Jobs In Myanmar
Load...

ဝန်ထမ်းအသစ်များကို Onboarding ပြုလုပ်ရာတွင် ပိုမိုကောင်းမွန်ချောမွေ့မှုရှိစေရန် ပြုလုပ်နိုင်မည့် အချက်များ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Improve-Employee-Onboarding-JobsInYangon



ဝန်ထမ်းအသစ်များကို Onboarding ပြုလုပ်ရာတွင် ပိုမိုကောင်းမွန်ချောမွေ့မှုရှိစေရန် ပြုလုပ်နိုင်မည့် အချက်များ

 

ဝန်ထမ်းအသစ်များကို Onboarding ပြုလုပ်ပေးရခြင်းဟာ အလွန်အရေးပါတဲ့အရာတစ်ခုဖြစ်ပြီး ဒီအရာက ဝန်ထမ်းများအနေနဲ့ Organization တစ်ခုအတွင်း မည်မျှကြာကြာတည်မြဲမှုရှိစေမလဲ (သို့မဟုတ်) မည်မျှလုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်မှုရှိလာမလဲဆိုတာတို့အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုများရှိလာစေနိုင်ပါတယ်။ 

ဝန်ထမ်းများကို Recruitment ပြုလုပ်ရခြင်းဟာ လွန်စွာအလုပ်များတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သင့်ရဲ့ဝန်ထမ်းခေါ်ယူမှုတွင် ထည့်သွင်းအသုံးချနိုင်တဲ့ နည်းဗျူဟာများစွာလည်းရှိနေပါတယ်။ HR management team များအနေနဲ့ ဝန်ထမ်းများရဲ့ employee onboarding process အပေါ် ပိုမိုအာရုံစိုက်၍ အလေးပေးလုပ်ဆောင်ခြင်းအားဖြင့် ဝန်ထမ်းများကို ကုမ္ပဏီရဲ့ vision, mission, goal နဲ့ culture များအကြောင်း ပိုမိုသိရှိလာစေမှာဖြစ်ပြီး ကုမ္ပဏီအတွင်းရှိ ဝန်ထမ်းများအလုပ်မှထွက်ခွာမှုနှုန်းများကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ 

Recruitment အပိုင်းတွင် ကျွမ်းကျင်သူများရဲ့အဆိုအရ Employee onboarding လုပ်ဆောင်ချက်ဟာ သင့် candidate များကို ပိုမိုတိုးတက်မှုရှိလာစေရန်နှင့် လိုအပ်ချက်များကို ပြင်ဆင်ပေးနိုင်ဖို့အတွက် ပထမဆုံးအခွင့်အရေးတစ်ခုဖြစ်တဲ့အတွက် သင့်ရဲ့ employee onboarding လုပ်ဆောင်ချက်များကို ပိုမိုတိုးတက်မှုရှိစေရန် လုပ်ဆောင်နိုင်မယ့်အချက်များအား www.jobsinyangon.com ကနေ ဖော်ပြပေးလိုက်ပါတယ်။ 


၁။ လေ့လာမှုပြုလုပ်ပါ။ 

Employee onboarding လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်မှုရှိလာစေရန်အတွက် ပြုလုပ်နိုင်ရန် သင့်ရဲ့ကုမ္ပဏီအတွက် အရင်ကဘယ်လိုအရာတွေကအလုပ်ဖြစ်ခဲ့ပြီး၊ လက်ရှိတွင် ဘယ်လိုအရာတွေကအလုပ်ဖြစ်နေဆဲလဲဆိုတာကို လေ့လာဖော်ထုတ်နိုင်ဖို့က အရေးကြီးပါတယ်။ သင့်ရဲ့ Employee onboarding နည်းဗျူဟာများကို ပိုမိုကောင်းမွန်လာစေရန် ပြင်ဆင်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ၁ နှစ်အတွင်း သင်ခန့်အပ်ခဲ့တဲ့ ဝန်ထမ်းဟောင်းများထံက ဝေဖန်အကြံပြုချက်များကို စစ်တမ်းကောက်ယူပြီး လေ့လာကြည့်ပါ။ 

ဒီနည်းအားဖြင့် သင့်အနေနဲ့ ဘယ်နေရာများတွင် ပိုမိုတိုးတက်မှုရှိစေရန် ပြုလုပ်သင့်သလဲဆိုတာကို ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပြီး ဝန်ထမ်းများကိုအောင်မြင်စွာဌားရမ်းနိုင်ဖို့အတွက် ဘယ်အဆင့်တွေကို ဖယ်ထုတ်သင့်ပြီး ဘယ်လိုအကြံအစည်အသစ်များကို အစားထိုးသင့်သလဲဆိုတာကို သိရှိလာရမှာဖြစ်ပါတယ်။ ဒီလို သိရှိရပြီးတဲ့နောက်မှာတော့ အဆိုပါအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ရည်မှန်းချက်အသစ်များကို ချမှတ်ကာ သင့်ရဲ့ Employee Onboarding လုပ်ဆောင်ချက်များကို စတင်လိုက်ပါ။ 


၂။ သင့်ရဲ့ Employee Onboarding လုပ်ဆောင်ချက်များကို လိုအပ်သလိုချိန်ညှိမှုပြုလုပ်ပါ။ 

Employee Onboarding လုပ်ဆောင်ချက်များနဲ့ နည်းဗျူဟာများကို မိမိတို့ကုမ္ပဏီရဲ့ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနဲ့ ကိုက်ညီမှုရှိစေရန် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်၍ ချိန်ညှိပေးရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းအသစ်များရဲ့ စိတ်ပူပင်မှုများကို ဖြေလျော့ပေးနိုင်မှာဖြစ်ပြီး သင့်ကုမ္ပဏီ Culture နဲ့ ပိုမို၍လျှင်မြန်စွာရင်းနှီးမှုရှိလာစေမှာဖြစ်ပါတယ်။ Receptionist မှ ခြံစောင့်များအထိ ကုမ္ပဏီအတွင်းရှိ ဝန်ထမ်းတိုင်းကိုလည်း ဝန်ထမ်းအသစ်များကိုခေါ်ယူခန့်အပ်ထားကြောင်း ကြိုတင်အသိပေးထားဖို့လိုအပ်မှာဖြစ်ပြီး ဝန်ထမ်းအသစ်များကို နွေးထွေးစွာကြိုဆို၍ လိုအပ်တဲ့ သင်ကြားမှုများကို ပြုလုပ်ပေးဖို့ကိုလည်း မှာကြားထားလိုက်ပါ။ 


၃။ လိုအပ်တဲ့အကူအညီများပေးပါ။ 

ဝန်ထမ်းအသစ်များအနေနဲ့ သူတို့ရဲ့အလုပ်များကို ကောင်းမွန်စွာဆောင်ရွက်နိုင်မှုရှိစေရေးအတွက် သင့်ဘက်က လိုအပ်တဲ့ထောက်ပံ့မှုများကို ပြုလုပ်ပေးသင့်ပါတယ်။ ဒီလုပ်ဆောင်ချက်တွင် သူတို့လုပ်ငန်းခွင်အတွင်းသို့ စတင်ဝင်ရောက်ခြင်းမပြုလုပ်မှီတွင် သူတို့အလုပ်လုပ်ရမည့်နေရာကို set up ပြုလုပ်ပေးခြင်း၊ လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှု (training) များပြုလုပ်ပေးခြင်း၊ အလုပ်လုပ်ရန် လိုအပ်သော အကူကိရိယာများ၊ စက်ပစ္စည်းများနဲ့၊ ကွန်ပျူတာများ၊ အစရှိသည်တို့ကို ထောက်ပံ့ပေးခြင်းတို့ ပါဝင်နေနိုင်ပါတယ်။ အကူအညီလိုအပ်လာပါက အကူအညီတောင်း၍ရနိုင်မယ့်သူတစ်ဦးကို ထားရှိပေးခြင်းဟာ ဝန်ထမ်းအသစ်များအနေနဲ့ ကုမ္ပဏီအတွင်းလျှင်မြန်စွာအသားကျလာစေဖို့အတွက် အရေးကြီးလှပါတယ်။ ဒါ့အပြင် ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းအသစ်များအနေနဲ့ အမှားအယွင်းများပြုလုပ်မိခြင်းကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ 


၎။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်စေရန် ဖန်တီးပါ။ 

ပျော်ရွှင်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုဟာ Positive Energy များကို ပေါ်ထွန်းလာစေနိုင်တဲ့အတွက် သင့်ရဲ့လုပ်ငန်းခွင်ကို အလုပ်အပေါ်အလေးအနက်ထားတတ်သော်လည်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးပေးဖို့က အရေးကြီးလှပါတယ်။ ဒီအခါ ဝန်ထမ်းအသစ်ဖြစ်သူများအနေနဲ့ Onboarding ပြုလုပ်စဉ်ကာလအတွင်းတွင် ဒီကဲ့သို့ပျော်ရွှင်ဖွယ်ကောင်းပြီး ညီညွှတ်စည်းလုံးမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုတွင် အလုပ်လုပ်လိုလာကြမှာဖြစ်သလို လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ပတ်သက်လာပါကလည်း အလေးအနက်ထားတတ်တဲ့ အမူအကျင့်ကောင်းတစ်ခုကို ရရှိလာမှာဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့ ဝန်ထမ်းများဟာ ရုံးတက်ရမှာကို ပျင်းရိညည်းငွေ့မှုရှိကြမှာမဟုတ်ပဲ တက်ကြွမှုရှိလာကြမှာဖြစ်သလို လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း ပိုမိုတိုးတက်လာစေနိုင်တဲ့အတွက် ဒီလိုအမူအကျင့်မျိုးကို လုပ်ငန်းရှင်များဖက်မှ အသိအမှတ်ပြု၍ အားပေးဖို့လိုအပ်ပါတယ်။ 

ဝန်ထမ်းအသစ်များအဖို့ အလုပ်စတင်ဆင်းရသည့်နေ့တွင် မည်သည့် onboarding အစီအစဉ်မှမရှိခြင်း၊ လေ့ကျင့်ပေးမှုများမရှိခြင်း၊ သီးသန့်သတ်မှတ်ပေးထားတဲ့ အလုပ်လုပ်ရန်နေရာမရှိခြင်း (သို့မဟုတ်) အလုပ်လုပ်ဖို့လိုအပ်တဲ့ အကူကိရိယာများအဆင်သင့်ရှိမနေခြင်းတို့ဟာ စိတ်ဖိစီးမှုများကို ဖြစ်ပေါ်လာစေနိုင်ပြီး သင့်ကုမ္ပဏီအပေါ်လည်း ယုံကြည်မှုလျော့နည်းလာစေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ သင့်အနေနဲ့ ဝန်ထမ်းများရဲ့အကောင်းမြင်စိတ်ကိုအားပေး၍ ဝန်ထမ်းများကို onboarding ပြုလုပ်သည့် လုပ်ငန်းစဉ်ကို ချောမွေ့မှုရှိစေရန် စီစဉ်ထားနိုင်ဖို့ဟာ သင့်ကုမ္ပဏီအတွက်ရော ဝန်ထမ်းများအတွက်ပါ အကျိုးရှိစေနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
Camusat Myanmar Co., Ltd

Camusat Myanmar Co., Ltd

OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS