Jobs In Myanmar
Load...

10 Ways to Increase Your Emotional Intelligence

by www.jobsinyangon.com


Tags: Knowledge-EmotionalIntelligence-Improvement-EQ-JobsinYangon



သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုကို မြင့်မားစေမယ့်နည်းလမ်း (၁၀) မျိုး

 

Emotional intelligence (သို့) EQ ဟာ professional တို့ရဲ့နယ်ပယ်တွင် ပိုမိုပြီးရေပန်းစားကာ ရှိနေဖို့ လိုအပ်လာတဲ့ skill (ကျွမ်းကျင်မှု) တစ်ခုဖြစ်ပါတယ်။ များစွာသောသူတို့အနေနဲ့ ဆင့်ကဲပြောင်းလဲမှုရှိနေ တဲ့အလုပ်ခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်များအကြား ဘာကြောင့် emotional intelligence ဟာ ဆက်လက်ပြီး အရေးပါမှုရှိနေသလဲဆိုတာကို တွေးတောကောင်း တွေးတောနေပါလိမ့်မယ်။ ရိုးရှင်းစွာ ပြောရပါလျှင် - emotional intelligence ဟာ trend (ခေတ်ရေစီးကြောင်းအရပေါ်လာတဲ့အရာ) တစ်ခု မဟုတ်ပါဘူး။ ကုမ္ပဏီကြီးများမှ ကောက်ယူထားတဲ့ဖော်ပြမှုညွှန်းကိန်းများအရ emotional intelligence ရှိတဲ့ဝန်ထမ်းများဟာအချိန်အတိုင်းအတာတစ်ခုအပြီးတွင်ကုမ္ပဏီတစ်ခုရဲ့ အကျိုးအမြတ် အပေါ်အကျိုးသက်ရောက်မှုရှိစေတာကိုလေ့လာတွေ့ရှိရပါတယ်။ မြင့်မားတဲ့ emotional intelligence ရှိတဲ့ဝန်ထမ်းများကိုပိုင်ဆိုင်ထားတဲ့ကုမ္ပဏီများမှာ စုစုပေါင်းရောင်းအားနဲ့ ကုန်ထုတ်လုပ်မှုစွမ်းရည်တွေ တိုးတက်လာတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ 

အပြိုင်အဆိုင်ရှိတဲ့လုပ်ငန်းခွင်ထဲတွင်သင့်ရဲ့ EQ စွမ်းဆောင်ရည်များကို တိုးတက်အောင်လုပ်ဆောင်ခြင်း ဟာ သင့်ရဲ့ professional လုပ်ငန်းတွင်အောင်မြင်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့အရာတစ်ခုဖြစ်ပါ တယ်။ အောက်တွင်တော့ သင့်ရဲ့ EQ ကိုမြင့်မားအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာကိုဖော်ပြနေ ထားတဲ့ နည်းလမ်း (၁၀)မျိုးပဲဖြစ်ပါတယ်။ 

 

၁။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ပုံစံနဲ့ပြောဆိုဆက်ဆံမှုပြုပါ။ 

မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ ပြောဆိုဆက်ဆံခြင်းဟာ အလွန်အမင်းလွှမ်းမိုးမှုရှိခြင်း (သို့) အလွန်အမင်း အလွှမ်းမိုးခံပုံစံဖြစ်နေခြင်းတို့ကိုမဖြစ်စေပဲ ရေရှည်တွင် လေးစားမှုကိုရရှိစေပါတယ်။ Emotional intelligent ရှိသူများဟာ သူတို့ရဲ့ အတွေးအမြင်များနဲ့ လိုအပ်မှုများကို အခြားသူများကို လေးလေးစား စားပြုမူပြောဆိုရင်းနဲ့ ထုတ်ဖော်ပြောဆိုတတ်ကြသူများဖြစ်ပါတယ်။ 

 

၂။ အငြင်းပွားမှုများကို ချက်ခြင်းတုံ့ပြန်မည့်အစား နောက်မှ တုန့်ပြန်မှုပြုလုပ်ပါ။ 

ပြဿနာများ ဖြစ်ဖြစ်ခြင်းတွင် စိတ်ခံစားမှုများပေါက်ကွဲခြင်းနှင့် ဒေါသထွက်ခြင်းတို့ဟာ ဖြစ်လေ့ရှိ တဲ့ အရာများပဲဖြစ်ပါတယ်။ Emotional intelligence ရှိသူများကတော့ စိတ်ဖိစီးမှုများတဲ့ အခြေအနေ များတွင် ဘယ်လိုမျိုးတည်ငြိမ်စွာနေထိုင်ရမလဲဆိုတာကို နားလည်ထားပါတယ်။ သူတို့ဟာ ပိုမိုကြီးမား တဲ့ပြဿနာများကိုဖြစ်ပွားစေနိုင်မယ့် ဒေါသနဲ့ဆုံးဖြတ်ခြင်းမျိုးကိုမပြုလုပ်ကြပါဘူး။ ပြဿနာများဖြစ် ပွားချိန်တွင် အဓိကအချက်မှာ ထိုအရာကိုဖြေရှင်းဖို့သာဖြစ်တယ်ဆိုတာကို သူတို့ကနားလည်သဘော ပေါက်ထားပြီး သူတို့ရဲ့အပြုအမူများနဲ့ စကားလုံးများဟာ ၎င်းအရာနဲ့ကိုက်ညီမှုရှိဖို့ သေချာစွာ အာရုံစိုက် ပြီးရွေးချယ်ပြုမူကြပါတယ်။ 

 

၃။ တက်ကြွစွာနားထောင်မှုစွမ်းရည် (active listening skills) များကို အသုံးချခြင်း 

စကားဝိုင်းများတွင် emotional intelligent ရှိသူများဟာ သူတို့ပြောဆိုရမယ့်အလှည့်ကိုစောင့်နေခြင်း ထက် ရှင်းလင်းစွာသိမြင်နိုင်စေရန်အတွက် နားထောင်ခြင်းကိုပြုလုပ်ကြပါတယ်။ ဘာတွေကိုပြောဆို နေလဲဆိုတာကို သေချာစွာသိရှိပြီးမှသာ တုန့်ပြန်မှုများကို ပြုလုပ်တတ်ကြပါတယ်။ စကားဝိုင်းတစ်ခု အတွင်းရှိ အမူအယာများကိုလည်းသတိထားတတ်ကြပါသေးတယ်။ ဒီအရာက နားလည်မှုလွဲတာတွေမ ဖြစ်စေပဲ နားထောင်တဲ့သူဖက်မှ သင့်လျော်စွာတုန့်ပြန်နိုင်စေပြီး သူတို့နဲ့ပြောဆိုနေတဲ့သူအပေါ်လဲ လေးစားရာရောက်စေပါတယ်။ 

 

၎။ တက်ကြွမှုရှိပါ

Emotional Intelligence ရှိသူများဟာအမြဲလိုလိုတက်ကြွနေပြီး သူတို့ရဲ့အပြုအမူ/ အမူအယာများဟာ အခြားသူများကိုလည်းတက်တက်ကြွကြွရှိလာစေပါတယ်။ သူတို့ထံတွင်သတ်မှတ်ထားတဲ့ရည်မှန်းချက် ပန်းတိုင်များရှိပြီး အခက်အခဲများ/ စိန်ခေါ်မှုများနဲ့ကြုံလာရင်တောင်မှ ကြံ့ကြံ့ခံနိုင်ကြပါတယ်။ 

 

၅။ အကောင်းမြင်တဲ့အမူအယာများ အမြဲမပြတ်ရှိနေစေရန်လေ့ကျင့်ပါ 

သင့်ရဲ့ အပြုအမူများ/ အမူအယာများရဲ့ စွမ်းပကားကို အထင်သေးလို့မရပါဘူး။ အနုတ်သဘောဆောင် တဲ့ အပြုအမူများ/ အမူအယာများဟာ အခြားသောသူတစ်ယာက်ကို အလွယ်တကူ ကူးစက်စေပါတယ်။ Emotional intelligence ရှိတဲ့သူများဟာ သူတို့အနီးရှိလူများရဲ့ စိတ်ခံစားမှုများကို သိရှိနိုင်ပြီး ၎င်းတို့ရဲ့ အမူအယာများကို သင့်လျော်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါတယ်။ အကောင်းမြင်တဲ့ပုံစံရှိပြီး ကောင်းမွန်တဲ့နေ့ရက်တွေဖြစ်လာစေဖို့အတွက် ဘယ်လိုတွေနေထိုင်သင့်သလဲဆိုတာကို သူတို့ဟာ ကောင်းစွာသိမြင်ထားကြပါတယ်။ ဤတွင် ကောင်းမွန်စွာ နံနက်စာ သို့မဟုတ် နေ့လည်စာစားခြင်း၊ နေ့ ဖက်တွင် ဆုတောင်းခြင်း (သို့) တရားထိုင်ခြင်း၊ ဒါမှမဟုတ် သူတို့ရဲ့အလုပ်စားပွဲပေါ် (သို့) ကွန်ပြူတာတွင် အကောင်းဘက်ဆောင်တဲ့ စာစုများကိုထားရှိခြင်း အစရှိသည့်အရာများပါဝင်ပါတယ်။ 

 

၆။ မိမိကိုယ်ကိုနားလည်မှုရှိအောင်လေ့ကျင့်ပါ

Emotional intelligence ရှိတဲ့သူများဟာ မိမိကိုယ်ကိုနားလည်မှုရှိပြီး အလိုလိုသိမြင်နိုင်စွမ်းရှိကြပါ တယ်။ သူတို့ဟာ သူတို့ရဲ့ကိုယ်ပိုင်စိတ်ခံစားမှုများကို သိရှိကြပြီး ထိုအရာများက သူတို့ပတ်ဝန်းကျင်ရှိလူ များကို ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိစေနိုင်သလဲဆိုတာကိုလည်း သိရှိထားကြပါတယ်။ သူတို့ဟာ အခြားသူများရဲ့ စိတ်ခံစားမှုများနဲ့ အမူအယာများကိုလည်း အလွယ်တကူသိရှိနိုင်ပြီး ဒီအချက်အလက် များကိုအသုံးချကာ သူတို့ရဲ့ ဆက်သွယ်ပြောဆိုမှုစွမ်းရည်များကို ပိုမိုပြီးအစွမ်းထက်အောင်လုပ်ဆောင် နိုင်ကြပါတယ်။ 

 

၇။ ဝေဖန်ပြောဆိုမှုများကို ကောင်းစွာနာယူပါ

သင့်ရဲ့ emotional intelligence ကိုတိုးတက်အောင်ပြုလုပ်နိုင်ဖို့ အရေးကြီးတဲ့အချက်ကတော့ ဝေဖန်မှု များကိုကောင်းစွာနာယူတတ်ဖို့ပဲဖြစ်ပါတယ်။ စော်ကားသလိုခံစားရခြင်းနဲ့ ခုခံကာကွယ်ဖို့ကြိုးစားခြင်း ထက် မြင့်မားတဲ့ EQ ရှိတဲ့သူများဟာ ဒီဝေဖန်မှုတစ်ခုဟာ ဘယ်ကလာတယ်ဆိုတာကို နားလည်အောင် အချိန်အနည်းငယ်ယူကာစဉ်းစားပြီး ဒီအရာက အခြားသူများ (သို့) သူတို့ရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကို ဘယ်လိုမျိုးထိခိုက်စေတယ်ဆိုတာနဲ့ ပြဿနာရပ်တိုင်းကို သူတို့အနေနဲ့ဘယ်လို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်မယ်ဆိုတာကိုသဘောပေါက်နားလည်ကြပါတယ်။ 

 

၈။ အခြားသူများကို စာနာနားလည်မှုရှိပါ

Emotional Intelligence ရှိသူများဟာ ဘယ်လိုစာနာနားလည်မှုရှိရမလဲဆိုတာကို သဘောပေါက်ကြပါ တယ်။ စာနာနားလည်မှုရှိခြင်းဟာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ပြသနေတဲ့အရာတစ်ခုဖြစ်ပြီး ဒီအရာက အားနည်းချက်တစ်ခုမဟုတ်ဘူးဆိုတာကို သူတို့ကသိရှိထားပါတယ်။ စာနာနားလည်မှုရှိခြင်းဟာ သူတို့ ကို အခြားသောသူများနဲ့ လူသားဆန်ဆန်ဆက်စပ်မှုရှိဖို့ဖြစ်စေပါတယ်။ အပြန်အလှန်လေးစားမှုနဲ့ နား လည်မှုရှိခြင်းကိုလည်း မတူညီတဲ့အတွေးအမြင်များနဲ့ အခြေအနေများရှိတဲ့ လူများအကြားပေါ်ပေါက် လာစေမှာဖြစ်ပါတယ်။ 

 

၉။ ခေါင်းဆောင်မှုစွမ်းရည်များကို အသုံးချပါ

Emotional intelligence ရှိတဲ့သူများထံတွင် အလွန်ကောင်းမွန်တဲ့ ခေါင်းဆောင်မှုစွမ်းရည်များလဲ ရှိကြ ပါတယ်။ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုရှိပြီး အခြားသောသူများရဲ့ စံနမူနာယူစရာ အဖြစ်သတ်မှတ်ခံရတတ်ပါတယ်။ သူတို့ဟာစတင်လုပ်ဆောင်ဖို့ပြုလုပ်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် နဲ့ ပြဿနာဖြေရှင်းမှုစွမ်းရည်များလဲရှိတတ်ကြပါတယ်။ ၎င်းက အလုပ်နဲ့ ဘဝအတွင်း ပိုမိုမြင့်မားပြီး အကျိုးသက်ရောက်မှုရှိတဲ့စွမ်းဆောင်ရည်ကိုဖြစ်ပေါ်လာစေပါတယ်။ 

 

၁၀။ ချည်းကပ်ရလွယ်ကူပြီး ဆက်ဆံရေးကောင်းသူဖြစ်ပါစေ

Emotional intelligence ရှိသူများဟာ ချည်းကပ်ရလွယ်ကူပါတယ်။ သူတို့ဟာ ပြုံးနေတတ်ပြီး အကောင်းဖက်ကိုဦးတည်နေတဲ့ပုံစံမျိုးရှိပါတယ်။ သူတို့ရဲ့အနားမှာရှိသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာလဲ သင့်လျော်တဲ့ပေါင်းသင်းဆက်ဆံရေးစွမ်းရည်များကိုအသုံးချကာ ပေါင်းသင်းဆက်ဆံတတ်ကြပါတယ်။ သူတို့တွင် အလွန်ကောင်းမွန်တဲ့ လူအများနဲ့ပြောဆိုဆက်ဆံမှုစွမ်းရည်များရှိပြီး စကားနဲ့ဖြစ်စေ အမူအယာနဲ့ဖြစ်စေ ဘယ်လိုရှင်းလင်းစွာ ပြောဆိုဆက်ဆံရမလဲဆိုတာကို နားလည်ထားကြပါတယ်။ 

ဒီစွမ်းဆောင်ရည်များဟာ အခြေခံလူ့ စိတ်သဘောသဘာဝကိုနားလည်တဲ့သူများနဲ့သာ သင့်လျော်တယ် လို့ထင်မြင်ရပါတယ်။ သို့သော်လည်း အဆင့်မြင့်တဲ့ EQ စွမ်းဆောင်ရည်များဟာ သဘောသဘာဝအရ စာနာနားလည်မှုရှိသူများအနေနဲ့ ပိုမိုရရှိဖို့လွယ်ကူနိုင်သော်လည်း လူတိုင်းက ဒီကျွမ်းကျင်မှုများရရှိ အောင် ကျင့်သုံးနိုင်ပါတယ်။ စာနာစိတ်နည်းပါးတဲ့သူများအနေနဲ့တော့ ပိုမိုပြီး မိမိကိုယ်ကို သိရှိနားလည် ဖို့နဲ့ အခြားသူများနဲ့ ဆက်ဆံတဲ့အခါမှာ အသိ၊ သတိရှိနေဖို့လိုအပ်မှာဖြစ်သော်လည်း ဒီအဆင့်များကို အသုံးချခြင်းအားဖြင့် သင့်ရဲ့ emotional intelligence အဆင့်ကို တစ်ဖြည်းဖြည်းမြှင့်တင်နိုင်မှာဖြစ်ပါ တယ်လို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ 

 
 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျက်
www.jobsinyangon.com 

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
Camusat Myanmar Co., Ltd

Camusat Myanmar Co., Ltd

OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
SUPER SEVEN STARS CO., LTD

SUPER SEVEN STARS CO., LTD

We aspire to be the most successful retailer of automobiles by providing the best customer experience in every market we operate.By 2015, Super Seven Stars Co., Ltd is representing Kia, Peugeot, Ssang...
Show the postings (71)
Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS