Jobs In Myanmar
Load...

Activating Your Employer Brand Throughout the Employee Lifecycle

by www.jobsinyangon.com


Tags: Employer-Knowledge-Brand-HR-JobsinYangon



ဝန်ထမ်းရဲ့အတွေ့အကြုံစက်ဝန်း(Employee Lifecycle) တစ်လျှောက် သင့်ရဲ့လုပ်ငန်းရှင်အမှတ်တံဆိပ် (Emplyer Brand) ကို အကောင်အထည်ဖော် ထိန်းသိမ်းခြင်း

သင့်ရဲ့လုပ်ငန်းရှင်အမှတ်တံဆိပ်(Employer Brand)ဟာ အရည်အသွေးရှိတဲ့ဝန်ထမ်းတွေကို ရရှိဖို့သက်သက်ဘဲ အသုံးပြုရတဲ့အရာမဟုတ်ပါ။ ၎င်းဟာ သင့်ရဲ့အလုပ်လျှောက်သူတွေရဲ့ သင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရောင်ပြန်ဟပ်မှုဖြစ်ပြီး သင့်ဝန်ထမ်းတွေရဲ့အတွေ့ အကြုံ(စိတ်ခံစားမှု) ဘယ်လိုရှိလဲဆိုတာကိုလည်း ညွှန်ပြပေးနိုင်ပါတယ်။

သင့်ရဲ့ အစဉ်အလာနဲ့ စံနှုန်းသတ်မှတ်ချက် တွေကို ထိန်းသိမ်းထားပါ။

ဘယ်အရာက သင့်ရဲ့ကုမ္ပဏီကို အများနဲ့မတူဘဲ ထူးခြားစေတာလည်း။ သင့်ရဲ့အဖွဲ့ကိုဝင်ရောက် တဲ့ အခါမှာ ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘာတွေကိုထည့်သွင်းစဉ်းစားသင့်ပါသလဲ။ အဲ့ဒီအချက် တွေကို သင့်ရဲ့အလုပ်ခေါ်တဲ့ ပေ့ခ်ျ( Career Page၊) လူမှုမီဒီယာ (Social Media)၊ ဗီဒီယို ၊ ပေါတ့်ထ်ကတ်စ် (Podcasts) ဘလော့ခ်ပို့စ်(Blog Posts) နဲ့ လက်ကမ်းစာစောင် (Brochures)တွေအပါအဝင် ဝန်ထမ်းဖြစ်လာနိုင်သူတစ်ယောက် သင့်ရဲ့ Brand ကို တွေ့မြင်နိုင်တဲ့နေရာတိုင်းမှာ ဖော်ပြထားပါ။ အလုပ်လျှောက်ထားသူတွေကို သိနားလည်စေချင်တဲ့ အဓိကဝိသေသအချက်အလက်အချို့ကို အရင်သတ်မှတ်ထားပြီး အဲ့ဒီ အချက်အလက်တွေအပေါ်မူတည်ထားတဲ့ ဝန်ထမ်းရှာဖွေငှားရမ်းတဲ့စနစ်တွေကို ဖန်တီးတည်ဆောက်ပါ။

သင့်ရဲ့ကုမ္ပဏီနဲ့ အထက်ပါအချက်အလက်တွေကို သင့်ရဲ့ဝန်ထမ်း ဖြစ်လာနိုင်ချေရှိသူတွေအများ ကြီးရဲ့ ရှေ့မှာချပြနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားပါ။ သင့်ပြောဆိုဖော်ပြတဲ့အကြောင်းအရာ တွေက အမြဲတမ်း တူညီနေကြောင်းသေချာပါစေ။

သင့်ကုမ္ပဏီအစဉ်အလာတွေရဲ့ အပြုသဘောဆောင်ပြီးကောင်းမွန်တဲ့ ကဏ္ဍတွေကိုအလေးထား ဖော်ပြခြင်းအားဖြင့် ဆွဲဆောင်နိုင်ပေမယ့်လည်း သိပ်ပြီးစွဲမက်သဘောကျလောက်စရာမကောင်းတဲ့ ကဏ္ဍတွေကိုလည်း ထုတ်ပြဖို့် မကြောက်ပါနဲ့။  သင့်အနေနဲ့ အလုပ်နဲ့လူနေမှုဘဝ သယဇာတဖြစ်မှု (Work-Life Balance) ကိုအဓိကထားပြီး ကြော်ငြာနိုင်ပေမယ့် တစ်ခါတစ်လေ ညနေဘက် နောက်ကျတဲ့အထိ အလုပ်လုပ်ရနိုင်ကြောင်းကိုလည်း ရိုးရိုးသားသားဝန်ခံလို့ရပါတယ်။ သင့်အဖွဲ့အနေနဲ့ နောက်ကျတဲ့အထိ အလုပ်လုပ်ရတဲ့ရက်တွေမှာဆိုရင် ပိုပြီးပျော်ပျော်ရွှင်ရွှင် လုပ်နိုင်ဖို့အတွက် ဘာတွေလုပ်ကြပါသလဲ။

အကယ်၍ ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်မှာ  ပုံမှန်တွေ့ကြုံရနိုင်တဲ့ အရာတွေရှိနေ ရင်လည်း အလုပ်လျှောက်သူတွေအနေနဲ့ အဲ့ဒီအရာတွေကို သိထားသင့်ပါတယ်။ တကယ်လို့ အဲ့ဒီအရာတွေ ကို သူတို့အနေနဲ့လက်မခံနိုင်ဘူးဆိုရင်လည်း သင့်ရဲ့ကုမ္ပဏီမှာအလုပ်မလုပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ (လအနည်းငယ် ကြာလာတဲ့အခါမှာ အလုပ်ထွက်သွားနိုင်တဲ့သူတွေကို အလုပ်ခန့်မိခြင်းမှလည်း ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။)

အလုပ်လျှောက်သူရဲ့ အတွေ့အကြုံ(စိတ်ခံစားမှု)ဟာ သင့်ရဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဆီလျော်မှု ရှိကြောင်းသေချာပါစေ။

သင့်ရဲ့ ကုမ္ပဏီနဲ့ လုပ်ငန်းခွင်တွေအကြောင်းကို လေ့လာပြီးသွားတဲ့အခါမှာ သင့်ရဲ့ Brandကို သဘောကျနှစ်သက်တဲ့ သင့်ရဲ့ဝန်ထမ်းဖြစ်လာနိုင်သူတွေဟာ လစ်လပ်နေတဲ့ရာထူးနေရာတွေ အတွက် အလုပ်လျှောက်လာနိုင်ပါတယ်။  ဒီအဆင့်မှာဆိုရင် အလုပ်လျှောက်သူအနေနဲ့ သူ့ကို စိတ်ဝင်စားစေခဲ့တဲ့ အချက်အလက်(အကြောင်းအရာ)တွေနဲ့ ကိုက်ညီမှုရှိတဲ့ အတွေ့အကြုံ (စိတ်ခံစားမှု) ရရှိသွားဖို့ လိုအပ်ပါတယ်။ အလုပ်လျှောက်သူတွေဟာ အပြောနဲ့အလုပ်ထပ်တူကျမှု မရှိတာတွေကို သတိထားမိနိုင်ပြီး သင့်ရဲ့ကုမ္ပဏီမှာ အလုပ်လျှောက်ဖို့ကိစ္စကို ပြန်လည်စဉ်းစားနိုင် ပါတယ်။

ဥပမာ   -  သင့်ရဲ့အလုပ်ခေါ်တဲ့ ပေ့ခ်ျ( Career Page၊)မှာ သင်ဟာ တာဝန်ယူမှု (Accountability) ကို အလေးထားတယ်လို့ဖော်ပြထားရင် ဝန်ထမ်းခန့်အပ်ငှားရမ်းတဲ့ လုပ်ငန်းစဉ် မှာလည်း တာဝန်ယူမှု ရှိရပါလိမ့်မယ်။ ဥပမာ - နောက်ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းစွာ ပြောပြခြင်း(တကယ်လို့ သင့်အနေနဲ့ သူ့ရဲ့ အလုပ်လျှောက်လွှာကို ဆက်လက်ထည့်သွင်း စဉ်းစားတော့မှာ မဟုတ်ဘူးဆိုတဲ့ အခြေအနေမျိုးကိုတောင် ရှင်းရှင်းလင်းလင်းပြောပြရမှာ ဖြစ်ပါတယ်။) ။ ဝန်ထမ်းဖြစ်လာနိုင်ချေရှိသူတွေဟာ သင်အများသိအောင် ကြေငြာထားတဲ့ လုပ်ငန်းရှင်အမှတ်တံဆိပ်(Employer Brand)နဲ့ တကယ့်လက်တွေ့မှာ ဝန်ထမ်းတွေကို ဆက်ဆံပုံတွေဟာ ကိုက်ညီမှုရှိ၊မရှိလည်း သိချင်ကြပါတယ်။ ပြီးတော့ သူတို့ဟာ ဝန်ထမ်းခန့်အပ်ရေးလုပ်ငန်းစဉ်(အင်တာဗျူးစသည်) အတွင်း တွေ့မြင် ခံစားရသမျှကို အကဲဖြတ်နေမှာဖြစ်ပါတယ်။

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (10)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS