Jobs In Myanmar
Load...

သင်အလုပ် အင်တာဗျူးဖြေနေစဉ် မပြောသင့်သော စကားများ


Tags: သင်အလုပ် အင်တာဗျူးဖြေနေစဉ် မပြောသင့်သော စကားများ



သင်အလုပ် အင်တာဗျူးဖြေနေစဉ် ဘာတွေပြောသင့်သလဲဆိုတဲ့ အကြံအဥာဏ်များစွာရှိပါတယ်။

ဘာတွေကို မပြောသင့်သလဲ ဆိုတာကတော့..........

အလုပ်အင်တာဗျူးနေစဉ် ဘယ်တော့မှ မပြောသင့်သည့် စကားများ

၁။ စိတ်မကောင်းပါဘူး။ ကားလမ်းပိတ်တာ အရမ်းဆိုးတာပဲ။

ရှောင်ကျဉ်နိုင်မည့်နည်းလမ်းများအနေနဲ့...............

 အင်တာဗျူးဖြေရန် ချိန်းဆိုထားသည့် အချိန်ထက် ၁၀ မိနစ်ခန့် စောရောက်အောင် သွားပါ။

 ကားလမ်းပိတ်ခြင်းနှင့် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကြာချိန်များကို ထည့်တွက်ထားပါ။

 

၂။ လျှောက်လွှာ ထပ်မယူလာဘူး။ HR ဌာနမှာ အလုပ်လျှောက်လွှာ တစ်စုံ ပေးထားပြီးသားပါ။ HR ဌာနကနေ ရထားပြီးပြီထင်လို့။

အင်တာဗျူး သွားတဲ့အခါ သင်နဲ့အတူ အလုပ်လျှောက်လွှာ(CV) အပိုတစ်စုံ ယူသွားရပါမယ်။ ဒါမှသာ အင်တာဗျူးမေးမည့်သူက တစ်ယောက်ထက်ပိုလာတဲ့အခါမှာ သင့် အလုပ်လျှောက်လွှာ (CV) ကို တစ်စုံထက်ပို လိုအပ်လာနိုင်ပါတယ်။ ကြည့်ရှုရ အဆင်ပြေ လွယ်ကူအောင် ပြင်ဆင်ထားပါ။

၃။ သင့်မှာဘောလ်ပင်ရှိသလား။

ဘောလ်ပင် အနည်းဆုံး ၂ ချောင်းလောက် လိုရမယ်ရ ယူသွားပါ။ သုံးလို့ရတဲ့ ဘောလ်ပင်တွေဖြစ်နေပါစေ။

၎။ အိုး.... ဖုန်းပိတ်ဖို့ မေ့နေတယ်။

အင်တာဗျူး မရောက်ခင် သင့်ဖုန်းကို ပိတ်ထားပါ။ များသောအားဖြင့် တွေ့တွေ့ချင်း ၅ မိနစ်ကနေ ၁၅ မိနစ်အတွင်းမှာ သင့်ကို အလုပ်ခန့်၊ မခန့် ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ပါဘူး။ ဒါကြောင့် သင့်ကို အမှတ်လျော့စေမယ့် အပြုအမူတွေကို ရှောင်ကျဉ်ပါ။ အကောင်းဆုံး အမှတ်ရစေမယ့် မျက်လုံးချင်း ဆုံပြီးစကားပြောပါ။

၅။ ကျွန်တော်/မ သေချာမသိဘူး။

ဖြစ်နိုင်ချေရှိတဲ့ မေးခွန်းတွေကို ဖြေနိုင်အောင် ကြိုတင်လေ့ကျင့်ထားပါ။ ကိုယ့်ကိုကိုယ် မသေချာတဲ့ ပုံစံမျိုး၊ ဒီအလုပ်ကို ဘာကြောင့်ရွေးချယ်သလဲမသိတဲ့ပုံစံမျိုး မဖြစ်အောင် ကြိုးစားပါ။

 

၆။ မင်းဒီအလုပ်ကို ဘယ်လိုရလာသလဲ။

အင်တာဗျူးသူသည် သင်နှင့် ရင်းနှီးမှုရှိခဲ့လျှင်လည်း ပုဂ္ဂိုလ်ရေးအနှောက်အယှက်ဖြစ်မည့် မေးခွန်းမျိုး မမေးမိစေရန် ရှောင်ကျဉ်ရမည်။

၇။ ကျွန်တော်/မ အရင်အလုပ်က သူဌေးက တော်တော်ဆိုးတယ်။

အရင် အလုပ်ရှင် မကောင်းကြောင်း ဘယ်တော့မှ မပြောပါနဲ့။ အင်တာဗျူးမေးသူမှ သင်တွေ့ဖူးခဲ့တဲ့ အလုပ်ရှင်တွေရဲ့ အမှတ်ရစရာ အကြောင်းတွေ မေးခဲ့ရင်တောင်မှ သင်ကြိုက်တဲ့အချက်တွေကို ရွေးပြောပါ။ 

၈။ ကျွန်တော်/မ အိမ်ထောင်ကွဲသွားလို့ ပိုကောင်းတဲ့ အလုပ်တစ်ခုကို ရှာတာပါ။

အလုပ်ရှင်အများစုက သင်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လိုအပ်ချက်တွေကို စိတ်ဝင်စားလေ့ မရှိကြပါဘူး။ သင်ဒီအလုပ်ကို လိုချင်တာ အလုပ်အပေါ်မှာ ဘယ်လောက်စိတ်ဝင်စားမှု ရှိ၊ မရှိ ကိုပဲ သိချင်တာပါ။ ဒါကြောင့် ဒီအလုပ်က မင်းအတွက် ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းသလဲဆိုတာနဲ့ မင်းဘာတွေ လုပ်ပေးနိုင်သလဲ ဆိုတာကိုသာ ဦးစားပေး ပြောပါ။

၉။ ဘယ်လို အားလပ်ရက်မျိုးတွေ ရမှာလဲ။

ဒီလို မေးခွန်းမျိုးကို အလုပ်ခန့်ပြီလို့ မပြောမချင်း မမေးပါနဲ့။

၁၀။ ကျွန်တော်/မ ဘာလိုချင်မိခဲ့မှန်းကို မသိဘူး။

သင် အရင်တုန်းက ဘာလုပ်ရမှန်းမသိ၊ ဘယ်အတွေ့အကြုံကို ယူရကောင်းမှန်းမသိ ဖြစ်ခဲ့ရင်တောင်မှ အကောင်းမြင် အတွေးနဲ့သာ ပြောပါ။ ဥပမာ။ ။ 

၁၁။ ကျွန်တော်/မ ဘာကိုမှ အရမ်းမမျှော်လင့်ထားပါဘူး။

အလုပ်ရှင်တွေက သင့်အနေနဲ့ အလုပ်နဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီလား ဆိုတာ သိဖို့လည်းလိုပါတယ်။

၁၂။ ပြောစရာ မရှိပါဘူး။

အလုပ်ရှင်တွေက အင်တာဗျူးမှာ မေးစရာမရှိတော့တဲ့အခါမှာ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘာသိချင်သေးလဲ။ ဘာပြောစရာရှိလဲ စသည်ဖြင့်ပါ။

အဲ့ဒီအခါမှာ သင့်အနေနဲ့ ဒီအလုပ်ကို ဘယ်လိုရှာတွေ့တဲ့အကြောင်း၊ ဒီအလုပ်ကို ဘယ်လောက်အထိ မျှော်လင့်ထားကြောင်း၊ ဘာတွေလုပ်ပေးနိုင်မယ်ဆိုတဲ့အကြောင်း စတာတွေကို ပြောဖို့ မမေ့ပါနှင့်။

credited to

KateWhite 

COMMUNITY MEMBER

 

ကျေးဇူးတင်စွာဖြင့်

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)
La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
I.E.M Co., Ltd.

I.E.M Co., Ltd.

Vision “ One Stop Solution for Power, Generation, Drive & Control” Mission * Deliver quality products & services by meeting customer needs and expectations. * Dedicated with applicab...
Show the postings (1)
Power Light Co.,Ltd

Power Light Co.,Ltd

...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (15)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS