Tags: News-Google-Antitrust-Lawsuit-New-JobsInYangon
ပြည်နယ်နှင့်တိုင်း ၃၆ ခုမှ တိုင်းတရားသူကြီးများမှ Google အား ဈေးကွက်လက်ဝါးကြီးအုပ်မှုနှင့်ပတ်သက်၍ တရားစွဲဆိုမှုအသစ်တစ်ရပ်ကို ပြုလုပ်ခဲ့
ဇူလိုင်လ ၇ ရက်နေ့တွင် Bloomberg မှ ရေးသားထားခဲ့သော သတင်းတစ်ပုဒ်အရ အမေရိကန်ပြည်ထောင်စုရှိ တိုင်းတရားသူကြီးများစုပေါင်း၍ search engine ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Google မှ သူတို့ပိုင်ဆိုင်ထားတဲ့ Android app store ပေါ်တွင် ဈေးကွက်လက်ဝါးကြီးအုပ်မှုများကို ပြုလုပ်လျှက်ရှိနေတဲ့အတွက် တရားစွဲဆိုမှု အသစ်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
အဆိုပါစွဲဆိုမှုကို တိုင်းနှင့် ပြည်နယ်ပေါင်း ၃၆ ခုမှ စုပေါင်း၍ တိုင်ကြားမှုပြုလုပ်ထားတာဖြစ်ပြီး Washington, DC ရှိ California ပြည်နယ် Federal တရားရုံးတွင် ကြားနာခဲ့တာဖြစ်ပါတယ်။ အဆိုပါစွဲဆိုမှုတွင် Google Play ပေါ်ရှိ app developer များဟာ အဆိုပါ app ပေါ်မှ ရောင်းချရသမျှရဲ့ ၃၀ ရာခိုင်နှုန်းကို Google သို့ မဖြစ်မနေ ပေးဆောင်နေရတဲ့ Google ရဲ့ ကုမ္ပဏီပေါ်လစီအပေါ် ပြန်လည်၍ စစ်ဆေးမှုများပြုလုပ်သွားဖို့ တောင်းဆိုထားခဲ့ပါတယ်။
Google ဟာ မကြာသေးမှီကပဲ အသုံးပြုသူများမှ PlayStore ပေါ်တွင် ဝယ်ယူလျှက်ရှိနေတဲ့ ပိုမိုများပြားတဲ့ digital ထုတ်ကုန်များကို သူတို့အား အခကြေးငွေပေးရန်အတွက် တိုးမြှင့်သတ်မှတ်ခဲ့ပြီး အထူးသဖြင့် သူတို့ကို ပေးအပ်ရမယ့်အခွန်အခများကို ယခင်ကရှောင်လွှဲနိုင်ခဲ့တဲ့ နာမည်ကြီး app များကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ တရားစွဲဆိုမှုနှင့်ပတ်သက်၍ Google ဖက်မှ တုန့်ပြန်သည့်အနေဖြင့် သူတို့ရဲ့ကိုယ်ပိုင် Blog တစ်ခုပေါ်တွင် “အခြားသူများထက်ပိုမို၍ ပွင့်လင်းမြင်သာမှုရှိပြီး ရွေးချယ်နိုင်မှုများကို ပေးအပ်ထားတဲ့ စနစ်တစ်ခုကို တိုင်းတရားသူကြီးများက စုဝေး၍ တိုက်ခိုက်နေခြင်းကို ထူးဆန်းတယ်လို့ ခံစားမိပါတယ်” ဟူ၍လည်း တုန့်ပြန်ရေးသားထားခဲ့ပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.