Jobs In Myanmar
Load...

Tips for Decision-Making During Difficult Times

by www.jobsinyangon.com


Tags: Knowledge-Decision-Making-Process-JobsInYangon




ခက်ခဲသောအချိန်များတွင် ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်စေရန်အတွက် အကြံပြုချက်များ 


ခေါင်းဆောင်သူတစ်ဦးအနေနဲ့ အကြီးမားဆုံးတာဝန်ယူထားရတဲ့အပိုင်းကတော့ ဆုံးဖြတ်ချက်များကို ချမှတ်ပေးရခြင်းပဲဖြစ်ပါတယ်။ ယခုလို ခက်ခဲတဲ့အချိန်ကာလများအတွင်းတွင် ကောင်းမွန်စွာ ခေါင်းဆောင်နိုင်သူများကို ယခင်ကထက်ပို၍ လိုအပ်လာပြီပဲဖြစ်ပါတယ်။ 

ဒီအတွက် ယနေ့တစ်ခေါက်ဆောင်းပါးမှာတော့ www.jobsinyangon.com ကနေ သင့်ရဲ့ဝန်ထမ်းများနဲ့ သင့်ရဲ့လုပ်ငန်းအတွက် အကောင်းဆုံးသောဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်စေရန်အတွက် အဆင့် (၆) ဆင့်ကို ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 


၁။ ဆုံးဖြတ်ချက်များ ချမှတ်ဖို့ လိုအပ်နေတဲ့အရာများကို အရေးကြီးသည့်အဆင့်အလိုက် ဦးစားပေးဆောင်ရွက်ပါ။ 

ဖြစ်နိုင်တာကတော့ ယခုလိုအချိန်မျိုးမှာ သင့်အနေနဲ့ များစွာသော ဆုံးဖြတ်မှုများကို ပြုလုပ်ကြရမှာပဲဖြစ်ပါတယ်။ ဒီအတွက် သင်ပထမဦးဆုံး ဆုံးဖြတ်ရမှာကတော့ ဘယ်အရာတွေကို အရင်ဆုံး ဆုံးဖြတ်ချက်ချမှတ်ပေးသင့်သလဲဆိုတာပဲဖြစ်ပါတယ်။ ဒီလို စတင်စဉ်းစားရာတွင် သင့်အနေနဲ့ ထိုကိစ္စကို ဆုံးဖြတ်ချက်မချပေးသေးပါက ဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုပါ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 

သင့်ထံသို့ရောက်လာမယ့် ဆုံးဖြတ်စရာကိစ္စရပ်များကို အရေးကြီးသည့်အစဉ်အလိုက် ဆုံးဖြတ်ချက်များပြုလုပ်ရာတွင် မည်သို့သောဆုံးဖြတ်ချက်များဟာ - 

၁။ ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းများအပေါ် မည်သို့ အကောင်းဆုံးအကျိုးသက်ရောက်မှုများရှိလာနိုင်မလဲ? 

၂။ ကျွန်ုပ်တို့ရဲ့ Organisation တစ်ရပ်လုံးအား အမြန်ဆန်ဆုံး ပြန်လည်တည်ငြိမ်မှုရရှိစေနိုင်မလား? 

၃။ နောက်တွင် ဆုံးဖြတ်ချက်များချမှတ်ရာ၌ ပိုမိုရှင်းလင်းမှုရှိလာစေရန် ယခုပင်ဆုံးဖြတ်ချက်ချမှတ်သင့်တဲ့ အရာတစ်ခုဖြစ်ပါသလား? အစရှိတဲ့ မေးခွန်းများကိုလည်း မေးမြန်းကြည့်သင့်ပါတယ်။ 


၂။ ဆုံးဖြတ်ချက်များပြုလုပ်ပေးမည့် အဖွဲ့များကို တည်ဆောက်ပါ။ 

မတူညီတဲ့ဆုံးဖြတ်ချက်များဟာ မတူညီတဲ့ကျွမ်းကျင်မှုများကို လိုအပ်မှာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ဖို့အတွက် ဖွဲ့စည်းထားတဲ့အဖွဲ့များ တစ်ခုထက်ပို၍လိုအပ်လာနိုင်ပါတယ်။

ထိုသို့ ဆုံးဖြတ်ချက်များကိုချမှတ်ပေးမည့် အဖွဲ့များဖွဲ့စည်းရာတွင် အရည်အချင်း၊ Organisational Maturity နှင့် နိုင်ငံရေးအမြင်ကျယ်မှုတို့ဟာ ရာထူးအဆင့်များထက်ပို၍ အရေးကြီးသည်ကိုလည်း သင့်အနေနဲ့ သတိရသင့်ပါတယ်။ ထို့အတူပဲ ထို Team များတွင် တွေးခေါ်ရုံမျှသာတတ်နိုင်သူတို့ထက် အမှန်တကယ် ဆောင်ရွက်နိုင်သူများကိုသာ ထည့်သွင်းထားဖို့ကိုလည်း သတိရသင့်ပါတယ်။

 

၃။ သင်ဖွဲ့စည်းလိုက်တဲ့ Decision-Making Team ကို ထောက်ပံ့မှုများပြုလုပ်ပါ။ 

ထိရောက်မှုရှိတဲ့ Decision-Making Team တစ်ခုတွင် အောက်ပါအချက် (၅) ချက်ကို လိုအပ်မှာဖြစ်ပါတယ် - 

(i) ပြုလုပ်ရမည့် ဆုံးဖြတ်ချက်များအပေါ် အပြည့်အဝနားလည်သဘောပေါက်နိုင်ရန် ပြင်ဆင်ရပါမယ်။ တိကျမှုရှိခြင်းဟာ ဒီနေရာတွင် သင့်ကိုအချိန်ကုန်သက်သာစေမှာဖြစ်ပြီး၊ မလိုလားအပ်တဲ့ နားလည်မှုလွဲမှားပြီး ငြင်းခုန်ရခြင်းများကို ရှောင်ရှားနိုင်မှာဖြစ်သလို၊ ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်များကိုလည်း ပိုမို၍မှန်ကန်မှုရှိလာစေမှာပဲဖြစ်ပါတယ်။ 

(ii) စပ်ဆက်နေသော အတွင်း/ အပြင် နှစ်ရပ်လုံးမှ အချက်အလက်များကို သိရှိနိုင်စေခြင်း (တစ်နည်းအားဖြင့်) ရယူနိုင်စေခြင်း။ 

(iii) ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် လိုအပ်သည့်အချက်များကို နားလည်သဘောပေါက်မှုရှိစေခြင်း။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် လိုအပ်လာနိုင်မည့်အချက်များကတော့ - 

(က) အဓိက သက်ဆိုင်သူများအပေါ် သက်ရောက်စေနိုင်မည့် အကျိုးဆက်များ
(ခ) ဘဏ္ဍာရေးဆိုင်ရာ ကျရှုံးမှု/ ရရှိမှုများ 
(ဂ) နိုင်ငံရေးဆိုင်ရာ ကျရှုံးမှု/ ရရှိမှုများ 
(ဂ) PR နှင့် သက်ဆိုင်သော ကျရှုံးမှု/ ရရှိမှုများ 
(ဃ) လာမည့်အနာဂါတ်ဆောင်ရွက်ချက်များအပေါ် သက်ရောက်စေနိုင်မည့် အကျိုးဆက်များ 
(င) ဆုံးရှုံးနိုင်ဖွယ်ရှိသည့် အရာများ
(စ) အလွယ်တကူ အကောင်အထည်ဖော်နိုင်မှု/ ရေရှည်တွင် ကိုက်ညီမှု/ ပြောင်းလဲလွယ်မှု 
(ဆ) အကဲဖြတ်မှုပြုလုပ်ခြင်း စနစ် 
(ဇ) ဈေးကွက်နေရာယူမှုအပေါ် သက်ရောက်စေနိုင်မည့် အကျိုးဆက်များ 

(iv) အဆိုပါဆုံးဖြတ်ချက်တစ်ခုကို မည့်သည့်နေ့တွင် နောက်ဆုံးထားပြုလုပ်သင့်သည်အား ခိုင်မာစွာသတ်မှတ်ခြင်း။ ခက်ခဲတဲ့ဆုံးဖြတ်ချက်များကို ချမှတ်ကြရာတွင် ယခင်ကအချိန်ကာလများစွာ ကြာမြင့်စေခဲ့ကြမှာပါ။ ဒါဟာ ယခင်က အဆင်ပြေပေမယ့် ယနေ့ခေတ်မှာတော့ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ အဖြစ်အပျက်များဟာ လွန်စွာလျှင်မြန့်စွာဖြစ်ပျက်နေပြီး မသေချာမရေရာမှုများဟာ သင့်ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှုကို ပျက်ပြားစေနိုင်ပါတယ်။ 

(v) ကန့်လန့်တိုက်ပြောတတ်သူများနဲ့ နောက်တွန့်နေသူများထံမှ အကာအကွယ်ပေးခြင်း။ အကြီးအကဲများနဲ့ အခြားသော စီနီယာ ခေါင်းဆောင်များမှ အဆိုပါ Decision-Making Team အား သူတို့ချမှတ်လိုတဲ့ ဆုံးဖြတ်ချက်များဟာ မည်သို့ပင်ကောင်းမွန်မှုရှိနေပါစေ တိုးတက်မှုကို ဟန့်တားလိုတဲ့ လူနည်းစုမှ ပြုလုပ်လာတဲ့နှောင့်ယှက်မှုများကို တက်ကြွစွာအကာအကွယ်ပေးကြရမှာဖြစ်ပါတယ်။ 


၎။ လုပ်ဆောင်နိုင်မည့် နည်းလမ်းအမျိုးမျိုးအား စဉ်းစားဖော်ဆောင်ပါ။ 

ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုများရှိခြင်းမှ ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်များကို ရရှိလာမှာဖြစ်ပါတယ်။ Decision-Making Team တစ်ခုအတွက် အရေးအကြီးဆုံးတာဝန်များထဲမှ တစ်ခုကတော့ ကိစ္စရပ်တစ်ခုကို ဆောင်ရွက်ဖို့ရာအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ထိုအရာကိုလုပ်ဆောင်နိုင်စေမည့် နည်းလမ်း ၂ ခုမှ ၃ ခုခန့်အထိ စဉ်းစားထားဖို့ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်များကိုအမှီပြု၍ အထက်ဖော်ပြပါ “ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် လိုအပ်သည့်အချက်များ” အတိုင်း တိုက်ဆိုင်၍ ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။ 


၅။ ဆုံးဖြတ်မှုပြုလုပ်ပါ။ 

ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် လိုအပ်ချက်များကိုလည်း ရရှိပြီးပြီဆိုရင်တော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်ပါ။ သင့်အနေနဲ့ ပြီးပြည့်စုံတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ မလိုအပ်ပါဘူး။ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို အချိန်မှီပြုလုပ်နိုင်ဖို့ပဲ လိုအပ်မှာဖြစ်ပါတယ်။ သင်ဆုံးဖြတ်ချက်မချမှတ်မှီအထိ မည်သည့်အကျိုးဆက်သက်ရောက်မှုမျိုးမှ ရှိမလာနိုင်သည်ကိုလည်း သတိပြုသင့်ပါတယ်။ 


၆။ ဆောင်ရွက်ပါ၊ ဆက်သွယ်ပါ၊ ပြီးနောက် အကဲဖြတ်စစ်ဆေးမှုပြုလုပ်ပါ။ 

ဆောင်ရွက်ပါ။ ဒီအချိန်မှာ စကားများပြောဆိုနေစရာမလိုတော့ပါဘူး၊ လက်တွေ့ဆောင်ရွက်ဖို့အချိန်ရောက်လာပါပြီ။ ဒီအတွက် တာဝန်ယူမှုအပြည့်ရှိတဲ့ Implementation Plan တစ်ခုကို အကြမ်းဖျင်းပြုလုပ်ပြီး စတင်ဆောင်ရွက်လိုက်ပါ။ အနည်းဆုံး အဆိုပါ Decision-Making Team ထဲမှ တစ်ဦးဦးဟာ လက်တွေ့ဆောင်ရွက်ရမည့် Team အတွင်းပါဝင်နေသင့်ပြီး၊ ဖြစ်နိုင်ပါက ဦးဆောင်ပေးနိုင်သူတစ်ဦးဖြစ်နေသင့်ပါတယ်။ 

ဆက်သွယ်ပါ။ သင့်ရဲ့ဝန်ထမ်းများနဲ့ ကျန်အဖွဲ့သားများအနေနဲ့လည်း တိုးတက်မှုအခြေအနေများအကြောင်းကို သိလိုကြမှာဖြစ်တဲ့အတွက် အသိပေးပြောကြားပေးပါ။ 

အကဲဖြတ်စစ်ဆေးမှုပြုလုပ်ပါ။ အဆိုပါဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ခြင်းကိုသာမက အဆိုပါဆုံးဖြတ်ချက်သို့ ရောက်ရှိလာစေရန် ဖြတ်သန်းခဲ့ရတဲ့ Decision Making Process အဆင့်ဆင့်ကိုလည်း ပြန်လည်၍ အကဲဖြတ်စစ်ဆေးမှုပြုလုပ်ပါ။ သင်ဖွဲ့စည်းလိုက်တဲ့ Team နဲ့ ပါဝင်နေသူတို့၏ အကြောင်းကို သေချာစွာစဉ်းစားပါ။ မည်သူကက သင့်အတွက်တန်ဖိုးရှိပါသလဲ? ဘယ်လိုကျွမ်းကျင်မှုမျိုးတွေကိုတော့ဖြင့် လိုအပ်နေပါသလဲ? မည်သူကတော့ ဘာတစ်ခုမှ လုပ်ကိုင်ပေးနိုင်စွမ်းမရှိ ဖြစ်နေခဲ့ပါသလဲ? နောက်တစ်ကြိမ်တွင် ပိုမိုချောမွေ့မှုရှိလာစေရန်အတွက် ချိန်ညှိမှုများကို ပြန်လည်ပြုလုပ်ပါ။ 


နိဂုံးချုပ်အနေနဲ့ သတိပေးချက် (၃) ခုကိုလည်း ပြောပြသွားချင်ပါသေးတယ် - 

သင်လုပ်ကိုလုပ်ရမယ့်ဆုံးဖြတ်ချက်များအတွက် လိုအပ်တဲ့အရာတိုင်းကို သင်သိနိုင်မှာမဟုတ်ပါဘူး။ သင်မသိတဲ့အရာတွေကြောင့် စိတ်အာရုံထွေပြားနေမည့်အစား သင်သိတဲ့အရာတွေကိုအသုံးပြု၍ ရှေ့ဆက်လိုက်ပါ။ 

တိုးတက်မှုများရှိလာတဲ့ အောင်မြင်မှုများကို မျှဝေအသိပေးပါ။ သင့်ဝန်ထမ်းများအနေနဲ့ ဒီတိုးတက်မှုများ မည်သို့ ဖြစ်ပေါ်လာသလဲဆိုတာကို သိလိုကြမှာဖြစ်ပါတယ်။ 

သင်ဘာကိုပဲဆုံးဖြတ်၊ ဆုံးဖြတ် တစ်စုံတစ်ယောက်ကတော့ မကျေမနပ်ဖြစ်ပြီး အသံထွက်လာမှာကို သိထားပါ။ သင့်ရဲ့ Team အပေါ် ယုံကြည်အားထားပါ။ လုပ်ငန်းစဉ်အဆင့်တိုင်းအပေါ်ယုံကြည်ပါ၊ နောက်ပြီး သင့်လုပ်ငန်းတစ်ခုလုံးရဲ့ အဓိက ဦးတည်ချက်/ ရည်မှန်းချက်များကို ယုံကြည်ထားပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PMJ Company Limited

PMJ Company Limited

World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (10)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (65)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS