Jobs In Myanmar
Load...

The 6 Unwritten Company Rules You Won't Find in the Employee Handbook (Part - 1)

by www.jobsinyangon.com


Tags: Knowledge-Career-Unwritten-Company-Rules-JobsInYangon



ဝန်ထမ်းလမ်းညွှန်လက်စွဲစာအုပ်အတွင်း ထည့်သွင်းရေးသားထားမည်မဟုတ်သော ထုတ်ဖော်ပြောဆိုစရာမလိုပဲ သိရှိထားရမည့် ကုမ္ပဏီစည်းကမ်း (၆) ချက် (အပိုင်း - ၁) 

 

သင့်အနေနဲ့ organization အသစ်တစ်ခုအတွင်း စတင်၍တာဝန်ထမ်းဆောင်သည့်အခါတွင် သင့်လုပ်ဖော်ကိုင်ဖက်များဖြစ်လာမယ့်သူများဖြစ်တဲ့ ကုမ္ပဏီဝန်ထမ်းများအားလုံးထံသို့ e-mail ပေးပို့မိတ်ဆက်ပေးခြင်း၊ သင့်ရဲ့ boss မှ သင့်ကို နေ့လည်စာအတူစားဖို့ဖိတ်ခေါ်ခြင်းများရှိလာနိုင်ပြီး နွေးထွေးစွာကြိုဆိုမှုပြုခြင်းကို ခံစားရနိုင်ပါတယ်။ 

ဒီအစပိုင်းနေ့ရက်များတွင် သင့်အနေနဲ့ သင့်ရဲ့ expense report များကို ဘယ်လိုတင်ရမလဲ၊ သင့် customer print job ကို ဘယ်လိုမှာကြားရမလဲ (သို့) သင့်ရဲ့ Business Travel များကို ဘယ်လိုကြိုတင်၍ book လုပ်ရမလဲ အစရှိသည့်အရာများအကြောင်းကို သိရှိလာရမှာဖြစ်သလို လုပ်ငန်းခွင်အတွင်းရှိ တရားဝင်ချမှတ်ထားသော စည်းမျဉ်းများ၊ မည်သို့သောပေါ်လစီစည်းမျဉ်းများကို နာခံသင့်သလဲဆိုတာများနှင့် သင့်ကိုခေါ်ယူမှုပြုလုပ်ထားသောရာထူးနေရာအတွက် သင့်ထံကဘယ်လိုလုပ်ဆောင်ချက်များကို မျှော်လင့်ထားသလဲဆိုတာများကိုလည်း သိရှိလာရမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ value များ၊ ရည်မှန်းချက်ပန်းတိုင်များနှင့် mission များနှင့်အတူ ကုမ္ပဏီမှပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အရေးများ အစရှိသော လူအများသိရှိနိုင်ရန် တိကျစွာရေးသားဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများကိုလည်း သိရှိလာရမှာဖြစ်ပါတယ်။  

လုပ်ငန်းခွင်စည်းမျဉ်းများဟုဆိုရာတွင် နောက်ထပ်ခေါင်းစဉ်တစ်ခုလည်းရှိနေပါသေးတယ်။ ဒီအရာကတော့ မည်သည့်နေရာတွင်မှ ရေးသားထားခြင်းမရှိသော လုပ်ငန်းခွင်အတွင်းလိုက်နာမှုပြုရမည့် စည်းမျဉ်းများပဲဖြစ်ပါ တယ်။ ဒီအရာများက ကိစ္စရပ်များပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်မှုကိုအဆုံးအဖြတ်ပေးနိုင်သည်သာမက သင်အထက်တွင်ကြားသိခဲ့ရသော စည်းမျဉ်းများက မည်သို့ပင်ရှိနေစေကာမူ ယခုဖော်ပြသွားမည့် “Unwritten Company Rules” များက organization များရဲ့ အစဉ်အလာယဉ်ကျေးမှုဓလေ့ကို ဖော်ပြသတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။

Havard Business Review ရှိ ဆောင်းပါးတွင် Frances Frei နှင့် Anne Morris တို့က ရှင်းလင်းပြောဆိုထားသည်မှာ “Culture” ဆိုသည်မှာ “များသောအားဖြင့် CEO က ရုံးခန်းအတွင်း ရှိမနေသောအခါများတွင် ဝန်ထမ်းများအား ဘာတွေကိုလုပ်ဆောင်ရမလဲဆိုသည်အား ပြောပြသတ်မှတ်ပေးသောအရာတစ်ခုဖြစ်ပါတယ်။” ဟူ၍ ဆိုထားပါတယ်။ ဒီအရာများကို စာရွက်စာတမ်းများပေါ်တွင် ရေးသားထားခြင်း မရှိသော်လည်း ထိုစည်းမျဉ်းများဟာ လုပ်ငန်းခွင်များတွင်ရှိနေကြောင်းကို လေ့လာကြည့်ရှုခြင်းအားဖြင့် တွေ့ရှိနိုင်မှာဖြစ်ပြီး အောက်ပါအချက် (၆) ချက်ဟာတော့ သင့်ရဲ့ဝန်ထမ်းလမ်းညွှန်လက်စွဲစာအုပ်တွင် ပါဝင်လာမှာမဟုတ်သော်လည်း လုပ်ငန်းခွင်များတွင် စောင့်ကြည့်လိုက်ပါက တွေ့ရှိနိုင်မည်ဖြစ်သော “Unwritten Company Rules” များဖြစ်ပါတယ်။ 

 

၁။ Flex Time (ညှိနှိုင်းရလွယ်ကူသောအလုပ်ချိန်) ၏ တစ်ကယ့်အဓိပ္ပါယ် . .

သင့်အနေနဲ့ flex time ရှိခြင်းကို နှစ်သက်မှာဖြစ်ပြီး သင့်ထံတွင် ထိုအရာကို မနှစ်မြို့စရာအကြောင်းအရင်းလည်းရှိမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သင်ရုံးသို့လာချိန်၊ ရုံးဆင်းချိန်များနဲ့ပတ်သက်၍ သင်တို့ထံတွင်ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိလိုကြမှာဖြစ်လို့ပါပဲ။ 

သို့သော်လည်း သင်သိထားရမှာက သင့်ရဲ့အလုပ်ဟာ တစ်ကယ်ပဲ ဖော်ပြထားသလို flexible arrangement များကို ပေးနိုင်ရဲ့လား (သို့) သင့်ရဲ့လုပ်ဖော်ကိုင်ဖက်အများစုက သူတို့ရဲ့အလုပ်စားပွဲများသို့ မနက် ၈နာရီတွင် ရောက်ရှိကြပြီး ညနေ ၆ နာရီမတိုင်မှီ ရုံးဆင်းခြင်းများကို ရံဖန်ရံခါမှသာ ပြုလုပ်ကြတာလား? တစ်ယောက်ယောက်ကများ နေ့လည်ခင်းအချိန်တွင် ဘဏ်ကိုသွား၍ငွေထုတ်ခြင်း၊ ဆေးခန်းသွားခြင်း အစရှိသည်တို့ကို ပြုလုပ်ခဲ့ကြဖူးပါသလား (ဒါမှမဟုတ်) ရုံးခန်းအတွင်းရှိထိုင်ခုံများတွင် အချိန်ပြည့်ရှိနေတာလား? 

ကြားရက်အလုပ်ချိန်များရဲ့ တစ်ကယ့်အဖြစ်မှန်ကို နားလည်သဘောပေါက်မှုရှိပြီး သင့်ထံကဘာတွေကိုမျှော်လင့်ထားသလဲဆိုတာကို သိရှိနားလည်ထားခြင်းအားဖြင့် သင့်ကိုအလုပ်ပေးထားတဲ့မန်နေဂျာက အင်တာဗျူးစဉ်အတွင်းက မည်သို့သောအရာများကို ပြောကြားထားခဲ့သည်ဖြစ်စေကာမူ သင့်အနေနဲ့ အမှားအယွင်းများလုပ်မိခြင်းကို ရှောင်ရှားနိုင်စေမှာဖြစ်ပြီး လျှော်ညီမှုမရှိတဲ့နေထိုင်ပုံများကို သင့်လျော်စွာချိန်ညှိပြင်ဆင်မှုပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ 

 

၂။ အလုပ်ချိန်ပြီးဆုံးပြီးနောက်တွင် . . .

မူရင်းစာရေးသူနှင့်အတူ အလုပ်လုပ်ကိုင်ခဲ့ဖူးသော Charlotte ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ သူမကောလိပ်မှ ဘွဲ့ရပြီးနောက် ဒုတိယအကြိမ်ဝင်ရောက်ရသောအလုပ်တစ်ခုထံသို့ ကြီးမားသောမျှော်မှန်းချက်တွေနဲ့အတူ ဝင်ရောက်လာခဲ့ပါတယ်။ သို့သော်လည်း လက်တွေ့တွင်တော့ သူမလိုချင်တဲ့ happy hour style ပုံစံမျိုးကနေ လုံးဝကွဲထွက်နေတာကိုတွေ့ရှိခဲ့ပါတော့တယ် - သူတို့ရဲ့သူဌေးက ရုံးမှမပြန်မှီ မည်သူကမှ ရုံးဆင်းခြင်းကို မပြုလုပ်ကြပါဘူး၊ နောက်ပြီး သူတို့ရဲ့ သူဌေးကလည်း ည ၈ နာရီမတိုင်မှီအထိ ရုံးမဆင်းပါဘူး။ 

ဒီလိုမျိုးအခြေအနေမျိုးတွင် ပထမဦးဆုံး ရုံးဆင်းရတဲ့သူဖြစ်ရခြင်းဟာ စိတ်ဖိစီးဖို့အလွန်ကောင်းလှပါတယ်။ သင်အလုပ်စောစောရောက်တဲ့အခါမှာ သင်စောစောရောက်လာတဲ့အကြောင်းကို မည်သူကမှတွေ့မြင်ကြမှာ မဟုတ်ပါဘူး (ဒါပေမယ့်) သင်အလုပ်စောစောဆင်းတဲ့အခါမှာတော့ လူတိုင်းက ဒီအကြောင်းကို သိရှိနိုင်ကြမှာဖြစ်ပါတယ်။ သင့်အနေနဲ့ အလုပ်ချိန်အတွင်း မည်သို့ပင်အလုပ်ကြိုးစားလုပ်ခဲ့စေကာမူ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်အများစု အလုပ်မဆင်းမှီတွင် ရုံးဆင်းခြင်းအားပုံမှန်ပြုလုပ်နေပါက သင့်အား ပျင်းရိသူတစ်ဦး (သို့) အလုပ်တွင် စိတ်မဝင်စားသူတစ်ဦးအနေနဲ့ မမှန်မကန်စွပ်စွဲခံလာရနိုင်ခြေလည်းရှိနေပါတယ်။ 

အရေးအကြီးဆုံးအချက်မှာ သင်တာဝန်ယူထားတဲ့အလုပ်များ အချိန်မှီပြီးမြောက်ဖို့နဲ့ သင့်ရဲ့သူဌေးကလည်း သင်ဒီအရာများကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကို သိရှိထားဖို့ပဲဖြစ်ပါတယ်။ အကယ်၍ နေ့စဉ်နေ့တိုင်း နောက်ကျမှပြန်ဖို့အတွက် ဖိအားများဟာ ပြေလျော့လာခြင်းမရှိပါက (သို့) သင်က အချိန်အတိအကျရုံးဆင်းတတ်တဲ့အတွက် သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို စံနှုန်းမပြည့်မှီဘူးဟူ၍ သတ်မှတ်ခံရခြင်းရှိလာပါက ဒီလုပ်ငန်းခွင်ရဲ့ အစဉ်အလာ (Culture) ဟာ သင့်အတွက် ကိုက်ညီမှုရှိသောအရာတစ်ခု ဖြစ်လာမှာမဟုတ်ပါဘူး။  

 

၃။ The Open Door Policy . . . 

သင့်ကို “CEO ရဲ့ တံခါးဟာအမြဲတမ်းဖွင့်ထားပြီး သင့်ရဲ့အကြံအစည်ကောင်းများကို အချိန်မရွေးလာရောက်တင်ပြနိုင်ပါတယ် . . . ကျွန်ုပ်တို့ဟာ ဝန်ထမ်းများထံက အကြံဉာဏ်များကို အမြဲတမ်းကြားသိလိုတဲ့ဆန္ဒရှိပါတယ်” ဟူ၍ ပြောဆိုဖူးတဲ့ ကုမ္ပဏီမျိုးကို တွေ့ကြံဖူးကောင်း တွေ့ကြုံဖူးကြပါလိမ့်မယ်။ 

တစ်ကယ်တမ်းတွင်တော့ ဒီအရာက ထိုကဲ့သို့ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ သင့်အထက်က မန်နေဂျာက သင့်အနေနဲ့ CEO ရုံးခန်းအတွင်းသို့ဝင်ရောက်ပြီး သင့်ရဲ့အကြံအစည်များနဲ့ သင့်ရဲ့ talent များကို သွားရောက် ဖော်ပြမှုပြုခြင်းအားဖြင့် အာရုံစိုက် ဂရုစိုက်မှုများရရှိလာမည်ကို နှစ်သက်မှုရှိချင်မှရှိမှာဖြစ်ပါတယ်။  

ထို့အပြင် open door policy ဟာ သီအိုရီအရ နှစ်လိုဖွယ်ကောင်းနေသော်လည်း လက်တွေ့တွင်ကျင့်သုံးဖို့ရာမှာတော့ အခက်အခဲအချို့ရှိလာနိုင်ပါတယ်။ CEO က အမြဲတမ်းအပြင်ရောက်နေခြင်း (သို့) သင်နဲ့ ဝန်ထမ်းတိုင်းအတွက်ကို ထိုကိစ္စအတွက် အနည်းငယ်သာ အချိန်ပေးနိုင်ခြင်း အစရှိသည့်အခက်အခဲများလည်း ရှိလာနိုင်ပါတယ်။

အကယ်၍သင့်ရဲ့ ကုမ္ပဏီက သူတို့ထံတွင် ဒီသို့သော policy မျိုးရှိနေတယ်လို့ ပြောကြားလာခဲ့ပါက သင့်အနေနဲ့ မည်သူတွေက ဒီအရာကို လက်တွေ့အသုံးပြုနေသလဲဆိုတာကို အရင်လေ့လာပြီး ထိုသို့ဝင်ရောက်ပြောဆိုသူများကရော မည်သို့အဆုံးသတ်သွားသည်ကို ဦးစွာလေ့လာမှုပြုသင့်ပါတယ်။ သင့်အနေနဲ့ သင်ကိုယ်တိုင်ရုံးခန်းအတွင်း ဝင်ရောက်ပြီး CEOနဲ့တွေ့ဆုံကာ သင့်ရဲ့အကြံအစည်များကို မျှဝေပြောဆိုခြင်းမပြုမှီတွင် အခြေအနေကို သေချာစွာသဘောပေါက်မှုရှိထားခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ 

ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲရပ်နားလိုက်ပါတယ်။ မနက်ဖြန်တွင်ဆက်လက်၍ ကျန်ရှိနေသေးသော  ထုတ်ဖော်ပြောဆိုစရာမလိုပဲ သိရှိထားရမည့် ကုမ္ပဏီစည်းကမ်းများအကြောင်း (အပိုင်း - ၂)ကို ဆက်လက်၍ ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုကြဖို့တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS