Jobs In Myanmar
Load...

စီးပွါးရေးမိတ်ဖက်ဟူသည့် အဓိပ္ပါယ်မှာ အဘယ်နည်း?

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Business-Partner-HR-JobsinYangon



စီးပွါးရေးမိတ်ဖက်ဟူသည့် အဓိပ္ပါယ်မှာ အဘယ်နည်း? 

 

စီးပွါးရေးမိတ်ဖက် တစ်ခုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ စီးပွါးရေးအရ ပူးပေါင်းမှုပြုလုပ်တဲ့ အဖွဲ့အစည်းနှစ်ခုကြားမှာ ရှိတဲ့ စာချုပ်ပါအချက်အလက်တွေအားလုံးနဲ့ အထူးသီးသန့်ကတိခန်ဝံချက်တွေ အားလုံးပါဝင်ပါတယ်။ အဖွဲ့နှစ်ခုလို့ဆိုရာမှာ စီးပွါးရေးလုပ်ငန်း တစ်ခုကို ဖန်တီးစီမံခန့်ခွဲဖို့အတွက် လက်တွဲလုပ်ဆောင်ဖို့ သဘောတူညီတဲ့ လူပုဂ္ဂိုလ်နှစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။ အဖွဲ့တွေဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိနိုင်တဲ့ ဘုံရည်ရွယ်ချက်တစ်ခုအတွက် လက်တွဲဆောင် ရွက်ဖို့အတွက် သဘောတူညီကြတဲ့ သီးခြား အဖွဲ့တွေ၊ အုပ်စုတွေ သို့မဟုတ် စီးပွါးရေး လုပ်ငန်းတွေလည်း ဖြစ်နေနိုင်ပါတယ်။

နည်းဗျူဟာစီးပွါးရေးမိတ်ဖက်တစ်ခု ဖြစ်ဖို့ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

နည်းဗျူဟာစီးပွါးရေးမိတ်ဖက်ဆိုတာက ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း တစ်ခုရဲ့ ယေဘုယျနည်းဗျူဟာ၊ ရည်မှန်းချက်ပန်းတိုင်၊လုက်ဆောင်ရန်တာဝန်တွေနဲ့ အနာဂတ်အကြောင်းကို ဆွေးနွေးပြောဆိုတဲ့နေရာမှာ ပါဝင်တဲ့ခေါင်းဆောင်တစ်ဦးဘဲ ဖြစ်ပါတယ်။ နည်းဗျူဟာစီးပွါးရေးမိတ်ဖက်ဟာ C-suite သို့မဟုတ် Executive Leadership Team ရဲ့ အဖွဲ့ဝင်တစ်ယောက်မဟုတ်ပေမယ့် သူတို့ဟာ HR (ဝန်ထမ်းရေးရာ) ဆွေးနွေးမှုတွေမှာ ဝင်ရောက်ပြောဆိုနိုင်ပါတယ်။ နည်းဗျူဟာမြောက် စီးပွါးရေးမိတ်ဖက်ဆိုတာဟာ သူတို့ရဲ့ ထင်မြင်ချက်တွေ ၊အတွေးအခေါ်အကြံဉာဏ် တွေကို တန်ဖိုးထားခြင်းခံရတဲ့ အတိုင်ပင်ခံတွေဘဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်  HR စီးပွါးရေးမိတ်ဖက်တွေကို အကြံပြုချက်တွေပေးနိုင်၊ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပြီး ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ နည်းဗျူဟာစီးပွါးရေး မိတ်ဖက်အဖြစ် သတ်မှတ်လေ့ရှိပါတယ်။

နည်းဗျူဟာစီးပွါးရေးမိတ်ဖက် အဖြစ်အသိအမှတ်ပြုခံရဖို့နဲ့ အဖွဲ့အစည်းရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်မှုတွေမှာ ဖိတ်ကြားခံရခြင်းနဲ့ ထိုက်တန်ဖို့အတွက် ဝန်ထမ်းရင်းမြစ်ဆိုင်ရာ ပရော်ဖက်ရှင်နယ်တစ်ယောက်ဟာ ကျွမ်းကျင်မှု(Skill) အချို့ နဲ့ အသိပညာဗဟုသုတ အချို့ရှိရမှာဖြစ်ပါတယ်။ ဒီပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ စီးပွါးရေးလုပ်ငန်းရဲ့ ကဏ္ဍအားလုံးနဲ့ ဌာနခွဲတွေအားလုံးအကြောင်းကို နားလည်ထားရမှာ ဖြစ်ပြီး အဲ့ဒီကဏ္ဍတွေအားလုံးကို HR အနေနဲ့ ဘယ်လိုအကျိုးပြုနိုင် တယ်ဆိုတာကိုလည်း နားလည်ထားရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ပြဿနာအခက် အခဲတွေ၊အကြံဉာဏ်တွေကို နားထောင်တဲ့ နေရာမှာနဲ့ အထူးသဖြင့် အခက်အခဲတွေကို ဖြေရှင်းဖို့နည်းလမ်းတွေ ရှာဖွေဖော်ထုတ်တဲ့ နေရာတွေမှာ ကျွမ်းကျင်ရမှာ ဖြစ်ပါတယ်။

HR စီးပွါးရေးမိတ်ဖက် နှင့် HR မန်နေဂျာ

HR စီးပွါးရေးမိတ်ဖက် နှင် HR မန်နေဂျာတွေဟာ သီးခြားကဏ္ဍတွေဖြစ်ပြီးတော့ အဖွဲ့အစည်း တစ်ခုအတွင်းမှာ ရှိတဲ့ ဝန်ထမ်းရေးရာဝန်ဆောင်မှုတွေကို ဖော်ဆောင်လုပ်ကိုင်တဲ့ ပုံစံကွဲနှစ်ခုကို ကိုယ်စားပြုပါတယ်။ HR မန်နေဂျာတာဝန်ဟာ မူပါဒဖန်တီးရေးနှင့် လုပ်ငန်းစဉ်တွေကိုပြဌာန်းဖို့ဖြစ်ပါတယ်။ ဒီရာထူးဟာ ဝန်ထမ်းလစာ ပေးချေမှု၊ ဝန်ထမ်းသစ်ရှာဖွေခြင်း၊ ဝန်ထမ်းခန့်အပ်ခြင်း၊ စနစ်စီမံခန့်ခွဲရေး နှင့် အခြား သောကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ယူရပါတယ်။ HR မန်နေဂျာဟာ HR ဌာနကို ကြီးကြပ်ကွပ်ကဲပါတယ်။

HRစီးပွါးရေးမိတ်ဖက် အနေနဲ့ကတော့ ဌာနတစ်ခုကို ကြီးကြပ်ကွပ်ကဲဖို့တာဝန်မရှိပါ။ သူတို့ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ကုမ္ပဏီနည်းဗျူဟာတစ်ခုလုံးကို လမ်းညွှန် ပေးဖို့နဲ့ ဆက်သွယ်ပေးဖို့အတွက် ကုမ္ပဏီရဲ့ အကြီးတန်းခေါင်းဆောင်မှုဆိုင်ရာအဖွဲ့ နှင့် ဌာနဆိုင်ရာ မန်နေဂျာတွေနဲ့အတူ တွဲဖက်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ HR စီးပွါးရေး မိတ်ဖက်ဟာ HR ဆိုင်ရာပြဿနာတွေနဲ့ ပဏာမလုပ်ဆောင် ချက်တွေ (သို့မဟုတ် ဝန်ထမ်းအရည်အသွေးတွေ) နဲ့ ပတ်သက်ပြီး Executive Team တိုင်ပင်အကြံပေးတဲ့ အခါမှာ HR ဌာနနဲ့ လက်တွဲလုပ်ဆောင်ပါတယ်။ သူတို့ဟာ အဖွဲ့အစည်းတစ်ခုလုံး အပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်တဲ့ HR ပဏာမလုပ်ဆောင်ချက် (သို့မဟုတ် ဝန်ထမ်းအရည်အသွေး)  နှင့် နည်းဗျူဟာတွေ ဖန်တီးတဲ့နေရာမှာလည်း ပါဝင်လုပ်ဆောင်နိုင်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)
Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS