Tags: Knowledge-IT-Internet-General-JobsinYangon
ယုံကြည်စိတ်ချရတဲ့ အကောင်းဆုံး အင်တာနက်သုံးစွဲမှု (Dedicated Internet Access)
ယုံကြည်စိတ်ချရတဲ့ အကောင်းဆုံး အင်တာနက်သုံးစွဲမှု (Dedicated Internet Access)သဘောတူညီချက်တွေဟာ ISP ( အင်တာနက်ဝန်ဆောင်မှုပေးသူ(Internet Service Provider) ) နှင့် သုံးစွဲသူများ၏ အင်တာနက်အသုံးပြုသည့်နေရာများ(Premises)အကြား သီးသန့်ဆက်နွယ်ပါတ်သက်မှုကို ဖော်ဆောင်ပေးပါတယ်။ ဆိုလိုသည်မှာ ကြော်ငြာထားတဲ့ မြန်နှုန်းအတိုင်း အသုံးပြုနိုင်ဖို့အတွက် သင်ဝယ်ထားတဲ့ Bandwidth(အင်တာနက်မြန်နှုန်း)ကို အခြားသူနှင့် မျှဝေသုံးစွဲခြင်းမပြုဘဲ သင်တစ်ယောက်တည်း အသုံးပြုရမှာ ဖြစ်ပါတယ်။
DIA ဝန်ဆောင်မှုတွေဟာ များသောအားဖြင့် ခေါက်ချိုးညီ(ဆတူ)ဖြစ်လေ့ရှိကြပါတယ်။ ဆိုလိုသည်မှာ ထောက်ပံ့ပေးထားတဲ့ Upload Speed နဲ့ Download Speed ကတူညီကြပါတယ်။ အရေးကြီးတဲ့ မှတ်သားစရာတစ်ခုကတော့ သင့်အနေနဲ့ ဖိုင်(Files)တွေကို အပြန်အလှန်ပို့တဲ့အခါမှာ ရုံးခန်းသီးသန့် Connection တွေကို အသုံးပြုပါ၊ VoIP Telephone System (Voice over Internet Protocol) စနစ်အပါအဝင် Cloud ဝန်ဆောင်မှုတွေကိုချိတ်ဆက်အသုံးပြုပါ။ သို့မဟုတ် ဗီဒီယိုဆွေးနွေးခန်း (Video Conferencing) တွေကို အသုံးပြုပါ။ SIA (Spectrum Internet Assist) ဝန်ဆောင်မှုအများစု ကတော့ Productivity (အလုပ်ပြီးမြောက်နိုင်စွမ်း) အပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိနိုင်တဲ့ ပိုမိုနှေးကွေးတဲ့ Upload Speed ကို ပေးတတ်ကြပါတယ်။ DIA မှာဆိုရင်တော့ အဲ့ဒီလိုကန့်သတ်ချက် တွေရှိမှာ မဟုတ်တဲ့အတွက် သင့်ရဲ့ကွန်ယက်(Network) ဟာ သီးသန့်ဒေတာထိန်းသိမ်းထားမှု ( Remote Data Backup) လိုမျိုး ဆက်တိုက်ဖိုင်ပေးပို့မှုတွေပြုလုပ်နိုင်မှာ ဖြစ်သလို ၊ ဗီဒီယို နှင့် အသံ (Audio) တွေကိုလည်း ပိုမိုညက်ညောအဆင်ပြေစွာ ထုတ်လွှင့်မျှဝေနိုင်မှာ ဖြစ်ပြီး စိတ်ချယုံကြည်နိုင် တဲ့ Cloudနှင့် ချိတ်ဆက်အသုံးပြုမှု (Cloud Connectivity)ကိုလည်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
သင်ထင်တဲ့အတိုင်းဘဲ ယုံကြည်စိတ်ချရတဲ့ အကောင်းဆုံး အင်တာနက်သုံးစွဲမှု (Dedicated Internet Access)ဟာ အင်တာနက်မျှဝေသုံးစွဲမှု (Shared Internet Access)ထပ် ပိုပြီးတော့ဈေးကြီးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူ တစ်ယောက်တည်းကဘဲ သူ့ရဲ့ချိတ်ဆက်အသုံးပြုမှုအတွက် ကုန်ကျစရိတ်အားလုံးကို ပေးဆောင်ရမှာ ကြောင့်ဘဲဖြစ်ပါတယ်။ လုပ်ငန်းသစ် (start-ups) အများစုနဲ့ အသေးစားစီးပွါးရေးလုပ်ငန်းတွေဟာ အစောပိုင်းကာလတွေမှာ ဒီလိုမြန်နှုန်းမျိုးကို အသုံးမပြနိုင်ကြပေမယ့် အချို့တွေအတွက်ကတော့ သိပ်ပြီးစဉ်းစားစရာမလိုတဲ့ ကိစ္စဘဲဖြစ်နေပါတယ်။ အကြောင်းကတော့ သူတို့ဟာစီးပွါးရေးလုပ်ငန်း ဆိုင်ရာ ဦးစားပေး စီမံခန့်ခွဲရေး အဖွဲ့နှင့် ခိုင်မာယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုအဆင့် သဘောတူညီချက်တွေကြောင့် အတက်အကျမရှိယုံကြည်စိတ်ချရတဲ့ အင်တာနက်မြန်နှုန်း၊ အာမခံချက်ရှိတဲ့ အင်တာနက်အသုံးပြုနိုင်ချိန်၊ အမြင့်မားဆုံးအလုပ်ပြီးမြောက်နိုင်စွမ်း နှင့် နည်းပညာပိုင်းဆိုင်ရာ ဦးစားပေးထောက်ပံ့ပေးမှု တွေကို ရရှိနိုင်ကြောင်းသေချာလို့ဘဲ ဖြစ်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.