Jobs In Myanmar
Load...

11 Business Benefits of Fiber Connectivity

by www.jobsinyangon.com


Tags: Knowledge-IT-Internet-Fiber-JobsinYangon



လုပ်ငန်းများအနေနဲ့ Fiber ဝန်ဆောင်မှုများကိုရယူသုံးစွဲခြင်းကြောင့်ရရှိလာနိုင်မည့် အကျိုးကျေး ဇူး (၁၁) ချက်

Fiber-optic ဝန်ဆောင်မှုများဟာ အရွယ်အစားအမျိုးမျိုးရှိတဲ့ ကုမ္ပဏီတိုင်းကို သိထားထင်ရှားစွာ အားသာချက်များရှိလာနိုင်စေပါတယ်။ 

Voide-over-IP (VoIP) telephony ပါဝင်တဲ့ Fiber ဝန်ဆောင်မှုဟာ လုပ်ငန်းစီးပွားရေးဆိုင်ရာ ဆက်သွယ်ပြောဆိုမှုများပြုလုပ်ရန်အတွက် စွမ်းဆောင်ရည်အမြင့်ဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးတွင် သင့်ကုမ္ပဏီအနေနဲ့ Fiber ဝန်ဆောင်မှုကိုရယူသုံးစွဲခြင်းအားဖြင့်ရရှိနိုင်မယ့် အကျိုးကျေးဇူး (၁၁) ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

ဆယ်စုနှစ်တစ်ခုကြာရပ်တည်ခဲ့တဲ့ Telecommunication Business Consultancy ကုမ္ပဏီတစ်ခု အနေနဲ့ ကျွန်ုပ်တို့ဟာ လုပ်ငန်းရှင်များက သူတို့ရဲ့အင်တာနက်ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများထံမှ ဘာတွေကိုလိုအပ်နေသလဲဆိုတာကို သိရှိထားပါတယ်။ လုပ်ငန်းရှင်များဟာ သူတို့ရဲ့ဝန်ထမ်းများ အနေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်စွာအလုပ်လုပ်နိုင်စေဖို့အတွက် မြန်နှုန်းမြင့်မားသော အင်တာနက်ဝန်ဆောင်မှုများကိုလိုအပ်နေပြီး ထိုအရာတွင် ပြဿနာတစ်စုံတစ်ရာရှိလာပါကလည်း ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီဖက်မှ ထိုပြဿနာကိုမြန်ဆန်စွာတုန့်ပြန်မှုပြုလုပ်ပြီးဖြေရှင်းပေးနိုင်ဖို့ ကိုလိုအပ်ကြပါတယ်။ 

၁။ မြန်နှုန်း
Fiber-optic အင်တာနက်ဟာ အမြန်ဆန်ဆုံးဆိုတဲ့ ကြေးနီအင်တာနက်ဝန်ဆောင်မှုများထက်ပင် အဆပေါင်းများစွာပိုမိုမြန်ဆန်ပြီး 5Mbps မှ 100 Gbps အထိ ရွေးချယ်စရာများစွာလည်းရှိနေပါ တယ်။ Fiber အင်တာနက်ကိုအသုံးပြုခြင်းအားဖြင့် အင်တာနက်အသုံးပြုအများဆုံးအချိန်များတွင် မှာတောင်မှ သင့်ရဲ့လုပ်ငန်းတွင်အင်တာနက်လိုင်းများသိသိသာသာနှေးကွေးသွားတာမျိုးကိုကြုံတွေ့ ရမှာမဟုတ်တော့ပါဘူး။ 

လေ့လာမှုများအရ နှေးကွေးတဲ့အင်တာနက်များဟာ “ဝန်ထမ်းများရဲ့တစ်နှစ်တာလုပ်ငန်းစွမ်းဆောင် ရည်တွင် တစ်ပတ်စာခန့်ပိုမိုပြီးနောက်ကျစေနိုင်ပါတယ်။“ သင့်ရဲ့ team အနေနဲ့ အင်တာနက်လိုင်း နှေးကွေးနေခြင်းကြောင့်စောင့်ဆိုင်းရတဲ့အချိန်များဟာ ကိစ္စအသေးအမွှားမျှသာဖြစ်တယ်လို့ထင် မြင်ရသော်လည်း၊ ဒီအရာက အချိန်ကြာလာသည်နဲ့အမျှ သိသာလာစေမှာပါ။ သင့်ရဲ့အင်တာနက် လိုင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်ကိုဘယ်တော့မှနှောင့်နှေးမှုဖြစ်မနေစေသင့်ပါဘူး။ ဒီအရာဟာ သင့်ဝန်ထမ်းများအနေနဲ့ ပိုမို၍စွမ်းဆောင်ရည်ကောင်းမွန်စွာအလုပ်လုပ်နိုင်စေဖို့အကူအညီပေး နိုင်တဲ့အရာတစ်ခုသာဖြစ်နေသင့်ပါတယ်။ 

၂။ Cloud သို့ဝင်ရောက်နိုင်မှု 
Customer Relationship Management (CRM) tool များမှ ဒေတာအချက်အလက်များကိုသိမ်း ဆည်းနိုင်စေဖို့အထိ Cloud ဟာ app များ hosting နဲ့ အခြားသောဝန်ဆောင်မှုများအတွက် အရေး ပါတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာအထောက်အကူပစ္စည်းတစ်ခုဖြစ်ပြီး အဖွဲ့အစည်းတိုင်းရဲ့ ၉၆% ခန့် ဟာ ယခုအခါတွင် Cloud ကိုအတိုင်းအတာတစ်ခုအထိအသုံးပြုနေပြီဖြစ်ပါတယ်။ Fiber အင်တာ နက်ရဲ့ မြန်နှုန်းများနဲ့ bandwidth စွမ်းဆောင်ရည်များဟာ Cloud ပေါ်တွင်သင်သိမ်းဆည်းထားတဲ့ ဒေတာများနဲ့ application များသို့ ပိုမိုမြန်ဆန်စွာဝင်ရောက်မှုပြုလုပ်နိုင်စေဖို့အတွက်အရေးပါပါ တယ်။ သင့်ရဲ့လုပ်ငန်းဟာ Cloud ပေါ်တွင်သိမ်းဆည်းထားတဲ့ သတင်းအချက်အလက်များကို သင့်ရဲ့ software-as-a-service (SaaS) tool များနဲ့ အခြားသော platform များပေါ်မှတဆင့်ဝင်ရောက်မှု ပြုလုပ်ရာတွင်ပိုမိုမြန်ဆန်လာတဲ့အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပြီး သင့်ရဲ့ Customer Service ကိုယ်စားလှယ်များအနေနဲ့ ဖောက်သယ်ဖြစ်လာနိုင်သူများ (သို့) ဖောက်သယ်များနဲ့ဆက်ဆံရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်တော့မှာမဟုတ်ပါဘူး။ လုပ်ငန်းများဟာသူတို့ရဲ့ဝန်ဆောင်မှုများကို cloud ပေါ်သို့ရွှေ့ပြောင်းမှုပြုလုပ်လာသည်နှင့်အမျှ fiber-optic အင်တာနက်ဟာ မရှိမဖြစ်လိုအပ်တဲ့အရာ တစ်ခုဖြစ်လို့လာနေပါတယ်။ 

၃။ ယုံကြည်စိတ်ချရမှု 
Fiber Internet ဝန်ဆောင်မှုများဟာ Copper Internet ဝန်ဆောင်မှုများနဲ့နှိုင်းစာလျှင် သိသာစွာ ယုံကြည်စိတ်ချရတဲ့အားသာချက်များရှိနေပါတယ်။ Fiber ဟာ Copper ထက်ပိုမိုပြီးခိုင်မာမှုရှိ တဲ့အတွက် Fiber-optic အင်တာနက်ဟာ Copper cabling များတွင်ကဲ့သို့ ရာသီဥတုအခြေအနေ များကြောင့် ဒေတာပေးပို့မှုများကိုပျက်စီးထိခိုက်စေ (သို့) နှောင့်နှေးစေခြင်းတို့လည်းမဖြစ်နိုင်ပါဘူး။ Fiber ဟာ လူသားများရဲ့နှောင့်ယှက်မှုများနဲ့ လျှပ်စီးကြောင်းများကြောင့် အနှောင့်အယှက်ဖြစ်ပေါ်မှု များကိုလည်းခံနိုင်ရည်ရှိပြီး Fiber ကြိုးများကိုဖြတ်တောက်မှုမပြုသရွေ့ ကောင်းမွန်စွာအလုပ်လုပ် နိုင်ပါတယ်။ 

ယုံကြည်စိတ်ချ၍မရတဲ့အင်တာနက်ဝန်ဆောင်မှုများဟာ လုပ်ငန်းများအတွက် ဆုံးရှုံးရမှုများကိုဖြစ် စေနိုင်ပါတယ်။ ကြိုတင်စီမံထားမှုမရှိဘဲ အင်တာနက်ပြတ်တောက်သွားခြင်းဟာ ဆက်သွယ်ပြောဆို မှုများနဲ့ကုန်ထုတ်လုပ်မှုစွမ်းရည်များကိုလုံးဝရပ်တန့်ပစ်လိုက်နိုင်ပါတယ်။ သင့်ရဲ့ကုမ္ပဏီဟာ ဖုန်းခေါ်  ဆိုမှုများပြုလုပ်ရန် (သို့) application များသို့ဝင်ရောက်နိုင်ရန်အတွက်အင်တာနက်ချိတ်ဆက်မှုတစ် ခုကိုပြုလုပ်ရန်လိုအပ်ပါက ယုံကြည်စိတ်ချရဖို့မှာ မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်ပါသည်။

၎။ လိုင်းဆွဲအား
DSL (သို့) Ethernet over Copper များကိုအသုံးပြုထားတဲ့သမားရိုးကျ Broadband အင်တာနက် များတွင် အသုံးပြုသူက switch မှ ဝေးကွာလာသည်နှင့်အမျှ လိုင်းဆွဲအားများလျော့နည်းလာပါ သည်။ Fiber-optic များရဲ့ လိုင်းဆွဲအားဟာတော့ အကွာအဝေးအလိုက်တဖြည်းဖြည်းလျော့ကျ သွားရာတွင် အထက်ဖော်ပြပါလိုင်းများထက်နှေးကွေးပါတယ်။ ရုံးခန်းနေရာကျယ်ဝန်းတဲ့လုပ်ငန်း များတွင် လုပ်ငန်းတစ်ခုလုံးအတွင်း ကောင်းမွန်တဲ့လိုင်းစွဲအားများကိုရရှိနိုင်တဲံအားသာချက်ကို ရရှိ မှာဖြစ်ပါတယ်။ ဒီအရာက telecommunications room မှပိုဝေးသောနေရာတွင်ရှိနေတဲ့ဝန်ထမ်း များအတွက်ပိုမို၍အကျိုးရှိစေမှာဖြစ်ပါတယ်။ 

၅။ Bandwidth ပမာဏ
ဒေတာအချက်အလက်များကိုပေးပို့ဖို့လွန်စွာပြုလုပ်ရသည့်လုပ်ငန်းများတွင် Cable Internet Bandwidth ကိုအသုံးပြုလျှက်ရှိပါက သတ်မှတ်ပမာဏကိုမြန်ဆန်စွာရောက်ရှိသွားဖို့မှာ လွယ်ကူ လှပါတယ်။ လုပ်ငန်းများအတွက် Fiber-optic အင်တာနက်ဟာလည်း ရာနှုန်းပြည့် အကန့်သတ်မဲ့ ရရှိနိုင်တာမဟုတ်သော်လည်း Bandwidth ရရှိနိုင်မှုပမာဏဟာ ပိုမိုမြင့်မားလာပြီး ပိုမိုများပြားတဲ့ demand တွေ network ပေါ်သို့ရောက်ရှိလာသော်လည်း မြန်နှုန်းမှာလျော့ကျသွားမှုမဟုတ်ပါဘူး။ 
အောက်ပါအချက်များဟာတော့ လုပ်ငန်းများရဲ့ bandwidth ပေါ်တွင်မြင့်မားတဲ့ demand တွေကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ 

•    SIP trunking
•    Web Conferencing
•    Streaming high definition video (example... training video)
•    File sharing
•    Cloud Applications

ရရှိနိုင်တဲ့ Bandwidth ပမာဏနည်းပါးခြင်းရဲ့လက္ခဏာများကတော့ မြန်နှုန်းလျော့ကျခြင်း၊ နှောင့် နှေးမှုများနှင့် ကောင်းမွန်သည့် video အရည်အသွေးမရှိခြင်းတို့ပဲဖြစ်ပါတယ်။ 

အကယ်၍သင်လက်ရှိအသုံးပြုနေတဲ့အင်တာနက်ချိတ်ဆက်မှုဟာသင့်ကုမ္ပဏီတွင် အမှန်တကယ် လိုအပ်နေတဲ့ bandwidth လိုအပ်ချက်များကဲ့သို့သော SIP trunking မှတဆင့် တယ်လီဖုန်းဝန်‌ ဆောင်မှုများ၊ ရုပ်သံအစည်းအဝေးပွဲများပြုလုပ်ခြင်း (သို့) cloud application များသို့ဝင်ရောက် ခြင်း များအတွက်လုံလောက်မှုမရှိပါက သင့်အနေနဲ့ fiber-optic အင်တာနက်ဝန်ဆောင်မှုများကို ပြောင်းလဲအသုံးပြုခြင်းအားဖြင့် သိသိသာသာကိုအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ 

၆။ Symmetric Speed 
“Symmetric Speed“ ဆိုသည်မှာ ညီတူသော upload နှင့် download time များရှိတဲ့ အင်တာနက် connection ကိုဖော်ပြသည့်အခါတွင်အသုံးပြုသည့်အခေါ်အဝေါ်တစ်ခုဖြစ်ပါသည်။ Fiber အင်တာ နက်နှင့်ဆိုပါကသင့်ရဲ့ဝန်ထမ်းများဟာ တူညီသော upload နဲ့ download time များရှိတဲ့အတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ 

Symmetric speed ရှိနေဖို့မှာ မရှိမဖြစ်လိုအပ်ပါသလား? ဒီအရာကလုပ်ငန်းများကိုလုပ်ဆောင်ရာ တွင် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့်ဒီအရာက အကျိုးရှိစေပါတယ်။ TechZine ရေးသားခဲ့တဲ့ဆောင်းပါးတစ်ပုဒ်အရ symmetric speed များတွင် တိုးတက်လာမှုဟာ “network များကိုအသုံးပြုသည့်ပုံစံ“ များတိုးတက်လာသည်ကိုဖော်ပြနေပါသည်။ ယနေ့ခေတ်ဝန် ထမ်းများဟာ ယခင်ဆယ်စုနှစ်များကဝန်ထမ်းများထက် သူတို့အလုပ်လုပ်ရာတွင် Video များ၊ ဖိုင် များကို upload ပြုလုပ်ခြင်း (သို့) download ပြုလုပ်နေစဉ်အတွင်းဖုန်းခေါ်ဆိုမှုများပြုလုပ်ရခြင်း တို့ကိုပိုမိုပြီးပြုလုပ်လာကြရပါတယ်။ Symmetric Speed ရှိခြင်းဟာ အသုံးပြုသူများကို သူတို့ရဲ့ ဒေတာကွန်နက်ရှင်မှတဆင့် ပမာဏများပြားသော upload နဲ့ download များကို တစ်ပြိုင်နက်ပြု လုပ်နိုင်စေရန်အတွက် ဖြစ်စေနိုင်ပါသည်။ 

၇။ Latency
Latency ဆိုသည်မှာ ဒေတာအချက်အလက်များကို အင်တာနက်ဆက်သွယ်မှုမှတဆင့် process ပြု လုပ်ရာတွင်ဖြစ်ပေါ်သည့်ကြာချိန်ကိုဖော်ညွှန်းသည့်အခါတွင်အသုံးပြုသည့်အခေါ်အဝေါ်တစ်ခုဖြစ်ပါ တယ်။ Fiber-optic အင်တာနက်ဟာ user များအနေနဲ့ cable internet ဥိုအသုံးပြုရာတွင်တွေ့ကြုံ ရနိုင်သည့် များစွာသော latency ပြဿနာများကိုဖယ်ရှားပေးနိုင်ပါတယ်။ အထူးသဖြင့် ဗွီဒီယို (သို့) အရည်အသွေးမြင့်မားတဲ့ content တစ်ခုခုကို upload (သို့) download ပြုလုပ်ရာတွင်ဖြစ်ပါ တယ်။ သင့်ရဲ့ latency ကိုလျှော့ချနိုင်ခြင်းအားဖြင့် ရရှိနိုင်တဲ့ လုပ်ငန်းစီးပွားရေးဆိုင်ရာ အကျိုးရ လာဒ်များကတော့ 

•    VoIP အသုံးပြုသူများအတွက်ပိုမိုကောင်းမွန်သည့်အသံအရည်အသွေး 
•    Cloud ပေါ်သို့ပိုမိုများပြားသော app များကိုပြောင်းရွှေ့နိုင်ခြင်း 
•    အရွယ်အစားကြီးမားသည့်ဖိုင်များကို အနှောင့်အယှက်မရှိ download နှင့် upload ပြုလုပ်နိုင်ခြင်း 
•    ဝန်ထမ်းများအကြားပိုမိုကောင်းမွန်စွာပူးပေါင်းဆောင်ရွက်လာနိုင်ခြင်း

၈။ လုံခြုံရေး 
လုပ်ငန်းသုံး cable အင်တာနက်ကို cable tapping (သို့) အခြားသော ရိုးရှင်းသည့်နည်းစနစ်များကို အသုံးပြုပြီး Hacker များနဲ့ သတင်းအချက်အလက်ခိုးယူသူများဟာအလွယ်တကူဝင်ရောက်နိုင်ကြ ပါတယ်။ Fiber-optic အင်တာနက်ကို ထွင်းဖောက်ဝင်ရောက်ရန်တစ်ခုတည်းသောနည်းလမ်းက တော့ Fiber များကိုဖြတ်တောက်ပစ်ဖို့သာဖြစ်ပြီး ဒီအရာက လိုင်းဆွဲအားများပျောက်သွားစေမှာဖြစ် ပါတယ်။ Fiber-optic အင်တာနက်ဟာ သင့်ရဲ့ကုမ္ပဏီကို cyber ပြစ်မှုကျူးလွန်သူများရဲ့ရန်မှ ကာ ကွယ်ပေးနိုင်မယ့် အစွမ်းထက်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ 

သတင်းအချက်အလက်ကျိုးပေါက်မှုများကြောင့်ဖြစ်ပေါ်တတ်တဲ့ အကျိုးဆက်များရဲ့ကုန်ကျစား ရိတ်ဟာ အမေရိကန်ဒေါ်လာ 3.8 မီလီယံရှိပါတယ်။ ကာကွယ်ထိန်းသိမ်းထားရမယ့်သတင်းအချက် အလက်များပေါက်ကြားသွားတဲ့ကုမ္ပဏီများဟာ ငွေကြေးဆိုင်ရာအလျော်ပေးရမှုများနဲ့ စားသုံးသူ များမှ စွန့်ခွာသွားမှုများကိုကြုံတွေ့ရတတ်ပါတယ်။ သတင်းမီဒီယာများဟာ ကုမ္ပဏီကြီးများတွင်ဖြစ် ပွားလေ့ရှိတဲ့ high-profile လုံခြုံရေးကျိုးပေါက်မှုများကိုသာ အသားပေးဖော်ပြတတ်ကြသော် လည်း ကုမ္ပဏီတိုင်းဟာ တိုက်ခိုက်ခံရနိုင်ပါတယ်။ Fiber-optic အင်တာနက်ဝန်ဆောင်မှုသို့ပြောင်း လဲသုံးစွဲလိုက်ခြင်းဟာ သင့်လုပ်ငန်းအဖွဲ့အစည်းရဲ့ risk အားလုံးကိုလျော့နည်းသွားစေမှာမဟုတ် သော်လည်း ဒီအရာဟာ အရေးပါတဲ့လုံခြုံရေးဆိုင်ရာကာကွယ်မှုတစ်ရပ်ဖြစ်ပါတယ်။ 

၉။ အနှောင့်အယှက်များကို ခံနိုင်ရည်ရှိခြင်း 
Broadband ကို support ပေးထားတဲ့ Copper cable Internet ဟာ electromagnetic လှိုင်းများ ရဲ့နှောင့်ယှက်ဖျက်စီးမှုကိုခံနိုင်ရည်မရှိပါဘူး။ ဒီအရာဟာ စက်ပစ္စည်းကြီးတွေနဲ့နီးကပ်မှုရှိတဲ့အခါ တွင်ဖြစ်ပေါ်နိုင်ပါတယ်။ Fiber Internet signal များဟာတော့ electromagnetic လှိုင်းများရဲ့‌ နှောက်ယှက်မှုကြောင့်လျော့နည်းသွားခြင်း၊ ပျောက်ကွယ်သွားခြင်းမရှိပါဘူး။ အကယ်၍သင့်ရဲ့လုပ် ငန်းအဖွဲ့အစည်းဟာ telecommunication အခန်းကို အခြားသောုပ်ငန်းများနဲ့ မျှဝေသုံးစွဲနေရပါက Fiber-optic အင်တာနက်ကိုအသုံးပြုခြင်းအားဖြင့် အခြားသောလုပ်ငန်းအဖွဲ့အစည်းများက တူညီ တဲ့နေရာတစ်ခုတွင်ရှိနေတဲ့ သင့်ရဲ့အင်တာနက်ကွန်နက်ရှင်ကိုအနှောင့်အယှက်ဖြစ်စေနိုင်တဲ့အရာများ ကိုအသုံးပြုလျှက်ရှိနေရင်တောင်မှ သင့်ရဲ့အင်တာနက်လိုင်းဆွဲအားများ လျော့နည်းပျောက်ကွယ် မသွားစေရန်အတွက် ကာကွယ်ပေးနိုင်ပါတယ်။ .

၁၀။ ကုန်ကျစားရိတ်သက်သာခြင်း 
မြန်ဆန်သောအင်တာနက်လိုင်းရှိနေဖို့ဟာ လုပ်ငန်းများအတွက် လုပ်ငန်းစွမ်းဆောင်ရည်ကောင်းစေ ရန်အတွက်လိုအပ်သည့် tool တစ်ခုအနေနဲ့ ပိုမို၍ကျယ်ပြန့်စွာစဉ်းစားလာကြပြီဖြစ်ပါတယ်။ အထက်ကအချက်များတွင်ပြောကြားခဲ့ပြီးသည့်အတိုင်း မြန်နှုန်းပြဿနာများကိုဖြေရှင်းလိုက်ခြင်း ဟာ နှစ်တိုင်းနှစ်တိုင်း တစ်ပတ်စာပိုမို၍လုပ်ငန်းစွမ်းဆောင်မှုနှုန်းကိုတိုးတက်လာစေမှာဖြစ်ပါတယ်။ အကယ်၍သင့်ရဲ့လုပ်ငန်းဟာ မြေနေရာအနေအထားနဲ့ ရာသီဥတုအခြေအနေများကြောင့် ယုံကြည် စိတ်ချရမှုမရှိတဲ့အင်တာနက်ချိတ်ဆက်မှုကြောင့်အခက်တွေ့နေတယ်ဆိုပါက သင့်အနေနဲ့နှစ်တိုင်း ဒေါ်လာထောင်ပေါင်းများစွာဆုံးရှုံးနေမှာဖြစ်ပါတယ်။ နှေးကွေးသော (သို့) ယုံကြည်စိတ်ချ၍မရ သော cable အင်တာနက်ကြောင့်ဖြစ်ပေါ်နေတဲ့ လုပ်ငန်းစွမ်းဆောင်ရည်ပြဿနာများဟာ Fiber ကို အသုံးပြုလိုက်ပါက ပျောက်ကွယ်သွားနိုင်ပါတယ်။ 

ပိုမို၍အရေးကြီးတဲ့အချက်တစ်ခုကတော့ သင့်ရဲ့လုပ်ငန်းဟာ fiber-optic အင်တာနက်ချိတ်ဆက်မှု ကိုအသုံးပြုပါကပြောင်းလွယ်ပြင်လွယ်ခြင်းနဲ့လိုအပ်သလိုပြောင်းလဲလုပ်ဆောင်နိုင်ခြင်းတို့ကိုလည်း ရရှိလာမှာဖြစ်ပါတယ်။ အကယ်၍သင်နဲ့ သင့်ရဲ့ IT team ဟာ ပိုမိုများပြားတဲ့ application တွေနဲ့ ဝန်ဆောင်မှုများကို Cloud ပေါ်သို့ရွှေ့ပြောင်းနိုင်ဖို့ကိုမျှော်လင့်နေတယ်ဆိုရင်တော့ Fiber connection တစ်ခုဟာ ဒီနေရာများတွင် အထောက်အကူဖြစ်စေနိုင်ပါတယ်။ Software-as-a-service (SaasS), cloud storage နှင့် VoIP များအားလုံးဟာ ကုန်ကျစားရိတ်များကိုလျှော့ချနိုင်စေ ရန်အတွက် ကြီးမားတဲ့အလားအလာရှိနေတဲ့ လုပ်ငန်းသုံးဝန်ဆောင်မှုများဖြစ်ပြီး ထိုအရာများဟာ fiber အင်တာနက်ကိုအသုံးပြုခြင်းအားဖြင့်ပိုမိုကောင်းမွန်တဲ့အကျိုးကျေးဇူးများကို သိသိသာသာ ပေးစွမ်းနိုင်စေမှာဖြစ်ပါတယ်။

၁၁။ HD ဗွီဒီယိုများကိုအထောက်အပံ့ပေးနိုင်ခြင်း
ကုမ္ပဏီပေါင်းများစွာအတွက် teleconferenceing နှင့် video conferencing များဟာ ဝန်ထမ်းများ ကိုလေ့ကျင့်ပေးဖို့အတွက်၊ marketing နဲ့ sales များပြုလုပ်နိုင်ရန်အတွက် အရေးပါတဲ့ tool များ ဖြစ်ကြပါတယ်။ Fiber-optic internet connection နဲ့သာဆိုလျှင် ရရှိနေတဲ့ bandwidth ပမာဏ များကို မဆုံးရှုံးစေပဲ လုပ်ငန်းများဟာ video conferencing များတွင် သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုများကို လုပ်ငန်းသုံး အထောက်အကူပစ္စည်းတစ်ခုအနေနဲ့ ပိုမိုပြီးတိုးမြှင့်လာနိုင်မှာဖြစ်ပါတယ်။ လေ့လာမှု များမှဖော်ပြချက်အရ video conferencing တွင်ပိုမိုပြီးရင်းနှီးမြှုပ်နှံလာခြင်းဟာ ကုမ္ပဏီများကို ဝန်ထမ်းတစ်ဦးခြင်းစီအတွက် တစ်နှစ်လျှင်သော်၎င်း၊ တစ်လအတွင်းတွင်သော်၎င်း ကုန်ကျနိုင်သည့် ဒေါ်လာထောင်နဲ့ချီတဲ့ကုန်ကျစားရိတ်များကိုလျှော့ချနိုင်စေမှာပဲဖြစ်ကာ သင့်အနေနဲ့လိုအပ်မှုမရှိတဲ့ လုပ်ငန်းကြောင့်ခရီးသွားလာရမှုများကိုလျှော့ချနိုင်စေမှာပဲဖြစ်ပါတယ်။ 

Fiber-Optic Internet ဝန်ဆောင်မှုများကိုအသုံးပြုရသည့်အတွက်ရရှိလာနိုင်တဲ့ ဆိုးကျိုးများဟာ အဘယ်နည်း? 

Fiber-optic Internet ဝန်ဆောင်မှုများကိုအသုံးပြုရခြင်းရဲ့ ဆိုးကျိုးများဟာ မရှိသလောက်နည်းပါ သော်လည်း ထိုအရာများတွင် - 

•    စတင်တပ်ဆင်ချိန်တွင် ငွေကြေးရင်းနှီးမြှုပ်နှံရခြင်း
•    ပိုမိုမြင့်မားသော လစဉ်ဝန်ဆောင်မှုနှုန်းထားများ 
•    အင်တာနက်ဝန်ဆောင်မှုပေးသူကုမ္ပဏီတိုင်းတွင်မရရှိနိုင်ခြင်း 

Fiber အင်တာနက်ဝန်ဆောင်မှုတပ်ဆင်ရန် ပိုမိုမြင့်မားသောကုန်ကျစားရိတ်များနဲ့ ငွေကြေးအရရင်း နှီးမြှုပ်နှံထားရမှုများရှိနေသော်လည်း လုပ်ငန်းအတော်များများကတော့ သူတို့အနေနဲ့ လုပ်ငန်းစွမ်း ဆောင်ရည်တိုးတက်လာခြင်းနဲ့ ဖြစ်ပေါ်လာနိုင်တဲ့အကျိုးရလာဒ်များကြောင့် မြင့်မားတဲ့ ROI အချိုး ကိုရရှိနိုင်တယ်လို့ယူဆထားကြပါတယ်။ 

Fiber ဝန်ဆောင်မှုရယူရန်အသင့်ဖြစ်နေပြီလား? 
လုပ်ငန်းအရွယ်အစားတိုင်းအတွက် Fiber-Optic အင်တာနက်ချိတ်ဆက်မှုကြောင့်ရရှိလာနိုင်တဲ့ အကျိုးရလာဒ်များအကြောင်းကိုပိုမိုပြီးသိရှိနိုင်ရန်အတွက် (သို့) ဈေးနှုန်းဖော်ပြချက်များကိုရရှိနိုင် ရန်အတွက် Burmainternet.com ကို ယခုပဲဆက်သွယ်ပြီး လုပ်ငန်းသုံးဆက်သွယ်မှုဆိုင်ရာကျွမ်း ကျင်သူ consultant များနဲ့ စကားပြောကြည့်လိုက်ပါ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


GMO-Z.comACE Co.,Ltd.

GMO-Z.comACE Co.,Ltd.

Our mission is to contribute to the society by enriching the Internet experiences, creating new Internet cultures and industries, and bringing smiles and inspiration to our customers..GMO-Z.comACE, jo...
Show the postings (9)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)
IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)
Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS