Jobs In Myanmar
Load...

How to motivate Employees, Tips to make employees motivated

by Admin


Tags: Myanmar emploees work motivation Yangon jobs



သင့်ရဲ့ ဝန်ထမ်းတွေကို ဘယ်လိုလှုံ့ဆော်ခြင်းမျိုးပြုလုပ်မလဲ။

         သင်ဟာ အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်ရသူ၊ သို့မဟုတ်၊ မန်နေဂျာနေရာမျိုး၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်မျိုးတစ်ယောက်ဆိုရင် သင့်ရဲ့ လုပ်ငန်းတွေအောင်မြင်ဖို့ဆိုတာ သင်တစ်ယောက်ထဲ ကြိုးစားနေရုံနဲ့မပြီးမြောက်နိုင်ပါဘူး။ အသင်းအဖွဲ့နဲ့လုပ်ဆောင်ရခြင်းဖြစ်တာနဲ့အညီ သင်နဲ့အတူ အလုပ် လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်၊ ဝန်ထမ်းတွေဟာ ပျော်ရွှင်စိတ်တက်ကြွနေမှ လုပ်ငန်းတွေ အမြန်ပြီးမြောက်နိုင်မှာ ဖြစ်သလို၊ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကိုလည်း ရရှိနိုင်မှာပါ။ ဒါကြောင့် ဝန်ထမ်းတွေကို စိတ်အားတက်ကြွအောင်ထားနိုင်ဖို့ဆိုတာဟာ အရေးပါလာပါတယ်။ တကယ်တော့ အဲ့လိုပြုလုပ်ဖို့ဆိုတာ ငွေကျပ်သန်းနဲ့ချီသုံးစွဲစရာမလိုပါဘူး။ ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ နည်းစနစ်လေးတွေသိထားမယ်ဆိုရင် ဝန်ထမ်းတွေကို စိတ်အားထက်သန်နေအောင်ပြုလုပ်တာဟာ သင့်အတွက် လွယ်ကူစေမှာပါ။ ဒါကြောင့် ဝန်ထမ်းတွေကို ပျော်ရွှင်စိတ်အားတက်ကြွနေအောင် ဘယ်လိုလုပ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ပျော်ရွှင်ဖွယ်လေးတွေဖန်တီးပေးပါ။

         သင့်ရဲ့ လုပ်ငန်းခွင်အတွင်းမှာ ပျော်ရွှင်ဖွယ်ကောင်းသော ပါတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားခြင်းဟာလည်း သင့်ရဲ့ ဝန်ထမ်းတွေစိတ်အားတက်ကြွစွာ အလုပ်လုပ်စေဖို့အတွက် ထောက်ပံ့ ပေးတဲ့ အချက်တစ်ချက်လည်းဖြစ်ပါတယ်။ တန်ဖိုးကြီးမြင့်တဲ့ အရာတွေကမှ ပျော်ရွှင်မှုတွေဖန်တီးပေးနိုင်တာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် အပါတ်စဉ် ရုပ်ရှင်လက်မှတ်ကံစမ်းမဲဖောက်ပေးတာမျိုး၊ ထူးချွန်ဝန်ထမ်းတွေကို ပျော်ပွဲရွှင်ပွဲလက်မှတ်တွေ၊ ရှိုးပွဲလက်မှတ်တွေစီစဉ်ပေးတာမျိုး၊ ဒါမှမဟုတ် ဈေးဝယ်စင်တာတွေမှာ gift card တွေ ပေးတာမျိုး အစရှိသဖြင့် ရံဖန်ရံခါပြုလုပ်ပေးခြင်းဟာလည်း သင့်ဝန်ထမ်းတွေအတွက် စိတ်အားတက်ကြွဖွယ်ရာအချိန်တွေပါပဲ။ အပါတ်စဉ်၊ သို့မဟုတ် လစဉ် ထူးချွန်ဝန်ထမ်းတွေကို ဆုအသေးစား လေးတွေမျိုး စီစဉ်ပေးခြင်းမျိုးဟာလည်း ဝန်ထမ်းတွေကို ပိုမိုအလုပ်လုပ်ချင်လာအောင် လှုံ့ဆော်ပေးခြင်းမျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လစဉ်လတိုင်း အဆိုပါလမှာ မွေးဖွားတဲ့ ဝန်ထမ်းများအတွက် မွေးနေ့ကိတ်စီစဉ်ပေးကာ မွေးနေ့ပွဲလေးတွေပြုလုပ်ပေးတာမျိုး၊ သောကြာနေ့တိုင်း TGIF ပါတီလေးတွေ ပြုလုပ်ပေးတာမျိုး၊ အစရှိတာတွေဟာ သင့်ရဲ့ ဝန်ထမ်းတွေအတွက် ပျော်ရွှင်ဖွယ်အချိန်တွေဖြစ်စေမှာ အမှန်ပါပဲ။

သင့်က ဦးဆောင်လမ်းပြမှုမျိုးလုပ်ပါ။

         ကျွန်တော်တို့မြန်မာယဉ်ကျေးမှုမှာ ဦးဆောင်သူဟာ အင်မတန်အရေးပါပါတယ်။ ဦးဆောင်သူတော်ရင် တော်သလို နောက်လိုက်ဝန်ထမ်းတွေဟာလည်း အစွမ်းကုန်ကြိုးစားလေ့ရှိပါတယ်။ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်တော့မယ်ဆိုရင် ဦးဆောင်သူသင့်အနေနဲ့ သင့်ရဲ့ ဝန်ထမ်းတွေကို ပျော်ရွှင်နေအောင်၊ စိတ်အားတက်ကြွနေအောင်ထားဖို့ဟာ အရေးကြီးပါတယ်။ အဲ့လိုဝန်ထမ်းတွေပျော်ရွှင်နေဖို့ဆိုတာလည်း သင်ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်အားတက်ကြွစွာ အလုပ်လုပ်ပြနေဖို့လိုပါတယ်။ အစဉ်အမြဲ ဒေါသထွက်နေတာမျိုး၊ စိတ်တိုနေတာမျိုးဟာ သင့်ရဲ့ ဝန်ထမ်းတွေအတွက် စိတ်အားတက်ကြွဖွယ် အခြေအနေ မျိုးကို ဖန်တီးပေးနိုင်မှာမဟုတ်ပါဘူး။ သင်ဟာ စံနမူနာပြတစ်ယောက်အနေနဲ့ အချိန်တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်ကို စိတ်အားတက်ကြွနေမယ်ဆိုရင် သင့်ရဲ့ ဝန်ထမ်းတွေအနေနဲ့လည်း အလားတူခံစားချက်မျိုး ရရှိမှာ ဖြစ်ပါတယ်။

အပွေးမြင် အပင်သိပါ။

         ဝန်ထမ်းတွေကို ပျော်ရွှင်စိတ်တက်ကြွဖွယ် ထားဖို့ဆိုတာမှာ ထပ်မံလိုအပ်လာတာကတော့ ခေါင်းဆောင်ဖြစ်တဲ့ သင့်ရဲ့ လူကဲခတ်အရည်အသွေးနဲ့အတူ ဝန်ထမ်းတွေကို ပြုစုပျိုးထောင်ပေးတဲ့ အရည်အသွေးပါပဲ။ ဝန်ထမ်းတွေရဲ့ သူတို့ထူးချွန်တဲ့ နယ်ပယ်တွေကို သိထားသင့်ပြီး အဲ့ဒီနယ်ပယ်အတွင်းမှာ ကျွမ်းကျင်သူတွေဖြစ်လာအောင် မွန်းမံပေးပါ။ သူကျွမ်းကျင်တဲ့အရာကို မလုပ်ခိုင်းပဲ တခြားတစ်ခုမှာ အသုံးချတာမျိုးလည်း မဖြစ်သင့်ပါဘူး။ သူတို့အတွက် တက်လမ်းတွေရှာဖွေနိုင်အောင် အလုပ်အတွင်းမှာ အခွင့်အလမ်းတွေ၊ တက်လမ်းတွေကို အမြဲအစဉ်သင့် လမ်းဖွင့်ပေးထားပါ။ သို့မှသာ ဝန်ထမ်းတွေဟာ အစဉ်အမြဲ တိုးတက်ဖို့ကြိုးစားနေမှာဖြစ်ပြီး တက်လမ်းမရှိနိုင်ဘူးလို့ယူဆမိတဲ့ ဝန်ထမ်းများဟာ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှာမဟုတ်သလို၊ တက်ကြွစွာကြိုးစားမှုမျိုးလည်းမရှိနိုင်တော့တဲ့အတွက် သင့်ရဲ့ လုပ်ငန်းအတွက်ပါထိခိုက်နိုင်ပါတယ်။ သူတို့ကို လမ်းညွှန်ပေးပါ၊ ရှေ့ဆက်ရမယ့်လမ်းကြောင်းတွေကို ပြသပေးပါ၊ လိုအပ်တဲ့ အရည်အချင်းတွေကို သင်ကြားပေးပါ။ ဒီလိုဆိုရင် သင့်ရဲ့လုပ်ငန်းခွင် ပါတ်ဝန်းကျင်ဟာ စိတ်အားထက်သန်ဖွယ် ဝန်းကျင်တစ်ရပ်ဖြစ်နေမှာ အသေအချာပါပဲ။

ဝန်ထမ်းတွေနဲ့ ပြောဆိုဆက်ဆံပေးပါ။

         အပေါ်ကအချက်မှာ ပြောခဲ့သလိုပဲ ဝန်ထမ်းတွေကို သင်ကြားမှုတွေ၊ လမ်းညွှန်မှုတွေ ပြုလုပ်ပေးပါ။ ဒါ့အပြင် နေ့စဉ် ဝန်ထမ်းတွေနဲ့ ပြောဆိုဆက်ဆံမှုတွေပြုလုပ်နေဖို့ကလည်း အရေးကြီးပါတယ်။ အဖွဲ့အစည်း ကြီးရင် ကြီးသလို သင့်အနေနဲ့ လူတိုင်းကို နေ့စဉ်ဆက်ဆံနိုင်ဖို့မဖြစ်နိုင်ပေမယ့် တတ်နိုင်သလောက် ပွင့်လင်းစွာ ဝန်ထမ်းတွေနဲ့ ပြောဆိုဆက်ဆံမှုရှိနေဖို့ဟာလည်း အရေးကြီးပါတယ်။ သင့်ရဲ့ ဓာတ်ပုံကိုပဲ အစည်းအဝေးခန်းထဲမှာ၊ ရုံးခန်းထဲမှာ မြင်နေရခြင်းဟာ ဝန်ထမ်းတွေအတွက် စိတ်အားတက်ကြွဖွယ် မဖြစ်နိုင်ပါဘူး။ သို့သော် သင့်အနေနဲ့ ဝန်ထမ်းတွေကို ကောင်းမွန်စွာ နေ့စဉ်ပြောဆိုဆက်ဆံတာမျိုး အစဉ်ပြုလုပ်မယ်ဆိုရင် သင့်ရဲ့ လုပ်ငန်းခွင်ဟာ စိတ်အားတက်ကြွဖွယ် အခြေအနေဖြစ်နေမှာ အသေအချာပါ။ ခေါင်းဆောင်၊ နောက်လိုက်ဆက်ဆံရေးမျိုးထက်၊ လူသားဆန်တဲ့ ဆက်ဆံရေးမျိုး၊ အထူးသဖြင့် သူတို့ရဲ့ အခက်အခဲတွေကို သင်ဟာ နားလည်တဲ့သူတစ်ဦးဖြစ်တဲ့ ဆက်ဆံရေးမျိုး ဖန်တီးနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်မှာပါ။

 

အကြုံပြုပေးပါ။

         အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တာနဲ့အညီ အသေးစိတ်ထပ်ပြောရခြင်းဖြစ်ပါတယ်။ သင်ဟာ ခေါင်းဆောင်တစ်ဦးဖြစ်နေပြီဆို ဘယ်လိုလုပ်၊ ဒီဟာလုပ်၊ ဟိုဟာလုပ်ဆိုပြီး ပြောကြားနေရုံနဲ့ ခေါင်းဆောင်ကောင်းမဖြစ်နိုင်သလို၊ သင့်ရဲ့ လုပ်ငန်းပါတ်ဝန်းကျင်ကိုလည်း သင်အလိုရှိတဲ့ စိတ်အားတက်ကြွဖွယ်အခြေအနေမျိုး ဖန်တီးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေ၊ အမှားတွေကို ထောက်ပြပြီး အကြံပေးမှုတွေ၊ လမ်းညွှန်မှုတွေ ပြုလုပ်မယ်ဆိုရင် သူတို့အတွက် ကျေနပ်ပျော်ရွှင်ဖွယ် အခြေအနေတစ်ခုဖြစ်မှာပါ။ အကြံပေးမှုတွေနဲ့အတူ ရလဒ်တစ်ခုထွက်ပေါ် လာအောင်ပါ လမ်းညွှန်မှုတွေပြုလုပ်ပေးပါ။ သူတို့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့အတူ စိတ်အားထက်သန်မှုတွေ တိုးတက်လာအောင် ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ အဖွဲ့အစည်းအတွက်လည်း ကောင်းမွန်တဲ့ ရလဒ်ရရှိစေမှာဖြစ်ပါတယ်။

သင့်ရဲ့ သူတို့အပေါ် ထားရှိတဲ့ ယုံကြည်မှုကိုပြသပါ။

         ပျော်ရွှင်ဖွယ်၊ စိတ်အားတက်ကြွဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုဖန်တီးဖို့ဆိုရင် အထက်ပါအချက်တွေကို ပြုလုပ်ပြီးရင်တောင် နောက်ထပ်အရေးကြီးတဲ့အရာကတော့ သင့်ရဲ့ သူတို့အပေါ်ထားရှိတဲ့ ယုံကြည်မှုကို ပြသပေးဖို့ပါပဲ။ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်တွေကို ယုံကြည်မှုရှိကြောင်း၊ သူတို့အပေါ် ထောက်ခံမှုရှိကြောင်း သင့်ရဲ့စိတ်ကို ပြသဖို့လိုပါတယ်။ သင့်ရဲ့ ဝန်ထမ်းတွေဟာ အထက်လူကြီး၊ အုပ်ချုပ်သူတွေရဲ့ ယုံကြည်မှုကို ရရှိရင် စိတ်အားတက်ကြွမှုရှိတာကတော့ ပြောစရာမလိုအောင် သေချာတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ယုံကြည်မှုကို ပြသရင်းနဲ့ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေနဲ့အတူ သင့်ရဲ့ လုပ်ငန်းကို အကောင်းဆုံးရလဒ်တွေရရှိအောင် ဦးဆောင်မှုတွေပြုလုပ်လိုက်ပါ။


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS