Tags: News-Valve-AllinOne- PC-JobsInYangon
Valve မှ Nintendo Switch နှင့် ဆင်တူသော All In One Handheld Device တစ်ခုကို ထုတ်လုပ်ရန်စီစဉ်လျှက်ရှိ
Ars မှ သတင်းတစ်ပုဒ်တွင် ဖော်ပြထားချက်အရ Video game နှင့် Hardware တီထွင်မှု စတူဒီယိုဖြစ်တဲ့ Valve ဟာ Steam PC platform ပေါ်ရှိ ဂိမ်းအများစုကို ဆော့ကစားနိုင်စေမည့် Nintendo Switch နှင့် ဆင်တူသော Portable PC device တစ်ခုကို Linux OS ပေါ်တွင် တိတ်တဆိတ်တည်ဆောက်လျှက်ရှိနေကြောင်း သိရှိရပါတယ်။
Ars Technica ရဲ့ သတင်းအရင်းအမြစ်များအရ အကယ်၍ Supply Chain များမှသာ ဖြန့်ချီပေးဖို့ ဆန္ဒရှိခဲ့မယ်ဆိုပါလျှင် အဆိုပါ device ကို ယခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် တွေ့မြင်လာရနိုင်ချေရှိနေပါတယ်။ အဆိုပါကိစ္စနှင့် ရင်းနှီးမှုရှိသောသူများကလည်း အဆိုပါ device ကို ဖန်တီးမှုပြုလုပ်နေသည်မှာ အချိန်ကာလတစ်ခုအထိ ရှိနေပြီဖြစ်ပြီး ယခုအပတ်အတွင်းမှာတော့ Valve ကိုယ်တိုင်မှ အဆိုပါ device အကြောင်းအနည်းငယ်ကို ကုမ္ပဏီရဲ့ လူသုံးများသော PC gaming စတိုးဆိုင်နှင့် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Steam ရဲ့ နောက်ဆုံး version သို့ hardware နှင့် သက်ဆိုင်သော code အသစ်များကို ထည့်သွင်းခြင်းအားဖြင့် တစွန်းတစလှစ်ဟပြခဲ့ပါတယ်။
မေလ ၂၅ ရက်နေ့တွင် SteamDB operator Pavel Djundik မှ အဆိုပါ Steam ရဲ့ code အတွင်း ပြောင်းလဲမှုများကို တွေ့ရှိခဲ့ပြီး အဆိုပါ code ဟာ “SteamPal” ဟု အမည်ပေးထားတဲ့ device တစ်ခုကို ညွှန်ပြလျှက်ရှိနေပြီး ထိုအရာက gamepad control များနှင့် touch screen တို့ပါဝင်ပြီး လုပ်ဆောင်ချက်ပိုင်းအရ Nintendo Switch နှင့် ဆင်တူသည့် all-in-one PC တစ်ခုဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.