ချိတ်ဆွဲရန်စာတန်း: News-Tencent-Back4Blood-Acquisition-JobsInYangon
Tencent မှ Back 4 Blood game ရဲ့ developer ဖြစ်တဲ့ Turtle Rock Studios ကို ဝယ်ယူလျက်ရှိ
Tencent ဟာ ၎င်းတို့ရဲ့အလွန်များပြားလှသော video game studio များသို့ Slamfire လို့အမည်ရတဲ့ Back 4 Blood game ရဲ့ developer ဖြစ်သော Turtle Rock Studios ရဲ့ ပင်ရင်းကုမ္ပဏီကို ထပ်မံ၍ဝယ်ယူထည့်သွင်းလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။
Turtle Rock ဟာ “၎င်းတို့ရဲ့ သီးခြားရပ်တည်နေတဲ့ operation လုပ်ဆောင်ချက်များကို ဆက်လက်ထိန်းသိမ်း၍” ကယ်လီဖိုးနီးယားပြည်နယ်အတွင်းတွင်တည်ရှိနေဦးမှာဖြစ်ပြီး လက်ရှိ leadership team ကပဲ studio ကို ဆက်လက်၍ ဦးဆောင်သွားမှာဖြစ်တယ်လို့ သတင်းများအရသိရှိရပါတယ်။
Tencent ဟာ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသောဂိမ်းများရဲ့နောက်ကွယ်က ကုမ္ပဏီတစ်ခုဖြစ်ပြီး လူကြိုက်များတဲ့ popular MOBA League of Legends, Call of Duty: Mobile, Honor of Kings နဲ့ Pokémon Unite ဂိမ်းများရဲ့ နောက်ကွယ်က ကုမ္ပဏီတစ်ခုဖြစ်သလို Epic Games တွင်လည်း ရှယ်ယာစုစုပေါင်းရဲ့ ၄၀% ကို ပိုင်ဆိုင်ထားတဲ့ကုမ္ပဏီတစ်ခုဖြစ်သလို Fortnite နှင့် Unreal Engine တို့ရဲ့ developer လည်းဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။