Jobs In Myanmar
Load...

Traits Every Accountant Should Have Part-1

by Traits To Be An Good Accountant


Tags: Accountant-Traits-



အသေးစိတ်မြင်နိုင်သော စူးရှသည့်အမြင်၊ ကျယ်ပြန့်သော လက်တွေ့အသိပညာတို့ကြောင့် ကျွမ်းကျင် သောစာရင်းကိုင်များဟာများသောအားဖြင့် အလွန်အမင်းတိကျကြတယ်လို့ ထင်မြင်ယူဆကြပါတယ်။ အကယ်၍ သင်ဟာအဆိုပါပတ်ဝန်းကျင်အတွင်း သေးငယ်သောအမှားတစ်ခုပြုလုပ်မိခဲ့မည်ဆိုပါက အလုပ်အပ်သူ၏လုပ်ငန်းတွင် ကြီးစွာသောအကျိုးသက်ရောက်မှုကိုဖြစ်စေမှာဖြစ်ပါတယ်။ 

စာရင်းအင်းဆိုင်ရာစာအုပ်များတွင် လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်များနှင့် ကုမ္ပဏီတစ်ခု၏ ငွေရေးကြေး ရေးအခြေအနေများအတွက် အခြေခံများကို ဖော်ပြထားသောကြောင့် စာရင်းကိုင်များကို အလွန် ကောင်းမွန်သောအသင်းအဖွဲ့စွမ်းရည်များနှင့်အလွန်မြင့်မားသောတိကျမှုများရှိစေရန်အတွက် မျှော်လင့် ကြခြင်းဟာသဘာဝပင်ဖြစ်ပါသည်။

အောက်ပါအချက် (၁၀) ချက်ကတော့ ကောင်းမွန်သောစာရင်းကိုင်တစ်ဦးတွင်ရှိသင့်ရှိထိုက်သည်ဟု ကျွန်ုပ်တို့ယုံကြည်သော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာအရည်အချင်းများဖြစ်ပါသည်။

၁။အလွန်ကောင်းမွန်သောအဖွဲ့အစည်း။ စာရင်းကိုင်များဟာသူတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများ အနေဖြင့် ကိန်းဂဏန်းများ၊ အချက်အလက်များနှင့် စာရွက်စာတမ်းများတို့နှင့်အမြဲတမ်းထိတွေ့နေရ မည်ဖြစ်ပြီး သူတို့လိုအပ်သော သတင်းအချက်အလက်များကို အမြန်ဆုံးရှာဖွေတွေ့ရှိနိုင်ရန်အတွက် စနစ်တစ်ခုလိုအပ်ပါသည်။စာရင်းကိုင်များဟာအလုပ်လုပ်နိုင်စွမ်းကိုအမြင့်မားဆုံးဖြစ်စေရန်အတွက် သူတို့၏အလုပ်များကိုအစီအစဉ်တစ်ကျဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး အနှောင့်အယှက်မရှိ သုတေသ‌န ပြုလုပ်နိုင်ကြစေရန်နှင့် ခွဲခြမ်းစိတ်ဖြာနိုင်ရန်အတွက်ကိုလည်း အချိန်ပေးနိုငရမည်ဖြစ်ပါသည်။ 

၂။အလွန်ကောင်းမွန်သော အချိန်စီမံခန့်ခွဲမှု။ ယနေ့ခေတ်တွင် စာရင်းကိုင်များဟာ နည်းဗျူဟာကျ ကျစဉ်းစားဆုံးဖြတ်နိုင်စေရန်အတွက်ပို၍ပို၍အရေးပါလာသောအခန်းကဏ္ဍမှပါဝင်နေကြရသည်ဖြစ်ပါသည်။ ထို့ကြောင့်သူတို့၏အချိန်စာရင်းများမှာ အလွန်ပြည့်ကျပ်လျှက်ရှိနေပါသည်။ သူတို့အနေ နှင့် ငွေရေးကြေးရေးဆိုင်ရာ စီမံခန့်ခွဲမှုထက်ပိုမိုသော များစွာသောကိစ္စရပ်များကို ဆောင်ရွက်ရန် လိုအပ်ပြီးသူတို့၏အလုပ်ချိန်အားအကောင်းဆုံးအသုံးချနိုင်စေရန်အတွက်ထိုကိစ္စရပ်များမှအရေးကြီး သည်များကို အစီအစဉ်အလိုက်စီစဉ်ပြီး ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ပါသည်။ 

၃။    အသေးစိတ်ကိစ္စရပ်များအားဂရုထားခြင်း။ အဆိုပါအရည်အချင်းများဟာ စာရင်းကိုင်များ၏ နေ့စဉ်ဘဝများတွင် ကိန်းဂဏန်းများအလုပ်ဖြစ်စေရန်အတွက်နှင့် မှန်ကန်မှုရှိစေရန်အတွက် အာမခံ ချက်ပေးနိုင်သောအဓိကအားဖြင့်သိသာထင်ရှားသည့်အရာများဖြစ်ပါသည်။ အသေးစိတ်မြင်နိုင်သော အမြင်နှင့် တိကျမှန်ကန်မှုရှိစေရန်အတွက်လုံ့လဝီရိယရှိမှုတို့မှာစာရင်းကိုင်တို့တွင်ရှိသင့်ရှိထိုက်သော အရာများဖြစ်ပြီး သူတို့အားသတိပေးနေဖို့ရာအတွက် လိုအပ်မည်မဟုတ်ပါ။ 

၎။     အလုပ်အပ်သူများအပေါ် အာရုံစူးစိုက်ခြင်း။ စာရင်းကိုင်တစ်ဦးဖြစ်လာပြီဆိုလျှင် ကိန်းဂဏန်း များကိုသာ ကိုင်တွယ်ဖြေရှင်းရသည်မဟုတ်ပဲ အလုပ်အပ်သူများနှင့်ပါဆက်ဆံရပါသည်။ ဒါ့ကြောင့် စာရင်းကိုင်များတွင် အလုပ်အပ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက်ကိုလည်း ဦးစားပေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ သူတို့ဟာ လုပ်ငန်း၊ အခန်းကဏ္ဍနှင့် အလုပ်အပ်နှံသူတို့အား အသေးစိတ်သိရှိနားလည်ရမည်ဖြစ်ပြီး ထိုအရာကသာလျှင် သူတို့အနေနှင့် ဘယ်လိုစာရင်းကိုင်စည်း မျဉ်းများနှင့် စီးပွားရေးဆိုင်ရာပြင်ဆင်မှုများဟာ အဆိုပါလုပ်ငန်းနှင့် အံဝင်ခွင်ကျဖြစ်နိုင်မည်ဆိုသည် ကို စဉ်းစားဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ စာရင်းကိုင်များရဲ့အကြံပြုချက်များဟာ အမြဲတစေတန်ဖိုးရှိ လှပြီး သူတို့အနေနဲ့ အဆိုပါကဏ္ဍအား သေချာစွာသိရှိနားလည်ခြင်းဟာ ထိုအကြံပြုချက်များအား ပို၍အရေးပါအရာရောက်စေဖို့နဲ့အကောင်အထည်ပေါ်စေရန်အတွက်အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ 

၅။    တီထွင်ဆန်းသစ်မှု။ ကောင်းမွန်တဲ့စာရင်ကိုင်များဟာ တီထွင်ဆန်းသစ်မှုရှိသောဉာဏ်များရှိကြ ပါတယ်။ သူတို့ဟာဘောင်အပြင်ကတွေးခေါ်မှုများနှင့် သစ်လွင်သောဖြေရှင်းချက်များအားစဉ်းစား ကာ အသုံးချပေးနိုင်ကြပါတယ်။ အချို့သောအလုပ်အပ်နှံသူများ၏ အခက်အခဲများဟာ ဖတ်စာအုပ် များတွင်ပါဝင်သော ပြဿနာများမဟုတ်ကြပဲ အထူးအာရုံစူးစိုက်မှုနှင့် တီထွင်ဆန်းသစ်နိုင်မှုတို့ လိုအပ်ကြပါတယ်။ 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS