Jobs In Myanmar
Load...

Ways to Become An Effective Manager

by www.jobsinyangon.com


Tags: Knowledge-Ways-Effective-Manager-JobsInYangon



ထိရောက်စွာ စီမံခန့်ခွဲနိုင်တဲ့ မန်နေဂျာတစ်ဦးဖြစ်လာစေရန် လိုက်နာကျင့်သုံးသင့်သည့် အချက်များ

 

ယနေ့ခေတ်မှာ မန်နေဂျာများအနေနဲ့ လုပ်ငန်းခွင်အတွင်းတွင်  သူတို့ရဲ့စွမ်းဆောင်ရည်များတိုးတက်လာစေဖို့နှင့် စီမံခန့်ခွဲရာတွင် ပိုမို၍ ထိရောက်မှုရှိလာစေဖို့အတွက် ဘယ်လိုမျိုးအမူအကျင့်တွေကို လိုက်နာကျင့်သုံး၍ နေထိုင်ရမလဲဆိုသည်အား ပိုမို၍ လေ့လာလာကြပြီပဲဖြစ်ပါတယ်။ ဒီအတွက် ကျွန်ုပ်တို့ www.jobsinyangon.com ကနေ “မန်နေဂျာများအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုထိရောက်မှုရှိလာစေရန် လိုက်နာကျင့်သုံးသင့်သည့်အချက်များ” ဆိုတဲ့ဆောင်းပါးလေးကို တင်ဆက်ဖော်ပြပေးလိုပါတယ်။

“The Employee Experience Gap” ဟူသည့်စာအုပ်တစ်အုပ်အတွက် ပြုလုပ်ခဲ့သော သုသေသနပြုလုပ်ချက်များအရ Performance Review တစ်ခုအတွင်း မန်နေဂျာတစ်ဦးရဲ့ ထိရောက်စွာစွမ်းဆောင်နိုင်မှု ရှိ၊ မရှိကိုတိုင်းတာရာတွင် ဘယ်လိုအချက်တွေနဲ့ အရည်အချင်းများရှိနေဖို့လိုအပ်သလဲဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ယခုကဲ့သို့ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ အကြပ်အတည်းများနှင့် တွေ့ကြုံနေရသောအချိန်များတွင် အဆိုပါအရည်အချင်းများရှိနေဖို့ကို အရင်ကထက်ပို၍ပင် လိုအပ်လို့လာနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ရှိနေသင့်တဲ့ အရည်အချင်းများအနက်မှ မန်နေဂျာတိုင်းအနေနဲ့ လိုက်ပါလုပ်ဆောင်နိုင်မယ့် ရိုးရှင်းတဲ့ အချက် (၄) ချက်ကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ -


၁။ ကူညီထောက်ပံ့မှုနှင့် နားလည်မှုပေးပါ။

အမြဲတမ်းအသင့်ရှိနေပြီး ဝန်ထမ်းများအနေနဲ့ ချဉ်းကပ်ရလွယ်ကူသူတစ်ဦးဖြစ်နေပါစေ။ နေ့စဉ်လုပ်ဆောင်နေရသည့် လုပ်ငန်းတာဝန်များတွင် အကူအညီများပေးပါ၊ ဝန်ထမ်းများကို စိတ်ခွန်အားပေးပါ၊ ဝန်ထမ်းများဖက်မှရပ်တည်ပေး၍ သူတို့ရဲ့ စိုးရိမ်မှုများနဲ့ တွေ့ကြုံနေရတဲ့အခက်အခဲများကို လေ့လာပါ၊ သင့်ဝန်ထမ်းများထံမှ အကြံပြုချက်များကို နားထောင်ပေးပါ၊ မေးခွန်းများကိုမေးပြီး သူတို့ဘာကိုပြောလိုသလဲဆိုတာကို နားထောင်၍ အခက်အခဲကြုံတွေ့နေရတဲ့ နေရာများအတွက် ဖြေရှင်းပုံနည်းလမ်းများကို အကြံပြုပြောကြားပေးခြင်းတို့ကို ပြုလုပ်ပေးပါ။ သင့်ဝန်ထမ်းများရဲ့ စကားသံများကို စစ်မှန်ရိုးသားစွာနဲ့ ဆင်ခြင်တုံတရားကို လက်ကိုင်ထား၍ နားထောင်ပေးခြင်းအားဖြင့် စီမံခန့်ခွဲမှုပြုလုပ်ရာတွင် သင့်ရဲ့ ထိရောက်မှုကို ပိုမိုမြင့်မားလာစေမှာဖြစ်ပါတယ်။


၂။ အသိအမှတ်ပြုပေးပါ။

အသိအမှတ်ပြုပေးခြင်းဆိုသည်မှာ အလုပ်တစ်ခုကို ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သည့် အခါများတွင် ချီးမွမ်းခြင်း၊ ကောင်းမွန်စွာအကြံပြုနိုင်တဲ့ဝန်ထမ်းများကို ချီးမြှောက်ခြင်းနှင့် ဝန်ထမ်းများရဲ့ အလုပ်အပေါ်သစ္စာရှိမှုကို အသိအမှတ်ပြုခြင်းတို့ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီကဲ့သို့ ပြုလုပ်ပေးရာတွင် အလွန်တော်တဲ့မန်နေဂျာများဟာ ဝန်ထမ်းတစ်ဦးအနေနဲ့ ဘယ်နေရာမှာတော့ အကောင်းဆုံးလုပ်ဆောင်နိုင်သလဲဆိုတာကို သိရှိနေပြီး ထိုအချက်အတွက်လည်း ထိုသူအား လိုအပ်တဲ့ ချီးမွမ်းမှုများနှင့် ဆုချမှုများကို ပြုလုပ်ပေးတတ်မှာဖြစ်တဲ့အပြင် ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှု၊ ကျွမ်းကျင်မှုများ၊ စွမ်းဆောင်ရည်များနှင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုများကိုပါ သိရှိနေနိုင်ပြီး သင့်တင့်လျှောက်ပတ်တဲ့ အသိအမှတ်ပြုမှုများကို ပြုလုပ်ပေးနိုင်ကြပါတယ်။


၃။ မိမိရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် မျှော်မှန်းထားချက်များကို ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားပါ။

တိကျတဲ့ညွှန်ကြားချက်များနဲ့ ဦးစားပေးဆောင်ရွက်ရမည့်အရာများကို ညွှန်ကြားပေးနိုင်သော မန်နေဂျာတစ်ဦးဖြစ်လာစေရန် ကြိုးစားပါ။ လုပ်ဆောင်ရန် သတ်မှတ်ပေးလိုက်တဲ့အလုပ်များကို ရှင်းလင်းစွာအသိပေးပြောကြားမှုပြုလုပ်ပေးပြီး သူတို့ရဲ့ လုပ်ဆောင်ချက်များနဲ့ လုပ်ငန်းစွမ်းဆောင်ရည်များအပေါ်  ရိုးသားပြီး အကူအညီဖြစ်စေနိုင်တဲ့ အကြံပြုချက်များကိုပေးပါ။ ထိရောက်စွာစွမ်းဆောင်နိုင်တဲ့ မန်နေဂျာများဟာ မိမိတို့လုပ်ကိုင်နေတဲ့ အလုပ်များကို အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနဲ့ ချိတ်ဆက်မိလာစေရန် ပြုလုပ်ပေးနိုင်ကြပါတယ်။ ဝန်ထမ်းများအနေနဲ့လည်း ဒီလို ရှင်းလင်းတိကျပြီး ရိုးသားမှုရှိရှိနဲ့ ပွင့်လင်းမြင်သာစွာ ပြောဆိုတတ်တဲ့မန်နေဂျာများကို လိုအပ်နေပါတယ်။ ဒီအခါမှာ ရလာဒ်အနေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်များ၊ ထုတ်ကုန်အရည်အသွေးနဲ့ အချိန်မှီပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် သူတို့ဘာတွေကိုလုပ်ဆောင်ရမလဲ/ သူတို့ထံမှ ဘာတွေကို ပြန်လည်မျှော်လင့်နေသလဲဆိုသည်အား ဝန်ထမ်းများမှ ရှင်းလင်းစွာသိရှိလာကြမှာဖြစ်တဲ့အတွက် Organization တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို ပိုမို၍တိုးတက်လာစေမှာဖြစ်ပါတယ်။


၎။ ဝန်ထမ်းများကို အပြန်အလှန်လေးစားမှုဖြင့် ပြောဆိုဆက်ဆံပါ။

ဝန်ထမ်းများနဲ့ ဆက်ဆံရာတွင် ထိုက်သင့်လျှောက်ပတ်တဲ့ လေးစားမှုရှိစွာဖြင့် သဘောထားကြီးကြီးဆက်ဆံပေးရမှာဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်နေစဉ်အတွင်း ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် မိမိဟာ ဆက်ဆံရေးကောင်းမွန်သူတစ်ဦးဖြစ်တယ်ဆိုတာကို ပြသနေနိုင်ပြီး ထိုအချက်က သင့်အား အသင်းအဖွဲ့နှင့်လုပ်ဆောင်ရာတွင် ကောင်းမွန်တဲ့ရလာဒ်များကို ရရှိလာစေရန် စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းပြည့်ဝသော ခေါင်းဆောင်တစ်ဦးဖြစ်လာစေမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်နိုင်စေဖို့အတွက် ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်အတွေ့အကြုံများကို အပြည့်အဝယုံကြည်ထားပြီး မတူညီတဲ့ အလုပ်လုပ်ပုံများအပေါ် လေးစားမှုရှိဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ ဝန်ထမ်းများရဲ့ ဘဝနေထိုင်မှုကောင်းမွန်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အလေးထားတတ်တဲ့ ခေါင်းဆောင်သူတစ်ဦးကို ဝန်ထမ်းအားလုံးက နှစ်သက်လိုလားကြမှာဖြစ်တဲ့အတွက် သင့်ရဲ့ညွှန်ကြားချက်များကိုလည်း တိကျစွာလိုက်ပါလုပ်ဆောင်လာကြမှာဖြစ်ပြီး ပြောင်းလဲမှုများနဲ့ လုပ်ငန်းများကိုခိုင်းစေရာတွင် ပိုမို၍ထိရောက်မှုရှိလာစေမှာဖြစ်ပါတယ်။  ဒီအချက်ဟာ သင့်ကို ယခင်ကထက် ပိုမိုကောင်းမွန်တဲ့ မန်နေဂျာတစ်ဦးအဖြစ်သို့ ပြောင်းလဲပေးနိုင်ပါတယ်။


မန်နေဂျာများအနေနဲ့ သူတို့ရဲ့စွမ်းဆောင်ရည် ထိရောက်မှုရှိလာစေရန်အတွက် ကြိုးစားအားထုတ်ကြရာတွင် ဝန်ထမ်းများအနေနဲ့ အလိုအပ်ဆုံးဖြစ်နေတဲ့ အရည်အချင်းများကို ရှာဖွေ၍ ပြုပြင်ကြရမှာဖြစ်ပါတယ်။ ဒီသို့ပြုလုပ်ပေးခြင်းအားဖြင့် မိမိတို့ဦးဆောင်နေတဲ့ လုပ်ငန်းများနှင့် ဝန်ထမ်းများအပြင် မိမိတို့ကိုယ်တိုင်အတွက်ကိုလည်း အကျိုးရှိလာစေမှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ Employee experience ဟာ ပိုမို၍အရေးကြီးလာပါပြီ။ ဒီအရာဟာ ဝယ်ယူအစားထိုး၍ မရနိုင်တဲ့အရာတစ်ခုဖြစ်တဲ့အတွက် မန်နေဂျာများနဲ့ ခေါင်းဆောင်သူများအနေနဲ့ ကောင်းမွန်တဲ့ Employee experience တစ်ခုကို ဖန်တီးတည်ဆောက်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS