Jobs In Myanmar
Load...

Recognition at work

by JOBLESS


Tags: steps recognition achieving work



 

ရန်ကုန်၊ မေလ ၂၇ ရက်၊ ၂၀၁၆။     ။ သင်က အလုပ်မှာ တော်တဲ့ သူတစ်ယောက် ဆိုပါစို့။ ဒါ့အပြင် သင့်မှာ လုပ်ငန်းတာဝန်ထက်ပိုပြီး စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေလည်း ပိုင်ဆိုင်ထားတဲ့သူဖြစ်နေပြီဆိုရင်တော့ သင်ဟာ အမှန်တကယ်ကို အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာတော့မှာပါ။

          ဒါဆိုရင် ဒီလိုအချက်တွေကို ဘယ်လိုသိရှိအောင် လုပ်မလဲ။ ကိုယ့်အပေါ် ပတ်ဝန်းကျင်ရဲ့ အမြင်တွေပြောင်းလဲလာအောင် ဘယ်လိုလုပ်မလဲ။

အစီအစဉ်များ ချမှတ်ရေးဆွဲပါ။

          ပထမဆုံး ကိုယ်ဘာဖြစ်ချင်သလဲ။ ဘယ်လိုလုပ်မလဲ ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ပါ။ တကယ်ကို အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ချင်ရင်တော့ ဆုံးဖြတ်ချက် ခိုင်မာရပါမယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာကို တကယ်ဖြစ်အောင် အစီအစဉ်တွေ ချမှတ်ရေးဆွဲတဲ့အခါမှာ လိုအပ်ချက်တွေ၊ လုပ်သင့်တာတွေကို ကွဲကွဲပြားပြား သိရှိထားဖို့ လိုပါလိမ့်မယ်။ ဒါမှသာ ကိုယ်တကယ် လက်တွေ့ ကျော်ဖြတ်တဲ့အခါမှာ မလိုလားအပ်တဲ့ စိတ်ပျက်အားလျော့စရာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

          နောက်ထပ်မျှော်လင့်စရာရှိတာက ပတ်ဝန်းကျင်ရဲ့ ဖေးမကူညီမှုပါ။ သုတေသနပြု လေ့လာမှုတွေအရ အမှန်တကယ် အောင်မြင်နေသူတွေနဲ့ အောင်မြင်မှုကို ရယူချင်သူတွေအကြားမှာ ကောင်းမွန်တဲ့ အပြန်အလှန်  ဆက်သွယ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ကိုယ့်အတွက် အထောက်အပံ့ဖြစ်အောင် ကိုယ်အပေါ် ပတ်ဝန်းကျင်က အကောင်းမြင်လာအောင် သတိနဲ့ နေထိုင်ဖို့လည်း လိုပါလိမ့်မယ်။

အဓိကနှင့် သာမည ခွဲခြားပါ။

          အောင်မြင်နေတဲ့ ခေါင်းဆောင်တိုင်းမှာ တိကျတဲ့ အစီအစဉ် ရေးဆွဲမှုတွေ၊ လုပ်ဆောင်ရမယ့် လုပ်ငန်း စဉ်တွေ ရှိပါတယ်။ ဒါပေမယ့် ဒီလို ရေးဆွဲထားတဲ့အတိုင်း တစ်သက်မှတ်တည်း လုပ်ဆောင်ရမယ်ဆိုတဲ့ ပုံစံမျိုး တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေ အစီအစဉ်အတိုင်း လုပ်နေရင်းကနေ ပိုကောင်းတဲ့ နည်းလမ်းတွေကိုလည်း ရှာဖွေတွေ့ ရှိတတ်ပါတယ်။

          မူလ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း အနှောက်အယှက် အဟန့်အတား (ဒါမှမဟုတ်) ပြသနာတွေကို ဖြေရှင်းတဲ့အခါမှာ မူလချမှတ်ထားတဲ့ အစီအစဉ်ထက် ပိုကောင်းတဲ့ နည်းလမ်းတွေကို တွေ့ရှိလာတတ်ပါတယ်။ အောင်မြင်မှုရဲ့ အဓိက သော့ချက်က ဒီလိုပေါ်ပေါက်လာတဲ့ နည်းလမ်းကောင်းတွေကို ကိုယ့်ရဲ့ အစီအမံတွေ အောင်မြင်အောင် ကူးယူအသုံးချပြီး ရှေ့ဆက်သွားခြင်းပါ။ လိုအပ်ရင် ကိုယ်ပိုင်နည်းလမ်းနဲ့ ပေါင်းစပ်အသုံးချ ပါ။

          ဒီလို အသုံးချနိုင်ခြင်းက ကိုယ့်ရဲ့ ရည်မှန်းချက်က ပထမ၊ ချမှတ်ထားတဲ့ အစီအစဉ်က ဒုတိယ ဆိုတဲ့ အဓိကနဲ့ သာမညကို ခွဲခြားသိရှိနိုင်တဲ့ အရည်အချင်းကြောင့်ပါ။

 

ပတ်ဝန်းကျင် အနှောက်အယှက်ကင်းပါစေ။

          သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက သင့်ရဲ့ ရည်မှန်းချက် အစီအမံအတွက် အထောက်အပံ့မပြုပဲ အနှောက်အယှက်ဖြစ်လာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ။ ပတ်ဝန်းကျင်ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ အဲ့ဒီ ပတ်ဝန်းကျင်ထဲမှာ သင်နေ့စဉ် ကျင်လည်နေရတဲ့ စားသောက်ဆိုင်တွေ၊ လေဆိပ်တွေ၊ ရထားဘူတာရုံ တွေ၊ ဘက်စ်ကားဂိတ်တွေ၊ လျှောက်နေကျလမ်းတွေ အကုန်လုံးပါဝင်ပါတယ်။

အဲ့ဒီ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေက သင့်ရဲ့နေ့စဉ်ဘဝကို သင်ကိုယ်တိုင်မစီမံနိုင်တော့တဲ့ အခြေအနေအထိဖြစ်အောင် ဝင်ရောက်ခြယ်လှယ်နေပြီ ဆိုရင်တော့ သင်ကိုယ်တိုင်ကလည်း ကိုယ်လုပ်ရမယ့် နေ့စဉ်လုပ်ငန်း ဆောင်တာ တွေကို ပြီးဆုံးအောင် အာရုံစိုက်ပြီး မလုပ်ဆောင်နိုင်တော့ဘူးဆိုရင်တော့ အဲ့ဒီပတ်ဝန်းကျင်ကနေ ခဏဖြစ်ဖြစ် ရှောင်ဖယ်နေလိုက်ပါ။ လိုအပ်မယ်ဆိုရင် ရင်အပိုင်းအခြားပဲဖြစ်ဖြစ် ဝေးကွာနေလိုက်ပါ။

ဒါမှ ကိုယ်ရှေ့ဆက်လျှောက်မယ့်လမ်းမှာ မလိုလားအပ်တဲ့ ပတ်ဝန်းကျင် အနှောက်အယှက်တွေ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။

 

လုပ်ငန်းခွင် ပြင်ပကို ထွက်ကြည့်ပါ။

          ရုံးလုပ်ငန်းခွင်ဆိုတာ နေ့စဉ် တွေ့မြင်နေကျ စာရွက်စာတမ်းတွေ၊ ပြုလုပ်နေကျ အစည်းအဝေးတွေ၊ ပုံမှန်လည်ပတ်နေကျ လုပ်ငန်းစဉ်တွေနဲ့သာ အချိန်ကုန်နေတာက များပါတယ်။ အောင်မြင်မှုကို ရရှိဖို့အတွက် ပုံမှန်လုပ်စရာရှိတာတွေကိုလည်း လုပ်နေရမှာဖြစ်သလို လုပ်ငန်းခွင်ပြင်ပကိုလည်း မျက်ခြေမပြတ်ဖို့လိုပါတယ်။

          အောင်မြင်သူအများစုရဲ့ ဘဝတွေက လုပ်ငန်းခွင်ပြင်ပ နေ့စဉ်ဘဝတွေကနေ အစပြုခဲ့ကြတာပါ။ ဒီလိုနေ့စဉ်ဘဝတွေထဲကနေ မိတ်ဆွေအသစ်တွေ၊ အကြံဥာဏ်အသစ်တွေ၊ အားအင်တွေနဲ့ ထုတ်ကုန်ပစ္စည်း အသစ်တွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

 

လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပါ။

          ကိုယ့်ရည်မှန်းချက်အောင်မြင်အောင် တစ်စိုက်မတ်မတ်ကြိုးစားနေစဉ်မှာလည်း တစ်ဘက်က ကိုယ်လုပ်ခဲ့တဲ့ အကြောင်းအရာတွေ မှန်ကန်မှု ရှိရဲ့လား။ လမ်းကြောင်းအတိုင်းသွားရဲ့လား။ ဘယ်နေရာမှာလိုအပ်နေမလဲ။ ဘယ်အရာတွေကို အတုယူသင့်သလဲ။ စတဲ့ အကြောင်းအရာတွေကို အပတ်စဉ်ပြန်လည် သုံးသပ်သင့်ပါတယ်။ www.jobless.com.mm

 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PRO 1 Myanmar Co., Ltd.

PRO 1 Myanmar Co., Ltd.

The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (14)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
Min Zar Ni Group of Companies

Min Zar Ni Group of Companies

The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)
AA Medical Products

AA Medical Products

Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (68)
Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS