Tags: Knowledge-IT-VR-Medical-JobsinYangon
တိုကျိုဆေးရုံဟာ virtual reality ခွဲစိတ်ကုသမှုများကို ဒေသခံကျောင်းသားများအတွက် စတင်ကာ streaming ပြုလုပ်ခဲ့ပါတယ်။
တိုကျိုမြို့၊ အမျိုးသမီးဆေးပညာတက္ကသိုလ်ဟာ သူတို့ရဲ့ ကျောင်းသူ၊ ကျောင်းသားများကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း သင်ကြားပေးမှုပြုနိုင်ရန် စိတ်ဝင်စားဖွယ်ကောင်းတဲ့ နည်းလမ်းတစ်ရပ်ကိုလုပ်ဆောင်ခဲ့ပါတယ်။ ဒီအရာကတော့ virtual reality ခွဲစိတ်မှုများကို ပြသ ပေးတဲ့ live stream များကို ကြည့်ရှုစေခြင်းပဲဖြစ်ပါတယ်။
တိုကျိုဆေးရုံရှိ ခွဲစိတ်ဆရာဝန်များကို သူတို့ရဲ့လုပ်ငန်းစဉ်များတွင် ယခုအခါ 8K VR ကင်မရာ တစ်လုံးဖြစ်တဲ့ Insta360 Titan နဲ့ကူညီထောက်ပံ့ပေးနေပါတယ်။ ထိုအရာကြောင့် ကျန်းမာရေး အရ ကျောင်းသို့ ကိုယ်တိုင်မတက်ရောက်နိုင်တဲ့သူများဟာလဲ သင်ခန်းစာများကို အွန်လိုင်းမှတစ် ဆင့် ပါဝင်နိုင်ကြပြီဖြစ်ပါတယ်။
သူတို့ဟာ အိမ်မှတဆင့် virtual reality မျက်မှန်များကိုအသုံးပြုကာ ခွဲစိတ်ကုသမှုများအားလုံးကို အချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပြီပဲဖြစ်ပါတယ်။
ကင်မရာက ခွဲစိတ်ကုသခုံရဲ့အပေါ်တည့်တည့်တွင်ရှိနေပြီး ကျောင်းသားများအနေနဲ့ ဆေးရုံအတွင်း တိုက်ရိုက်ထိတွေ့မှုရှိပြီး လက်တွေ့ပါဝင်လုပ်ဆောင်နိုင်တဲ့ပုံစံနဲ့ တူညီမှုမရှိသော်လည်း လက်ရှိ အခြေအနေတွင် ထိုအရာက သင်ကြားမှုအတွက် အသုံးဝင်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပါတယ်။
Virtual Reality ဟာ ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ပိုမို၍ အရေးပါလာလျက်ရှိ နေပါတယ်။ ၎င်းကို ဥပမာအားဖြင့် ခွဲစိတ်ကုသမှုအပြီး ပြန်လည်ကျန်းမာစေရန်လေ့ကျင့်ခန်းများ (ဒါမှမဟုတ်) သင်ကြားမှုဆိုင်ရာ အခန်းကဏ္ဍများတွင် အသုံးချလျှက်ရှိပြီး ထိုအထဲမှ တစ်ခုကတော့ ဂျပန်နိုင်ငံရှိ ဒီ ပရောဂျက်တစ်ခုပဲဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.