by www.jobsinyangon.com
Tags: Knowledge-Employer-Recruitment-System-JobsInYangon
သင့်အနေနဲ့ စွမ်းဆောင်ရည်ကောင်းမွန်သော ဝန်ထမ်းအသစ်များကိုခေါ်ယူရာတွင် ATS system ကို အသုံးပြုခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူး (၄) မျိုး
လုပ်ငန်းခွင်ဈေးကွက်ဟာ လွန်စွာအပြိုင်အဆိုင်ရှိလှပြီး ကုမ္ပဏီကြီးများဟာ အရည်အချင်းပြည့်မှီတဲ့ candidate များကိုရှာဖွေပြီး သူတို့ရဲ့ organisation ကို တည်ဆောက်လျှက်ရှိနေကြပါတယ်။ တစ်ကယ်တန်းတွင် ကုမ္ပဏီများအနေနဲ့လည်း အရည်အချင်းရှိသူများ ထိပ်ဆုံးသို့ရောက်လာခြင်းကို လိုလားကြပြီး ယနေ့ခေတ်ရဲ့ အလုပ်ဈေးကွက်တွင် Applicant Tracking System (ATS) ကို အသုံးပြုသော ကုမ္ပဏီများသည် အကောင်းဆုံးသော candidate များကို ဆွဲဆောင်၊ ရှာဖွေ၍ ခေါ်ယူဌားရမ်းမှုများကိုပြုလုပ်ရာတွင် အခြားသူများနှင့်နှိုင်းယှဉ်လိုက်ပါက ပို၍မြန်ဆန်စွာ ပြုလုပ်လာနိုင်တာကို တွေ့ရှိရပါတယ်။
Applicant Tracking System ဆိုတာဟာ ဘာပါလဲ? Applicant Tracking System (ATS) ဆိုတာကတော့ recruitment software တစ်ခုဖြစ်ပြီး ထိုအရာက လုပ်ငန်းရှင်များနဲ့ ဝန်ထမ်းခေါ်ယူနေသူများအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းခေါ်ယူမှုနဲ့ ဌားရမ်းမှုအခြေအနေများကို စီမံခန့်ခွဲနိုင်စေမှာဖြစ်ပါတယ်။
ATS တွင် ပါဝင်သော အဓိကလုပ်ဆောင်ချက်များကတော့
• Job listing များကို တင်ခြင်း၊ edit ပြုလုပ်နိုင်ခြင်း
• Job application များကို စီမံခန့်ခွဲနိုင်ခြင်း
• အမျိုးအစားတူရာ Candidate အလိုက် အဖွဲ့များခွဲ၍ သတ်မှတ်ထားနိုင်ခြင်း
• Candidate များနှင့် ဆက်သွယ်ပြောဆို၍ရနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
Recruitment campaign တစ်ခုအောင်မြင်မှုရှိရဲ့လားဆိုတာကို လျှောက်ထားလာတဲ့ candidate များရဲ့အရည်အချင်းနှင့် return on investment (ROI) တို့ဖြင့်သာ တိုင်းတာနိုင်မှာဖြစ်ပါတယ်။ အောင်မြင်တဲ့ recruitment strategy တစ်ခုဟာ recruiter တစ်ဦးရဲ့ အရေးမကြီးတဲ့အချက်တွေကို စစ်ထုတ်နိုင်ပြီး အဓိကအချက်များအပေါ်တွင် အာရုံစိုက်နိုင်ခြင်းစွမ်းရည်အပေါ် များစွာမူတည်နေပါတယ်။
အောက်ပါအချက် (၄) ချက်ကို ဖတ်ရှုကြည့်ခြင်းအားဖြင့် နောက်တစ်ကြိမ်ဝန်ထမ်းခေါ်ယူမှု Campaign များပြုလုပ်ရာတွင် ဘာကြောင့် ATS စနစ်များကို အသုံးပြုသင့်သလဲဆိုတာကို သိရှိလာရမှာဖြစ်ပါတယ်။
ပိုမိုကောင်းမွန်ပြီး မြန်ဆန်သော CV Screening – ATS စနစ်များဟာ သင့်ကိုယ်ပိုင် အလုပ်လျှောက်လွှာ database များကို Candidate Pools လုပ်ဆောင်ချက်အားဖြင့် ဖန်တီးနိုင်စေမှာဖြစ်ပါတယ်။ လျှောက်ထားလာတဲ့ လျှောက်လွှာတိုင်းကို အကြမ်းစစ်ဆေးခြင်းကိုလည်း အလိုအလျှောက်ပြုလုပ်ပေးမှာဖြစ်ပြီး algorithm များကိုအသုံးပြု၍ လျှောက်ထားသူများနှင့် လစ်လပ်အလုပ်နေရာတစ်ခု၏ လိုအပ်ချက်များကို တိုက်ဆိုင်စစ်ဆေးပေးသွားမှာပဲဖြစ်ပါတယ်။ အနိမ့်ဆုံးသတ်မှတ်အရည်အချင်းပြည့်မှီခြင်းမရှိသူများအား အလိုအလျှောက် reject ပြုလုပ်သွားမှာဖြစ်ပြီး ကျန်ရှိသော application များကို အရည်အချင်းသတ်မှတ်ချက်များအလိုက် အဆင့်သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှုမရှိသော Candidate များအား စစ်ဆေးကြည့်ရှုရခြင်း လွန်စွာနည်းပါးသွားမှာပဲဖြစ်ပါတယ်။ ဒီအခါမှာ job description နဲ့ ကိုက်ညီမှုရှိတဲ့ candidate များအပေါ်တွင် ပိုမို၍အာရုံစိုက်နိုင်စေမှာဖြစ်တဲ့အတွက် အချိန်ကုန်၊ လူပန်းဖြစ်တော့မှာမဟုတ်ပါဘူး။
လွယ်ကူစွာစီမံခန့်ခွဲနိုင်သော Recruitment Workflow – ATS ဟာ Candidate များရဲ့ single-view profile ကိုတည်ဆောက်ပေးထားပြီး ထိုအရာက လုပ်ငန်းရှင်/ recruiter ဖြစ်တဲ့ သင့်အနေနနဲ့ များစွာသော recruitment နဲ့သက်ဆိုင်တဲ့လုပ်ငန်းများကို app များ ပြောင်းလဲစရာမလိုပဲ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ သင်လိုအပ်တဲ့အရာများအားလုံးကို တစ်နေရာတည်းမှာ တွေ့နိုင်ပါတယ်။ Candidate တိုင်းရဲ့အချက်အလက်များရှိထားပြီး ဗဟိုထိန်းချုပ်မှုပုံစံဖြင့် Platform တစ်ခုတည်းပေါ်တွင် စီမံစုစည်းထားတဲ့အတွက် recruitment ပြုလုပ်သူများအနေနဲ့ ဝန်ထမ်းခေါ်ယူဌားရမ်းမှုပြုခြင်း လုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန်အချောသတ်နိုင်စေမှာဖြစ်ပါတယ်။
Communicate Feedback With Ease – ATS ဟာ လုပ်ငန်းရှင်/ recruiter ဖြစ်သူ သင်တို့ထံသို့ ရောက်ရှိလာတဲ့ applicant များရဲ့ လျှောက်လွှာဖောင်အခြေအနေများကို အလိုအလျှေက် update ပြုလုပ်ပေးနိုင်ပြီး လျှောက်ထားသူများထံသို့လည်း အသိပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အလုပ်လျှောက်ထားသူများအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အသုံးပြုခြင်းအတွေ့အကြုံကို ရရှိစေဖို့ရည်ရွယ်ပြီး ကောင်းမွန်သောအကြံပြုချက်များနှင့် အသိပေးမှုများကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဖော်ပြပါ အလိုအလျှောက်စနစ်က သင့်အနေနဲ့ candidate တစ်ဦးချင်းစီထံသို့ email များပေးပို့နေရခြင်းနဲ့ သူတို့အား အကြံပြုချက်များပေးဖို့ မေ့လျော့သွားခြင်းကဲ့သို့သောအရာများအတွက် စိတ်ဖိစီးရခြင်းကို လျှော့ချပေးနိုင်ပါတယ်။
ခေါ်ယူလိုက်သောဝန်ထမ်းများရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ခြင်း - ကျွန်ုပ်တို့ရဲ့ ATS စနစ်များကို အသုံးပြုခြင်းဟာ သင်တို့အားပိုမိုကောင်းမွန်သောအရည်အချင်းရှိတဲ့ candidate များကိုရရှိစေမှာအမှန်ပါပဲ။ Candidate များကို အလိုအလျှောက်စစ်ထုတ်ပေးနိုင်တဲ့စနစ်ကြောင့် ဝန်ထမ်းခေါ်ယူလိုသူများအနေနဲ့ လျှောက်ထားလာတဲ့ လျှောက်လွှာများအနက်မှ အကောင်းဆုံးသော candidate များကိုသာ ကြည့်ရှုရတော့မှာဖြစ်တဲ့အတွက် အကောင်းတကာ့ အကောင်းဆုံးသော အရည်အချင်းရှိသူများကို အလွယ်တကူတွေ့မြင်နိုင်မှာဖြစ်ပြီး ပိုမိုကောင်းမွန်ပြီး သင့်လျှော်တဲ့ အကဲဖြတ်မှုများကို ပြုလုပ်နိုင်စေကာ အလုပ်နဲ့ကိုက်ညီမှုအရှိဆုံးသော candidate များနဲ့သာ ဆက်ဆံပြောဆိုရတော့မှာဖြစ်ပါတယ်။
ဒါကတော့ ကျွန်ုပ်တို့ရဲ့ ATS စနစ်များနဲ့ www.jobsinyangon platform ပေါ်မှရရှိနိင်တဲ့ အားသာချက်များထဲက အချို့ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ platform ကိုအသုံးပြုနေတဲ့ သင့်ကဲ့သို့များစွာသောလုပ်ငန်းရှင်များအနေနဲ့ ATS စနစ်များကိုအသုံးပြုခြင်းအားဖြင့် များစွာသောအားသာချက်များကိုရရှိနိုင်စေမှာဖြစ်ပြီး သူတို့ရဲ့ ဝန်ထမ်းခေါ်ယူဌားရမ်းမှုလုပ်ငန်းစဉ်ကို လစ်ဟာမှုမရှိနဲ့ အောင်အောင်မြင်မြင်ပြုလုပ်နိုင်စေမှာပဲဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Myanmar Unilink Co., Ltd
Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (10)
Koe Koe Tech IT Social Enterprise
Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
Myanmar First Asia Group
The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
T3K Technology Co., Ltd.
Our moto is "Business Enabler and Trustworthy Partner". We believe that a balance mix of trust, technology, talent and knowledge is the key to successful delivery of ICT Solution.T3K Technology is an ...
Show the postings (1)
Polyconcept Hong Kong Ltd
Skills training related with job;
2. International working environment;
3. Career development in different domain and places;
4. Opportunities to work in different cities and countries;
5. 15 annu...
Show the postings (1)