Jobs In Myanmar
Load...

လုပ်ငန်းခွင်သာယာ ပျော်ရွှင်ရေးအတွက် ဆောင်ရန် ရှောင်ရန်များ (The Ways to be Happy at Work)

by Ko Thura


Tags: the ways to be happy at work / Advice to be happy at work



၁။ တစ်ဦးအပေါ်တစ်ဦးလေးစားမှူရှိပါ။ (Mutual Respect)

အချို့သော လုပ်ငန်းခွင်များတွင် ဖြစ်လေ့ဖြစ်ထရှိသည့် သဘောတရားမှာ ကုမ္ပဏီတွင် အရင်ရောက်ရှိနေသူများက နောက်ပိုင်း အလုပ်ဝင်သူများကို ပညာပြခြင်း၊ မိမိကိုယ်မိမိ အရင်ရောက်နေသည့်အတွက် မည်မျှရာထူးငယ်စေကာမူ စိတ်ကြီးဝင်ကာ နောက်ဝင်လာသူများကို လက်တွဲခေါ်ယူလိုစိတ်မရှိခြင်း၊ မိမိ၏ နေရာပျောက်မှာ စိုးရိမ်ပြီး Jealous ၀င်တက်ခြင်းမှသည် အလုပ်ရှင်နှင့် အခါအခွင့်သင့်တိုင်း ကုန်းချော သွေးထိုးတက်ခြင်းတို့ ဖြစ်တက်ပါသည်။ ထိုသို့သော အခြင်းအရာများသည် လုပ်ငန်းတိုးတက်မှုကို ကြီးမားသော အတားအတီးဖြစ်စေရုံ မျှမက လုပ်ငန်းတစ်ခုလုံးကိုပင် ထိခိုက်စေသော သာဓကများရှိတက်ကြပါသည်။ အလုပ်လုပ်ကိုင်နေသော အလုပ်ရှင်နှင့် အလုပ်သမား(၀န်ထမ်း) နှစ်ဦးနှစ်ဖက် မည်သူမျှအကျိုးမရှိနိုင်ပါ။ လုပ်ငန်းခွင်သို့ အရင်ရောက်ရှိနေသူသည် နောက်လာမည့်သူများအတွက် လက်ကမ်းကြို၍ လမ်းဖွင့်ပေးသူအဖြစ် ရှိနေရပါသည်။ လက်ကာထား၍ လမ်းပိတ်ထားသူ အဖြစ်ရှိနေပါက သာယာသောလုပ်ငန်းခွင် ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် တစ်ဦးအပေါ်တစ်ဦး အရိုးခံစိတ်ထားဖြင့် လေးလေးစားစားနှင့် ဆက်ဆံကူညီခြင့်ဖြင့် တစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိလာ၍ လုပ်ငန်းခွင်တွင်သာမက ပြင်ပတွင်ပါ တန်ဖိုးရှိသော မိတ်ဆွေများ ဖြစ်လာနိုင်ပါသည်။

 

၂။ အချင်းချင်းရိုင်းပင်းကူညီပါ။ (Team Work)

တစ်ဦးနှင့်တစ်ဦး လုပ်ငန်းခွင်အတွင်း ရိုင်းပင်းကူညီမှု (Team Work Spirit) မှာချစ်စရာကောင်းပြီး နှစ်ဦးနှစ်ဖက် ခင်မင်မှုကို သာမက လုပ်ငန်းပြီးမြောက်မှူကိုပါ အထောက်အကူပြုစေပါသည်။ ရိုင်းပင်းကူညီခြင်းဆိုသည်မှာ အလုပ်များကို ၀ိုင်းကူညီပေးခြင်းသာမက တစ်ဦးကိုတစ်ဦး အကြံညဏ်ကောင်းများပေးခြင်း၊ အသုံးတည့်မည့် စာအုပ်-စာပေ- message များပေးခြင်း တို့ကိုပါဆိုလိုပါသည်။ ထိုသို့တစ်ဖက်မှ အကြံပေးလာပါက မိမိတို့အနေဖြင့် မိမိကိုဆရာလုပ်တယ် .. ဘာဖြစ်တယ် တို့ဖြင့်မမြင်ပဲ အကောင်းမြင်ဝါဒ (Positive View) ဖြင့်ကြည့်တက်ရန်လိုပေသည်။ ထိုသို့ ဆက်ဆံကူညီ ခြင်းဖြင့် တစ်ဦးမေတ္တာ တစ်ဦးစေတနာ ရောင်ပြန်ဟပ်၍ သာယာသော လုပ်ငန်းခွင်ဖြစ်လာနိုင်ပါသည်။

 

၃။ တစ်ဦးကိုတစ်ဦး ချောက်ချခြင်း၊ ကုန်းချောခြင်းမှ ရှောင်ကျဉ်ခြင်း။ (Do Not Gossip)

ဤအချက်မှာ အရေးအကြီးဆုံးဖြစ်ပါသည်။ အထူးသဖြင့် သေးငယ်သော အဖွဲ့အစည်းများ နှင့် စိတ်ဓါတ်မရင့်ကျက်သူများ အကြား အများဆုံးတွေ့လေ့ရှိပါသည်။ အဘယ့်ကြောင့် သေးငယ်သော အဖွဲ့အစည်းများတွင် တွေ့ရပါသနည်းဟု ဖြေရပါလျှင် Listed Company မဟုတ်သော Family Type / SME လုပ်ငန်းငယ်များတွင် လုပ်ငန်းရှင်(သူဋ္ဌေး) များမှ တိုက်ရိုက် အုပ်ချုပ်လေ့ရှိသောကြောင့်ဖြစ်ပါသည်။ ထိုအခါ ၀န်ထမ်းအချို့ ဖြစ်လေ့ရှိသည်မှာ မိမိတို့ရာထူးတည်မြဲရေး၊ ရာထူးတက်ရေး၊ မျက်မှာရရေး (favour) အတွက်လိုအပ်လာလျှင် ကိုယ်ချင်းစာတရား ကင်းမဲ့လာကာ မိမိလို အလုပ်လုပ်နေရသော ဘ၀တူ လူတစ်ဖက်သားကို ချောက်ချ၍ ထိုးကျွေးတက်ကြပါသည်။ မိမိအတွေ့အကြုံအရ company တစ်ခုမှ HR မန်နေဂျာ တစ်ယောက်ဆိုလျှင် ရုံးရောက်လာလျှင် မိမိလုပ်စရာအလုပ်များကို မလုပ်ပဲ ထိုင်ခုံတစ်လုံးမှ တစ်ခြားဝန်ထမ်းများ၏ အမှားကို မျက်လုံး ဒေါက်ထောက်ကြည့်၍ တွေ့လျှင် သူဋ္ဌေးထံ မျက်နှာလို မျက်နှာရ၀င်တိုင်လေ့ရှိရာ ထို company တွင်ဝန်ထမ်းများမှာ ပျော်ရွှင်မှုမရှိပဲ အရည်အချင်းရှိသော ၀န်ထမ်းကောင်းများပါ ဆုံးရှုံး၍ နောက်ဆုံးလုပ်ငန်းများ ရပ်နားသွားခဲ့ရပါသည်။ လစာပေးနိုင်လျှင် ၀န်ထမ်းခေါ်နိုင်မည် ဖြစ်သော်လည်း အကြောင်းသိလာသောအခါ ၃ လမပြည့်ခင် ထွက်ကုန်ကြပါသည်။ ၀န်ထမ်းမမြဲလျှင် ကုမ္မဏီအတွက် တိုးတက်မှုကို ထိခိုက်စေသကဲ့သို့ ၀န်ထမ်းမမြဲသော ကုမ္မဏီကိုလည်း ဘယ်ဝန်ထမ်းမှ လာချင်ကြမည် မဟုတ်ပါလား။ ထို HR မန်နေဂျာအနေဖြင့်လည်း စဉ်းစားရန်လိုအပ်သည်မှာ “ မိမိရဲ့ ဘ၀သည် ဒီကုမ္ပဏီမှာပဲ အဆုံးသတ်မှာလား?” ဆိုသည်ပင်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော မိမိနှင့် ဆက်ဆံခဲ့သူများသည် အခြားလုပ်ငန်းများတွင်သော် လည်းကောင်း၊ ပြင်ပ အခမ်းအနားများတွင်သော်လည်းကောင်း ထင်းခွေမကြုံ ရေခပ်ကြုံရနိုင်ပေသည်ဖြစ်ရာ မိမိအနေဖြင့် ထိုသူများကို လိပ်ပြာသန့်သန့်နှင့် တွေ့ဆုံနှုတ်ဆက်နိုင် ခြင်းဖြင့် မိမိ၏နောက်ကွယ်မှ သူတို့၏ ကောင်းသော ချီးမွှမ်းခြင်းကို ခံရနိုင်ပေသည်။

ထို့ကြောင့် ဘာသာတရားရှုထောင့်မှ ဖြစ်စေ၊ လုပ်ငန်းရှုထောင့်မှ ဖြစ်စေ အချင်းချင်းလေးစားသမှုရှိရေး၊ စည်းလုံးညီညွတ်၍ ရိုင်းပင်းကူညီမှုရှိရေး၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာရှေ့ထား၍ ချောက်တွန်းမှုမရှိခြင်း တို့ဖြစ်သာ လုပ်ငန်းခွင် သာယာစိုပြေ တိုးတက်မည်ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးကံပ အဆုံးသတ်လိုက်ရပေသည်။

 

စေတနာဖြင့်-

ကိုသူရ (www.jobsinyangon.com)


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
Pocari Sweat

Pocari Sweat

.POCARI SWEAT is similar with the composition of body fluids that containing electrolytes. Therefore, it can be absorbed by the body faster and better than ordinary drinking water. It can help to prev...
Show the postings (1)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
i engineering Myanmar Ltd

i engineering Myanmar Ltd

Become the leading provider of managed services to the telecom industry in Africa the Mideast and South East Asia, seamlessly integrating our core competencies with our customers’ businesses, and pr...
Show the postings (13)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS