Tags: News-TikTok-Tracking-Users-JobsInYangon
TikTok ဟာ AI နည်းပညာကိုအသုံးပြု၍ အသုံးပြုသူများရဲ့အချက်အလက်များကို သိမ်းဆည်းခြင်း၊ Track ပြုလုပ်ခြင်းတို့အား ပြုလုပ်ခဲ့သောကြောင့် အမေရိကန်ဒေါ်လာ ၉၂ သန်း ဒဏ်ကြေးပေးဆောင်ရန် သဘောတူခဲ့ရ
TikTok ဟာ AI နည်းပညာကိုအသုံးပြုပြီး အသုံးပြုသူများရဲ့ အချက်အလက်များကို သိမ်းဆည်းခြင်း Track ပြုလုပ်ခြင်းတို့ကိုပြုလုပ်ခဲ့တဲ့အတွက် ယခုအခါမှာ တရားစွဲဆိုခံနေရပြီး ထိုစွဲချက်အတွက် လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၉၂ သန်းကို ဒဏ်ကြေးပေးဆောင်ခဲ့ရပါတယ်။ TikTok ကို software များ၊ အသုံးပြုသူများရဲ့ video များအတွင်း မျက်နှာသွင်ပြင်လက္ခဏာများနဲ့ algorithm တို့ကို အသုံးပြု၍ အသက်အရွယ်၊ လိင်နဲ့ လူမျိုးတို့ကို စီစစ်ခွဲခြားမှုများပြုလုပ်ခဲ့တယ်ဟူ၍ စွပ်စွဲခဲ့တာဖြစ်ပြီး အသုံးပြုသူများရဲ့ အချက်အလက်များကို တရုတ်နိုင်ငံအတွင်းသို့ ပြန်လည်၍ပေးပို့လျှက်ရှိနေတယ်ဟူ၍လည်း စွပ်စွဲခဲ့ပါတယ်။
TikTok ကတော့ မဟုတ်မမှန်ပြုလုပ်ခဲ့တာတစ်ခုမှမရှိကြောင်းပြောဆိုခဲ့ပြီး အဆိုပါစွဲချက်များကို ငြင်းဆိုခဲ့ပါတယ်။ သို့သော်လည်း သူတို့အနေနဲ့ဖြစ်နိုင်ပါက တရားရုံးတက်ရခြင်းကို ရှောင်လွှဲလိုတယ်ဟူ၍လည်း ပြောကြားခဲ့ပါတယ်။ TikTok မှ ရှင်းလင်းချက်တစ်ရပ်တွင် “လက်ရှိစွပ်စွဲချက်များကို ကျွန်ုပ်တို့လက်မခံသော်လည်း ကာလရှည်ကြာတရားရင်ဆိုင်ရခြင်းထက်စာလျှင် ကျွန်ုပ်တို့ရဲ့အားထုတ်မှုများကို လုံခြုံ၍ ပျော်ရွှင်ဖွယ်ကောင်းသောအတွေ့အကြုံများအား TikTok အသုံးပြုသူအသိုင်းအဝိုင်းသို့ ဆောင်ကြဉ်းပေးနိုင်ဖို့အတွက်တွင်သာ အာရုံစိုက်လိုပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း သူတို့ဟာ တရားစွဲဆိုမှုမှ ရှောင်လွှဲနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၂ သန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်သွားမှာဖြစ်ပါတယ်။
အကယ်၍ အဆိုပါလျော်ကြေးအား အမေရိကန်ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများမှ သဘောတူညီလိုက်ပါက အဆိုပါလျော်ကြေးငွေအား အမေရိကန်နိုင်ငံအတွင်းနေထိုင်သူ TikTok အသုံးပြုသူများထံသို့ ခွဲဝေပေးအပ်သွားမှာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ အဆိုပါအမှုကိုတော့ ကိုယ်ရေးအချက်အလက်များအသုံးပြုခြင်းအတွက် ဥပဒေလွန်စွာတင်းကြပ်မှုရှိသော Illinois ပြည်နယ်တွင် ကြားနာခဲ့တာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.