Jobs In Myanmar
Load...

5 Things You Need To Consider Before Accepting A Job Offer

by www.jobsinyangon.com


Tags: Knowledge-Consider-Your-JobOffer-JobsInYangon



Job Offer တစ်ခုကို လက်ခံခြင်းမပြုလုပ်မှီ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက် (၅) ချက် 

 

သင့်ရဲ့ ကြိုးစားအားထုတ်မှုများကြောင့် အလုပ်တစ်ခုကိုရရှိခဲ့ပြီဆိုပါတော့ . . . သင်ဟာ လုပ်ငန်းအတွေ့အကြုံရှိပြီးသားသူဖြစ်ဖြစ် လုပ်ငန်းခွင်အတွင်းသို့ ယခုမှစတင်ဝင်ရောက်ဖူးသူဖြစ်ဖြစ် အလုပ်တစ်ခုကိုရရှိနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ပျော်ရွှင်မှုကတော့ရှိနေမှာအမှန်ပါပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုကြောင့် သင်သတိထားရမယ့် အရေးကြီးတဲ့အချက်များကို မေ့လျော့သွားခဲ့ပါက လုပ်ငန်းများကိုလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့မှုများ ရှိသင့်သလောက် ရှိ‌တော့မှာမဟုတ်ပါဘူး။ 

သင်ရရှိလိုက်တဲ့အလုပ်တစ်ခုရဲ့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်နဲ့ သင့်ရဲ့လုပ်ငန်းအတွေ့အကြုံတို့အပေါ်မူတည်ပြီး သင့်ရဲ့ Job offer ဟာ ပိုမို၍ရှည်လျားလာနိုင်သလို ဒီအရာကို အသေးစိတ်ဖတ်ရှုပြီးမှ လက်ခံသင့်၊ လက်မခံသင့်ကို ဆုံးဖြတ်ရမှာကလည်း သင့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ဆောင်းပါးလေးမှာတော့ စာဖတ်သူတို့အနေနဲ့ အလုပ်တစ်ခုကို လက်ခံခြင်းမပြုမှီ ထည့်သွင်းစဉ်းစားသင့်တဲ့အချက် (၅) ချက်ကို www.jobsinyangon.com ကနေ ဖော်ပြပေးလိုက်ပါတယ် - 


၁။ Job Title နဲ့ ထမ်းဆောင်ရမယ့် တာဝန်များ 

သင့်အနေနဲ့ အရင်ဦးဆုံး Offer ပြုလုပ်လာတဲ့ Job Title နဲ့ ထမ်းဆောင်ရမယ့် တာဝန်များဟာ သင်နဲ့ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ သင်ကိုယ်တိုင်လျှောက်ထားမှုပြုလုပ်ထားတဲ့ အလုပ်နေရာတစ်ခုဖြစ်ပေမယ့်လည်း များစွာသောလုပ်ငန်းရှင်များဟာ တူညီတဲ့ Job Title တစ်ခုအောက်တွင် မတူကွဲပြားတဲ့ တာဝန်ဝတ္တရားများကို သတ်မှတ်ဖော်ပြထားလေ့ရှိကြပါတယ်။ 

အကယ်၍ သင့်ကိုအင်တာဗျူးစဉ်က သင်လျှောက်ထားတဲ့ အလုပ်နေရာရဲ့ Job Title ဟာ အမှန်တကယ် Offer ပြုလုပ်စဉ်တွင် အပြောင်းအလဲရှိလာခဲ့ပါက သင်ထမ်းဆောင်ရမယ့် တာဝန်များဟာ သင်နဲ့ ကိုက်ညီမှုရှိ၊ မရှိကို သေချာစွာစစ်ဆေးလိုက်ပါ။ Job Description ဟာ တိကျမှုရှိမနေပါက သင့်ရဲ့ အလုပ်ရှင်ထံသို့ အတည်ပြုမေးမြန်းမှုများပြုလုပ်ရန် ဆက်သွယ်ပြီး သေချာစွာမေးမြန်းမှုပြုလုပ်ပေးသင့်ပါတယ်။ 


၂။ လစာငွေ၊ အကျိုးခံစားခွင့်နဲ့ Bonus များ 

သင့်ကို လစာဘယ်လောက်ပေးမှာလဲ? လစဉ် သင့်အတွက် အသားတင်ကျန်နိုင်မယ့် အမြတ်ငွေဟာ မည်မျှရှိမလဲ? ပုံမှန်ကုန်ကျနေကျ အသုံးစားရိတ်များကိုနှုတ်ကြည့်၍ သင့်ကိုယ်သင်တိုးတက်မှုရှိအောင် ပြုလုပ်နိုင်ဖို့အတွက် အသုံးစားရိတ်မည်မျှကျန်မလဲဆိုတာကို ထည့်သွင်းစဉ်းစားပါ။ 

အချို့သောကုမ္ပဏီများတွင် အမြဲတမ်းဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ Paid Leave များ၊ ပိုင်ဆိုင်မှုများကို အရစ်ကျဝယ်ယူနိုင်ခွင့် အစရှိတဲ့အကျိုးခံစားခွင့်များလည်းပေးထားလေ့ရှိတတ်ကြပါတယ်။ ဒါ့အပြင် ကုမ္ပဏီအများစုဟာ နှစ်စဉ် Bonus များလည်းပေးလေ့ရှိကြတဲ့အတွက် ဒီအကျိုးခံစားခွင့်များ ရှိ၊ မရှိကို လေ့လာကြည့်လိုက်ပါ။ 


၃။ စတင်အလုပ်ဆင်းရမည့်နေ့၊ အစမ်းခန့်ကာလနှင့် အလုပ်ချိန်များ
 
လုပ်ငန်းရှင်အများစုဟာ ဒီ section ကို တူညီတဲ့ အလုပ်ခေါ်စာများမှ ကူးယူလေ့ရှိတတ်ကြသော်လည်း သင့်အနေနဲ့ သင်အလုပ်စဆင်းရမယ့်နေ့၊ သင့်ရဲ့အစမ်းခန့်ကာလ ဘယ်နှစ်လကြာမြင့်မလဲဆိုတာနဲ့ အလုပ်ချိန်များကို သေချာစွာကြည့်ရှုကြဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီအများစုဟာ ဒီအစမ်းခန့်ကာလအတွင်း သင်ဟာ ကုမ္ပဏီနဲ့ကိုက်ညီမှုရှိတဲ့ သူတစ်ဦးဟုတ်၊ မဟုတ်ကို စောင့်ကြည့်လေ့ရှိပြီး သင့်အနေနဲ့လည်း ဒီကုမ္ပဏီဟာ သင်နဲ့ကိုက်ညီမှုရှိ၊ မရှိကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ 

ဒီ့အပြင် သင့်ရဲ့အလုပ်ချိန်ဟာမည်မျှရှိမလဲဆိုသည်ကိုလည်း လေ့လာကြည့်လိုက်ပါဦး . . . ပုံမှန် လူတစ်ဦးရဲ့ အလုပ်ချိန်ဟာ ၈ နာရီသာရှိသင့်တယ်လို့ နိုင်ငံတကာဥပဒေပြဌာန်းချက်များတွင် သတ်မှတ်ထားတဲ့အတွက် ပုံမှန်အလုပ်ချိန်ဟာ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဖြစ်နေသင့်ပါတယ်။ ၁ နာရီ ၂ နာရီခန့် အလုပ်ချိန်ပိုများနေခြင်းကို သင့်ရဲ့ သဘောဆန္ဒအလျှောက်လက်ခံခြင်းဟာ ပုံမှန်ဖြစ်သော်လည်း သင့်ရဲ့ကြိုးစားအားထုတ်မှုများအတွက် ထိုက်သင့်တဲ့ အကျိုးခံစားခွင့်များလည်း ရှိနေသင့်တဲ့အတွက် ဒီအချက်ကို သေသေချာချာလေး စဉ်းစားသင့်ပါတယ်။ 


၎။ ခွင့်ရက် သတ်မှတ်မှုများနဲ့ အခြားသော ခွင့်ရက်များ 

လူတိုင်း လူတိုင်းဟာ တစ်ခါတစ်ရံတွင် အနားယူပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ သင်နှစ်စဉ် ရရှိသင့်တဲ့ Annual leave allowance အပြင် သင့်အနေနဲ့ အခြားသောခွင့်ပျက်ရက်များဖြစ်တဲ့ Sick, Casual နဲ့ Study Leave များကို ခွင့်ပြုပေးထားသလားဆိုတာအား လေ့လာကြည့်ပါ။ အချို့သောကုမ္ပဏီများတွင် နှစ်တစ်နှစ်အတွင်း သတ်မှတ်ထားတဲ့ အလုပ်များတတ်တဲ့ လများတွင် ခွင့်တင်ခြင်းကို တားမြစ်ထားလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် သင့်ရဲ့အလုပ်ရှင်အား ကြိုတင်မေးမြန်း၍အတည်ပြုထားခြင်းအားဖြင့် မရည်ရွယ်ထားပဲ စည်းကမ်းချိုးဖောက်မိခြင်းကို မဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 


၅။ ထုတ်ဖော်ပြောကြားမှုမပြုရန် သဘောတူညီချက်နှင့် အခြားသောကတိကဝတ်များ

ပုံမှန်အားဖြင့်တော့ ဒီအရာကို ကြိုတင်စာချုပ်ချုပ်ဆိုရတဲ့ Job Title များတွင် အစိတ်အပိုင်းတစ်ခုအနေနဲ့ တွေ့မြင်ရလေ့ရှိပါတယ်။ ဆိုလိုတာကတော့ လုပ်ငန်းခွင်လည်ပတ်ပုံများအကြောင်း ပေါက်ကြားမှုမရှိစေရေးနှင့် အခြားသောလုပ်ငန်းလျှို့ဝှက်ချက်များပေါက်ကြားမှုမရှိစေရေးအတွက် အကြီးပိုင်းရာထူးများတွင် လုပ်ငန်းရှင်နှင့်ကြိုတင်ချုပ်ဆိုမှုပြုလုပ်ရတဲ့ စာချုပ်တစ်မျိုးဖြစ်ပါတယ်။ အချို့သော စာချုပ်များတွင် သင့်အား သူတို့ရဲ့လုပ်ငန်းအပြိုင်အဆိုင်များထံသို့ ဝင်ရောက်လုပ်ကိုင်ခြင်းအား တားမြစ်ထားတဲ့ တားမြစ်ချက်များလည်း ပါဝင်လာနိုင်ပြီး ဒီအချက်များကို အလုပ်တစ်ခုအားလက်ခံမှုမပြုလုပ်မှီတွင် သေသေချာချာစဉ်းစားဆုံးဖြတ်မှုပြုလုပ်သင့်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com  


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
PMJ Company Limited

PMJ Company Limited

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Definity Group of Co.,Ltd

Definity Group of Co.,Ltd

Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS