Jobs In Myanmar
Load...

Write the Empathetic Job Postings that Candidates Need in 2020

by www.jobsinyangon.com


Tags: Knowledge-Recruitment-JobPostings-JobsInYangon



၂၀၂၀ ခုနှစ်တွင် အလုပ်လျှောက်ထားသူများ လိုအပ်နေသော ကိုယ်ချင်းစာတရားကိုလက်ကိုင်ထားသည့် Job Posting များကို ရေးသားခြင်း။ 

 

လက်ရှိဖြစ်ပွားနေသောအခြေအနေများ၊ လူမှုဘဝပုံစံ အပြောင်းအလဲများနဲ့ ကျန်းမာရေးဆိုင်ရာ စိတ်ပူပင်သောကရောက်ရမှုများဟာ လူများရဲ့ အရာအားလုံးအပေါ် အမြင်များအား လွှမ်းမိုးမှုရှိလာနိုင်ပါတယ်။ အရေးပါတဲ့ ဘဝမှတ်တိုင်များဟာ လက်တွေ့ဘဝတွင်ဖြစ်ပျက်နေတဲ့အရာများ၊ Mask များနဲ့ Social Distancing လုပ်ဆောင်ရမှုများကြောင့် မှေးမှိန်သွားပါတော့တယ်။ အလုပ်တစ်ခုရရှိနိုင်ဖို့အတွက် ရှာဖွေရခြင်းဟာလည်း လူပေါင်း ၃၅သန်းခန့်က တစ်ပြိုင်နက် အလုပ်ရှာဖွေမှုများကို ပြုလုပ်နေကြတဲ့အတွက် အဆပေါင်းများစွာ ပိုမိုခက်ခဲလာပါတယ်။ ဒီအရာများဟာ ကျွန်ုပ်တို့ရဲ့ ဘဝတစ်လျှောက်လုံးတွင် နှိုင်းယှဉ်၍မရနိုင်တဲ့ အခက်အခဲများပဲဖြစ်ပါတယ်။ 

ယခုအခါ ကပ်ရောဂါဖြစ်ပွားနေသည်မှာ (၆) လတာ ကြာမြင့်ခဲ့ပြီဖြစ်ကာ လေ့လာမှုများကလည်း ကျွန်ုပ်တို့ရဲ့ သံသယများကို စတင်၍အတည်ပြုပေးနိုင်ခဲ့ပါပြီ။ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါပြီ၊ အထူးသဖြင့် ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများတွင် ထိုပြောင်းလဲမှုများကို ပိုမို၍ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီကပ်ရောဂါစတင်ကတည်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများကို လျော့နည်းစေပြီး ကြောက်ရွံ့တုန်လှုပ်ကာ စိတ်ဂဏှာမငြိမ်ဖြစ်မှု (anxiety) နဲ့ စိတ်ဓါတ်ကျဆင်းခြင်း (depression) တို့ဟာ အသက်အရွယ်အပိုင်းအခြားတိုင်းတွင် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအရာတွေဟာ ကျွန်ုပ်တို့ရဲ့ ရင်သွေးငယ်များအပေါ်တွင် အကျိုးဆက်များရှိလာနိုင်သလားဆိုတာကိုတော့ နောက်ထပ် ၁၀ စုနှစ်တစ်ခုခန့် ကြာမြင့်မှသာ သိရှိနိုင်မှာဖြစ်ပါတယ်။ 

ဒီလိုအချိန်များတွင် Job Posting များကို ရေးသားရာတွင်လည်း အလုပ်လျှောက်ထားလာသူ candidate များရဲ့ လိုအပ်ချက်အသစ်များကိုဖြည့်ဆည်းပေးနိုင်မည့်ပုံစံများသို့ ပြောင်းလဲလာသင့်ပါတယ်။ Job Posting များဟာ အချက်အလက်များပြည့်စုံစွာပါဝင်ဖို့လိုအပ်မှာဖြစ်သော်လည်း သင့်ရဲ့ target audience အတွက်ကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်ပါတယ်။ သိသာထင်ရှားသော Project လုပ်ဆောင်ချက်များနဲ့ လုပ်ကိုင်ခဲ့ဖူးတဲ့အတွေ့အကြုံများအပေါ်အဓိကထား၍ ဝန်ထမ်းခေါ်ယူမှုပြုလုပ်ခြင်းအားဖြင့် မှန်ကန်ကိုက်ညီမှု ရှိသောသူများကိုလည်း ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ 

ယခုအခါ အလုပ်အကိုင်ရှာဖွေခြင်းအပေါ် စိတ်ပညာရပ်အရလေ့လာမှုတိုင်းဟာလည်း ပိုမိုမြင့်မားသော depression နှင့် anxiety rate များနဲ့ တွေ့ကြုံနေရလိမ့်မယ်လို့ စာရေးသူကတော့ ထင်မြင်ယူဆမိပါတယ်။ Job seeker များနဲ့ စကားပြောဆိုကြည့်ရာတွင် “သူတို့ဘက်သို့ အလေးသာသောအခွင့်အလမ်းများဟာရှိမနေတဲ့အတွက်/ သူတို့အတွက် အလုပ်ရရှိနိုင်ဖို့အခွင့်အလမ်း အရမ်းကို နည်းပါးနေတဲ့အတွက် ဘာလို့လျှောက်တော့မှာလဲ” ဟူ၍ မကြာခဏပြောဆိုတတ်ကြတာကို တွေ့ရှိခဲ့ရပါတယ်။ 

ဒါဟာ စိတ်ထိခိုက်စရာကောင်းလှပါတယ် . . . Job Posting များဟာ သူတို့ကို အလုပ်လျှောက်ထားမှုရှိလာလိုကြစေရန်အတွက် မဆိုစလောက်သာ တွန်းအားဖြစ်စေတယ်ဆိုတာကို ကျွန်ုပ်တို့လည်း သိရှိထားပါတယ်။ များသောအားဖြင့် Job Posting များတွင် ထပ်ခါတလဲလဲမြင်တွေ့နေရသော terms များနှင့်သာပြည့်နှက်နေပြီး အလုပ်အကြောင်းကို အတိအကျ ဖော်ပြနိုင်ခြင်းဟာ လွန်စွာနည်းပါးလှပါတယ်။ တစ်ချို့သော Job Posting များတွင် “Optimistic, fast-paced, hard-working, high-performer” အစရှိတဲ့စာလုံးများသာပါဝင်နေပြီး ဒီအရာက သင့်အနေနဲ့ အိပ်ယာမှ နိုးထလာဖို့ကိုတောင် လွန်စွာရုန်းကန်နေရတဲ့အချိန်များတွင် ကျွန်ုပ်တို့အား လှောင်ပြောင်မှုပြုနေသယောင် ခံစားရစေမှာပဲဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ပြောင်းလဲ၍လာနေပါပြီ . . . ဒီအတွက် recruiting လုပ်ဆောင်ချက်များဟာလည်း ပြောင်းလဲမှုများကို ပြုလုပ်ရတော့မှာဖြစ်ပါတယ်။ အထူးသဖြင့် ယခုကဲ့သို့သော လူသားအားလုံးအတွက် ခက်ခဲနေသောအချိန်များတွင် ကျွန်ုပ်တို့အနေနဲ့ ပြောင်းလဲမှုများကို ပြုလုပ်ပေးသင့်ပါတယ်။

 

သင့်ရဲ့ Job Posting များတွင် ကိုယ်ခြင်းစာတရားကိုထည့်သွင်းရေးသားနိုင်မည့် နည်းလမ်း (၃) သွယ်

၁။ အတွေ့အကြုံရှိရမည့် နှစ်ကာလအပိုင်းအခြားများကို အသုံးပြုခြင်းအားရပ်တန့်လိုက်ပါ။ ယခုအချိန်တွင် ဈေးကွက်အတွင်း ယခင်ကထက်ပိုမို၍များပြားလှသော အရည်အချင်းရှိသူများဟာ ရာထူးနေရာအသစ်များကို ရှာဖွေနေလျှက်ရှိနေပါတယ်။ သင့်ရဲ့ talent pool ကို မလိုအပ်တဲ့ အလုပ်အကိုင်အတွေ့အကြုံကာလများထည့်သွင်း၍ ကန့်သတ်ခြင်း မပြုလိုက်ပါနဲ့။ အမှန်တကယ်လုပ်ဆောင်ရမည့် လုပ်ငန်းပရောဂျက်များနဲ့ ဒီအလုပ်နေရာအတွက် ကိုက်ညီမှုရှိနိုင်မယ့် အလုပ်အကိုင်အတွေ့အကြုံများကို ထည့်သွင်းဖော်ပြပေးလိုက်ပါ။ 

၂။ တည်နေရာများအကြောင်းကို တိကျရှင်းလင်းစွာ ဖော်ပြပါ။ အိမ်မှအလုပ်လုပ်ခြင်း (remote work), လုံခြုံမှု (safety) နဲ့ ကလေးများကျောင်းပြန်တက်နိုင်ရေး အစရှိတဲ့အရာများနဲ့ပတ်သက်ပြီး မရေရာမှုများရှိနေပါတယ်။ ဒီခေါင်းစဉ်တစ်ခုစီတိုင်းဟာ job seeker များအပေါ် ဝန်ပိစေပြီး သူတို့အနေနဲ့ အဆင်ပြေချောမွေ့စွာ ရပ်တည်နိုင်စွမ်းအပေါ် သက်ရောက်မှုများရှိလာနိုင်ပါတယ်။ သူတို့ဟာအဖြေများကို ရှာဖွေနေကြတာဖြစ်ပါတယ်။ သင့်ရဲ့ empathetic job posting တွင် သင့်ဝန်ထမ်းများရဲ့ လက်ရှိ remote status၊ သင့်ကုမ္ပဏီရဲ့ စီးပွားရေးတည်ငြိမ်မှုအခြေအနေနဲ့ သင့်အဖွဲ့သားများကို ထောက်ပံ့ပေးနိုင်ရန်အတွက် သင်ပေးအပ်ထားတဲ့ အစီစဉ်များ ကို ထည့်သွင်းဖော်ပြပေးလိုက်ပါ။

၃။ ပိုမို၍ဂရုစိုက်မှုပေးပါ။ အထူးသဖြင့် များပြားစွာခေါ်ယူဌားရမ်းရပြီး လစာငွေနည်းသော ရာထူးနေရာများအတွက် ဂရုစိုက်မှုပေးပါ။ အကူအညီများကို ပေးအပ်ပါ။ သင့်အနေနဲ့ များစွာသော လိုအပ်ချက်များရှိနေဖို့ကို လိုအပ်မှာမဟုတ်ပါဘူး။ ဒီအတွက် သင့်ရဲ့ empathetic job posting ကိုအသုံးပြုပြီး လစဉ် အမေးအဖြေ session များကို recruiter များနှင့် တွေ့ဆုံပြုလုပ်ခြင်း (သို့) အလုပ်လျှောက်လွှာများကို ပိုမိုကောင်းမွန်မှုရှိလာစေရန်ပြုလုပ်နိုင်မည့်နည်းလမ်းများအကြောင်း အကြံပြုချက်များကို ထည့်သွင်းဖော်ပြပေးလိုက်ပါ။ ဝန်ထမ်းများကို အလုပ်ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ပြခြင်းအပြင် အောင်မြင်မှုရှိလာစေရန်အတွက် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာကို အကြံပြုပြောကြားပေးပါ။ 

စာဖတ်သူတို့အနေနဲ့ ကောင်းမွန်တဲ့ job posting တစ်ခုကို ရေးသားနိုင်စေဖို့ အထက်ပါစည်းကမ်းချက်များကို လိုက်နာရုံသာမက candidate တို့ရဲ့ ဘဝနေထိုင်မှု အခြေအနေများအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်ပါသေးတယ်။ ယခုအခါတွင် ကမ္ဘာကြီးဟာ ပြောင်းလဲလျှက်ရှိနေပြီး ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝများရဲ့ အစိတ်အပိုင်းတိုင်းအပေါ် ဒီအရာက အကျိုးသက်ရောက်မှုများရှိနေပါတယ်။ Job Posting များနဲ့ ဝန်ထမ်းခေါ်ယူဌားရမ်းခြင်းတို့ဟာလည်း ဒီအရာများနဲ့လိုက်လျောညီထွေစွာ လိုက်လံ၍ ပြောင်းလဲလာသင့်ကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


MalarMyaing Public Company Limited

MalarMyaing Public Company Limited

To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry. တောင်သူလယ်သမားများ...
Show the postings (18)
Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)
Power Light Co.,Ltd

Power Light Co.,Ltd

...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (15)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (65)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS