Tags: Knowledge-IT-Music-Spotify-JobsinYangon
Spotify ဟာ စုံတွဲများအတွက် စာရင်းပေးသွင်းမှုတစ်ရပ်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။
Spotify ဟုခေါ်တဲ့ music streaming platform ဟာ Duo tariff အသစ်ကို စတင်မိတ်ဆက်ပေးခဲ့ ပြီး ဒီအရာကြောင့် စာရင်းပေးသွင်းမှုပြုလုပ်ရာမှာ ပိုပြီးအကုန်အကျသက်သာနိုင်တော့မှာပဲဖြစ်ပါ တယ်။
Spotifty ဟာ လက်ရှိတွင် များစွာသောဈေးနှုန်းသတ်မှတ်ချက်များကိုပေးအပ်လျှက်ရှိနေပြီး သူတို့ ရဲ့ဝန်ဆောင်မှုကို တစ်ဦးတည်းယူပါက ဈေးအကြီးဆုံးဖြစ်နေပြီး တစ်လလျှင် 5.99 ယူရို ကျသင့်မှာ ဖြစ်ပါတယ်။ လူ ၆ယောက်အထိ မိသားစုလိုက် ဝန်ဆောင်မှုရယူနိုင်သည့်ဈေးနှုန်းမှာ သင့်ကို 8.99 ယူရို ကျသင့်စေမှာဖြစ်ပြီး ကျောင်းသား/သူ များအတွက်ကိုတော့ တစ်လလျှင် 2.99 ယူရိုသာ ကျသင့်စေမှာဖြစ်ပါတယ်။
သင့်အနေနဲ့ ကြော်ငြာများကြည့်ရခြင်း၊ အရည်အသွေးပိုနိမ့်တဲ့သီချင်းများနဲ့ Download ပြုလုပ်ပြီး သီချင်းနားထောင်မှုမပြုနိုင်တာတွေကို စိတ်မခုဘူးဆိုရင်တော့ Spotify ကို အခမဲ့အသုံးပြုနိုင်ပါ တယ်။
ယခုအခါတွင် ဒီအရာများအားလုံးအပြင်နောက်ထပ် စာရင်းပေးသွင်းမှုတစ်မျိုးလည်းထွက်ပေါ်လာ ပြီဖြစ်ကာ Premium Duo ကို 7.99 ယူရိုဖြင့် ရရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒါက အနည်းငယ်ပိုမို၍ အကုန်အကျသက်သာလိုပြီး လိပ်စာတစ်ခုတည်းတွင်နေထိုင်နေတဲ့စုံတွဲများအတွက်အဓိကရည်ရွယ် တာဖြစ်ပြီး နှစ်ဦးစလုံးထံတွင် တူညီတဲ့လိပ်စာရှိနေဖို့မှာ ဒီဈေးနှုန်းနဲ့ရရှိနိုင်ဖို့အတွက် လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။
ဒီအရာအသစ်ဟာ ပြီးခဲ့တဲ့မတ်လအတွင်းက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး နိုင်ငံ အနည်း ငယ်တွင်သာ ထိုအရာကိုရရှိနိုင်ဦးမှာဖြစ်ပြီး ယနေ့အချိန်အထိတော့ State ပေါင်း ၅၅ ခုတွင်သာ ထို သို့ရရှိနိုင်သေးတာပဲဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.