Jobs In Myanmar
Load...

The Importance of Quality Customer Service

by www.jobsinyangon.com


Tags: Knowledge-Customer-Service-General-JobsinYangon



အရည်အသွေးပြည့်မှီတဲ့ သုံးစွဲသူဝန်ဆောင်မှု - Customer Service တစ်ခုရဲ့ အရေးပါပုံ

 

သုံးစွဲသူများရှိမနေပဲနဲ့ လုပ်ငန်းများဟာတည်ရှိနိုင်မှာမဟုတ်ပါဘူး။ ဖောက်သယ်များရဲ့ လိုအပ်ချက်များပြည့်မှီ စေရန်အတွက် ဆောင်ရွက်ပေးနိုင်ခြင်းဟာ ဖောက်သယ်များကို ထိန်းသိမ်းထားနိုင်စေမည့် အဓိကသော့ချက် တစ်ခုဖြစ်ပါတယ်။ အလွန်ကောင်းမွန်သော သုံးစွဲသူဝန်ဆောင်မှု (customer service) ကို ပေးအပ်နိုင်စေရန် အတွက် ဝယ်ယူအားပေးသူများကိုဝန်ဆောင်မှုပေးသည့် ထုံးတမ်းစဉ်လာ၊ စံတစ်ရပ်ဟာ အဖွဲ့အစည်းတစ်ခုလုံး တွင် ပျံ့နှံ့မှုရှိနေရမည်ဖြစ်ပါသည်။ ဖောက်သယ်များကိုဝန်ဆောင်မှုပေးခြင်းဟာ လုပ်ငန်းတစ်ခုအောင်မြင်မှုရှိ ခြင်းနှင့်ဆက်စပ်မှုရှိနေသည်ကို ဝန်ထမ်းများအားလုံးမှသိရှိနားလည်သွားသည့်အခါတွင် သူတို့ဟာ ပိုမိုကောင်းမွန် တဲ့ သုံးစွဲသူဝန်ဆောင်မှုတစ်ခုကိုပေးအပ်ရန်အတွက် သူတို့ဖက်မှစတင်ကြိုးပမ်းလုပ်ဆောင်လာပါလိမ့်မယ်။ 

 

သုံးစွဲသူများဟာ ကုန်အမှတ်တံဆိပ်တစ်ခုကိုကြော်ငြာပေးသူ (Brand Ambassador) များဖြစ်ကြပါတယ်။  
ဝယ်ယူအားပေးသူ (ဖောက်သယ်) များဟာ ကုမ္ပဏီများနဲ့ ဆက်ဆံရတဲ့ သူတို့ရဲ့အတွေ့အကြုံများကို (ကောင်း သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ) ပြောကြားတတ်ကြပါတယ်။ သုံးစွဲသူများအပေါ်ပေးတဲ့ဝန်ဆောင်မှုအပေါ် အဖွဲ့ အစည်းတစ်ခုမှထားရှိတဲ့ အမူအယာဟာ၊ အမြင်ဟာ ရှေ့တန်းရှိ သုံးစွဲသူများနဲ့တိုက်ရိုက်ထိတွေ့နေရတဲ့ ဝန်ထမ်း များမှ ဝယ်ယူအားပေးသူများကို ပျော်ရွှင်စေရန်၊ စိတ်ကျေနပ်မှုရရှိစေရန် ကြိုးပမ်းလုပ်ဆောင်ခြင်းနှင့် ထိုဝန် ထမ်းများအား သင်တန်းပေးမှုများပြုလုပ်ပေးသည့်အခါများတွင် အနှေးနှင့်အမြန် အကျိုးသက်ရောက်မှုများရှိလာ မှာဖြစ်ပါတယ်။ ပျော်ရွှင်သော၊ စိတ်ကျေနပ်မှုရရှိသော သုံးစွဲသူများဟာ သူတို့ရဲ့အတွေ့အကြုံများကို သူငယ်ချင်း များနဲ့ လုပ်ဖော်ကိုင်ဖက်များကို ပြောပြမှာဖြစ်ပြီး ထိုအရာက အချိန်နှင့်အမျှ လုပ်ငန်းတိုးတက်မှုများကိုဖြစ်စေမှာ ဖြစ်ပါတယ်။ 

 

သုံးစွဲသူများဟာ ကုန်အမှတ်တံဆိပ်တစ်ခုအပေါ် အစွဲအလန်းကြီးတတ်ကြပါတယ်။
ဝယ်ယူအားပေးသူဖောက်သယ်များဟာငွေကြေးအသုံးပြုတဲ့အခါတွင် သူတိုနှင့်ကောင်းမွန်သောဆက်ဆံရေးရှိပြီး သူတို့သိရှိထားပြီးသားလုပ်ငန်းတစ်ခုသို့သာ ပြန်လည်ဝင်ရောက်ဝယ်ယူဖို့က သေချာသလောက်ပါပဲ။ ဒါ့ကြောင့် အရည်အသွေးပြည့်မှီတဲ့ customer service ဟာ ဝယ်ယူအားပေးမှုပြုသူများကို ထိန်းသိမ်းထားနိုင်ခြင်းနှင့် တိုက် ရိုက်ဆက်သွယ်မှုရှိနေတာဖြစ်ပါတယ်။ ဝန်ထမ်းများအားလုံးဟာ အဆုံးသတ်ရလာဒ်အနေနဲ့ ဝယ်ယူအားပေးသူ  များမှ ကုန်အမှတ်တံဆိပ်တစ်ခုအပေါ် ပိုမိုစွဲလန်းမှုရှိစေရန်အတွက်ကို အာရုံစိုက်ကာလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောဆိုရပါလျှင် ဝယ်ယူအားပေးသူဖောက်သယ်များဟာ ကောင်းမွန်တဲ့ သုံးစွဲသူအတွေ့အကြုံ (positive customer experience) ရှိပါက သူတို့ဟာနောက်တစ်ကြိမ်ထပ်မံဝယ်ယူမှာဖြစ်ပြီး၊ ထိုသို့မဟုတ်ပါက အခြားပြိုင်ဖက်တစ်ဦးဆီသို့ သူတို့ဟာ ထွက်ခွာသွားကြမှာဖြစ်ပါတယ်။ 

 

အရည်အသွေးပြည့်မှီတဲ့ ဝန်ဆောင်မှုဟာ လုပ်ငန်းသေးများရဲ့ ပြိုင်ဆိုင်မှုတွင်အားသာသည့်အချက်ဖြစ်ပါတယ်။ 
လုပ်ငန်းသေးများဟာ ဝယ်ယူသည့်ပစ္စည်းပမာဏအလိုက် ချိုသာသောဈေးနှုန်းများနှင့် ရွေးချယ်စရာ အမျိုး အမည်များပြားလှသော ကုန်ပစ္စည်းများကိုပေးအပ်နိုင်သည့် အဖွဲ့အစည်းကြီးများနှင့်နှိုင်းစာလျှင် စားသုံးသူများကို ပေးရတာနဲ့တန်အောင်ပြန်လည်ပေးအပ်နိုင်ဖို့ အခွင့်အလမ်းများနည်းပါးကြပါတယ်။ အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုဟာ သုံးစွဲသူများမှ ပြန်လည်ရောင်းချသည့်သူနှင့် ရေရှည်ဆက်ဆံမှုပြုလိုပြီး ဆန်းသစ်သော ဈေးဝယ် သည့်အတွေ့အကြုံကိုအလိုရှိလာသည့်အခါများတွင် လုပ်ငန်းသေးများနဲ့သာကိုက်ညီမှုရှိသည့်အားသာသည့်နေရာ တစ်ခုဖြစ်လာနိုင်ပါတယ်။ 

 

သုံးစွဲသူများက သူတို့ဘယ်အရာတွေကိုအလိုရှိနေလဲဆိုတာကို သင့်ကိုပြောပြနေပါတယ်
သင့်ထံတွင်ဝယ်ယူအားပေးသည့်သုံးစွဲသူများနှင့် အပေါင်းလက္ခဏာဆောင်သော ဆက်ဆံမှုများကိုအရည်အသွေး မြင့်မားသောဝန်ဆောင်မှုများပေးအပ်ပြီး တည်ဆောက်ထားခြင်းက သင့်ရဲ့လုပ်ငန်းကိုအကျိုးအမြတ်များရရှိစေ မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်ကို သုံးစွဲသူများမှ သူတို့ဘာတွေကိုလိုအပ်နေသလဲဆိုတာကို တိုက်ရိုက် ပြောဆိုနိုင်သည့်နည်းလမ်းဖြင့် ဈေးကွက်ကို အကောင်းဆုံးလေ့လာနိုင်တဲ့နည်းလမ်းတစ်ခုကို ရရှိထားလို့ပဲဖြစ်ပါ တယ်။  

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


A4 International Mathematics School

A4 International Mathematics School

Saya A4 and teacher A4 taught mathematics for the children who learned Grade 5 to Grade 12 from International School since 2003. When Saya A4 depart from Myanmar, most of parents send their children t...
Show the postings (5)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Pocari Sweat

Pocari Sweat

.POCARI SWEAT is similar with the composition of body fluids that containing electrolytes. Therefore, it can be absorbed by the body faster and better than ordinary drinking water. It can help to prev...
Show the postings (1)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS