Tags: News-Verizon-Amazon-Satellites-JobsInYangon
Verizon မှ Amazon ရဲ့ ကမ္ဘာ့ပတ်လမ်းအနီးတွင်လှည့်ပတ်နေသော satellite များကို အသုံးပြု၍ 4G နှင့် 5G ကွန်ယက်များကို ချဲ့ထွင်သွားရန်ရှိနေ
Verizon ဟာ Amazon ရဲ့ ကမ္ဘာ့ပတ်လမ်းအနီးတွင်လှည့်ပတ်နေသော satellite များကို အသုံးပြု၍ Verizon ရဲ့ cellular network ရဲ့ capacity ကို တိုးချဲ့ရန်နှင့် fixed-wireless internet ဝန်ဆောင်မှုများကို အမေရိကတိုက် အတွင်းရှိ ဝေးလံခေါင်သီသော ဒေသများအထိ ဝန်ဆေင်မှုပေးနိုင်ရန်ရည်ရွယ်၍ သဘောတူညီမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Verizon ရဲ့ ပြောကြားချက်အရ ၎င်းတို့ဟာ Amazon Satellite များရဲ့ connectivity ကိုအသုံးပြု၍ တစ်ဦးချင်းသုံးစွဲသူများမှ လုပ်ငန်းကြီးများအထိကို ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ars မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
Amazon ရဲ့ပြောဆိုချက်အရ ၎င်းတို့ရဲ့ Project Kuiper ဌာနခွဲဟာ satellite များကို ၂၀၂၃ ခုနှစ်မတိုင်မှီအထိ လွှင့်တင်နိုင်ဦးမှာမဟုတ်တဲ့အတွက် လက်ရှိအချိန်မှာတော့ Verizon ရဲ့ ဝန်ဆောင်မှုများတွင် ချက်ချင်းအပြောင်းအလဲများရှိလာဦးမှာမဟုတ်သေးပါဘူး။ ဒီလိုပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားတော့မည့်အကြောင်းကို ကုမ္ပဏီ (၂) ခုစလုံးမှ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ကြေငြာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း Verizon ဟာ LTE home-internet ဝန်ဆောင်မှုများကို အမေရိကတိုက်ရဲ့ ဝေးလံခေါင်သီသောဒေသများအထိ ဝန်ဆောင်မှုပေးလျှက်ရှိနေပြီး 5G ကွန်ယက်ကိုလည်း ဆင်ခြေဖုံးဒေသများအထိ ရရှိအသုံးပြုနိုင်ရန်အတွက် ဖြန့်ကျက်နိုင်ခဲ့ပြီးဖြစ်သော်လည်း တပ်ဆင်ရရှိနိုင်မှုဟာဆိုရင် အကန့်အသက်အနည်းငယ်ရှိနေသေးတဲ့အတွက် Verizon မှ Amazon ရဲ့ Kuiper ပရောချက်ကို ၎င်းတို့ရဲ့ fixed-wireless ဝန်ဆောင်မှုများအတွက် အသုံးပြုဖို့ကြံရွယ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.