Jobs In Myanmar
Load...

Who is a Social Media Executive? (Part - 1)

by www.jobsinyangon.com


Tags: Knowledge-SocialMedia-Executive-General-JobsinYangon



Social Media Executive ဆိုတာဘယ္လိုလူမ်ိဳးကို ဆိုလိုတာလဲ (အပိုင်း - ၁)

မင်္ဂလာပါ၊ ကျွန်တော်တို့ jobsinyangon.com အဖွဲ့သားများမှ ဒီနေ့အတွက် တင်ဆက်ပေးမယ့်အကြောင်းအရာ ကတော့ Social Media Executive ဆိုသူများအကြောင်းပဲဖြစ်ပါတယ်။ သူတို့ဟာ ဘယ်လိုလူတွေကိုခေါ်တာလဲ၊ ဘယ်လိုအလုပ်တာဝန်တွေကိုထမ်းဆောင်ရသလဲဆိုတာကို အပိုင်း (၃) ပိုင်းခွဲပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ရက်များတွင်လည်း အပိုင်း (၂) နဲ့ (၃) ကို စောင့်မျှော်ဖတ်ရှုကြဖို့ မမေ့ကြပါနဲ့နော်။ 

Social Media Executive ဆိုသူမှာ လုပ်ငန်းတစ်ခု၏ လူမှုကွန်ယက်မီဒီယာလုပ်ဆောင်ချက် (social media activity) များ အားလုံးကို ကိုင်တွယ်ဆောင်ရွက်ပေးရသူတစ်ဦးဖြစ်ပါသည်။ ထို social media activity များမှာ-လူမှုကွန်ယက်မီဒီယာ စည်းရုံးလုပ်ဆောင်ချက် (social media campaign) များ၊ အရောင်းမြှင့်တင်ရေး (promotion) များနှင့် လူမှုကွန်ယက်မီဒီယာကြော်ငြာလှုံ့ဆော်ရေးများ (social media ad campaign) များတို့ ဖြစ်ကြပါသည်။ 
Social Media Executive များသည် လူမှုကွန်ယက်မီဒီယာချန်နယ်များဖြစ်သည့် Facebook, Twiter, Instagram, LinkedIn အစရှိသည့်နေရာများတွင် ပုံမှန်ပို့စ်များနှင့် သတင်းအချက်အလက်များတင်ပေးရန်အတွက် တာဝန်ရှိသူ တစ်ဦးဖြစ်ပါသည်။ သူသည် ကုမ္ပဏီ၏ အကောင့်များအားလုံးကို ဝင်ရောက်ခွင့်ရှိသူတစ်ဦးဖြစ်သည့်အတွက် ယုံ ကြည်မှုအားဖောက်ဖျက်သွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် သေခြာစွာ စီစစ်ပြီးမှသာလျှင် ရွေးချယ်သင့်ပါသည်။ 

၁။ Brand Awareness တည်ဆောက်ခြင်း (သို့) Social Media အားအသုံးချ၍ မိမိတို့၏ကုန်ပစ္စည်းအမှတ်တံဆိပ် အား လူသိများလာစေရန်အတွက်လုပ်ဆောင်ခြင်း 
အလုပ်စတင်သည့်အခါတွင် Social Media Executive အဓိကလုပ်ငန်းတာဝန်မှာ မိမိတို့၏ကုန်ပစ္စည်းအမှတ် တံဆိပ်အားလူသိများလာစေရန်အတွက်နည်းဗျူဟာများကိုအသုံးပြုကာ Brand Awareness တစ်ခုတည်ဆောက် ခြင်းပင်ဖြစ်ပါသည်။ အခြေခံခိုင်မာပြီးသော ကုန်ပစ္စည်းအမှတ်တံဆိပ် (Brand) တစ်ခုအတွက်ဆိုပါလျှင် Social Media Executive တစ်ဦးဟာ အဆိုပါ ကုန်ပစ္စည်းအမှတ်တံဆိပ်အား ပိုမိုလူသိများထင်ရှားလာစေရန်အတွက်သာ အာရုံစိုက်ကာလုပ်ဆောင်ရန်လိုအပ်ပါသည်။ ကုမ္ပဏီတစ်ခု၏ အလုပ်လုပ်နေသောအတိုင်းအတာသည် အဆိုပါ ကုမ္ပဏီရှိ Social Media Executive မှ ပြုလုပ်နေရမည့်အရာများကို အဆုံးအဖြတ်ပေးလျှက်ရှိပါသည်။ 

၂။ အလားအလာရှိသောစားသုံးသူများ၏ အမူအကျင့်ဆိုင်ရာ အမြင်များကိုတည်ဆောက်ပါ။ 
သင့်အနေနဲ့ social media ad campaign နှင့် အခြားသော အရောင်းမြှင့်တင်ရေးလုပ်ဆောင်ချက်များကို ချက်ခြင်းမပြုလုပ်မှီတွင် သင့်ရဲ့ပရိသတ်များကို ကြိုတင်ပြီး သိရှိနားလည်စေရန်ကြိုးပမ်းခြင်းက အမျှော်အမြင်ရှိ လိမ့်မည်ဟုထင်မြင်မိပါသည်။ ထိုသို့ပြုလုပ်ရန်မှာ သင့်ကုမ္ပဏီအတွက်၊ သင့်ကုန်ပစ္စည်းအမှတ်တံဆိပ်အတွက် သင့်လျှော်သောစားသုံးသူပစ်မှတ်များ၏ အမူအကျင့်ဆိုင်ရာ လက္ခဏာသွင်ပြင်များကိုလေ့လာခြင်းက အကောင်း ဆုံးပင် ဖြစ်ပါလိမ့်မည်။ 

ဥပမာ - အိုးခွက်ပန်းကန်းများဆေးကြောသည့်ဆပ်ပြာအားရောင်းချသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်အတွက် သူတို့၏ ပစ်မှတ်ဖြစ်သောစားသုံးသူများမှာ အိမ်ရှင်မများဖြစ်ပြီး ပါတီပွဲတက်ဝတ်စုံများရောင်းချသော ကုန်ပစ္စည်း အမှတ်တံဆိပ်အတွက် သူတို့၏ ပစ်မှတ်ဖြစ်သောစားသုံးသူများမှာ ငယ်ရွယ်သောမိန်းမပျိုများဖြစ်ကြပါသည်။ ဆိုရှယ်မီဒီယာများဟာ သင့်အားအခြားသောမီဒီယာများထက် အားသာမှုများပေးစွမ်းနိုင်ပါသည်။ ဆိုရှယ်မီဒီယာ များပေါ်တွင် သင်ဟာ သင့်ကြော်ငြာကို အားလုံးသို့ကြော်ငြာနိုင်သည်သာမက သင့်ပရိတ်သတ်အား ပြင်ဆင်ချိန် ညှိခြင်းများပြုလုပ်နိုင်ကာ ရွေးချယ်ထားသော အမူအကျင့်ရှိသူများထံသို့သာ ရွေးချယ်ကာ ကြော်ငြာနိုင်မှာဖြစ်ပါ တယ်။ 
သင့်ရဲ့ပစ်မှတ်ဟာ ဘယ်လိုလူမျိုးဖြစ်သည်ကို သေချာစွာ သိရှိနားလည်ခြင်းအားဖြင့် သင့်ရဲ့နည်းဗျူဟာတွင်လို အပ်သော မရှိမဖြစ်အရာများကို ပိုမို၍ ရှင်းရှင်းလင်းလင်းသိမြင်နိုင်မှာဖြစ်ပြီး ထို့ကြောင့်ပင် သတ်မှတ်ထားသော ရည်မှန်းချက်ပြည့်မှီအောင် ဆောင်ရွက်နိုင်ဖို့ရာ သေချာစေမည်ဖြစ်ပါသည်။ 

၃။ လက်တွေ့ဆန်သော ပစ်မှတ်များကိုထားရှိပါ
သင့်ထံတွင် ရလာဒ်များအား နှိုင်းယှဉ်တိုင်းတာနိုင်ရန်အတွက် တိကျသောပစ်မှတ်မရှိပါကအကျိုးရှိနိုင်မှာမဟုတ် ပါဘူး။ အကယ်၍ ရည်မှန်းချက်များအား လက်တွေ့ကျကျ ချမှတ်ထားမည်ဆိုပါက သင်လက်ရှိအခြေအနေမှာ ဘယ်အဆင့်တော့ရောက်နေပြီ၊ ဒီအချိန်မှာ ဘယ်နေရာကိုတော့ဖြင့်ရောက်သင့်နေပြီ စသည်ဖြင့်နှိုင်းယှဉ်တိုင်းတာ နိုင်ပြီး အဆိုပါဦးတည်ချက်များဟာ သင်အောင်မြင်အောင်ဆောင်ရွက်သင့်သည့်မှတ်တိုင်များအဖြစ် ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါသည်။ 
 
အဆိုပါပစ်မှတ်များ၏ နောက်ကွယ်မှ အကြံအစည်များမှာ အလွန်ရိုးရှင်းမှုရှိပါသည်။ ထိုအရာများဟာ ပြည့်မှီရန် ဆောင်ရွက်ရမည့် စံသတ်မှတ်ချက်များဖြစ်ပါသည်။ ကနဦးကာလများတွင် ဈေးကွက်ရှာဖွေသူများ (သို့) Social Media Executive များဟာ သင်တို့အားစိတ်ဓါတ်ကျစေမည့်၊ နောက်သို့တွန်းပို့နိုင်မည့် အောက်ပါပြဿနာအခက် အခဲများနှင့် တွေ့ကြုံကြရမည်ဖြစ်ပါတယ်။ ဒီအရာများကတော့ သင့်အနေနဲ့တွေ့ကြုံရနိုင်တဲ့ စိတ်ပျက်ဖွယ်အရာ များပင်ဖြစ်ပါသည်။ 
 
• မလုံလောက်သော website စီးဆင်းမှု (တစ်ဖြစ်လဲ) နည်းပါးသော ဝင်ရောက်ကြည့်ရှုသူများ 
• ကုန်ပစ္စည်းအမှတ်တံဆိပ်၏ လူသိများထင်ရှားမှုနည်းပါးခြင်း 
• စားသုံးသူများအား ရေရှည်ထိန်းသိမ်းထားနိုင်မှု ကျဆင်းနေခြင်း
• နည်းပါးသော အွန်လိုင်းဂုဏ်သတင်း
• ရောင်းအားနှေးကွေးမှု တို့ဖြစ်ပါသည်။ 
 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
Imedia International (Myanmar) Co., Ltd.

Imedia International (Myanmar) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS