Jobs In Myanmar
Load...

Who is a Social Media Executive? (Part – 3)

by www.jobsinyangon.com


Tags: Knowledge-Socialmedia-Executive-HR-JobsinYangon



{Social Media Executive ဆိုတာဘယ်လိုလူမျိုးကို ဆိုလိုတာလဲ (အပိုင်း - ၃)}

မင်္ဂလာပါ၊ ကျွန်တော်တို့ jobsinyangon.com အဖွဲ့သားများမှ ဒီနေ့အတွက် တင်ဆက်ပေးမယ့်အကြောင်းအရာ ကတော့ Social Media Executive ဆိုသူများအကြောင်းပဲဖြစ်ပါတယ်။ သူတို့ဟာ ဘယ်လိုလူတွေကိုခေါ်တာလဲ၊ ဘယ်လိုအလုပ်တာဝန်တွေကိုထမ်းဆောင်ရသလဲဆိုတာကို အပိုင်း (၃) ပိုင်းခွဲပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အပိုင်း (၁) နဲ့ (၂) ကိုတော့ ယခင်နေ့များကဖော်ပြပေးပြီးသွားပြီဖြစ်ပါတယ်။ ဒါ့ကြောင့် အပိုင်း (၃) ကို ဖတ်ရှုကြည့်ကြရအောင်။

Social Media Executive ဆိုသူမှာ လုပ်ငန်းတစ်ခု၏ လူမှုကွန်ယက်မီဒီယာလုပ်ဆောင်ချက် (social media activity) များ အားလုံးကို ကိုင်တွယ်ဆောင်ရွက်ပေးရသူတစ်ဦးဖြစ်ပါသည်။ ထို social media activity များမှာ-လူမှုကွန်ယက်မီဒီယာ စည်းရုံးလုပ်ဆောင်ချက် (social media campaign) များ၊ အရောင်းမြှင့်တင်ရေး (promotion) များနှင့် လူမှုကွန်ယက်မီဒီယာကြော်ငြာလှုံ့ဆော်ရေးများ (social media ad campaign) များတို့ ဖြစ်ကြပါသည်။ 

Social Media Executive များသည် လူမှုကွန်ယက်မီဒီယာချန်နယ်များဖြစ်သည့် Facebook, Twiter, Instagram, LinkedIn အစရှိသည့်နေရာများတွင် ပုံမှန်ပို့စ်များနှင့် သတင်းအချက်အလက်များတင်ပေးရန်အတွက် တာဝန်ရှိသူ တစ်ဦးဖြစ်ပါသည်။ သူသည် ကုမ္ပဏီ၏ အကောင့်များအားလုံးကို ဝင်ရောက်ခွင့်ရှိသူတစ်ဦးဖြစ်သည့်အတွက် ယုံ ကြည်မှုအားဖောက်ဖျက်သွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် သေခြာစွာ စီစစ်ပြီးမှသာလျှင် ရွေးချယ်သင့်ပါသည်။ 

၇။ အလားအလာရှိသော ပရိတ်သတ်များ၏ စိတ်ဝင်စားမှုအား အရယူနိုင်မည့်နည်းလမ်းများ 
Social Media Executive များဟာ အလားအလာရှိသော အွန်လိုင်းပေါ်ရှိ ပရိတ်သတ်များကိုဆွဲဆောင်နိုင် စေမည့် နည်းလမ်းများကိုလည်း မှတ်သားထားဖို့လိုအပ်ပါသည်။ ပို့စ်တစ်ခုတွင် လူထု၏စိတ်ဝင်စားမှုရရှိခြင်းက သင်ပို့စ် တစ်ခုအသစ်တင်လိုက်တိုင်းတွင် တူညီသောစိတ်ဝင်စားမှုရရှိလိမ့်မည်ဟု မဆိုလိုပါဘူး။ ဒါ့ကြောင့် အမြဲတမ်းကြုံတွေ့ရမည့်ဖိအားများဟာ တူညီမှုရှီပြီး လူထု၏စိတ်ဝင်စားမှုရရှိစေရန် တူညီသောကြိုးပမ်းအား ထုတ်မှုများကို လုပ်ဆောင်ရမှာဖြစ်ပါသည်။ ပစ်မှတ်စားသုံးသူများ၏ စိတ်ဝင်စားမှုနှင့် အာရုံစိုက်မှုအားရရှိစေသည်မှာ ပို့စ်များ တင်မဟုတ်ပါဘူး။ အခြားသောအရေးကြီးတဲ့ အချက်များတွင် စားသုံးသူများ၏မေးမြန်းမှုများကို ဖြေကြားပေးမှု၊ မေးခွန်းများအားတင်ကာမေးမြန်းမှု၊ အွန်လိုင်းပေါ်တွင်ပြိုင်ပွဲများကျင်းပပေးခြင်းနှင့်ပစ္စည်းများအလကားပေးခြင်း စသည့်ကဏ္ဍများလည်းပါဝင်ပါသည်။ 

၈။ ရောင်းအားမြင့်တက်လာစေရန် ပြုလုပ်ခြင်း
အထက်ပါနည်းဗျူဟာများအားလုံးဟာ ထိုသူများမှ ရောင်းအားတိုးတက်လာစေရန်အတွက် ထိရောက်မှုရှိသော နည်းဗျူဟာများဖြစ်ပါသည်။ လူစိတ်ဝင်စားမှုရရှိစေသော နည်းဗျူဟာများ၊ ပါဝင်သော အချက်အလက်များ၏ နည်းဗျူဟာများ၊ ရောင်းအားမြှင့်တင်ရေးနည်းဗျူဟာများအားလုံးဟာ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ရောင်းအားများ မြင့်တက်လာစေဖို့ကိုသာရည်ရွယ်ချက်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အထက်ပါရေးသားခဲ့သောနည်းဗျူဟာများကိုရေးဆွဲရာတွင်  အဓိကရည်ရွယ်ချက်အားထည့်သွင်း စဉ်းစား၍ ရေးဆွဲရမှာဖြစ်ပါတယ်။ ရောင်းအားများမြင့်တက်လာရန် နှင့် ယျေဘူယျအားဖြင့် ပြိင်ဖက်များထံမှ စားသုံးသူများအားဆွဲဆောင်နိုင်စေရန်အတွက် အများအားဖြင့် ကုမ္ပဏီ များသည် SEO အတိုင်အပင်ခံ များထံမှ အကြံဉာဏ်များရယူတတ်ကြပါသည်။ အဆိုပါအတိုင်ပင်ခံများတွင် သက်ဆိုင်သောအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများရှိကြပြီး ကုမ္ပဏီအားပို၍မြန်မြန်ဆန်ဆန်  ဖြေရှင်းမှုများပြုလုပ် နိုင်စေရန်အတွက် အခြားသောရွေးချယ်မှုများအား အကြံပြုပေးနိုင်ကြပါသည်။ 

၉။ နောက်ဆုံးအကြိမ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ထိရောက်မှုအား စောင့်ကြပ်ကြည့်ရှုခြင်း
Social media campaign များပြုလုပ်ြီးနောက် ထိုအရာများကိုမေ့ပြစ်လိုက်လို့ရပြီလို့ သင်ထင်နေရင်တော့ အလွဲကြီးလွဲသွားပါပြီ။ ထိုသို့ပြုလုပ်ပါက သင်ဟာ သင့်ကိုယ်သင်အရူးလုပ်နေသလိုဖြစ်သွားမှာဖြစ်ပါတယ်။ Campaign တစ်ခုဟာ ထိရောက်မှုရှိ၊ မရှိကို တိုင်းတာခြင်းက ဒီလုပ်ငန်းဆောင်တာ၏ နောက်ဆုံးအဆင့်ဖြစ်ပေ မယ့် အရေးမပါတဲ့ အချက်တော့မဟုတ်ပါဘူး။ 

သင့်ရဲ့ Social media campaign တစ်ခုအပေါ်ကုန်ကျခဲ့တဲ့ပိုက်ဆံများဟာ တန်ရဲ့လား၊ အဆိုပါ campaign ဟာ ဘယ်လိုစွမ်းဆောင်နိုင်ခဲ့လဲ ဆိုတာတွေကို သိထားဖို့ရာမှာ အလွန်ပင်အရေးကြီးပါတယ်။ Performance measurement ပြုလုပ်ခြင်းဟာ သင့်ကိုလွန်လေပြီးသော campaign များ၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိ စေနိုင်ပြီး နောင်တစ်ချိန်တွင် မှန်ကန်အောင်ပြင်ဆင်နိုင်ဖို့ရာအတွက် အတွေ့အကြုံများရရှိစေပါသည်။ 

ထိုသို့မှမပြုလုပ်လျှင် သင်မသိလိုက်နိုင်မည့်အချက်အလက်များမှာ အဆိုပါ Performance measurement လုပ်ငန်းစဉ်တွင်ပါဝင်နေပါသည်။ ဥပမာ - မတူကွဲပြားသော လာရောက်လည်ပတ်သူများ၏ အရေအတွက် အတိအကျ၊ ပါဝင်သော အရေးအသားများ၏ ထိရောက်မှု၊ ပရိတ်သတ်များ၏ အာရုံစိုက်မှုရရှိခြင်းများ၊ အနုတ်သ ဘောဆောင်သော ဝေဖန်ချက်များ၊ ကုန်ပစ္စည်းများအပေါ်စားသုံးသူများ၏ အမြင် နှင့် ယျေဘူယျအားဖြင့် စိတ်ကျေနပ်မှုရရှိသည့်အတိုင်းအတာတို့ဖြစ်ပါသည်။ သေချာတာတစ်ခုကတော့ Social Media Executive တစ်ဦး၏ အလုပ်လျှောက်လွှာတွင်ပါဝင်သော လုပ်ငန်းတာဝန်များမှာ ထို့ထက်ပိုများနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ social media executive အလုပ်နေရာများ၏ လက်ရှိဈေးကွက်အခြေအနေအား ဆက်လက်၍ရှုစားကြရမည်ဖြစ် ပါသည်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS