့ Tom နဲ့ Tony Cannon တို့ကတော့ Evo တွင် ဆက်လက်၍ အဓိကအကြံပေးသူ (Key Advisor) များအနေဖြင့် ဆက်လက်ရှိသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
“Fighting game များဟာ PlayStation ရဲ့ သမိုင်းကြောင်းတွင်နှင့် ကျွန်ုပ်တို့ရဲ့ community အတွင်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေပါတယ်။ နောက်ပြီး ယခင်နှစ်များက Evo နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ရတဲ့အပေါ်မှာလည်း များစွာအားရခဲ့ပါတယ်။” “ယခုကဲ့သို့ RTS နဲ့ပူးပေါင်း၍ Evo ကို ဝယ်ယူလိုက်ခြင်းသည် Evo ရဲ့ စတင်တည်ထောင်သူများဖြစ်ကြတဲ့ Tom နဲ့ Tony Cannon တို့နဲ့အတူ Fighting game ပရိသတ်များနှင့် နောက်ထပ်လက်တွဲလုပ်ကိုင်နိုင်ဖို့အတွက် စာမျက်နှာအသစ်ကိုဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်။” ဟူ၍ Sony ရဲ့ global competitive gaming ကဏ္ဍတွင် ဒုတိယအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေသော Steven Roberts မှ ပြောကြားသွားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.