Jobs In Myanmar
Load...

What is the Recruitment and why is it so important.

by Admin


Tags: talents career job description hiring process candidate work



အားလုံးပဲ မင်္ဂလာပါရှင်။ အခုဆိုရင် City FM နဲ့ www.jobsinyangon.com တို့ ပူးပေါင်းတင်ဆက်နေကြဖြစ်တဲ့ Career Knowledge အစီအစဉ်ကို တင်ဆက်ဖို့အချိန်ကျရောက်လာပါပြီရှင်။ ဒီအစီအစဉ်ကို အတွက် www.jobsinyangon.com မှ Senior Sales Manger မညိုလဲ့နှင့် ကျမ မအေးချမ်းမွန်တို့မှ ပူးပေါင်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

မအေးချမ်းမွန်။ ညိုလဲ့။ ဟုတ်ကဲ့မ။ အရင်ပတ်တွေတုန်းကတော့ Recruitment Advice အနေနဲ့ လစ်လပ်ရာထူးအတွက် Job Announcement သို့မဟုတ် Job Description ကို ဘယ်လိုကောင်းမွန်အောင်ပြုလုပ်မလဲ ဆိုတာကို တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။ ဒီတစ်ပတ်မှာရော ဘယ်လိုခေါင်းစဉ်နဲ့တင်ဆက်ဖို့စဉ်းစားထားလဲ။

ညိုလဲ့။ ဟုတ်ကဲ့ပါ မ။ ဒီတစ်ပတ်အတွက်တင်ဆက်ဖို့ရွေးချယ်ထားတာက Recruitment ( ဝန်ထမ်းရွေးချယ်ခန့်အပ်ခြင်း) ဆိုတာကဘာလဲ။ Recruitment Process မှာ ပါဝင်တဲ့အကြောင်းအရာကို  တင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်။

မအေးချမ်းမွန်။ ဒါဆို ဒီခေါင်းစဉ်ကိုတင်ဆက်ဖို့ရွေးချယ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါအုံး။

ညိုလဲ့။ ဟုတ်ကဲ့ပါ။ ညိုလဲ့တို့ JobsInYangon.com ကလည်း recruitment Service ကို ပေးနေတယ်။ ဝန်ဆောင်မှုကို ပေးပြီးနောက်မှာ After Sales service အနေနဲ့ Pre-selection လုပ်ပြီး ဝန်ထမ်းတွေကို ညိုလဲ့တို့ရဲ့ clients တွေဆီကို ရွေးချယ်ပေးရတယ်။ အဲ့ဒီအခါမှာ မှန်ကန်တဲ့ ဝန်ထမ်းကို ရွေးချယ်ဖို့က အရမ်းကို ခက်ခဲတဲ့ ပညာရပ်တစ်ခုဖြစ်ပြီး Organization အတွက် အရေးကြီးတာကို တွေ့ရတယ်။ Recruitment ကို ပေါ့ပေါ့တန်တန်လုပ်လို့မရတာတွေကိုလည်းတွေ့ရတယ်။ အဲ့ဒီတော့ ညိုလဲ့စဉ်းစားမိတာက ဒီတစ်ပတ်အတွက်တော့ Human Resourcement Management ထဲက တစ်ခုဖြစ်တဲ့ Recuritment ဆိုတာဘာလဲ၊ Recruitment  Process အတွက်  လိုအပ်တာတွေကို  တင်ဆက်ရင်ကောင်းမှာပဲလို့တွေးမိပြီး ဒီတစ်အတွက် တင်ဆက်မယ့်ခေါင်းစဉ်အဖြစ်ရွေးချယ်ခဲ့တာပါ။

မအေးချမ်းမွန်။ ညိုလဲ့ရေ။ ညိုလဲ့ပြောတဲ့အထဲမှာ Recruitment ကHuman Resource Management ထဲက တစ်ခုဆိုတော့ Human Resource Management မှာ အပိုင်းဘယ်နှပိုင်းရှိတာလဲ။ ခေါင်းစဉ်ကို မပြောခင် အဲ့ဒါလေးကို City FM ရဲ့ ပရိတ်သတ်ကြီးသိသွားအောင်ပြောပြပေးပါလား?

ညိုလဲ့။ ဟုတ်ကဲ့ပါမ။ Human Resource Management ( လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာစီမံခန့်ခွဲမှု) က company အတွက် အရေးကြီးဆုံးတွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Human Resource Management မှာ အခြေခံကျတဲ့ အပိုင်း ၄မျိုးရှိပါတယ်။

1. Hiring & Recruitment

2. Compensation & Benefits

3. Training and Development

4. Performance Management တို့ဖြစ်ပြီး ညိုလဲ့အခုတင်ဆက်ပေးသွားမယ့်အပိုင်းကတော့ Hiring နှင့် Recruitment ဖြစ်ပါတယ်။

မအေးချမ်းမွန်။ ဟုတ်ပါပြီ။ ဒါဆို Human Renouncement နဲ့ပက်သက်ပြီး အခြေခံအားဖြင့် ၄ မျိုးရှိတာပေါ့နော်။ ဒါကမှတ်သားဖွယ်ရာပါပဲ။ ဒါဆိုဒီနေ့အတွက်  Human Resource Management ထဲက တစ်ခုဖြစ်တဲ့ Recruitment အပိုင်းဖြစ်တဲ့ ဒီနေ့ရဲ့Topic ကိုလည်း ဆက်လက်ပြီးပြောပြပေးပါအုံး။

ညိုလဲ့။ ဟုတ်ကဲ့ပါမ။ ပထမဆုံးအနေနဲ့ ဝန်ထမ်းရှာဖွေခန့်ထားခြင်းဖြစ်တဲ့ Recruitment ဆိုတာ ဘာလဲဆိုတာကို ပြောပြချင်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတစ်ခုမှာ အရည်အသွေးပြည့်ဝတဲ့ဝန်ထမ်းတွေ နေရာမှန်ဌာနအမှန်မှာရှိနေတာက လုပ်ငန်းအတွက် တန်ဖိုးအရှိဆုံးဖြစ်ပြီး လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အရည်အသွေးပြည့်ဝတဲ့ ဝန်ထမ်းတွေကိုလိုအပ်ပါတယ်။ အဲ့ဒီတော့ Recruitment ဆိုတာက အချိန်မှန် နေရာမှန်မှာ မှန်ကန်ပြီးသင့်လျော်တဲ့ အရည်အသွေးပြည့်ဝတဲ့ ဝန်ထမ်းကို ရှာဖွေခန့်ထားခြင်းပြုလုပ်ရတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Recruitment က လုပ်ငန်းအဖွဲ့အစည်းအတွက် အရမ်းကို အရေးကြီးပါတယ်။ Recruitment က HR Team အတွက်သာမက ဝန်ထမ်းခန့်အပ်တဲ့ hirirng process မှာ ပါဝင်တဲ့  Line Manager တွေအတွက်ပါအရမ်းကို အရေးကြီးပါတယ်။  Recruitment Activities မှာပါဝင်နေတဲ့ သူအားလုံးမှာ သင့်လျော်တဲ့ skill နဲ့ knowledge တွေရှိဖို့ကလည်း လိုအပ်ပါတယ်။  Recruitment Process အတွက် ပါဝင်တဲ့အကြောင်းအရာကိုလည်း ညိုလဲ့က ထပ်ပြေပြပေးချင်ပါသေးတယ်။

၁. Defining the role ဖြစ်တဲ့ ဝန်ထမ်းခန့်ဖို့အတွက် လိုအပ်နေတဲ့နေရာကို သတ်မှတ်ခြင်း

၂။ Attracting the applications ဖြစ်တဲ့ လျှောက်လွှာများရရှိအောင် ပြုလုပ်ခြင်း

၃. Managing the applications ဖြစ်တဲ့ ရရှိလာတဲ့ လျှောက်လွှာတွေကို စီမံခန့်ခွဲခြင်း

၎။ Making Apppointment ဖြစ်တဲ့ လူတွေ့မေးမြန်းခြင်းတို့ဖြစ်ပါတယ်။

မအေးချမ်းမွန်။ ဒါဆို အဓိက ၄ ပိုင်းပေါ့နော်။ ဒီ၎ ပိုင်းကို လည်း အကျယ်ရှင်းပြပေးပါအုံးညိုလဲ့။

ညိုလဲ့။ ဟုတ်ကဲ့မ။ Defining the Role က ပထမတစ်ဆင့်အနေနဲ့ Job Analysis ကို ပြုလုပ်ရမှာပါ။ လက်ရှိရာထူးအတွက်ပဲဖြစ်ဖြစ် ရာထူးအသစ်အတွက်ပဲဖြစ်ဖြစ်  ဝန်ထမ်းမရှာခင်မှာ အလုပ်သဘာဝအတွက် လိုအပ်တဲ့ အချက်အလက်တွေကိုစုဆောင်းဖို့ အချိန်ယူရတာက အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လစ်လပ်ရာထူးအတွက် ရည်ရွယ်ချက်ကို စဉ်းစားရသလို တာဝန်ကိုလည်း စဉ်းစားရတဲ့အပြင် organization ရဲ့ structure နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ကလည်း အရေးကြီးလို့ပါ။ Job Analysis ကနေပြီး Job Profile ဖြစ်တဲ့ Job Description နဲ့ Person Specification တို့ကို ပြုလုပ်ရမှာဖြစ်ပါတယ်။ Job Description က အလုပ်လျှောက်မယ့် သူတိုတွေကို ရှင်းပြခြင်းဖြစ်ပြီး အလုပ်အတွက်လိုအပ်တဲ့ လိုအပ်ချက်တွေကိုလည်း ရှင်းရှင်းလင်းလင်းဖော်ပြတဲ့ လမ်းညွှန်ချက်လည်းဖြစ်ပါတယ်။ ပြီးတော့ Recruitment Process ကိုလည်း အကူအညီအရမ်းပေးပါတယ်။ အရင်အပတ်တွေက Job Description ပက်သက်ပြီး ညိုလဲ့ပြောခဲ့တယ်ဆိုတော့ အချိန်ကန့်သတ်ချက်အရ ညိုလဲ့ အကျယ်မရှင်းတော့ပါဘူးမ။ အဲ့ဒီတော့ ညိုလဲ့က Person Specification ကို ဆက်ပြီးသွားပါ့မယ်။ Person Specification ကတော့ ဒီအလုပ်ကို လုပ်မယ့်သူဆီ လိုအပ်တဲ့ Cretia ဖြစ်ပါတယ်။ ဒီ အလုပ်ကို လုပ်ဖို့ ကျွမ်းကျင်မှုဘယ်လောက်ရှိရမယ်၊ competencies ဘယ်လောက်ရှိရမယ်ဆိုတာကို ဖော်ပြခင်းဖြစ်ပြီး Role တစ်ခုကို သတ်မှတ်တဲ့အခါမှာ လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။

မအေးချမ်းမွန်။ ဒါဆို Role တစ်ခုကို သတ်မှတ်တဲ့အခါ Job Analysis တွေလုပ်ပြီး Job Description မှာပါဝင်တဲ့ Job Profile နဲ့ Person Specification တို့ကို ပြုလုပ်ဖို့လိုအပ်တာပေါ့နော်။ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်ညိုလဲ့။ နောက်ထပ် နံပါတ် ၂ ဖြစ်တဲ့ လျှောက်လွှာများရရှိအောင်ပြုလုပ်ခြင်း ကိုလည်း ဆက်လက်ပြောပြပေးပါအုံး

ညိုလဲ့။ နံပါတ် ၂ ဖြစ်တဲ့ Attracting Applications ကို ပြောရမယ်ဆိုရင် ပထမအဆင့်အနေနဲ့ candidate တွေ စိတ်ဝင်စားမှုရှိအောင်ပြုလုပ်ရမှာပါ။ အဲ့ဒီတော့ ဘယ်လိုနည်းလမ်းတွေသုံးမလဲဆိုရင်။

နံပါတ်၁- Internal Method ကို သုံးပါ။ ညိုလဲ့ဒီနေရာမှာ ပြောချင်တာက recruiting လုပ်တဲ့အခါ internal talent တွေကို မေ့မထားပါနဲ့။ Internal Candidate တွေကို Career Development ပေးတာက Employee Engagement အတွက်ရော၊ Retention အတွက်ရော Succession Plan အတွက်ပါအရးပါတာမို့ Internal Method ကို သုံးဖို့ ညိုလဲ့က အကြံပြုချင်ပါတယ်။ ဒီနေရာမှာ ညိုလဲ့ပြောချင်တာက Internal Talent တွေကို ရှာဖွေဖို့အတွက် cut-e နဲ့ Partner ဖြစ်တဲ့ ညိုလဲ့တို့ရဲ့  Roger Quest Candidate Assessment က အရမ်းကို အထောက်အကူပြုပါတယ်လို့လည်း ကြားဖြတ်ပြီး ကြော်ငြာဝင်လိုက်အုံးမယ်နော်မ။

မအေးချမ်းမွန်။ ဟုတ်ပါတယ်။ ဒါကိုတော့ အမလည်းပြောချင်ပါတယ်။ ညိုလဲ့ရဲ့ အရင်အပတ်က Online Assessment က Operational HR Management အတွက်ရော Strategic HR Management အတွက်ရော အသုံးဝင်တယ်ဆိုတာက သိထားတဲ့အတွက် ဆက်စပ်မှုတွေကရှိနေတယ်နော်။ ဒါဆို နံပါတ်၂ ကရော ဘယ်လိုနည်းလမ်းဖြစ်မလဲ?

ညိုလဲ့။ ဟုတ်ကဲ့ပါမ ။ နောက်တစ်ခုကတော့ Employee Referral ကို သုံးပါ။ အဲ့ဒါကဘာလဲဆိုတော့ ဝန်ထမ်းတွေအချင်းချင်းက ဘယ်သူကဘယ်မှာလုပ်နေတယ် ဆိုတာကို သိကျတယ်။ ဝန်ထမ်းက right candidate ကို မိတ်ဆက်ပေးနိုင်ရင်  အဲ့ဒီအတွက် အခကြေးငွေကို ဆုကြေးအဖြစ်ပေးကျတယ်။ Application ရဖို့အတွက် Employee  Referral ကိုလည်းသုံးပါလို့ ပြောချင်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ External Method ဖြစ်တဲ့ Employment Agencies, Online Jobboard တို့ကိုလည်းသုံးပါ။ Online Job Board ဆိုတာက ဥပမာပေးရရင် ညိုလဲ့တို့ www.jobsinyangon.com မှာဆိုရင် Job Posting တွေ၊ CV Database ကနေ CV ရှာပြီး recruiting လုပ်တာတွေပါ။ Online Recruitment က ပြောရရင် Recruiting အတွက် Cost Saving ဖြစ်ယုံသာမက Employer Branding အတွက်ပါအထောက်အကူပြုပါတယ်။ ဥပမာ ညိုလဲ့တို့မှာဆို Employer Branding အနေနဲ့ Eleven Media, MRTV-4 တို့နဲ့ Media Alliance တွေရှိတယ်။ အခု City FM ရှိတယ်။ ဒါ တွေက Employer Branding ကိုသာမက Application ရဖို့ကိုလည်း အရမ်းကို အထောက်အကူပြုပါတယ်လို့။ ကြုံတုန်း ညိုလဲ့တို့ JIY မှာ Special Promotion တွေရှိလို့ ဝန်ထမ်းခန့်ဖို့လိုနေရင် ညိုလဲ့တို့ရဲ့ JIY ကို January မှာ အမြန်ဆုံးဆက်သွယ်ပါလို့ သတင်းကောင်းပေးချင်ပါတယ်မ။  

မအေးချမ်းမွန်။ ကဲ promotion ကို လည်း သတင်းပေးရင်း အခု ညိုလဲ့ပြောသွားတဲ့ နည်း ၃ နည်းကတော့ application တွေရအောင်လုပ်တဲ့နည်းလမ်းတွေပေါ့နော်။

ညိုလဲ့။ ဟုတ်ကဲ့ပါမ။ ညိုလဲ့ ကျန်နေတာတွေကို ဆက်ပြီးပြောသွားအုံးမယ်နော်မ။

အခု နံပါတ်သုံးအနေနဲ့ကတော့ application တွေကို စီမံခန့်ခွဲတာပါမ။

Application ကို manage လုပ်တဲ့အခါမှာ နည်းနှစ်နည်းရှိတယ်။ Application Form ကို သုံးမလား၊ ဒါမှမဟုတ် CV ကို လက်ခံမလား။ Application Form ကတော့ Format အတွင်းမှာ information ဖြည့်ခိုင်းပြီး CV ကတော့ candidate တွေ သူတို့ကို သူတို့ရောင်းဖို့အတွက် information ပိုပြီး ဖော်ပြနိုင်အောင် အခွင့်အရေးပေးတာဖြစ်ပါတယ်။ Application ကို ကိုယ်တွယ်တဲ့အခါ Recruitment Process ထဲမှာပါဝင်တဲ့သူကို ပြပြီး ထိန်းသိမ်းထားသင့်ပါတယ်။ နောက်ပြီး Candidate Experience က organization နဲ့ သင့်လျော်မှုရှိလားဆိုတာကိုလည်း စဉ်းစားရမယ်။

အလုပ်လျှောက်ရက်သတ်မှတ်ချိန်ကျော်သွားပြီဆိုရင် Candidate ကို selection လုပ်ဖို့ application တွေကို စီစစ်ရတော့မယ်။စီစစ်ပြီး အင်တာဗျူးချိန်းတော့မယ်ဆိုရင် ၈ယောက်လောက်ကို ရွေးထားစေချင်ပါတယ်။ တကယ်တော့ ၄ ယောက် ၅ ယောက်လောက်က အများဆုံးinterview နိုင်မှာပါ။ 8 ယောက်လောက်ရွေးချယ်ခိုင်းတာက အခုဆို interview ကို ပျက်ကွက်တဲ့သူတွေများလာတာမို့ အနည်းဆုံး ၄ ယောက်လောက်ကျန်အောင် စီစစ်ရွေးချယ်ခိုင်းထားခြင်းဖြစ်ပါတယ်။

Candidate ကို အင်တာဗျူးတဲ့သူက ရွေးချယ်သင့်ပြီး Person Specification နဲ့ တိုက်ပြီး ရွေးချယ်သင့်ပါတယ် သင့်လျော်တဲ့သူကို ရွေးချယ်ပြီး အင်တာဗျူးခေါ်သင့်ပါတယ်လို့ ပြောချင်ပါတယ်။

မအေးချမ်းမွန်။ နောက်ဆုံးအဆင့်ကိုလည်း ပြောပေးပါအုံး။

Making Appointment ကတော့ အင်တာဗျူး( လူတွေ့စစ်ဆေးမေးမြန်းပြီး  သင့်လျော်မှုရှိမရှိစစ်မယ်။ အမှတ်တွေပေးမယ်။ သင့်လျော်တယ်လို့ထင်ပြီး offer လုပ်တော့မယ်လို့ဆုံးဖြတ်ထားရင် offer မလုပ်ခင် Pay slip တွေ အရင်အလုပ်က reference တွေ စတာတွေကို လုပ်ပြီးမှ Employment Offer ပို့တာကိုလုပ်မယ်။ Organization ကို Join ဖို့ well- plannend တွေလုပ်ပြီး Documentation ဖြစ်တဲ့ ဝန်ထမ်းအတွက် Personal Profile တွေကို ပြင်ဆင်ခြင်းတို့က Recruitment Process တွေဖြစ်ပါတယ်လို့ပြောကြားရင်း ဒီတစ်ပတ်အတွက် ခေါင်းစဉ်ကို နိဂုံးချုပ်ချင်ပါတယ်။

မအေးချမ်းမွန်။ ဒါဆို Recruitment က Organization အတွက် တော်တော်အရေးကြီးတာပဲနော်။ ဒီလို ပြည့်ပြည့်စုံစုံ ပြောပြပေးတဲ့ www.jobsinyangon.com မှ Senior Sales Manager မညိုလဲ့ကို လည်း အထူးကျေးဇူးတင်ပြီး City FM ရဲ့ Career Knowledge ကို နားထောင်နေတဲ့ ပရိတ်သတ်ကြီးလည်း ဒီတစ်ပတ်ရဲ့ ခေါင်းစဉ်ကို နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Lan Thit Innovation Co., Ltd

Lan Thit Innovation Co., Ltd

..We, as Lan Thit Innovation Technology, provide services like recruiting, outsourcing and brand marketing to our clients. We also assist the jobseekers in finding the right opportunity for them. We ...
Show the postings (37)
Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
KND Corporation Co., Ltd

KND Corporation Co., Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS