Jobs In Myanmar
Load...

Steps to Build Your Personal Brand (and Your Career)

by www.jobsinyangon.com


Tags: Knowledge-Career-Success-PersonalBrand-JobsinYangon



သင့်ရဲ့  Personal Brand နဲ့ သင့်ရဲ့ Career ကိုတည်ဆောက်နိုင်ရန် အဆင့်များ 

 

အွန်လိုင်းပေါ်တွင် သင့်ရဲ့ Personal Brand တစ်ခုကိုတည်ဆောက်ခြင်းဟာ သင့်ရဲ့ career အတွက် အလုပ် လျှောက်လွှာဖောင်ရေးသားခြင်းကဲ့သို့ပင်အရေးပါသောအရာတစ်ခုဖြစ်ပါတယ်။ Personal brand တစ်ခုဟာ အလုပ်ခေါ်ယူဖြစ်လာနိုင်သူများကို သင့်ထံတွင် သင်ဖော်ပြထားတဲ့အရည်အချင်းများထက်ပိုတဲ့အရာတွေရှိနေ သေးတယ်ဆိုတာကိုပြသပေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးအတွင်းမှာတော့ ကျွန်တော်တို့က သင့်ရဲ့ career လမ်း ကြောင်းမှာ အောင်မြင်မှုရရှိနိုင်စေရန်အတွက် personal brand တစ်ခုကိုတည်ဆောက်နိုင်စေမယ့်နည်းလမ်း (၅) ခုကို အသားပေးဖော်ပြသွားမှာဖြစ်ပါတယ်။ 

၁။ သင့် Personal Brand နဲ့ အထူးပြုတဲ့အရာကို သတ်မှတ်ရွေးချယ်ခြင်းကစတင်ပြုလုပ်ပါ။ 
Career တစ်ခုတွင် အောင်မြင်မှုရရှိစေရန်အတွက် သင့်ရဲ့ personal brand ကိုတည်ဆောက်ရာတွင် မိမိကိုယ်ကို အကဲဖြတ်မှုအား စတင်ပြုလုပ်ရပါမယ်။ သင့်ရဲ့ personal brand တစ်ခုဟာ လက်ရှိသင့်ရဲ့ပုံစံကို ရိုးရှင်းစွာကိုယ် စားပြုနေတဲ့အရာတစ်ခုဖြစ်နေသင့်ပြီး သင့်ရဲ့အနာဂါတ်မှာဦးတည်နေတဲ့လမ်းကြောင်းကိုလည်း ပြသနေနိုင်တဲ့ အရာတစ်ခုဖြစ်နေသင့်ပါတယ်။ သင့်ကိုယ်သင်အကဲဖြတ်မှုပြုလုပ်လိုက်တဲ့ assessment တစ်ခုဟာ သင့်ရဲ့ အားသာချက်များနဲ့ အားနည်းချက်တွေကိုဖော်ပြနေရမှာဖြစ်ပြီး လက်ရှိသင့်ရဲ့အလုပ်နဲ့လည်း ကိုက်ညီမှုရှိနေရမှာ ဖြစ်ကာ နောင်လာမယ့်နှစ်များမှာ ဘယ်လို career တစ်ခုကို သင့်အနေနဲ့လိုလားပြီးနှစ်သက်မှုရှိနိုင်မလဲဆိုတာကို ပါ ကြည့်ရှုသူများအနေနဲ့ ခန့်မှန်းနိုင်စေမှာဖြစ်ပါတယ်။ 

သင်ဟာဘယ်လိုလူမျိုးလဲဆိုတာကို သင့်ကိုယ်သင်မေးမြန်းကြည့်ပြီး ရိုးသားစွာဖြေကြားထားတဲ့အဖြေများကို ရေးမှတ်ထားပါ။ အကယ်၍သင်ဘယ်လိုလူမျိုးလဲဆိုတာကိုဖော်ပြပေးဖို့ တစ်ခြားသူတွေဟာ မေးမြန်းခံရတဲ့အခါ ဘယ်လိုစကားလုံးတွေနဲ့ တန်ဖိုးတွေကိုအသုံးပြုပြီးသင့်အကြောင်းပြောဆိုနိုင်သလဲဆိုတဲ့အရာတွေကို ရှာဖွေဖော် ထုတ်ပါ။ ဘယ်အရာတွေကသင့်ရဲ့လုပ်ချင်ကိုင်ချင်စိတ်ကိုတိုးတက်စေပြီး ဘယ်အရာတွေမှာတော့ သင်ဟာမကြာ ခဏချီးကျူးခံရသလဲဆိုတာကိုလေ့လာထားပါ။ ဘယ်လုပ်ဆောင်ချက် (activity) တွေကိုတော့ သင်နှစ်သက်ပြီး ဘယ်အရာတွေက သင့်ကိုလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်စေသလဲဆိုတာကို စဉ်းစားကြည့်ပါ။ သင့်ကိုယ်သင်အကဲ ဖြတ်မေးမြန်းမှုလုပ်ကြည့်တဲ့အခါမှာ ရိုးသားတဲ့အဖြေများဟာ သင့်ကို ကောင်းမွန်တဲ့သူတစ်ဦး ဖြစ်လာနိုင်စေပြီး သင့်ရဲ့ကိုယ်ပိုင်အကျင့်တွေနဲ့ မကိုက်ညီတဲ့သူတစ်ဦးဖြစ်လာဖို့ကြိုးစားမိခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သူငယ် ချင်းများနဲ့ မိသားစုများကို သင့်ကိုယ်သင်အကဲဖြတ်ဆုံးဖြတ်မှုတစ်ခုပြုလုပ်ရာတွင် ကူညီပေးဖို့တောင်းဆိုကြည့် ပါ။ 

သင့်ရဲ့ brand ကိုတည်ဆောက်ရာတွင် အခြားသူများနဲ့မတူပဲ တစ်မူထူးခြားတဲ့ skill set (ကျွမ်းကျင်မှု) ရှိဖို့ကို အာရုံစိုက်ကာလုပ်ဆောင်ခြင်းက သင့်ကိုလူအများကြားတွင် ထင်ရှားမှုရှိစေနိုင်မှာပဲဖြစ်ပါတယ်။ အကယ်၍ သင့် ထံတွင်ဒီလိုအထူးပြုလုပ်ထားတဲ့ကျွမ်းကျင်မှုတွေရှိမနေပါက တစ်ခုခုကိုသင်ယူဖို့ကြိုးစားလိုက်ပါ။ ဒီအရာကိုရရှိ ဖို့ နောက်ထပ်ပညာသင်ကြားဖို့လိုတာပဲဖြစ်ဖြစ်၊ သင်တန်းများ၊ ပြင်ပရှိ အလုပ်အတွေ့အကြုံများလိုအပ်နေတာပဲ ဖြစ်ဖြစ် သင့်ရဲ့ အထူးပြုကျွမ်းကျင်မှုတစ်ရပ်မှာ ကျွမ်းကျင်သူ (expert) တစ်ဦးဖြစ်လာဖို့အတွက် ဒီအရာတွေကို ဘယ်လိုရယူနိုင်မလဲဆိုတာကို အစီအစဉ်ဆွဲထားကာဆောင်ရွက်လိုက်ပါ။ 

၂။ သင့်ရဲ့ အလုပ်လျှောက်လွှာဖောင် (resume) ကို သင့်ရဲ့ ကိုယ်ရေးအချက်အလက် (Bio) ကဲ့သို့ပင်ပြန်လည်ရေး သားမှုပြုလုပ်ပြီး အစဉ်မပြတ် Update ပြုလုပ်နေပါ။ 
သင့်ရဲ့ personal brand အတွက်ရည်ရွယ်ပြီး သင့်ရဲ့ အလုပ်လျှောက်လွှာဖောင်ကို သင့်ရဲ့ Bio အနေနဲ့သဘောထား ကာပြင်ဆင်မှုများပြုလုပ်ပေးရပါမယ်။ သင့်ရဲ့ resume ဆိုတာဟာ အလုပ်သစ်တစ်ခုကိုလျှောက်ထားသည့်အခါ တွင်အသုံးပြုနိုင်သည့် ပိုမိုလုပ်ငန်းခွင်စနစ်ဆန်တဲ့ သီးသန့် စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ resume ထဲ က အချက်အလက်များကို သင့်ရဲ့ web profile များမှာ bio အနေနဲ့ထည့်သွင်းနိုင်မယ့် တိုတောင်းပြီး ထိရောက်တဲ့ ပုံစံနဲ့အကျဉ်းချုံးရေးသားထားရပါမယ်။

သင့်ရဲ့ professional bio ဟာ သင့်အနေနဲ့ အလွတ်တမ်း project အတိုများ (Freelance gigs) လုပ်ဆောင်ဖို့ လျှောက်ထားရာတွင်၎င်း၊ အခွင့်အလမ်းများအတွက်ပြောဆိုခြင်းနဲ့ အခွင့်အလမ်းများကိုပြသခြင်းပြုလုပ်ရာတွင် ၎င်း အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်နေမှာပဲဖြစ်ပါတယ်။ သင့်ရဲ့ bio တွင် ပညာရေး၊ အလုပ်အတွေ့အကြုံ၊ လုပ်ဆောင်ဖူးခဲ့တဲ့အလုပ်များ၊ ဆုများ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားမှုများနဲ့ အချို့သော တစ်ကိုယ် ရည်စိတ်ဝင်စားတဲ့အရာများအကြောင်းပါဝင်နေသင့်ပါတယ်။ သင့်အနေနဲ့ အရေးပါတဲ့ event တွေကိုအောင်မြင် အောင်ဆောင်ရွက်နိုင်တဲ့အခါများမှာ သင့်ရဲ့ bio ကို အမြဲတမ်း အချိန်နဲ့တပြေးညီ up-to-date ဖြစ်နေဖို့လုပ် ဆောင်နေရမှာဖြစ်ပါတယ်။ 

၃။ လူချင်းတွေ့ဆုံပြီး networking ပြုလုပ်ရန်အတွက်အားထုတ်ပါ
အခြားသူများနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံကာ အဆက်အသွယ်များတည်ဆောက်ခြင်းဟာ သင့်အနေနဲ့အလုပ်ရှာဖွေ နေတဲ့အချိန်မှာသာပြုလုပ်ရမှာမဟုတ်ပါဘူး။ ဒီအရာက သင့်အနေနဲ့ လက်ရှိအချိန်မှာ ရာထူးနေရာ၊ သက်မွေးဝမ်း ကျောင်းလုပ်ငန်းမှ အပြောင်းအလဲမပြုလုပ်လိုသေးဘူးဆိုရင်တောင်မှ အချိန်ပြည့်၊ အမြဲလုပ်ဆောင်နေသင့်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ Networking ပြုလုပ်ခြင်းဟာ ပုံမှန်အတိုင်းဆိုသင်ဘယ်လိုမှသိနိုင်မှာမဟုတ်တဲ့ အခြားသူများရဲ့ သက်မွေးမှုလမ်းကြောင်းတွေအကြောင်းကို သိရှိနားလည်လာအောင် အသိအမြင်များပေးနိုင်ပါ တယ်။ သင့်လုပ်ငန်း (သို့) လုပ်ငန်းနယ်ပယ်အတွင်း အသစ်အသစ်သောသူများနဲ့ တွေ့ဆုံရနိုင်တဲ့ အခွင့်အလမ်းများ ကို အမြဲရှာဖွေကြည့်ပါ။

သင့်ရဲ့ personal brand တစ်ခုဟာ သင့်လုပ်ငန်းနယ်ပယ်အတွင်းသင်ထားရှိလိုက်တဲ့ ပက်သက်မှုတစ်ခုခြင်းစီ အလိုက်ကြီးထွားတိုးတက်မှုရှိလာမှာဖြစ်ပါတယ်။ တတ်နိုင်သမျှ conference များနဲ့ လူမှုရေးဆိုင်ရာ အခွင့်လမ်း များရှိနေတဲ့နေရာများကိုတက်ရောက်ပေးပါ၊ သင့်ကိုယ်သင်စတင်မိတ်ဆက်ဖို့နဲ့ သင်ရရှိလိုက်တဲ့ အချိတ်အဆက် အသစ်တိုင်းကိုတန်ဖိုးရှိစွာအသုံးပြုပေးဖို့ကိုလဲမကြောက်ပါနဲ့။ 

၎။ သင့်ရဲ့ကိုယ်ပိုင် Website နဲ့ Blog များကိုတည်ဆောက်ထားပါ 
သက်မွေးမှုလုပ်ငန်းတစ်ခုတွင်အောင်မြင်မှုရရှိစေဖို့အတွက်တည်ဆောက်ထားတဲ့ သင့်ရဲ့ personal brand ဟာ မကြာခဏဆိုသလိုပင် သင့်ရဲ့ online ပေါ်ရှိနေထိုင်ပုံနှင့် သက်ဆိုင်မှုရှိနေတတ်ပြီး သင့်အနေနဲ့ သင့်ရဲ့လုပ်ငန်းနယ် ပယ်အတွင်း သူတို့ရဲ့ကုမ္ပဏီများမှာအလုပ်ခေါ်ယူမှုပြုနေတဲ့သူတွေနဲ့ ဆက်စပ်နေဖို့အတွက်ပြုလုပ်ထားရပါမယ်။ သင့်ရဲ့ကိုယ်ပိုင် website ပေါ်ရှိပုံစံနဲ့ social media platform များအားလုံးပေါ်ရှိ ပုံစံများဟာ သင့်ရဲ့ personal brand အကြောင်းကိုဖော်ပြတဲ့အခါမှာ တစ်သမတ်တည်းရှိနေရပါမယ်။ 

Blogging ဟာ သင့်ရဲ့ personal brand ကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ စိတ်ဝင်စားဖွယ်နည်းလမ်းများကို အသုံးပြုကာ အခမဲ့တင်ဆက်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Blog အတွက် ပရိသတ်များကိုစုဆောင်းခြင်း ဟာလည်း သင့်ရဲ့ network ကိုကျယ်ပြန့်စေပြီး သင့်ရဲ့ brand ကိုတည်ဆောက်ဖို့အတွက် ကောင်းမွန်တဲ့နည်း တစ်ခုဖြစ်ပါတယ်။ Blog ရေးသားခြင်းကို ပုံမှန်ပြုလုပ်ပြီး SEO နည်းစနစ်များကို အသုံးချခြင်းဟာ အောင်မြင်တဲ့ blog တစ်ခုကိုတည်ဆောက်ရာတွင် အဓိကကျတဲ့အချက်များပဲဖြစ်ပါတယ်။ 
နောက်ပြီး မိမိလက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းနယ်ပယ်ရှိ သင့်ရဲ့ post ကို Share လုပ်ပေးနိုင်မယ့် ဩဇာအာဏာရှိသူများအကြောင်း blog များ ရေးသား ခြင်းကိုလဲ အာရုံစိုက်သင့်ပြီး တက်ကြွပြီး အကျိုးရှိစေတဲ့ online community တွေမှာလဲပါဝင်ထားဖို့မမေ့ပါနဲ့။ 

၅။ ကျွမ်းကျင်သော အင်တာနက် networker တစ်ဦးဖြစ်စေရန်ကြိုးပမ်းပါ 
အင်တာနက်ပေါ်မှတစ်ဆင့် အချိတ်အဆက်များတိုးပွားအောင် (networking) ပြုလုပ်ခြင်းဟာ လူတွေအနေနဲ့ သူတို့နဲ့ကိုက်ညီတဲ့ profession တစ်ခုအပေါ်စိတ်ဝင်စားမှုရှိသူအချင်းချင်းရှာဖွေနိုင်စေဖို့အတွက် ပြုလုပ်ပေးနိုင် တဲ့ လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အလွန်လျှင်မြန်စွာပဲပြောင်းလဲလာပါတယ်။ LinkedIn ဟာ အများဆုံးအသုံးပြု လျက်ရှိတဲ့ internet networking tool တစ်ခုဖြစ်ပါတယ်။ ထိုအထဲတွင် search များပြုလုပ်တဲ့အခါ ပြသပေး မယ့် သင့်ရဲ့ profile နဲ့ personal branding အချက်အလက်များကိုလိုသလိုထိန်းချုပ်နိုင်ပါတယ်။ ဒီအရာက ဖြစ် နိုင်ချေရှိတဲ့ contact တွေအတွက် သင့်ရဲ့ personal brand တစ်ခုကိုဖော်ပြရာတွင် ထိရောက်မှုရှိတဲ့ ကနဦးအမြင် တစ်ခုကိုတည်ဆောက်နိုင်စေမှာပဲဖြစ်ပါတယ်။ 

Twitter, Facebook, Instagram နဲ့ အခြားသော social network များတွင်လည်း သင့်ရဲ့ brand တစ်ခုရဲ့ follower များနဲ့ အစဉ်မပြတ်ထိတွေ့မှုရှိပြီး သတင်းအချက်အလက်များပေးနိုင်ရန်အတွက် သင့်ရဲ့ brand အလိုက် တည်ဆောက်ပေးရမှာဖြစ်ပါတယ်။ Podcast များဟာ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့အတူ branding information ကိုပေးနိုင်ဖို့အတွက်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Podcasting ပြုလုပ်ရာ တွင်အောင်မြင်မှုရှိစေရန်အပြင် အခြားသောအင်တာနက် networking လုပ်ဆောင်ချက်များတွင်ပါ အောင်မြင်မှု ရရှိစေရန်အတွက် အဓိကအချက်ကတော့ ဇွဲမလျှော့ဖို့နဲ့ သင့်အနေနဲ့ သတင်းအချက်အလက်များကိုတင်ရာတွင် တစ်သမတ်တည်းရှိနေဖို့ပါတဲ။ သင့်အနေနဲ့ ထိပ်ဆုံးသို့ တမုဟုတ်ခြင်းရောက်နိုင်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် သင် ဒါကိုတစ်စိုက်မတ်မတ်လုပ်ဆောင်မယ်ဆိုရင်တော့ နားဆင်သူများအတွက် ညွှန်းဆိုပေးခံရတဲ့နေရာတစ်ခုကို တဖြည်းဖြည်းရရှိလာမှာပဲဖြစ်ပါတယ်။ 

လုပ်ငန်းခွင်အောင်မြင်မှုရရှိရန်အတွက် personal branding ပြုလုပ်ခြင်းတွင် သင့်အနေနဲ့ ဒီအချက် (၅) ချက်ကို လိုက်နာအသုံးပြုသွားမယ်ဆိုပါက ထိုသို့ပြုလုပ်ရာတွင်အနည်းငယ်ပိုမိုလွယ်ကူသွားစေဖို့ကူညီပေးနိုင်မှာပါ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com  


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
INNO International Development Co.,Ltd

INNO International Development Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS