Jobs In Myanmar
Load...

What is suspension from work? (Part – 1)

by www.jobsinyangon.com


Tags: Knowledge-Suspension-Employee-JobsInYangon



အလုပ်မှရပ်နားခြင်း (Suspension) ဆိုသည်မှာ ဘာကိုဆိုလိုတာလဲ? (အပိုင်း - ၁)

 

ဒီတစ်ခေါက် Article မှာတော့ ကျွန်တော်တို့အတူ အလုပ်မှရပ်နားခြင်း အမျိုးအစားများနဲ့ တစ်စုံတစ်ဦးကို ထိုသို့အလုပ်မှရပ်နားခြင်း ပြုလုပ်သင့်တဲ့ အခြေအနေအရပ်ရပ်တို့အကြောင်း၊ ဘယ်အချိန်မှာ တစ်စုံတစ်ယောက်ကို အလုပ်မှယာယီရပ်နားခြင်းပြုလုပ်ဖို့ လိုအပ်လာပြီလဲ? အစရှိတဲ့အရာများကို လေ့လာကြည့်ရှုလိုက်ကြရအောင်လားခင်ဗျာ။ ဒီ Article လေးကိုတော့ အပိုင်း (၃) ပိုင်း ခွဲ၍ တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စာဖတ်သူပရိသတ်တို့အနေနဲ့ စောင့်မျှော်ဖတ်ရှုပေးကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ 

ဒီတော့ အပိုင်း (၁) အနေနဲ့ ကြည့်ရှုလိုက်ကြရအောင် . . . 


Suspension (အလုပ်မှယာယီရပ်နားခြင်း) ဆိုသည်မှာ အဘယ်နည်း? 

Suspension ပြုလုပ်ခြင်းဆိုသည်မှာ အလုပ်သို့တက်ရောက်ခြင်းကို ယာယီရပ်ဆိုင်းစေခြင်းပဲဖြစ်ပါတယ်။ စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုများကို စစ်ဆေးမှုများပြုလုပ်နေစဉ်မှာနဲ့ ထိုဝန်ထမ်းအနေနဲ့ အထက်ပါကဲ့သို့သော စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း အလုပ်သို့လာရောက်ရန် မသင့်လျှော်တဲ့အခါမျိုးတွင် ဒီအရာကို အသုံးပြုလေ့ရှိကြပါတယ်။ 

ဒါဟာ ပြစ်ဒဏ်ပေး၍ အလုပ်သို့မလာစေသောရပ်ဆိုင်းပုံမျိုးမဟုတ်ပဲ ကိစ္စတစ်ခုခုကို စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက်သီးသန့်သာအသုံးပြုရတဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ 

 

ဘယ်အခြေအနေမျိုးမှာ သင့်အနေနဲ့ ဝန်ထမ်းတစ်ဦးကို suspend ပြုလုပ်သင့်သလဲ? 

 

၁။ စာရိတ္တနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ပြားမှု 

ဒါက ဒီ article တွင် အဓိကအရေးကြီးတဲ့ဧရိယာတစ်ခုဖြစ်ပြီး တစ်စုံတစ်ဦးကို suspend ပြုလုပ်ရတဲ့အခါ အတွေ့များတဲ့ အဓိကအကြောင်းပြချက်တစ်ခုလည်းဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးရဲ့ လက်ခံနိုင်ဖွယ်ရာ မရှိတဲ့ နေထိုင်ပြုမူပုံများကို သိရှိလာရတဲ့အခါမှာ ထိုဝန်ထမ်းတစ်ဦးကို suspend ပြုလုပ်ဖို့သင့်နေပြီပဲဖြစ်ပါတယ်။ ဒီသို့ပြုလုပ်ပေးရတဲ့ အဓိကအကြောင်းကတော့ စုံစမ်းစစ်ဆေးမှုများကို မျှတစွာပြုလုပ်နိုင်စေရန်အတွက်ဖြစ်ပြီး ထိုသို့ suspend ပြုလုပ်ရန် ပျက်ကွက်ခဲ့ပါက တရားမျှတမှုနှင့် ဖြစ်ပွားလာနိုင်တဲ့ အလုပ်မှထုတ်ပယ်ခြင်းတို့အပေါ်တွင် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပါတယ်။ 

ဥပမာအားဖြင့် - ဝန်ထမ်းတစ်ဦးဟာ ငွေကြေးခိုးယူမှုဖြင့် စွပ်စွဲခံရခဲ့သည်ဆိုပါစို့။ ထိုသူကို suspend ပြုလုပ်မည့်အစား လုပ်ငန်းရှင်ဖက်တွင် ဝန်ထမ်းအခက်အခဲဖြစ်နေတဲ့အတွက် ဆက်လက်၍အလုပ်ဆင်းစေပြီး ပုံမှန်အတိုင်းငွေကြေးများကိုစီမံခန့်ခွဲခွင့်ဆက်လက်၍ပေးထားခဲ့ပါတယ်။ ရက်သတ္တပတ်အချို့ကြာတဲ့အခါမှာ အဆိုပါငွေကြေးခိုးယူမှုအား စည်းကမ်းပိုင်းဆိုင်ရာကြီးကြပ်သူများနှင့် ကြားနာမှုပြုလုပ်ပြီးနောက် အမှန်တကယ်ခိုးယူမှုပြုခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပြီး အဆိုပါဝန်ထမ်းကို စာရိတ္တပျက်စီးချိုးဖောက်မှုကြောင့် အလုပ်မှထုတ်ပယ်လိုက်ပါတော့တယ်။ 

ဒီလိုလက်မခံနိုင်သောကျင့်ဝတ်ချိုးဖောက်မှုအတွက် အလုပ်မှထုတ်ပယ်ခြင်း (dismiss) ပြုလုပ်ရာတွင် လုပ်ငန်းရှင်ဖက်မှ ဝန်ထမ်းအပေါ်သို့ပေးထားတဲ့ယုံကြည်မှုကို ဝန်ထမ်းဘက်က ချိုးဖောက်လိုက်တဲ့အတွက် လုပ်ငန်းရှင်မှာ အဆိုပါဝန်ထမ်းကို တာဝန်မှထုတ်ပယ်ပစ်ရုံမှတပါး အခြားသောနည်းလမ်းမရှိတော့တဲ့အတွက် မှန်ကန်မှုရှိပါတယ်။ 

သို့သော်လည်း လုပ်ငန်းရှင်ဖက်မှ မှားယွင်းနေတဲ့အချက်ကတော့ ထိုဝန်ထမ်းကို ငွေကြေးခိုးယူမှုဖြင့် သံသယရှိနေစဉ်အတွင်း ပုံမှန်အတိုင်း ဆက်လက်၍ ငွေကြေးစီမံခန့်ခွဲခွင့်ပေးထားခဲ့တာပဲဖြစ်ပါတယ်။ ထိုသို့ စောစီးစွာ suspend ပြုလုပ်ရမယ့်ကိစ္စတစ်ခုကို ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခုမရှိဘဲ ပျက်ကွက်ပြီးမှ အဆုံးသတ်တွင် ထိုဝန်ထမ်းကို ထုတ်ပယ်မှုပြုလုပ်တဲ့အတွက် သူတို့ရဲ့ဆုံးဖြတ်ချက်ဟာ မျှတမှုရှိရဲ့လားဆိုတာကို သံသယဝင်သွားစေနိုင်ပါတယ်။ 

နောက်ထပ်ဥပမာတစ်ခုအနေနဲ့ လုပ်ငန်းခွင်အတွင်းတွင် sexual assault ပြုလုပ်ခဲ့တဲ့တစ်စုံတစ်ဦးကို suspend ပြုလုပ်ဖို့ပျက်ကွက်ခဲ့ပါက ကျူးလွန်မှုခံရသူအပေါ် ဂရုစိုက်မှုနဲ့ တာဝန်ယူမှုတို့အပေါ် သံသယဝင်သွားစေနိုင်ပါတယ်။ 

လုပ်ငန်းခွင်အတွင်း Sexual harassment (သို့) sexual assault ပြုလုပ်ခြင်းကဲ့သို့သော ကိစ္စရပ်များတွင် ကျူးလွန်မှုပြုလုပ်ခဲ့သည်ဟု သံသယဖြစ်သူကို suspend ပြုလုပ်ဖို့ဟာ အ‌ရေးကြီးလှပါတယ်။ ဒါက အဆိုပါဝန်ထမ်းတစ်ဦးဟာ ဒီအရာကိုအမှန်တကယ်ကျူးလွန်ခဲ့တယ်လို့ ယူဆတဲ့အတွက်ကြောင့်မဟုတ်ပဲ အဆိုပါကိစ္စကို စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း တိုင်ကြားမှုပြုလုပ်ခဲ့တဲ့ ကျူးလွန်ခြင်းခံရတယ်လို့ ယူဆရသူဟာ ကျူးလွန်မှုပြုလုပ်ခဲ့တယ်လို့ယူဆရသူနဲ့အတူ တစ်မိုးအောက်တည်းတွင် ဆက်လက်၍အလုပ်လုပ်ဖို့ အတင်းအကြပ်ခိုင်းစေခြင်းခံရသကဲ့သို့ ဖြစ်နေမှာကို စိုးရိမ်ရတဲ့အတွက်ပဲဖြစ်ပါတယ်။ Suspend ပြုလုပ်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုပါက တိုင်ကြားမှုများကို အရေးတယူမရှိတာကို ဖော်ပြနေမှာဖြစ်ပြီး အနာဂါတ်တွင် ကုမ္ပဏီရဲ့ကိုင်တွယ်ဖြေရှင်းပုံများ ထိရောက်မှုရှိမရှိအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်လာစေနိုင်သလို တိုင်ကြားမှုများရှိလာခဲ့ရင်တောင်မှ အရေးတယူမရှိတဲ့အတွက် အခြားသောဝန်ထမ်းများနဲ့ client များဟာလည်း ကုမ္ပဏီအပေါ်ယုံကြည်မှုကင်းမဲ့လာမှာပဲဖြစ်ပါတယ်။ 

ရိုးရှင်းစွာပြောရမည်ဆိုလျှင် Suspension ပြုလုပ်ခြင်းဟာ အကာအကွယ်ပေးတဲ့ စနစ်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ 

 

ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲရပ်နားလိုက်ပါတယ်။ နောက်ရက်များမှာ ဆက်လက်၍ကျန်ရှိနေသေးတဲ့ အရာများကို ဆွေးနွေးတင်ပြပေးသွားဦးမှားဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
PRO 1 Myanmar Co., Ltd.

PRO 1 Myanmar Co., Ltd.

The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (14)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS