Jobs In Myanmar
Load...

What is Online CV Brand?

by www.jobsinyangon.com


Tags: CV-Online-JobPortal-Profile-JobsInYangon



Online မှ တဆင့် အလုပ်လျှောက်တဲ့အခါ Online CV Brand/Reputation ကောင်းအောင် ဘယ်လိုလုပ်မလဲ။ 

“ Online မှာ CV တင်ထားတဲ့ လူကြီးမင်းတွေရော၊ Online မှာပါ CV တင်ဖို့လုပ်နေတဲ့ လူကြီးမင်းတွေအတွက် Career နှင့် အလုပ်လျှေက်တဲ့အခါမှာ မိမိရဲ့ CV’s Reputation/Brand နှင့်ပက်သက်ပြီး manage လုပ်သင့်တဲ့ အချက်များ"

အခုဆို အင်တာနက်ကို ဘယ်လိုအသုံးချရမယ်ဆိုတာကို တော်တော်များများသိလာကြတယ်။ online ကနေ အလုပ်လျှောက်လို့ရတယ်ဆိုတာကိုလည်း လူတွေက သိလာကြတယ်။ ဒီလို online ကို အသုံးပြုပြီး မိမိကိုယ်ကို marketing လုပ်တာ တနည်းပြောရရင် မိမိအကြောင်းကို online မှာ CV တင်ပြီး အလုပ်လျှောက်တဲ့အခါမှာ မပြည့်စုံတဲ့ CV တွေ၊ အရည်အချင်းရှိရဲ့သားနဲ့ သေချာမဖြည့်တာ၊ အလုပ်ရှင်တွေက online CV တွေကို မယုံကြည်တာ စတာတွေကို ကြုံတွေ့နေရတဲ့အတွက် online ကနေ အလုပ်လျှောက်တဲ့အခါ Online CV’s Reputation/Brand နဲ့ပက်သက်ပြီး manage လုပ်နိုင်အောင် နောက်ပြီး Online recruitment/ Online Job Board က လည်း အနာဂတ်ကို အရမ်းကို အသုံးဝင်လာမှာဆိုတော့ ညိုလဲ့တို့ JobsInYangon.Com က သိထားတဲ့ knowledge တွေကို အလုပ်ရှာဖွေသူလူကြီးမင်းတွေဆီ မျှဝေပေးလိုပါတယ်။

ညိုလဲ့တို့ professional network ကို တိုးချဲ့တဲ့အခါ ( extend) လုပ်တဲ့အခါမှာ online ကို အသုံးပြုပြီး မိမိကိုယ်ကို marketing လုပ်တာ တနည်းပြောရရင် online မှာ CV တင်၊ online ကနေ အလုပ်လျှောက်တာက ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါ။ မိမိ online မှာ လုပ်တဲ့အရာအားလုံး က self-marketing လုပ်တဲ့ပုံစံတစ်ခုပေါ့။ မိမိရဲ့ profile ကို online မှာ publish လုပ်လိုက်တာနဲ့ ကိုယ့်ရဲ့ Brand/ reputation ကို တည်ဆောက်ပြီးသားဖြစ်သွားပါပြီ။

နောက်ပြီးတော့ online မှာ အလုပ်လျှောက်တဲ့လူကြီးမင်းတွေဖြည့်ထားတဲ့ attitude, စိတ်ဝင်စားမှု နှင့် skill တွေကို ကြည့်ပြီး  အဲ့ဒါနဲ့ပက်သက်တဲ့ သဲလွန်စတွေကိုရှာဖို့ Recruiter ဖြစ်တဲ့ အင်တာဗျူးလုပ်တဲ့သူပဲဖြစ်ဖြစ်၊ executive search က recruiter ပဲဖြစ်ဖြစ်သူတို့အနေနဲ့ ဆုံးဖြတ်ဖို့က သိပ်ပြီးမလွယ်ကူပါဘူးမ။ နောက်ပြီး အလုပ်လျှောက်သူတွေ ပေးတဲ့ ဒီ အချက်အလက်တွေကလည်း online CV reputation အတွက် မရှိမဖြစ်ဖြည့်ရမှာဖြစ်သလို အလုပ်ရှာဖွေသူတွေအနေနဲ့လည်း မိမိရဲ့ Online CV Reputation ကို ပြသနိုင်ဖို့ ဒီ attitude, interest နဲ့  skill တွေက အရေးလည်းကြီးပါတယ်ရှင့်။

(၁) Take Charge of Your Brand ဖြစ်တဲ့ မိမိ Brand အတွက် မိမိက တာဝန်အရှိဆုံးဖြစ်ပြီး ၄င်းတာဝန်အတွက် ဂရုစိုက်သတိပြုရမှာပါ။
Brand တစ်ခုကို တည်ဆောက်တဲ့အနေနဲ့ပြောရရင် အရမ်းကို အောင်မြင်နေတဲ့ online communicators တွေက Brand ကို တည်ဆောက်ဖို့ ကို တွေးကြတယ်။ သူတို့ရဲ့ Career reputation က online မှာတင်မဟုတ်ဘူး on the line ဖြစ်တဲ့ risk ဆိုတဲ့ အနာဂတ်မှာ ဖြစ်နိုင်တဲ့ အန္တရယ်အတွက်ကိုပါ သူတို့က သိထားပြီးသားဖြစ်နေပါတယ်။ ကိုယ့်ရဲ့ brand ကို စတင်ဖန်တီးတော့မယ်ဆိုရင် ပြီးစလွယ်မလုပ်သင့်ပါဘူးမ။ Online ကနေ communicate လုပ်တော့မယ်ဆိုရင် မိမိကိုယ်ကို အကောင်းဆုံး present လုပ်သင့်ပါတယ်။ ဘာလို့လဲ့ဆိုတော့ website တွေကနေ CV တင်တာပဲဖြစ်ဖြစ်၊ အလုပ်လျှောက်တာပဲဖြစ်ဖြစ် အဲ့ဒါတွေက ကိုယ့်ရဲ့ Brand နဲ့ reputation ကို ကောင်းမွန်အောင်ပြုလုပ်ပေးမယ့် အခွင့်အေရးတွေဖြစ်လာမှာမို့ပါရှင့်။ အများစုဆို ပြီးစလွယ်လေးပဲလုပ်လိုက်ကြတာ။ on the line ဖြစ်တဲ့ career risk ကို မသိလို့ မတွေထားလို့။ အဲ့ဒါမို့ မိမိ Brand အတွက် မိမိက တာဝန်အရှိဆုံးဖြစ်ပြီး ၄င်းတာဝန်အတွက် ဂရုစိုက်သတိပြုပြီး သေချာပြုလုပ်ဖို့ အကြံပေးချင်ပါတယ်ရှင့်။

(၂ )   Get Good Content Out There ( ကောင်းမွန်တဲ့ အကြောင်းအရာကိုသာ ဖော်ပြပါ)။ 
ပြောချင်တာကတော့ Facebook မှာလိုstatus တင်တာတို့ တခြား instragram မှာ သုံးတာတွေလိုမျိုး ဖြည့်ပြီး career risk ကို မယူပါနဲ့၊ မဖြည့်ပါနဲ့လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ online CV and online job application က မိမိရဲ့ career အတွက် ဖြစ်ပြီး လူကြီးမင်းရဲ့ skill တွေ၊ လူကြီးမင်းက good communicator ဖြစ်တ်ာဆိုတာကိုပါ ပြသနိုင်တဲ့အတွက် မိမိရဲ့ quality နဲ့ skill တွေကို တကယ်ပြသနိုင်တဲ့ content တွေကိုသာဖြည့်ပါလို့ အကြံပေးချင်ပါတယ်ရှင့်။

( ၃ ) နောက်တစ်ချက်ကတော့Take Your Place on a Global Stage ( အလုပ်ရှာဖွေသူတွေအနေနဲ့ မိမိကိုယ်ကို ကမ္ဘာ့အဆင့်နေရာမှာထားပါ) ဆိုတဲ့အချက်ပါ။
အလုပ်ရှာဖွေသူလူကြီးမင်းတွေကို ပြောချင်တာက အခုဆို Foreign Direct Investment company တွေကဝင်လာပြီ။ အလုပ်အကိုင်အခွင့်အလမ်းတွေက များလာသလို qualified ဖြစ်တဲ့သူတွေကိုရှာလာပြီး။ အဲ့ဒီအခါမှ ကိုယ်က international standard နဲ့လုပ်ကိုင်ရတော့မယ်။ recruiter တွေက CV ကို ရှာပြီးကြည့်တဲ့အခါမှာ English version နဲ့ကြည့်တော့မှာဆိုတော့ CV Form ကို English လို ရှင်းရှင်းလင်းပြုလုပ်ပါ။ အဲ့ဒီလိုဖန်တီးပေးတာက မိမိက international standard နဲ့အညီလုပ်နိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာ၊ English ရတယ်ဆိုတာကို ဖော်ပြတာဖြစ်တဲ့တယ်၊ နောက်ပြီး မိမိရဲ့ ဘာသာစကားအရည်အသွေးကိုလည်း ဖော်ပြတာဖြစ်တဲ့တယ်၊ အဲ့ဒါအပြင် လူကြီးမင်းက ဘယ်လိုမျိုး contribution လုပ်နိုင်တာဆိုတာဖော်ပြပြီး Professional career အတွက် အသုံးဝင်တာဖြစ်တဲ့အတွက် ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး ပြုလုပ်ရမယ်လို့ အကြံပေးချင်ပါတယ်။

( ၄ ) Make the Most of Negative Feedback ( negative feedback တွေကိုလည်း ဖော်ပြပါ)။
ဘာလို့လဲဆိုတော့ negative feedback ကလည်း လူကြီးမင်းအတွက် ကြီးမားတဲ့အခွင့်အလမ်းကိုရရှိနိုင်ပါတယ်။ Sales တွေအတွက် ပိုပြီးအကျိုးရှိမယ်ဖြစ်ပါတယ်။ sales တွေက အရမ်း optimistic ဖြစ်လို့မရဘူး။ negative feedback ကို ပါတွေးထားရတာမို့ပါ။ လူကြီးမင်းက opened-minded ဖြစ်တယ်၊ တာဝန်ယူတတ်တဲ့သူဖြစ်တယ်။ အမှားလုပ်ခဲ့ရင်လည်း မိမိရဲ့ damaged repution ကို ပြင်ဆင်ဖို့အတွက် တောင်းပန်ဖို့ ပြန်လည်ပေးဆပ်ဖို့ လုပ်နိုင်တယ်ဆိုနိုင်တယ်လို့ ယူဆနိုင်တဲ့အတွက် ဖော်ပြသင့်တယ်လို့ အကြံပေးချင်ပါတယ်ရှင်။

( ၅ ) Cultivate Valuable Contacts ဆိုတဲ့ အသုံးဝင်ပြီး တန်ဖိုးရှိတဲ့ ဆက်သွယ်ရမယ့် လိပ်စာကိုဖော်ပြပါ။
ဘာလို့လဲဆိုတော့ Online CV Reputation နှင့်ပက်သက်ပြီး အရမ်းအရေးကြီးတဲ့အရာထဲက တစ်ခုဖြစ်နေလို့ပါ။ အခုဆို တွေ့နေရတာက CV တင်တယ်။ ဖုန်းနံပါတ်အမှားတွေဖြည့်ထားတယ်။ Career တစ်ခုတည်ဆောက်ဖို့ network လိုအပ်ပါတယ်။ အဲ့ဒီ network အတွက် နာမည်၊ဖုန်းနံပါတ်တို့၊ အီးမေလ်းတို့၊ လိပ်စာတို့ဆိုက အရမ်းကိုအရေးကြီးတဲ့အတွက် မိမိရဲ့ career အတွက် မှန်ကန်တိကျတဲ့ contact ကိုလည်း ဖြည့်ပေးပြီး Online CV Reputation ကို ကောင်းမွန်အောင်ပြုလုပ်ပြီး မိမိရဲ့ Online Brand ကို တည်ဆောက်ကာ အလုပ်ရှာဖွေသူလူကြီးမင်းများ career အတွက် Online own Brand ကို ဘယ်လိုပြုလုပ်မလဲဆိုတာ သိရှိပြီး company/ recruiter များကို သက်သေပြနိုင်မယ်လို့မျှော်လင့်ပါတယ်။ ပြီးတော့ အခုဒီအချက်တွေကို မှတ်သာထားပြီး Online မှတဆင့် best online brand ကို ပြုလုပ်ပြီး career အတွက် အလုပ်အကိုင်များကို online မှတဆင့် ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း ဒီခေါင်းစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်ရှင့်။

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (45)
Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS