Jobs In Myanmar
Load...

Tips for Effective Time Management in a Workplace

by www.jobsinyangon.com


Tags: Knowledge-Tips-Effective-Time-Management-JobsInYangon



လုပ်ငန်းခွင်အတွင်း အချိန်များကိုထိရောက်စွာစီမံခန့်ခွဲနိုင်ဖို့အတွက် အကြံပြုချက်များ 

 

ချိန်ကိုအကျိုးရှိစွာစီမံခန့်ခွဲနိုင်ဖို့ဟာ သင့်ရဲ့ဘဝတစ်လျှောက်လုံးအတွက် အလွန်အရေးကြီးတဲ့ကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။ အကယ်၍ သင့်ရဲအချိန်ကိုကောင်းစွာစီမံခန့်ခွဲမှုမပြုလုပ်နိုင်ပါက မိမိရဲ့အိမ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်းရှိတော့မှာမဟုတ်ပါဘူး . . . ။

ဒါ့အပြင် အချိန်ကိုကောင်းမွန်စွာစီမံခန့်ခွဲမှုမပြုလုပ်နိုင်တဲ့အတွက် မိမိတို့ရဲ့ Career လမ်းကြောင်းတိုးတက်မှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပြီး မိမိကိုယ်ကို မိမိ ကောင်းစွာစီမံခန့်ခွဲမှုပြုလုပ်နိုင်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ဘဝအတွက် ကောင်းမွန်သင့်လျှော်တဲ့ schedule များကို ရေးဆွဲထားနိုင်ဖို့ဟာ လွန်စွာအရေးကြီးလှပြီး ဒီသို့ပြုလုပ်ထားခြင်းက သင့်ကို အရေးကြီးတဲ့အရာများအပေါ် အာရုံစိုက်နိုင်စေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့အချိန်များကို ကောင်းစွာစီမံခန့်ခွဲ၍ Smart ဖြစ်စွာအလုပ်လုပ်နိုင်စေဖို့အတွက် အကြံပြုချက်အချို့ကို www.jobsinyangon.com ကနေ အောက်ပါအတိုင်း တင်ဆက်ပေးလိုက်ပါတယ် - 


၁။ သင့်ရဲ့တစ်နေ့တာကို စနစ်တကျ စီမံခန့်ခွဲပါ။ 

ကိစ္စတိုင်းကိုပြုလုပ်ရာတွင် ၎င်းတို့ကိုပြုလုပ်နိုင်သည့်နည်းလမ်းပေါင်းများစွာရှိနေပြီး ၎င်းတို့အထဲကမှ မှန်ကန်တဲ့နည်းလမ်းများနဲ့ မှန်ကန်မှုမရှိတဲ့နည်းလမ်းများကို သင့်အနေနဲ့ရွေးချယ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မှန်ကန်တဲ့နည်းလမ်းများကို မရွေးချယ်မိပါက ပြုလုပ်သင့်သည့်အရာများ၊ ရည်မှန်းချက်များနဲ့ လွဲချော်သွားနိုင်ပြီး သင့်ရဲ့တိုးတက်မှုကို အဟန့်အတားဖြစ်လာစေပါလိမ့်မယ်။ 

သင့်ရဲ့နေ့ရက်တိုင်းကို လုပ်ဆောင်စရာရှိတဲ့ကိစ္စများကို လုပ်ဆောင်နိုင်ဖို့ အကျိုးရှိရှိအသုံးချပေးဖို့လိုအပ်ပါတယ်။ မိမိပြုလုပ်ပြီးတဲ့ကိစ္စများနဲ့ နောက်ထပ်လုပ်ရန်လိုအပ်သည့်ကိစ္စများကို မျက်ခြေမပျက်စောင့်ကြည့်မှတ်သားမှုများကိုလည်း ပြုလုပ်ထားလိုက်ပါ။ ဒီလိုမှမဟုတ်ရင်တော့ အလုပ်တွေသာပိုများလာပြီး စိတ်ဖိစီးမှုတွေများလာမှာဖြစ်တဲ့အတွက် ဒီအရာကသင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် နောက်တစ်နေ့မတိုင်မှီ မိမိလုပ်စရာရှိတဲ့အရေးကြီးကိစ္စများကို စာရင်းတစ်ခုပြုလုပ်၍ မှတ်သားပြီး နောက်တစ်နေ့တွင် အချိန်မဆိုင်းပဲ စတင်ဆောင်ရွက်လိုက်ပါလို့ အကြံပြုပါရစေခင်ဗျာ။ 


၂။ ကိစ္စရပ်များစွာကို တစ်ပြိုင်နက်ပြုလုပ်ခြင်းအား ရှောင်ကြဉ်ပါ။ 

တစ်ချိန်တည်းတွင် လုပ်စရာရှိတဲ့အလုပ်များစွာကို တစ်ပြိုင်နက်ပြီးမြောက်အောင်ပြုလုပ်နိုင်ခြင်းဟာ အထင်ကြီးစရာကောင်းလှပါတယ်။ အထူးသဖြင့် အချို့သော အရေးသိပ်မကြီးတဲ့ အခြေခံကိစ္စများကို လူတွေက တစ်ပြိုင်နက်ပြုလုပ်လိုလေ့ရှိကြပါတယ်။ ဒါပေမယ့် ဦးနှောက်နှင့် အာရုံကြောသိပ္ပံ သုသေသနပညာရှင်များရဲ့ အဆိုအရ “လူသားများဟာ ဒီကဲ့သို့ ကိစ္စရပ်များစွာကို တစ်ကယ်တမ်းတွင် အမှန်တကယ် တစ်ပြိုင်နက်ပြုလုပ်နိုင်စွမ်းမရှိကြပဲ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ထိုသို့ပြုလုပ်နိုင်စွမ်းရှိတယ်ဟူ၍ လိမ်လည်နေခြင်းသာဖြစ်ပါတယ်။” သင့်အနေနဲ့ တစ်ကြိမ်တွင် ကိစ္စတစ်ခုကိုသာ အာရုံစူးစိုက်၍ ပြုလုပ်ဖို့လိုအပ်ပြီး ဒီလိုပြုလုပ်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်စွမ်း ပိုမိုကောင်းမွန်လာမှာဖြစ်တဲ့အတွက် အမှားအယွင်းနည်းပါး၍ လုပ်စရာရှိတဲ့ အလုပ်ကိစ္စများကို ယခင်ကထက်ပိုမိုမြန်ဆန်စွာ စွမ်းဆောင်နိုင်လာမှာဖြစ်ပါတယ်။ 


၃။ အလုပ်တစ်ခုနှင့် တစ်ခုအကြားတွင် အနားယူဖို့အချိန်သတ်မှတ်ထားပါ။ 

အချိန်ကြာမြင့်စွာအလုပ်လုပ်ခြင်းဟာ ကျွန်ုပ်တို့ကို အရေးကြီးတဲ့အလုပ်ကိစ္စများကို အချိန်မှီပြီးမြောက်အောင် အကူအညီပေးနိုင်လိမ့်မယ်လို့ မထင်လိုက်ပါနဲ့ ကျွန်ုပ်တို့အနေနဲ့ စိတ်ဖိစီးမှုတွေများလာတဲ့အခါ အလုပ်များကို သင့်လျော်ကောင်းမွန်စွာပြုလုပ်နိုင်တော့မှာ မဟုတ်လို့ပါပဲ။ လေ့လာတွေ့ရှိချက်များအရ - အချိန်အနည်းငယ် အနားယူပေးခြင်းဟာ ကျွန်ုပ်တို့ရဲ့အာရုံစူးစိုက်နိုင်စွမ်းကို အထောက်အကူဖြစ်စေနိုင်ပြီး ကျွန်ုပ်တို့ရဲ့ကိုပြန်လည်၍ စိတ်အားတက်ကြွမှုရှိလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုခုပြုလုပ်ပြီးတိုင်း (သို့မဟုတ်) ၁ နာရီခန့်ကြာတိုင်း ၅ မိနစ်ခန့် မျက်စိကိုအနားပေးခြင်း၊ အနားယူခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ 


၎။ စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေမည့်အရာများကို လျစ်လျူရှုထားပါ။ 

အကယ်၍ သင့်အနေနဲ့ လုပ်စရာရှိတဲ့ကိစ္စများကို အမြန်ဆုံးပြီးမြောက်အောင်ဆောင်ရွက်လိုတယ်ဆိုရင်တော့ စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေနိုင်တဲ့အရာများကို လျစ်လျူရှုထားတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုပြုလုပ်ဖို့ အခက်အခဲရှိနေပါက လုပ်ငန်းနဲ့သက်ဆိုင်မှုမရှိတဲ့ Online Platform များ၊ Socialmedia account များမှ log out ပြုလုပ်ခြင်း၊ Mobile ဖုန်းများကိုပိတ်ထားခြင်းတို့ကို ပြုလုပ်လိုက်ပါ။ 


၅။ အရေးကြီးတဲ့အလုပ်နှင့် အရေးမကြီးတဲ့အလုပ်များကို ခွဲခြားသတ်မှတ်ပါ။ 

မိမိတို့ရဲ့ အရေးကြီးတဲ့လုပ်စရာကိစ္စများကို အရေးမကြီးတဲ့ကိစ္စများမှ (အချိန်ယူနိုင်သည့် ပမာဏအလိုက်) ခွဲထုတ်ပါ။ မိမိရဲ့အချိန်များကို အရေးကြီးတဲ့အလုပ်များပေါ်တွင် အဓိကဦးစားပေး၍ လုပ်ဆောင်ပါ။ ပြီးနောက်တွင်မှ သိပ်ပြီးအရေးမကြီးတဲ့ကိစ္စများကို အပြီးသတ်နိုင်အောင်ကြိုးစားပါ။ 


၆။ အချိန်မဆွဲပါနဲ့။ 

ကိစ္စတစ်ခုခုကိုပြုလုပ်ဖို့လိုအပ်လာခဲ့ပါက ထိုအရာများကိုပြုလုပ်ဖို့ အချိန်မဆွဲပါနဲ့။ လိုအပ်သည်များကို လေ့လာပြီးနောက် ချက်ခြင်းအကောင်အထည်ဖော်ဆောင်ရွက်တတ်ဖို့ လေ့ကျင့်ထားပါ။ အချိန်ဆွဲခြင်းဟာ လုပ်စရာကိစ္စများကို အချိန်မှီပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ကို အဟန့်အတားဖြစ်စေပြီး မလိုလားအပ်တဲ့ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS