Jobs In Myanmar
Load...

Talent Management: Driving Engagement

by www.jobsinyangon.com


Tags: Knowledge-Recruitement-Talent-Management-JobsInYangon




Talent Management: စိတ်အားထက်သန်မှုများကို လှုံ့ဆော်ခြင်း 

 

သင်လက်ရှိအသုံးပြုနေတဲ့ Talent Management နည်းဗျူဟာများကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါက သင်ဘာကိုမြင်ရပါသလဲ? စိတ်အားထက်သန်မှုကင်းမဲ့နေတဲ့ ဝန်ထမ်းများ၊ ညံ့ဖျင်းသော စီမံခန့်ခွဲမှုနှင့် ပျင်းရိပျင်းတွဲဖြစ်နေတဲ့ အစဉ်အလာများကို တွေ့မြင်နေရပါသလား? ဒီလိုဖြစ်နေတာကို တွေ့မြင်နေရရင်တော့ ဒါဟာ သင့်ရဲ့ Talent Management မှာ ပြဿနာတစ်ခုခုရှိနေပြီဆိုတာကို ဖော်ပြနေပါတယ်။ ယခုဖော်ပြပေးသွားမည့် ဆောင်းပါးတွင် ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးနိုင်ရန်အတွက် လိုအပ်တဲ့အချက်များအပါအဝင် ထိရောက်တဲ့ Talent Management တစ်ခုဖြစ်လာစေရန် အဓိကအရေးကြီးတဲ့ အချက်များကို တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ 


Talent Management နှင့် Analytic လုပ်ဆောင်ချက်များတွင် ရင်းနှီးမြှုပ်နှံခြင်း 

သင့်လျှော်တဲ့ Talent Management စနစ်တစ်ခုမရှိခြင်းအား လျစ်လျူရှုမိခဲ့တဲ့အတွက် များစွာသော လုပ်ငန်းအဖွဲ့အစည်းများတွင် ကြီးမားသောအခက်အခဲများနဲ့ တွေ့ကြုံခဲ့ရပါတယ်။ ကုမ္ပဏီများတွင် အခက်ကြုံနေရတဲ့ Talent Management စနစ်များအားလုံးရဲ့ ၆၀% ခန့်ဟာ သူတို့ရဲ့ Team များ ပိုမိုတိုးတက်မှုရှိလာစေရန်ရည်ရွယ်၍ ကောက်ယူထားသော စဉ်ဆက်မပြတ်တိကျသေချာတဲ့ ဒေတာအချက်အလက်များနဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုတို့ မရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ သင့်လျော်စွာပြုလုပ်ထားတဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုများရှိထားခြင်းဟာ လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ဝန်ထမ်းခေါ်ယူရာတွင်နှင့် ဝန်ထမ်းများကို စီမံခန့်ခွဲရာတွင် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေရန်အတွက် အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ 

အရည်အချင်းရှိသည့်ဝန်ထမ်းများကို ကုမ္ပဏီတွင် ရည်ရှည်တည်မြဲနေစေရန် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် ကမ္ဘာ့ organization များရဲ့ ၆၀% ခန့်ဟာ Talent analytics လုပ်ဆောင်ချက်များတွင် စတင်၍ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လာကြပြီဖြစ်ပါတယ်။ အထက်ပါကိန်းဂဏ္ဍန်းများကို ကြည့်ခြင်းအားဖြင့် စာဖတ်သူတို့အနေနဲ့ Talent management ဟာ ဝန်ထမ်းခေါ်ယူမှု၊ ခေါင်းဆောင်မှုနှင့် ဝန်ထမ်းတည်မြဲမှုရှိစေရေးတို့တွင် အထောက်အကူဖြစ်စေနိုင်ကြောင်း ခန့်မှန်းသိရှိနိုင်ပါတယ်။ 


Talent Management ကို မိမိတို့ရဲ့လုပ်ငန်းအတွင်းသို့ ထည့်သွင်းပေါင်းစပ်ခြင်း 

ပိုမိုကောင်းမွန်တဲ့ Talent Management တစ်ခုဖြစ်လာစေရန်အတွက် ပထမဦးဆုံးအဆင့်ကတော့ employee engagement ကို talent lifecycle တစ်လျှောက်တွင် ထည့်သွင်းပေါင်းစပ်ခြင်းပဲဖြစ်ပါတယ်။  ထိုသို့ဖြစ်လာစေရန်အတွက်မှာ ဝန်ထမ်းများရဲ့ တစ်ကိုယ်ရည်ဘဝတိုးတက်ကောင်းမွန်လာစေဖို့အတွက် ပြုလုပ်ပေးသည်ထက် ကောင်းတဲ့အရာမရှိပါဘူး။ လက်ရှိအခြေအနေများအရ ဝန်ထမ်းများရဲ့ ၆၆% ခန့်ဟာ သူတို့အလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီများတွင် သူတို့ရဲ့ Professional လမ်းကြောင်းတိုးတက်မှုအတွက် လုံလောက်တဲ့ အခွင့်အလမ်းများရှိမနေဘူးလို့ ခံစားနေရပြီး ကုမ္ပဏီများဘက်မှ Professional လမ်းကြောင်းတိုးတက်မှုအတွက် အခွင့်အလမ်းများပေးအပ်ဖို့ ဆန္ဒမရှိပါက အဆိုပါ Organization မှ အလွယ်တကူပဲထွက်ခွာသွားနိုင်ပါတယ်။ ဒါကိုကာကွယ်နိုင်ရန်အတွက် သူတို့ရဲ့ Professional သက်မွေးမှုလမ်းကြောင်းပေါရှိ အဆင့်တိုင်းတွင် တိုးတက်မှုများရှိလာစေရန် အထောက်အပံ့ပေးခြင်းအားဖြင့် အလုပ်အပေါ်စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။ 

ပိုမိုများပြားတဲ့ ဒေတာအချက်အလက်များ စုဝေးရရှိလာမှုကြောင့် ပိုမို၍ အသေးစိတ်ကျတဲ့ Talent Management System များဟာလည်း ပေါ်ထွက်လာခဲ့ပါတယ်။ Organization များအနေနဲ့ ရရှိလာတဲ့ အချက်အလက်များကို တစ်ခုမှတစ်ခုသို့ မျှဝေပေးနိုင်သလို ထိုအရာများကို အသုံးပြု၍လည်း ဝန်ထမ်းများအား motivate ဖြစ်လာစေရန် ပြုလုပ်ပေးနိုင်ပါတယ်။ ဝန်ထမ်းခေါ်ယူမှု၊ တိုးတက်မှု/ သင်ကြားမှု နှင့် နှုတ်ထွက်မှု/ ထုတ်ပယ်မှု ဟူသည့် Talent lifecycle ရဲ့ အဆင့်တိုင်းတွင် Engagement ကိုမြှင့်တင်ပေးနိုင်ခဲ့ပါက အဖွဲ့ဝင်တိုင်းဟာ အလုပ်အပေါ် စိတ်အားထက်သန်မှုများရှိလာမှာဖြစ်တဲ့အတွက် Talent Management ပြုလုပ်ရခြင်းဟာ ပိုမို၍ လွယ်ကူလာမှာဖြစ်ပါတယ်။ 


အစဉ်အလာများကို ဖန်တီးခြင်း 

သစ်လွင်ပြီး ကြိုတင်ကာကွယ်ဆောင်ရွက်တတ်တဲ့ Talent Management ကို ထိန်းသိမ်းထားနိုင်ဖို့မှာ အစဉ်အလာများကို ပြောင်းလဲပေးနိုင်ဖို့က အရေးပါလှပါတယ်။ CultureUniversity.com ရဲ့ တည်ထောင်သူ Tim Kuppler ရဲ့အဆိုအရ လူသိနည်းတဲ့ ပြဿနာတစ်ခုကတော့ ဝန်ထမ်းများရဲ့ ၆၄% က သူတို့ဟာ ခိုင်မာကြံ့ခိုင်တဲ့ company အစဉ်အလာများရှိတဲ့နေရာတစ်ခုမှာ အလုပ်လုပ်နေရတယ်လို့ မခံစားကြရတာပဲဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အစဉ်အလာများကို အပြည့်အဝသိရှိမထားပဲ သင့်အနေနဲ့ ဘယ်နေရာတွင်ကိုက်ညီမှုရှိနိုင်သလဲဆိုတာကို သိရှိမထားနိုင်ပါက အဆိုပါကုမ္ပဏီတွင် စိတ်ရောကိုယ်ပါ အပြည့်အဝနှစ်မြှုပ်ပြီး အလုပ်အပေါ် စိတ်အားထက်သန်မှု အပြည့်အဝရရှိနိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ 

ယနေ့ခတ်တွင် များစွာသော လုပ်ငန်းအဖွဲ့အစည်းများအဖို့ Talent Management ဟာ အဆုံးအဖြတ်ပေးတဲ့ အရာတစ်ခုဖြစ်လာပါပြီ။ ကြီးမားတဲ့ဒေတာအချက်အလက်များဟာ ယခုအခါလုပ်သားအင်အားထုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာပြီဖြစ်တဲ့အပြင် ကျွန်ုပ်တို့အနေနဲ့ ဝန်ထမ်းများအား စီမံအုပ်ချုပ်ပုံများ၊ အဆိုပါအချက်အလက်များကို အမြင့်မားဆုံးစွမ်းဆောင်ရည်ရရှိအောင် အသုံးချပုံများဟာ အဓိကအရေးပါတဲ့ လုပ်ဆောင်ချက်များဖြစ်လာခဲ့ပါတယ်။ Data-based talent analytics များအပေါ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာလျှက်ရှိနေပြီး ဒေတာအချက်အလက်များကို ရှင်းလင်းစွာသိရှိနိုင်ရန် လိုအပ်ကြောင်းဟာ ထင်ရှားလာပါတယ်။ ဒီအချက်အလက်များကို အသုံးချပြီး စာဖတ်သူတို့ရဲ့ Talent Management System များတွင် ထည့်သွင်းပေါင်းစပ်ပေးခြင်းအားဖြင့် မိမိတို့ရဲ့ Team များကို ပိုမိုတိုးတက်မှုရှိလာစေပြီး လုပ်ငန်းခွင်အတွင်းတွင်လည်း တိုးတက်မှုကိုအားပေးသော အစဉ်အလာတစ်ခုကို ပေါ်ထွန်းလာစေနိုင်ရန်အတွက် အကူအညီပေးနိုင်မှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyngon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
INNO International Development Co.,Ltd

INNO International Development Co.,Ltd

M9 Public Co., Ltd.

M9 Public Co., Ltd.

M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (11)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.

Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (9)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS