Jobs In Myanmar
Load...

အလုပ်လျှောက်သူတစ်ယောက်ကို ပယ်ချရာတွင် မလုပ်ရမည့်အရာများ

by Admin


ချိတ်ဆွဲရန်စာတန်း: reject candidate interview job search



သင်ဟာ recruitment နဲ့ပတ်သတ်တဲ့ တာဝန်တစ်ခုခုကို ထမ်းဆောင်နေသူတစ်ယောက်၊ သို့မဟုတ်၊ HR manager တစ်ယောက်ဖြစ်မယ်ဆိုရင် သင့်အနေနဲ့ ကြုံတွေ့နိုင်မယ့်အရာကတော့ အလုပ်လျှောက်သူတွေကို ငြင်းဆန်ရမယ့်အရာပါပဲ။ အင်တာဗျူးလာဖြေသူတိုင်းဟာ သင့်လုပ်ငန်းခွင်လိုအပ်ချက်၊ လျှာထားချက်နဲ့ ကိုက်ညီသူတွေဖြစ်ချင်မှဖြစ်နိုင်မှာပါ။ အဆင်မပြေတဲ့သူတွေကို ငြင်းဆန်ဖို့ဟာ သင့်တာဝန်ဖြစ်လာသလို၊ အဲ့လိုငြင်းဆန်တာဟာလည်း လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါဆိုသင့်အနေနဲ့ အလုပ်လာလျှောက်သူ တစ်ယောက်ကို စိတ်တိုင်းမကျလို့ ငြင်းဆန်တော့မယ်ဆို ဘယ်လိုအရာတွေကိုတော့ မပြုလုပ်သင့်ဘူးလည်း ဆိုတာတော့ သိထားရဖို့ ဆက်ဖတ်ကြည့်ရအောင်။

အချိန်အကြာကြီးမဆွဲထားပါနဲ့။

သင့်ရဲ့လုပ်ငန်းခွင်နဲ့သင့်တော်မယ့်သူတစ်ယောက်ကို ရွေးချယ်ဖို့ဆိုတာ အရမ်းတော့လွယ်ကူတဲ့အလုပ် မဟုတ်သလို၊ အချိန်ခဏလေးအတွင်းလည်း ဆုံးဖြတ်ဖို့ခက်ခဲမှာပါ။ ဒါပေမယ့်လည်း အချိန်အကြာကြီး ယူပြီးတော့စဉ်းစားဖို့လည်း မသင့်ပါဘူး။ လတ်တလောပြုလုပ်ထားတဲ့ စစ်တမ်းများအရ အလုပ်လျှောက်သူ ၉၀ ရာခိုင်နှုန်းဟာ အလုပ်အင်တာဗျူးဖြေအပြီး ၂ ပါတ်အတွင်းကို ပြန်စာရရှိဖို့အတွက် မျှော်လင့်လေ့ရှိကြပါတယ်။ အဲ့အချိန်အတောအတွင်း အကြောင်းပြန်ခြင်းမရှိရင် သူတို့တွေဟာ အဲ့အလုပ်ကိုမရတော့ဘူးလို့သတ်မှတ်လေ့ ရှိပါတယ်။ ဒါ့အပြင် အချိန်အကြာကြီးဆွဲပြီး အကြောင်းမပြန်တာဟာ တစ်ဖက်လူကိုလည်း မျှော်လင့်ချက်တွေ ပေးထာရာ ရောက်သလို၊ သူ့အနေနဲ့လည်း သင့်ဆီက ပြန်စာကို စောင့်မျှော်နေမှာအမှန်ပါပဲ။ ဒါကြောင့် သင့်အနေနဲ့ သူ့ကိုမရွေးချယ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် သင့်ရဲ့အဖြေက သာယာနာပျော်ဖွယ်မဟုတ်တောင် အကြောင်းပြန်စာအတွက် အချိန်အကြာကြီးဆွဲမထားသင့်ပါဘူး။

လျစ်လျူမရှုထားပါနဲ့။

အချိန်ဆွဲထားတာထက်ပိုဆိုးတဲ့အရာကတော့ လျစ်လျူရှုပြီး အကြောင်းပြန်စာကို မပို့တော့တာပါ။ အဲ့လိုပြုလုပ်တာဟာ သင့်လုပ်ငန်းနဲ့ သင့်ရဲ့ ပုံရိပ်ကို ထိခိုက်စေမှာကတော့ အသေအချာပါပဲ။ တစ်ဖက်က စောင့်မျှော်နေမယ့်သူကို မလေးစားရာရောက်သလို၊ သင့်ရဲ့ တစ်ဖက်သားအပေါ် တန်ဖိုးထားမှုမရှိခြင်းလည်း ပေါ်လွင်စေတဲ့အရာဖြစ်ပါတယ်။ စစ်တမ်းများအရလည်း အကြောင်းပြန်စာလုံးဝမရရှိတဲ့ အလုပ်လျှောက်ထားသူတွေရဲ့ သုံးပုံတစ်ပုံဟာ အဲ့ဒီလုပ်ငန်းမှ ထုတ်ကုန်၊ သို့မဟုတ် ဝန်ဆောင်မှုကို အသုံးမပြုချင်လောက်တော့တဲ့ စိတ်မျိုးအထိဖြစ်ပေါ်တယ်လို့ ထွက်ဆိုပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ငြင်းဆန်မယ်ဆိုရင် ပြတ်ပြတ်သားသားသာ ငြင်းဆန်လိုက်ပါ။ ငြင်းဆန်လိုက်တာဟာ မျှော်လင့်ချက်တွေ အကြာကြီးပေးပြီး ပြန်စာမရတဲ့ခံစားချက်ထက် အများကြီးပိုမိုသာလွန်တဲ့အရာမို့လို့ပါ။

 

တစ်ချိန်လုံး copy, paste မလုပ်ပါနဲ့။

သင်ဟာ ငြင်းဆန်တဲ့အကြောင်း အီးမေးလ်ဖြင့်အကြောင်းပြန်တော့မယ်ဆိုရင် မလွဲမသွေရင်ဆိုင်ရမှာကတော့ အကြောင်းပြန်မယ့် စကားလုံးပါပဲ။ အဲ့ဒီအကြောင်းပြန်တဲ့အလုပ်ဟာလည်း တကယ်တော့ သင့်ရဲ့အချိန် တော်တော်များများကို ကုန်ဆုံးစေတဲ့အရာဖြစ်ပေမယ့်လည်း သင့်အနေနဲ့ ဖြစ်နိုင်ရင် သေချာအချိန်ယူပြီး ပြုလုပ်ပေးသင့်ပါတယ်။ နမူနာတစ်ခုရေးထားပြီးတော့ လူတိုင်းကို အဲ့နမူနာအတိုင်းပဲ ကူးယူပြီး ပြန်စာပို့ပေးတာမျိုးထက် လူတစ်ယောက်ချင်းစီအပေါ် အချိန်အနည်းငယ်ပေးပြီး သူ့ရဲ့ အားနည်းချက် သဘောမျိုးတွေကို စာသားတစ်ကြောင်း နှစ်ကြောင်းစာလောက် သင့်ရဲ့အကြောင်းပြန်စာထဲမှာ ထည့်သွင်းရေးသားပေးခြင်းဟာ ကောင်းမွန်တဲ့အလေ့အထတစ်ခုဖြစ်သလို တစ်ဖက်လူအပေါ်ကိုလည်း သင့်ရဲ့ အလေးထားမှုကို ဖော်ပြရာရောက်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီစာရေးသားခြင်းအတွက်လည်း လူတစ်ယောက်အတွက်ကို အချိန်မြောက်မြားစွာအသုံးပြုတာမျိုးတော့ ရှောင်ကျဉ်ပါ။ သင့်မှာ သင့်လုပ်ငန်းအတွက် တခြားလုပ်စရာများစွာရှိနေပါသေးတယ်။

ပွင့်ပွင့်လင်းလင်းပြောပါ။

သင့်အနေနဲ့ အပေါ်မှာဖော်ပြထားသလို လူတစ်ယောက်ချင်းစီကို အချိန်ပေးပြီး ပြန်စာပို့မယ်ဆိုရင် အရေးကြီးလာတဲ့အရာကတော့ ပွင့်လင်းမှုရှိဖို့ပါပဲ။ သူ့ရဲ့အားနည်းချက်တွေကို ပြောရာမှာ သင့်အနေနဲ့ ပွင့်ပွင့်လင်းလင်းမရှိပဲ လိမ်ညာပြောဆိုမယ်ဆိုရင် တစ်ဖက်သားအနေနဲ့လည်း သူ့ရဲ့အားနည်းချက်ကို သိရှိနိုင်မှာမဟုတ်ပဲ သူ့အမှားကို ပြင်ဆင်မိမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ စေတနာနဲ့ အကြံပေးခြင်းမျိုးဟာ သူ့အတွက်အသုံးဝင်ခြင်းမရှိတော့ရင်လည်း သင့်ရဲ့စေတနာတွေ သင်အသုံးပြုလိုက်ရတဲ့ အချိန်တွေဟာ အသုံးဝင်မှာမဟုတ်ပါဘူး။ သတိထားရမယ့်အချက်ကတော့ တစ်ဖက်လူရဲ့ CVကို၊ ဒါမှမဟုတ်၊ သူ့မှာရှိတဲ့ အားနည်းချက်အချို့ကို ထောက်ပြဝေဖန်တာဟာကောင်းမွန်တဲ့အချက်ဖြစ်ပေမယ့်၊ ထဲထဲဝင်ဝင် အပြစ်တင်တဲ့ သဘောမျိုးဖြစ်သွားရင်တော့ တစ်ဖက်သားအတွက် အထင်အမြင်လွဲစရာဖြစ်ပြီး သင့်ရဲ့စေတနာဟာ ဝေဒနာ ဖြစ်သွားတတ်ပါတယ်။

တစ်ချိန်က သင်လည်း အလုပ်ရှာသူတစ်ယောက်ပါပဲ။

သင့်အနေနဲ့ အပေါ်က ဖော်ပြထားတဲ့အရာတွေကို လုပ်ဖို့အတွက် အချိန်မရှိ၊ သို့မဟုတ်၊ စိတ်ပါဝင်စားခြင်း မရှိရင်တောင် သင်မမေ့သင့်တဲ့အရာကတော့ သင်လည်းတစ်ချိန်က အခုအလုပ်လျှောက်ထားသူတွေလို အလုပ်ရှာခဲ့ဖူးတဲ့သူတစ်ယောက်ပါပဲ။ သင်လည်းတစ်ချိန်က အလုပ်လျှောက်တဲ့ ကုမ္ပဏီတွေမှ အကြောင်းပြန်စာကို မျှော်လင့်ဖူးမှာပါ။ ဒါ့ကြောင့်သင့်အနေနဲ့ ကိုယ်ချင်းစာစိတ်နဲ့ တစ်ဖက်သားကို ကောင်းမွန်တဲ့အကြံဥာဏ်မျိုးပေးခြင်းဟာ သင့်အတွက်ကြီးကျယ်တဲ့အရာဖြစ်ချင်မှဖြစ်ပေမယ့် တစ်ဖက်သား အတွက်တော့ သင့်ရဲ့ အကြံဥာဏ်တွေဟာ သင့်ရဲ့တစ်ဖက်သားအပေါ်ဆက်ဆံတဲ့ လေးစားမှုကိုပြသမှာဖြစ်သလို၊ သူ့အတွက်လည်း အသုံးဝင်တဲ့အရာတွေဖြစ်နိုင်ပြီး အထောက်အကူဖြစ်မှာပါ။

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS