ချိတ်ဆွဲရန်စာတန်း: News-Cyberattack-Toyota-Suppliers-JobsInYangon
ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် Toyota မှ ဂျပန်နိုင်ငံရှိစက်ရုံများကို ပိတ်သိမ်းခဲ့ရ
ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကြောင့် Toyota ဟာ ဂျပန်နိုင်ငံရှိ စက်ရုံများကိုပိတ်သိမ်းမှုပြုလုပ်ခဲ့ရပြီး ကားထုတ်လုပ်မှုအပိုင်းတွင် အစီးရေ ၁၃,၀၀၀ ခန့် ထုတ်လုပ်မှုနှောင့်နှေးခဲ့ရကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာ ကုမ္ပဏီရဲ့ ပလတ်စတစ်နှင့် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်မှုများရဲ့ supplier ဖြစ်သူကို ဦးတည်ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုကို မည်သူကပြုလုပ်ခဲ့သလဲဆိုတာနဲ့ပတ်သက်၍ သတင်းအတိအကျသိရှိနိုင်ခြင်းမရှိသေးသော်လည်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကတော့ သတင်းထောက်များကို ၎င်းတို့ရဲ့အစိုးရအဖွဲ့ပိုင်းမှ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Toyota ရဲ့ ပြောကြားချက်အရတော့ အဆိုပါတိုက်ခိုက်မှုဟာ supplier တစ်ဦးဖြစ်တဲ့ Kojima Industries ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါအဖြစ်အပျက်ကြောင့် ၎င်းတို့အနေနဲ့ assembly line ၂၈ ခုနှင့် စက်ရုံ ၁၄ ခုကို ပိတ်သိမ်းခဲ့ရပြီး နေ့ဆိုင်း/ ညဆိုင်းဝန်ထမ်းများအပေါ်လည်း အကျိုးသက်ရောက်မှုများရှိစေခဲ့ပါတယ်။ “ဒီဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာရတဲ့အဆင်မပြေမှုများအတွက် ကျွန်ုပ်တို့နဲ့ဆက်စပ်နေသော supplier များနဲ့ customer များကို အထူးတောင်းပန်ပါတယ်” ဟူ၍လည်း Toyota မှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။