Jobs In Myanmar
Load...

5 Ways Team Building Benefits Your Company

by www.jobsinyangon.com


Tags: Knowledge-TeamBuilding-Benefits-Company-JobsInYangon



Team Building ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့ကုမ္ပဏီအပေါ် အကျိုးဖြစ်ထွန်းမှုများရှိလာစေနိုင်မည့် နည်းလမ်း (၅) သွယ်

 

လုပ်ငန်းရှင်တစ်ဦးအနေနဲ့ သင့်ကုမ္ပဏီအတွက် ဦးစားပေးအရာများကို သတ်မှတ်ရေးဆွဲရာတွင် Team Building ပြုလုပ်ခြင်းကြောင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများကို လျှော့တွက်၍ မရနိုင်ဘူးဆိုတာကို သင်သိပါသလား? လက်တွေ့တွင် Team Building ပြုလုပ်ခြင်းမှ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများဟာ ဝန်ထမ်းများရဲ့ အလုပ်အပေါ်စိတ်အားထက်သန်မှုကိုမွေးမြူပေးနိုင်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်လာစေမှာဖြစ်တဲ့အပြင် သူတို့ထံတွင် တီထွင်ဆန်းသစ်လိုစိတ်များကို မွေးမြူပေးနိုင်စွမ်းရှိနေပါတယ်။  

ယခုနှစ်အတွင်; လုပ်ဆောင်စရာရှိတဲ့အလုပ်များနဲ့ လုပ်ငန်းပရောဂျက်များမှ အကောင်းဆုံးရလာဒ်များကို ရရှိနိုင်ရန်အတွက် Team Building ကို သင့် workplace culture ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းမွေးမြူထားခြင်းဟာ သင့်ရဲ့လုပ်ငန်းစုအတွက် အကောင်းဆုံးသော အကျိုးအမြတ်များကို ဖြစ်ထွန်းလာစေမှာဖြစ်ပါတယ်။ ဒီအတွက် ယခုတစ်ပတ်မှာ‌တော့ ကျွန်တော်တို့ www.jobsinyangon.com ကနေ သင့်ကဲ့သို့သော လုပ်ငန်းရှင်များအတွက် Team Building လုပ်ဆောင်ချက်များကနေတဆင့် လုပ်ငန်းစုများအနေနဲ့ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများအကြောင်းကို တင်ဆက်ပေးသွားလိုပါတယ်။ 

 

၁။ အကြံအစည်အသစ်များ (သို့) ရည်မှန်းချက်အသစ်များကို ပေါ်ပေါက်လာစေနိုင်ခြင်း 

Team တစ်ခု (သို့) Organization (လုပ်ငန်းစု) တစ်ခုအတွက် အကြံအစည်အသစ်များကို ပေါ်ပေါက်လာစေနိုင်ခြင်းဟာ Team Building ဆောင်ရွက်ချက်များမှတဆင့် Organization များအနေနဲ့ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများထဲက အရေးအကြီးဆုံးအရာတစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့ Team bonding activity များဟာ ဥပမာအားဖြင့် သင့်ရဲ့ sales (သို့) marketing team အဖို့ ပိုမို၍ အာရုံစူးစိုက်မှုရရှိလာစေနိုင်ရန် ကူညီပေးနိုင်ပြီး သူတို့အနေနဲ့ ပြက္ခဒိန်ပေါ်မှ လာမည့် ၃ လပတ်အတွင်း Organization တစ်ခုအနေနဲ့ ဘယ်လိုအရာများကို ဆောင်ရွက်သွားသင့်သလဲဆိုသည့်အပေါ် အကြံအစည်အသစ်များကို ပေးစွမ်းနိုင်လာကြမှာဖြစ်ပါတယ်။ ဒီအရာက အဖွဲ့အစည်းအတွင်းပါဝင်နေတဲ့ လူတိုင်းအား အကြံအစည်အသစ်များနှင့် ရည်မှန်းချက်အသစ်များကို ရရှိနိုင်စေပြီး နောက်ထပ်လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များအား အတူတကွပါဝင်ဆုံးဖြတ်နိုင်ခွင့်ကို ပေးစွမ်းနိုင်စေမှာပဲဖြစ်ပါတယ်။ 


၂။ လူမှုအသိုင်းအဝိုင်းများနှင့် ဆက်သွယ်ပြောဆိုမှုများကို ဖြစ်ထွန်းလာစေနိုင်ခြင်း 

သင့်လုပ်ဖော်ကိုင်ဖက်များနှင့် သူတို့ရဲ့ အလုပ် (သို့) professional ဆက်ဆံရေးများနှင့် သက်ဆိုင်သော သူတို့ရဲ့ အားသာချက်များကို သင့်အနေနဲ့ နားလည်မှုရှိလာပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် သက်တောင့်သက်သာရှိနေစေဖို့အတွက်ဟာ သင့်ရဲ့ organization အနေနဲ့ Team building လုပ်ဆောင်ချက်များကို တည်ဆောက်ပေးသင့်တဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီသို့ပြုလုပ်ပေးခြင်းအားဖြင့် သင့်ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ Team (သို့) Department များနှင့် ပိုမို၍ နီးကပ်မှုရှိလာစေမှာဖြစ်သလို သင့် organization အတွင်းရှိ အခြားသောဌာနများနှင့်လည်း ပိုမို၍ နီးကပ်မှုရှိလာစေနိုင်ပါတယ်။ 

 

၃။ Workplace Culture နှင့် ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်ကို တိုးတက်လာစေနိုင်ခြင်း 

ကုမ္ပဏီရဲ့ vision နှင့် ရည်မှန်းချက်များနှင့်အတူ သင့် organization ရဲ့ workplace culture ကို ပြန်လည် အသက်သွင်းနိုင်ဖို့အတွက်ပြုလုပ်ပေးရမည့် လုပ်ဆောင်ချက်များကို Team building activity များလုပ်ဆောင်နေစဉ် ပြုလုပ်ပေးခြင်းထက် ကောင်းမွန်တဲ့အချိန်မရှိပါဘူး။ သင့်ရဲ့ Team building event များကို သင်အားပေးလိုတဲ့ ဧရိယာများတွင် ထူးချွန်တဲ့ Team member များကို ရှာဖွေဖော်ထုတ်၍ ဆုချနိုင်ရန် ဖန်တီးတည်ဆောက်ထား၍လည်း ရနိုင်ပါသေးတယ်။ ထိုသူများကို ဆုချပေးခြင်းအားဖြင့် အခြားအခြားသောဝန်ထမ်းများအနေနဲ့လည်း ထိုသူများကဲ့သို့ လိုက်ပါဆောင်ရွက်လာကြရန်အတွက် အာပေးရာရောက်စေပါတယ်။ 


၎။ ဓိတ်ဓါတ်ခွန်အားနှင့် မိမိကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးနိုင်ခြင်း 

သင့်ဝန်ထမ်းများရဲ့ စိတ်ဓါတ်ခွန်အားနှင့် မိမိကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးခြင်းအားဖြင့် သင်ဟာ ဝန်ထမ်းများရဲ့ ကိုယ်ပိုင်တိုးတက်မှုများနှင့် သူတို့လိုအပ်တဲ့ အလုပ်-ဘဝ မျှခြေကို ရရှိနိုင်ရန် ကူညီပေးဖို့ အသင့်ရှိနေကြောင်း ဝန်ထမ်းများမှ သိရှိလာနိုင်မှာဖြစ်ပါတယ်။ ဒီအရာကတစ်ဖန်ပြန်လည်၍ ဝန်ထမ်းများရဲ့ အလုပ်အပေါ်ထားရှိတဲ့ စိတ်နေသဘောထားကို ကောင်းမွန်လာစေမှာဖြစ်ပြီး ဝန်ထမ်းများကို မိမိရဲ့အလုပ်တွင် တည်မြဲနေစေမှာပဲဖြစ်ပါတယ်။ 


၅။ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ပြောဆိုမှုဆိုင်ရာ စွမ်းရည်များကို ပိုမိုကောင်းမွန်လာစေခြင်း 

Team building လုပ်ဆောင်ချက်များဟာ ဝန်ထမ်းများရဲ့ ပူးပေါင်းဆောင်ရွက်တတ်သော စိတ်ဓါတ်နှင့် ဆက်သွယ်ပြောဆိုမှုဆိုင်ရာ စွမ်းရည်များကိုမြှင့်တင်ပေးနိုင်မှာဖြစ်တဲ့အတွက် သင့်ရဲ့လုပ်ငန်းစုနှင့် ဝန်ထမ်းများ ၂ ဖက်စလုံးသို့ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ဒီအရာကို သင့်ရဲ့ Team bonding event များတွင် ပျော်ရွှင်ဖွယ် activity များ၊ စကားစမည် ပြောဆိုခြင်းများနဲ့ အခြားသော လုပ်ဆောင်ချက်များအားဖြင့် တိုက်တွန်းအားပေးနိုင်မှာဖြစ်ပါတယ်။ 


နိဂုံး 

Team building လုပ်ဆောင်ချက်များဟာ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေပြီး Organization တစ်ခုအတွင်း အလုပ်လျှောက်ထားကြရန်အတွက် ဆွဲဆောင်နိုင်တဲ့ အကြောင်းပြချက်များတွင် ထိပ်ဆုံးကပါဝင်နေသော အရာဖြစ်တယ်လို့ လူငယ်အများစုက ယူဆထားကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ သင့်ထံတွင် လူငယ်ဝန်ထမ်းများ ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Team building လုပ်ဆောင်ချက်များဟာ Organization တိုင်းအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပြီး Organization တိုင်းရဲ့ culture အတွင်းတွင် ထည့်သွင်းတည်ဆောက်ထားရမည့် အရာတစ်ခုဖြစ်ပါတယ်ဟု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Digital Laboratory Co., Ltd.

Digital Laboratory Co., Ltd.

..1. MOBILE APP DEVELOPMENT State of the art iOS and Android mobile app development and UI / UX design 2. WEB DEVELOPMENT Beautiful and responsive websites built with popular CMS and eCommerce plat...
Show the postings (2)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS