Jobs In Myanmar
Load...

Top 5 Soft Skills Every 21st-Century Jobseeker Should Have

by www.jobsinyangon.com


Tags: Knowledge-Top5-SoftSkills-Jobseekers-JobsInYangon



၂၁ ရာစုတွင် အလုပ်လျှောက်ထားသူတိုင်း၌ ရှိကိုရှိထားသင့်သော ထိပ်တန်း Soft Skill (၅) မျိုး

 

အလုပ်အကိုင်တိုင်းဟာ တစ်ခုနှင့်တစ်ခု တူညီမှုရှိမှာမဟုတ်ပဲ ၎င်းတို့ကို ထူးချွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာကျွမ်းကျင်မှုအဆင့်များနဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တို့ကို လိုအပ်မှာဖြစ်ပါတယ်။ ထိုကဲ့သို့ မိမိတို့ရဲ့ သက်ဆိုင်ရာအလုပ်အကိုင်တွင် ကောင်းမွန်စွာဆောင်ရွက်နိုင်ကြစေရန် သင့်ထံတွင် သင့်တင့်လျှောက်ပတ်တဲ့ အသိပညာနဲ့ အမူအကျင့်များရှိနေဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ လေ့လာချက်များအရ အဆိုပါကျွမ်းကျင်မှုများဟာ ဝန်ထမ်းတစ်ဦးအနေနဲ့ ထိရောက်စွာအလုပ်လုပ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုများဖြစ်ကြပါတယ်။ 

ကျွမ်းကျင်မှုများကို Hard Skills (နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ) နှင့် Soft Skills (နည်းပညာရပ်နဲ့ သက်ဆိုင်မှုမရှိသော ကျွမ်းကျင်မှုများဟူ၍ ပုံစံ (၂) မျိုးဖြင့် တွေ့မြင်နိုင်ပါတယ်။ Hard Skills များဟာ အလုပ်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေနိုင်တဲ့ ကျွမ်းကျင်မှုများဖြစ်ပြီး ၎င်းတို့ကို အလုပ်နှင့်သက်ဆိုင်သော သီးသန့်ကျွမ်းကျင်မှုများဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ၎င်းတို့ဟာ သင်ယူရလွယ်ကူပြီး တိတိကျကျ စစ်ဆေးစမ်းသပ်မှုများကို ပြုလုပ်၍ရနိုင်တဲ့ ကျွမ်းကျင်မှုများ ဖြစ်ပါတယ်။ Hard Skill များရဲ့ ဥပမာအချို့ကတော့ - အင်ဂျင်နီယာပညာရပ်၊ အုတ်စီခြင်း၊ ကွန်ပြူတာပရိုဂရမ်များရေးသားခြင်း၊ စက်ပြင်ခြင်း အစရှိသည်တို့ဖြစ်ပါတယ်။ 

အခြားတစ်ဖက်မှာတော့ Soft Skill များဆိုသည်မှာ နည်းပညာရပ်နှင့်သက်ဆိုင်မှုမရှိသော ကျွမ်းကျင်မှုများဖြစ်တဲ့ အမူအကျင့်များနှင့် တစ်ကိုယ်ရည် အကျင့်စရိုက်များကို ဆိုလိုတာဖြစ်ပါတယ်။ ၎င်းတို့ဟာ လူတို့ရဲ့အလုပ်လုပ်ကိုင်ပုံနှင့် အခြားသူများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ပြောဆိုဆက်ဆံပုံများကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရာဖြစ်ပြီး လူတစ်ယောက်ရဲ့ အမူအကျင့်နဲ့ စိတ်နေစိတ်ထားတို့ကို ထင်ဟပ်ပြသနေတဲ့အရာများပဲဖြစ်ပါတယ်။ ၎င်းတို့ကိုတော့ လျှင်မြန်စွာသင်ယူ၍ ရနိုင်မှာမဟုတ်ပဲ ဒါဟာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ ခံယူချက်များနဲ့ ပတ်ဝန်းကျင်တို့အပေါ် မူတည်နေတဲ့ ကျွမ်းကျင်မှုများဖြစ်ပါတယ်။ 

ယခင်က ဝန်ထမ်းခေါ်ယူမှုပြုလုပ်ခြင်းဟာ Candidate များကို မည်သူကထောက်ခံပေးလိုက်သလဲ၊ Candidate များက မည်သူနဲ့အသိအကျွမ်းဖြစ်နေသလဲ၊ သူတို့ထံတွင်ရှိတဲ့ Hard Skill များဟာ ဘာတွေလဲ ဆိုတဲ့အချက်များအပေါ် များစွာမူတည်နေခဲ့ပါတယ်။ ဒါပေမယ့် ၂၁ ရာစုရဲ့ အစပိုင်းကာလများမှ စတင်၍ ထိုအရာဟာ ပြောင်းလဲလာခဲ့ပြီး လုပ်ငန်းရှင်များဟာလည်း Soft Skill များရဲ့ အရေးပါမှုကိုမျက်ကွယ်ပြုထား၍ မရနိုင်ကြောင်း သိရှိလာကြပြီဖြစ်တဲ့အတွက် Soft Skill များဟာလည်း လစ်လပ်နေရာတစ်ခုအတွက် ဝန်ထမ်းခေါ်ယူမှုပြုလုပ်ရာတွင် အလေးအနက် ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုဖြစ်လာပြီ ဖြစ်ပါတယ်။ 

ဒါကြောင့် ယခုတစ်ပတ်ဆောင်းပါးလေးအနေနဲ့ www.jobsinyangon.com ကနေ စာဖတ်သူတို့အနေနဲ့ ၂၁ ရာစုအတွင်း အလုပ်လျှောက်ကြရာတွင် မရှိမဖြစ် ရှိနေသင့်တဲ့ Soft Skill (၅) မျိုးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ် - 


Jobseeker တိုင်းတွင် ရှိနေသင့်သော ထိပ်တန်း Soft Skill (၅) မျိုး - 


၁။ ပြောဆိုဆက်သွယ်မှုဆိုင်ရာ စွမ်းရည် (Communication) 

အလုပ်လျှောက်ထားလာသူများထံတွင် အရှိသင့်ဆုံးသော ကျွမ်းကျင်မှုဟာ ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်စွမ်းရှိခြင်းဖြစ်တယ်လို့ ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းရှင်တိုင်းမှ ယူဆထားကြပါတယ်။ ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်စွမ်းဟာ လုပ်ငန်းခွင်ရဲ့ တိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။ 

မိမိတို့လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်အတွင်း အောင်မြင်မှုများကို ဆောင်ကြဉ်းနိုင်ရန်အတွက် Customer များ၊ လုပ်ဖော်ကိုင်ဖက်များ၊ Client များ၊ တစ်ဆင့်ပြန်လည်ရောင်းချပေးသူများ အစရှိတဲ့သူများနဲ့  ကောင်းမွန်စွာ communicate ပြုလုပ်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ မိမိပေးလိုတဲ့ message ကို ရှင်းလင်းတိကျစွာနဲ့ ယဉ်ကျေးသိမ်မွေ့စွာ အခြားသူများထံသို့ ပြန်လည်ပြောဆိုတတ်ခြင်းဟာ သင့်ရဲ့ career လမ်းကြောင်းတိုးတက်မှုပိုမိုမြန်ဆန်လာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကောင်းမွန်စွာနားထောင်တတ်သူတစ်ဦးဖြစ်လာအောင် လေ့ကျင့်ထားခြင်းအားဖြင့် ညွှန်ကြားချက်များကို ကောင်းမွန်မှန်ကန်စွာ သဘောပေါက်လာစေမှာဖြစ်ပြီး လုပ်ဆောင်ရမယ့် ကိစ္စများကို တိကျမှန်ကန်စွာဆောင်ရွက်နိုင်စေမှာဖြစ်ပါတယ်။ 


၂။ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တတ်မှုစွမ်းရည် (Teamwork) 

လူတိုင်းတွင် မတူခြားနားမှုများရှိကြပြီး ကိုယ်ပိုင်အမူအကျင့်များရှိနေတတ်ပါတယ်။ လုပ်ငန်းတစ်ခုအနေနဲ့ ထိရောက်စွာလုပ်ငန်းများကိုဆောင်ရွက်နိုင်ပြီး productive ဖြစ်နေဖို့အတွက် ဝန်ထမ်းများအားလုံးဟာ ရည်ရွယ်ချက်တစ်ခုတည်းအတွက် အတူတကွ သင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်တတ်မှုရှိနေဖို့လိုအပ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ပူးပေါင်း၍ မိမိတို့ရဲ့ အားသာချက်များနဲ့ talent များကို အကျိုးရှိရှိအသုံးချနိုင်ပါက အလုပ်ရဲ့အရည်အသွေးဟာ သိသိသာသာကို တိုးတက်မှုရှိလာမှာဖြစ်ပြီး အစီအစဉ်များအတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်လာမှာဖြစ်ပါတယ်။ 

အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တတ်မှုစွမ်းရည်ဟာ ယနေ့ခေတ်လုပ်ငန်းရှင်များက သူတို့ခန့်အပ်မှုပြုလုပ်မည့်ဝန်ထမ်းများထံမှ အလိုချင်ဆုံးသော skill တစ်ခုပဲဖြစ်ပါတယ်။ Teamwork ဖြင့် ဆောင်ရွက်တတ်သူများဟာ လုပ်ငန်းခွင်ကို ဝန်ထမ်းအသစ်များအတွက် နေချင့်စဖွယ်ဖြစ်အောင် ပြောင်းလဲပေးနိုင်သလို၊ ခိုက်ရန်ဖြစ်ပွားမှုများနှင့် ကတောက်ကဆဖြစ်ခြင်းများကို လျှော့ချပေးနိုင်ပါတယ်။ 

ထိရောက်မှုရှိတဲ့ Team player များဟာ တက်ကြွစွာနားထောင်တတ်မှုရှိခြင်း၊ မိမိရဲ့စိတ်ကူးစိတ်သန်းများကို ရဲရင့်စွာထုတ်ဖော်ပြောဆိုတတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်တတ်မှုရှိခြင်း အစရှိတဲ့အရည်အချင်းများရှိနေရမှာဖြစ်ပြီး သူတို့တွင် ကိုယ်ချင်းစာစိတ်ရှိခြင်း၊ လုပ်စရာကိစ္စများကို ခွဲဝေသတ်မှတ်ပေးတတ်ခြင်းနှင့် သတ်မှတ်ထားတဲ့ guideline များကို လိုက်နာတတ်ခြင်း အစရှိတဲ့အရည်အချင်းများလည်း ရှိနေရမှာဖြစ်ပါတယ်။ 


၃။ ပြဿနာဖြေရှင်းမှုစွမ်းရည် (Problem-Solving) 

များစွာသောအလုပ်များတွင် အခက်အခဲများလည်းရှိနေနိုင်ပြီး ထိုပြဿနာများကိုအဖြေရှာတတ်ဖို့ လိုအပ်ပါတယ်။ ၂၁ ရာစု လုပ်ငန်းခွင်များတွင် သင့်အနေနဲ့ ကောင်းမွန်စွာအလုပ်လုပ်ကိုင်နိုင်ဖို့ မျှော်လင့်ထားပါက ပြဿနာဖြေရှင်းမှုစွမ်းရည်ဟာ သင့်ထံတွင် ရှိကို ရှိနေသင့်တဲ့ အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။ ပြဿနာများ/ အခက်အခဲများနဲ့ တွေ့ကြုံရတဲ့အခါ ၎င်းတို့ကိုလေ့လာပြီး သင့်တော်တဲ့ဖြေရှင်းမှုများကို ပြုလုပ်သွားလိုက်ပါ။ 

ကောင်းမွန်တဲ့ Problem solver တစ်ဦးဖြစ်လာနိုင်ဖို့အတွက် သတ်မှတ်ဘောင်တွေရဲ့ ပြင်ပမှ စဉ်းစားတတ်ဖို့လည်းလိုအပ်ပြီး အခက်အခဲများကို မိမိရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်နဲ့ ရင်ဆိုင်နိုင်ရပါမယ်။ ဒါ့အပြင် ပြဿနာရပ်များကို အခြားသောရှုထောင့်မှအမြင်ဖြင့် ကြည့်ရှုတတ်ပြီး နည်းစနစ်အသစ်များကိုလည်း စမ်းသပ်အသုံးပြုကြည့်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးကို jobseeker တစ်ဦးအနေနဲ့ ပိုင်ဆိုင်ထားခြင်းအားဖြင့် ဝန်ထမ်းလောကတွင် သင့်ကိုအခြားသူများထက် ခြေတစ်လှမ်းသာနေစေပါလိမ့်မယ်။  


၎။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ရင့်ကျက်မှု (Emotional Intelligence) 

လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများကြောင့် လူတိုင်းဟာ စိတ်ဖိစီးမှုများကို ခံစားနေရပြီး လျှင်မြန်စွာပေါက်ကွဲလွယ်နေကြပါတယ်။ ဒါက ထိုသူများအနေနဲ့ အခြားသောသူများနဲ့ ဆက်ဆံရာတွင် ကြီးမားတဲ့အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ သာမန်လူသားတစ်ယောက်အဖို့ ဒါဟာပုံမှန်ပဲဖြစ်သော်လည်း မိမိရဲ့ စိတ်ခံစားချက်များကို ရင့်ကျက်စွာကိုင်တွယ်၍ မိမိရဲ့အလုပ်နဲ့ အခြားသောသူများကို ထိခိုက်မှုမရှိစေရန် ထိန်းချုပ်နိုင်ဖို့ဟာ အရေးကြီးလှပါတယ်။ 

စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုရှိခြင်းတွင် အခြားသူများနှင့် မိမိတို့ရဲ့ စိတ်ခံစားချက်များကို နားလည်သဘောပေါက်၍ စီမံခန့်ခွဲနိုင်ခြင်း၊ အခြားသောသူများရဲ့ အခက်အခဲများကို သိရှိခံစားနိုင်ခြင်း၊ သူတို့ကို ကိုယ်ချင်းစာပေးနိုင်ခြင်းနှင့် အခြားသူများကို စိတ်ထိခိုက်မှုမဖြစ်စေပဲ သူတို့ရဲ့လိုအပ်ချက်များကို ဝေဖန်ထောက်ပြပေးနိုင်ခြင်းတို့ ပါဝင်နေပါတယ်။ 


၅။ မိမိကိုယ်မိမိ Motivation ပေးတတ်ခြင်း (Personal Motivation) 

အလုပ်တိုင်းတွင် အခက်အခဲများနဲ့ စိန်ခေါ်မှုများဟာ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒီအရာများကြောင့် စိတ်ဓါတ်ကျမသွားပဲ ၎င်းတို့ကိုရင်ဆိုင်ဖြေရှင်းပြီး ရှေ့ဆက်သွားနိုင်စွမ်းရှိဖို့ဟာ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ လုပ်ငန်းရှင်များနဲ့ HR Manager များဟာ ဝန်ထမ်းများရဲ့ motivation ကို မြှင့်တင်ပေးနိုင်မယ့် လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ တာဝန်ရှိကြတာဖြစ်သော်လည်း အချိန်နှင့်အမျှ မိမိကိုယ်မိမိ motivation ပေးနေနိုင်ဖို့လည်း လိုအပ်ပါတယ်။ 


Jobseeker တစ်ဦးအနေနဲ့ (သို့မဟုတ်) ဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတို့လုပ်ဆောင်ရမည့် အလုပ်များကို အကောင်းဆုံးလုပ်ကိုင်ဆောင်ရွက်နိုင်ပြီး ထိုသို့ဖြစ်လာနိုင်ဖို့ လိုအပ်မယ့်ကျွမ်းကျင်မှုများကို လေ့လာသင်ယူဖို့ဟာ သင့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒါကို အထက်မှခိုင်းစေစရာမလိုအပ်ပဲ မိမိကိုယ်တိုင် ကြိုတင်၍ ပြုလုပ်တတ်ဖို့ကိုလည်း လေ့ကျင့်ထားဖို့ လိုအပ်ပါလိမ့်မယ်လို့ပြောကြားရင်း ဒီ artice လေးကို နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ် 
ကျေးဇူးတင်လျှက်
 www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS