Jobs In Myanmar
Load...

Things To-Do As A First-Time Manager

by www.jobsinyangon.com


Tags: Knowledge-First-Time-Managers-JobsInYangon



မန်နေဂျာအသစ်တစ်ဦးအနေနဲ့ လုပ်ဆောင်ထားသင့်တဲ့ အရာများ

 

စာဖတ်သူတို့အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် မန်နေဂျာရာထူးများသို့ ရာထူးတိုးမြှင့်ခြင်းကို ခံရတဲ့အခါမှာ ဘယ်နေရာကစတင်ပြုလုပ်ရမလဲ? ဘာတွေကိုလုပ်သင့်သလဲ? ဆိုတာတွေကို စဉ်းစားရခက်နေနိုင်ပါတယ်။ ဒီရာထူးနေရာကို တာဝန်ပေးခြင်းခံရတာဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်သလို ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုများရဲ့ အစလည်းဖြစ်နေပြန်ပါတယ်။ 


ဒါကြောင့် ဒီကနေ့မှာ www.jobsinyangon.com ကနေ “မန်နေဂျာအသစ်တစ်ဦးအနေနဲ့ လုပ်ဆောင်ထားသင့်တဲ့ အရာများ” ဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ဖော်ပြပေးလိုပါတယ် - 

 

၁။ လေ့လာသင်ယူမှုပြုလုပ်ပါ။ 

ပထမဆုံးအနေနဲ့ သင်ပြုလုပ်သင့်တဲ့အရာကတော့ သင်ယူနိုင်သမျှ၊ လေ့လာနိုင်သမျှ အရာအားလုံးကို လေ့လာသင်ယူထားဖို့ပဲဖြစ်ပါတယ်။ ဒါဟာ မန်နေဂျာအသစ်တစ်ဦးထံသို့ အောင်မြင်မှုများကို ဆောင်ကြဉ်းပေးနိုင်တဲ့ အဓိကသော့ချက်တစ်ခုပဲဖြစ်ပါတယ်။ ကုမ္ပဏီမှ ပေးအပ်ထားတဲ့ စီမံခန့်ခွဲရေးနဲ့ သက်ဆိုင်တဲ့ အထောက်အကူပြုပစ္စည်းများ၊ အရင်းအမြစ်များ၊ သင်တန်းများကို တက်ရောက်လေ့လာမှုများကို ပြုလုပ်ထားသင့်ပါတယ်။ 

အချို့သော လုပ်ငန်းကြီးများတွင် မန်နေဂျာအသစ်များကို လေ့ကျင့်သင်ကြားပေးခြင်းနဲ့ လမ်းညွှန်ချက်များ၊ HR စည်းမျဉ်းစည်းကမ်းများနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို စုစည်းပြုလုပ်ထားတဲ့ စာရွက်စာတမ်းများလည်း ရှိနေမှာဖြစ်တဲ့အတွက် ၎င်းတို့ကို သေချာစွာကျက်မှတ်၍ မှတ်သားထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်စီမံခန့်ခွဲရမည့် သင့်ရဲ့ အဖွဲ့အတွင်းမှ ဝန်ထမ်းများရဲ့ ကိုယ်ရေးအချက်အလက်မှတ်တမ်းများ၊ အလုပ်လျှောက်စာများနဲ့ ယခင်က လုပ်ငန်းစွမ်းဆောင်ရည်များကိုလည်း လေ့လာထားသင့်ပါတယ်။ 

 

၂။ မိမိကို လမ်းညွှန်သင်ကြားပေးနိုင်မယ့်သူတစ်ဦးကို ရှာဖွေထားပါ။ 

မန်နေဂျာတစ်ဦးအနေနဲ့ သင်တွေ့ကြုံဖြေရှင်းရနိုင်တဲ့ ကိစ္စရပ်အားလုံးကို လမ်းညွှန်ချက် Manual များအတွင်းတွင် တွေ့ရှိနိုင်မှာမဟုတ်တဲ့အတွက် တစ်ချို့သောကိစ္စရပ်များတွင် အကူအညီများလိုအပ်လာမည်မှာ ပုံမှန်ပဲဖြစ်ပါတယ်။ 
သင့်ထက်အရင် စီမံခန့်ခွဲမှုများကိုပြုလုပ်လျှက်ရှိနေတဲ့ အတွေ့အကြုံရှိသော စီနီယာများကို ချဉ်းကပ်၍ သင်တွေ့ကြုံနေရတဲ့ အခြေအနေများအကြောင်းကို ပြောဆိုဆွေးနွေးကာ အကြံဉာဏ်များတောင်းခံကြည့်လိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သူတို့ထံမှ အတွေ့အကြုံများကို သင်ယူနိုင်မှာဖြစ်ပါတယ်။

 

၃။ သင် ဦးစားပေးရမယ့်အရာများကို ပြောင်းလဲလိုက်ပါ။ 

သင့်ကိုပေးအပ်လာတဲ့ အလုပ်တာဝန်များကို ကောင်းမွန်စွာလုပ်ကိုင်နိုင်ခဲ့တဲ့အတွက် ရာထူးတိုးပေးခြင်းကို ခံခဲ့ရပါပြီ။ “ယခင်က မန်နေဂျာတစ်ဦးအဖြစ် ရာထူးတိုးပေးခြင်းကို မခံရမှီအထိ သင့်ရဲ့ ပထမဦးစားပေးအရာဟာ အလုပ်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။” “ယခုအချိန်မှာ သင့်အနေနဲ့ ဦးစားပေး၍ လုပ်ဆောင်ရမယ့် အရာကတော့ အခြားသူများကို သင့်ကဲ့သို့ ကောင်းမွန်စွာ အလုပ်များပြီးမြောက်မှုရှိလာစေရန်အတွက် အကူအညီပေးရမှာဖြစ်ပါတယ်။”

ပထမဦးဆုံးအကြိမ် မန်နေဂျာအဖြစ်ရာထူးတိုးမြှင့်ပေးခြင်း ခံရသူများအဖို့ ဒီအပြောင်းအလဲကို ပြောင်းလဲနိုင်ဖို့ဟာ များသောအားဖြင့် ခက်ခဲလေ့ရှိကြသော်လည်း ဒီအချက်ဟာ ပြုလုပ်ပေးရန်အတွက် အရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ . . . သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဟာ သင့်ဦးဆောင်နေတဲ့ အဖွဲ့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်နဲ့ သက်ဆိုင်မှုရှိနေလို့ပဲဖြစ်ပါတယ်။ သူတို့ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းမရှိပါက - ဒါဟာ သင့်ရဲ့အပြစ်သာဖြစ်ပြီး သူတို့ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပါက - ဒါဟာ သင့်ရဲ့စွမ်းဆောင်နိုင်မှုပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Team ကိုလည်း ပြန်လည်၍ အမွှန်းတင်ပြောကြားဖို့၊ အသိအမှတ်ပြုပေးဖို့ကို မမေ့ပါနဲ့။ ဒါမှသာ သူတို့အနေနဲ့ သင့်အတွက်ဆက်လက်ပြီး အလုပ်ကြိုးစားပေးလိုစိတ်ရှိလာကြမှာဖြစ်ပါတယ်။ 

 

၎။ နားထောင်ခြင်းနှင့် သင်ယူမှုများကို ပြုလုပ်ပါ။ 

များစွာသောမန်နေဂျာအသစ်များဟာ ရဲတင်းတဲ့ပြောင်းလဲမှုများကို လျှင်မြန်စွာပြုလုပ်၍ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ထုတ်ဖော်ပြသလေ့ရှိကြပါတယ်။ ဒါဟာမကောင်းပါဘူး။ ဒီလိုလုပ်ချင်လာတဲ့ စိတ်တွေကို ထိန်းချုပ်ထားပြီး ထိုအစား သင်အလုပ်လုပ်နေတဲ့ လုပ်ငန်းနဲ့ သင့်ရဲ့ အဖွဲ့ဝင်များအကြောင်း ပိုမို၍ နားလည်မှုရှိလာစေရန်အတွက် လေ့လာအကဲခတ်မှုများကို ပြုလုပ်သွားရမှာဖြစ်ပါတယ်။ ဝန်ထမ်းများနဲ့ တစ်ဦးချင်းတွေ့ဆုံဆွေးနွေးမှုများကိုလည်း ပြုလုပ်၍ သူတို့လုပ်ကိုင်နေရတဲ့ အလုပ်တာဝန်များကို ကောင်းစွာသိရှိနားလည်နိုင်ရန် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီလို တစ်ဦးချင်းတွေ့ဆုံချိန်အတွင်းမှာ သူတို့အနေနဲ့ ဒီအလုပ်ကို ဘာကြောင့်နှစ်သက်မှုရှိတာလဲ? အလုပ်လုပ်ရာတွင် တွေ့ကြုံလေ့ရှိတဲ့ အခက်အခဲများဟာ ဘာတွေလဲ? ဒီလုပ်ငန်းကို ပိုမိုတိုးတက်မှုရှိလာစေရန်အတွက် အကြံပေးလိုတဲ့ အကြံပြုချက်တွေရော ရှိပါသလား? အစရှိတဲ့ မေးခွန်းများကိုလည်း မေးမြန်းကြည့်ရမှာဖြစ်ပါတယ်။ 

မန်နေဂျာအသစ်များအနေနဲ့ မိမိတို့အုပ်ချုပ်ရမယ့် သက်ဆိုင်ရာ Team များမှ အဖွဲ့ဝင်များနဲ့ ကောင်းမွန်သောဆက်ဆံရေးများကိုတည်ဆောက်ပြီး ပွင့်လင်းစွာပြောဆိုနိုင်တဲ့ ဆက်ဆံရေးများရှိထားခြင်းဟာ အောင်မြင်မှုများကို ရရှိနိုင်စေရန်အတွက် အရေးကြီးတဲ့ သော့ချက်တစ်ခုပဲဖြစ်ပါတယ်။ 

 

၅။ Relationship များ ပြောင်းလဲသွားခြင်းကို အသိပေးပါ။ 

မန်နေဂျာအသစ်တစ်ဦး (အထူးသဖြင့်) ယခင်အလုပ်အတူတူလုပ်နေသော ဝန်ထမ်းများအကြားမှ မန်နေဂျာတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်း ခံလိုက်ရသူများအနေနဲ့ မိမိတို့ရဲ့ ဆက်ဆံရေးများပြောင်းလဲသွားပုံကို လုပ်ဖော်ကိုင်ဖက်များအား အသိပေးထားသင့်ပါတယ်။ ယခင် ရာထူးမတိုးစဉ်ကအတိုင်း အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူများနဲ့ အလုပ်ချိန်နောက်ပိုင်းတွင် အတူတကွ TGIF ပြုလုပ်ခြင်း၊ ရင်းရင်းနှီးနှီးနေထိုင်ခြင်းများကို ဆက်လက်ပြုလုပ်နေ၍ မရနိုင်တော့သည်ကို သတိပြုပါ။ ဒီလိုဆက်လက်ပြုလုပ်နေခဲ့ပါက သင့်ရဲ့အခြားသောအဖွဲ့ဝင်များက သင့်ကို သံသယဝင်လာမှာဖြစ်ပြီး သင့်ရဲ့ဆုံးဖြတ်ချက်များအပေါ် ယုံကြည်မှုကင်းမဲ့လာမှာဖြစ်ပါတယ်။  

ဒါကြောင့် “ငါတို့ကြားက ရင်းနှီးမှုကို ငါတန်ဖိုးထားတယ်ဆိုတာ မင်းတို့လည်း သိမှာပါ။ ဒါပေမယ့် အခုအချိန်မှာ မန်နေဂျာတစ်ဦးအနေနဲ့ မင်းတို့နဲ့ အရင်ကအတိုင်းဆက်နေ နေမယ်ဆိုရင် အခြားအဖွဲ့ဝင်တွေက ငါ့ကိုမျှတမှုမရှိပဲ ဘက်လိုက်တတ်တဲ့သူတစ်ဦးအဖြစ် ထင်မြင်လာနိုင်တဲ့အတွက် အလုပ်ခွင်အတွင်းမှာ ငါတို့တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံတဲ့ပုံစံများကို သတိထားပေးပါ။” ဟူ၍ အသိပေးထားလိုက်ပါ။ ရင်းနှီးနေတဲ့ သူငယ်ချင်းများကို ဒီလိုပြောဆိုနိုင်ဖို့ဟာ ခက်ခဲနိုင်သော်လည်း မန်နေဂျာတစ်ဦးအနေနဲ့ အောင်မြင်မှုများကို ရယူနိုင်ဖို့အတွက် ဒါကိစ္စဟာ လွန်စွာအရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ 

 

၆။ အပြုအမူများတွင် စံပြဖြစ်နေအောင် နေထိုင်ပါ။  

သင့်ရဲ့ သူဌေးအကြောင်း မကျေနပ်ချက်များကို ထိုင်ပြောနေခြင်း၊ အလုပ်နောက်ကျခြင်း အစရှိတဲ့ အပြုအမူများကို အတိတ်မှာပဲချန်ထားခဲ့လိုက်ပါ။ မန်နေဂျာတစ်ဦးအနေနဲ့ သင်အုပ်ချုပ်နေတဲ့ အဖွဲ့ဝင်များနှင့် လုပ်ငန်းအတွင်းရှိ အခြားသော ဝန်ထမ်းများမှ သင့်ကိုစံနမူနာယူနိုင်စေရန်အတွက် တည်တည်ကြည်ကြည်ဖြင့် ကောင်းမွန်စွာ နေထိုင်ရမှာ ဖြစ်ပါတယ်။ စံနမူနာပြုထိုက်သူတစ်ဦးအနေနဲ့ သင်ကိုယ်တိုင်ပြုမူနေထိုင်ခြင်းမရှိပါက သင့်ရဲ့ဝန်ထမ်းများထံကလည်း ကောင်းမွန်စွာလုပ်ဆောင်နိုင်မှုများကို မျှော်လင့်နေလို့ မရနိုင်ပါဘူး။ ဒါကြောင့် သင်ဟာအမြဲတမ်း အကောင်းဆုံးဖြစ်နေစေရန် ကြိုးစား၍ နေထိုင်သွားရမှာဖြစ်ပါတယ်။ Deadline များအမှီ အလုပ်များပြီးမြောက်အောင် ဆောင်ရွက်ခြင်း၊ ကတိတည်ခြင်း၊ တစ်ကိုယ်ရည်ထင်မြင်ယူဆချက်များကြောင့် အလုပ်အပေါ် အထိခိုက်မခံခြင်း အစရှိတဲ့အမူအကျင့်ကောင်းများကို မွေးမြူထားရမှာဖြစ်ပြီး သင်အုပ်ချုပ်နေရတဲ့ ဌာနနဲ့ သင့်ရဲ့လုပ်ငန်းတစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့သူတစ်ဦးဖြစ်စေရန် ကြိုးစားသွားရမှာဖြစ်ပါတယ်။ 

 

၇။ အထက်လူကြီးများနဲ့ သင့်မြတ်အောင်နေထိုင်ပါ။ 

ဝန်ထမ်းများကိုအုပ်ချုပ်ရသူတစ်ဦးဖြစ်လာတာနဲ့ သင့်ကိုပြန်လည်ကြီးကြပ်ပေးရတဲ့ အထက်လူကြီးများကို လျစ်လျူရှုထား၍ မရနိုင်ပါဘူး။ ဒီအချိန်မှာ မိမိတို့ရဲ့ အထက်လူကြီးများနဲ့ ပိုလို့တောင်မှ ရင်းနှီးမှုများရှိနေသင့်ပြီး လုပ်ငန်းရဲ့ ရည်မှန်းချက်များကို အတူတကွစီမံခန့်ခွဲ၍ လမ်းကြောင်းတည့်မတ်မှုများနှင့် လမ်းညွှန်မှုများကို ပြုလုပ်နေသင့်ပါတယ်။ 

ပုံမှန်အစည်းအဝေးများပြုလုပ်၍ မိမိတို့ရဲ့ ရည်မှန်းချက်များ၊ လက်ရှိလုပ်ဆောင်နေသောအရာများရဲ့ တိုးတက်မှုအခြေအနေ၊ ကြုံတွေ့နေရတဲ့အခက်အခဲများ အစရှိသည်တို့ကို ပုံမှန်ဆွေးနွေးတိုင်ပင်၍ တင်ပြမှုများကို ပြုလုပ်နေသင့်ပါတယ်။ ဒါမှသာ မိမိတို့အလုပ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုလုံးအပေါ် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုများကို ဆောင်ကြဉ်းပေးလာနိုင်မှာဖြစ်ပြီး ရလာဒ်ကောင်းများကို ရရှိစေမှာဖြစ်ပါတယ်။ 

 

မန်နေဂျာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရခြင်းဟာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် မိမိတို့ကိုယ်တိုင်က လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး ကုမ္ပဏီရဲ့ အကျိုးစီးပွားနဲ့ မိမိတို့ရဲ့ အကျိုးစီးပွားကို ကောင်းစွာချိန်ညှိမှုများပြုလုပ်နိုင်ပါက အောင်မြင်မှုဟာ လက်တစ်ကမ်းအကွာမှာပဲရှိနေပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS