by www.jobsinyangon.com
Tags: Knowledge-Career-Success-NewJob-JobsinYangon
သင်ဝင်ရောက်ရမယ့် လုပ်ငန်းခွင်အသစ်မှာအောင်မြင်မှုရရှိစေရန်လုပ်ဆောင်ရမလဲ? (အပိုငျး - ၂)
နည်းလမ်း ၂။ ။ လမ်းညွှန် (လမ်းပြမြေပုံ) တစ်ခုကိုတည်ဆောက်ခြင်း။
အသိပညာတိုးစေမယ့်တွေ့ဆုံမှုမျိုးကို သင့်ရဲ့ သူဌေး/ အထက်လူကြီးတို့နဲ့ ပြုလုပ်ပေးသင့်ပါတယ်။ ဒီ အရာက သင့်ရဲ့သူဌေး/ အထက်လူကြီးတို့ရဲ့ ကုမ္ပဏီအပေါ်ထားရှိတဲ့ ရည်ရွယ်ချက်အမြင်တွေနဲ့ ထို နေရာတွေမှာပါဝင်လုပ်ဆောင်နိုင်မယ့်သင့်ရဲ့အခန်းကဏ္ဍကိုသေသေချာချာသိရှိကာတည်ဆောက်နိုင်စေ ဖို့ရန်အတွက် ကူညီပေးနိုင်ပါတယ်။
• ဒါဟာ သင့်နဲ့ သင့်ရဲ့သူဌေး/ အထက်လူကြီးတို့နဲ့အကြား ကောင်းမွန်ပျော်ရွှင်တဲ့ professional ဆန်ဆန်ဆက်ဆံရေးကိုရရှိတည်ဆောက်နိုင်စေရန်အတွက် ရေရှည်တွင်အကူအညီပေးနိုင်ပါ လိမ့်မယ်။
• သင့်ရဲ့အစီအစဉ် (plan) တွေနဲ့ ရည်မှန်းချက်ပန်းတိုင် (goal) တွေကို သူ/သူမရဲ့ လိုအပ်ချက် တွေနဲ့ကိုက်ညီမှုရှိအောင်စီစဉ်ထားနိုင်ပါက (သို့) ကိုက်ညီမှုရှိနေပါက ထိုအရာများကို သင်ဟာ အကောင်းဆုံးအနေအထားနဲ့ ရရှိအောင်မြင်နိုင်စေမှာပဲဖြစ်ပါတယ်။
• သူ/ သူမအားအောင်မြင်မှုရရှိစေရန်ဘယ်လိုကူညီလုပ်ဆောင်ပေးနိုင်မလဲ? ဘယ်လိုပူးပေါင်း လုပ်ဆောင်နိုင်မလဲဆိုတာကိုလေ့လာသိရှိထားခြင်းဟာ သင့်ကို အခြားသူများထက် အသာစီး ရစေနိုင်မှာပဲဖြစ်ပါတယ်။
• သူတို့အနေနဲ့ ဘာကိုလိုချင်သလဲဆိုတဲ့အရာကို သိရှိနားလည်အောင်ပြုလုပ်ပါ၊ သူတို့လုပ်နေကျ အလုပ်များနဲ့ assignment များကို သူတို့အနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲဆိုတာကို လေ့လာပြီး သင့်အပေါ်သူတို့ထားရှိထားတဲ့မျှော်မှန်းချက်များထက်ကျော်လွန်ကာ သင်ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာကို နားလည်သဘောပေါက်အောင်လေ့လာထားရပါမယ်။
သင့်ရဲ့အောင်မြင်မှုများကိုမျက်ခြေမပြတ်လေ့လာနိုင်ရန်အတွက် ရက် ၃၀၊ ရက် ၆၀၊ ရက် ၉၀ planများ ချမှတ်ထားပါ။ သင့်မန်နေဂျာဖြစ်သူနဲ့ အစောဆုံးပြောသင့်တဲ့အကြောင်းအရာကတော့ သင်ပထမဆုံး ရက် ၉၀ အတွင်းလုပ်ရမယ့်အလုပ်များအတွက် အစီအစဉ်များရေးဆွဲဖော်ဆောင်ခြင်းပဲဖြစ်ပါတယ်။ နောက်ပြီး ဒီရည်မှန်းချက်ပန်းတိုင်များကိုအခြေခံပြီး လစဉ်လုပ်ဆောင်သင့်တဲ့အစီအစဉ်များ၊ ပြန်လည် စစ်ဆေးမှုများကိုလည်း ဖော်ဆောင်ချမှတ်ထားသင့်ပါတယ်။
• သင့်အနေနဲ့ ပထမဦးဆုံး ၃လအတွင်းမှာဘာတွေကိုရရှိအောင်မြင်အောင်ပြုလုပ်လိုသလဲဆိုတာ ကိုရှင်းလင်းစွာတင်ပြ၊ ဖော်ပြသင့်ပါတယ်။
• သင့်ရဲ့ အစီအစဉ် (plan) ဟာ သင့်ရဲ့ အဖွဲ့ဝင်များနဲ့ ပြောဆိုဆက်ဆံမှုပြုလုပ်သည့်နည်းလမ်းနဲ့ လဲ ကိုက်ညီမှုရှိနေရပါမယ်။
• ဥပမာအားဖြင့် - သင့်လုပ်ဖော်ကိုင်ဖက်များရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိရန်နဲ့ သင်ဟာ အမှန် တကယ်ကိုအသင်းအဖွဲ့နဲ့လုပ်ဆောင်တတ်သူတစ်ဦးဖြစ်တယ်ဆိုတာကိုပြသနိုင်ဖို့အတွက် အာရုံစူးစိုက်ကာနားထောင်ခြင်းကိုအမြဲမပြတ်ထားရှိလုပ်ဆောင်ရန်ထည့်သွင်းရေးဆွဲပေးခြင်း။
• ဒီအရာများက သင့်ကိုသူတို့ဖက်မှနွေးထွေးစွာ၊ ပျော်ရွင်စွာကြိုဆိုလာစေဖို့ကိုဖြစ်လာနိုင်စေမှာပဲ ဖြစ်ပါတယ်။
သင့်ရဲ့ အထက်လူကြီး/ သူဌေးနဲ့အတူ လက်တွေ့ကျပြီးဖြစ်နိုင်တဲ့ရည်မှန်းချက်ပန်းတိုင်များကိုချမှတ်ဖို့ လုပ်ဆောင်ပါ။ သင့်ရဲ့သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ရည်မှန်းချက်ပန်းတိုင်များကို ချမှတ်မှုပြုရာတွင် သင့်ရဲ့သူဌေးနဲ့အတူပူးပေါင်းလုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ သင်ဟာ သူ/ သူမနဲ့ ကိုက်ညီမှုရှိစေမယ့်ကဏ္ဍများကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။
• သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်များအကြောင်းကို သင့်ရဲ့ boss နဲ့ပြောဆိုပြီး သူတို့ထံမှဝေဖန် အကြံပေးချက်များကိုတောင်းခံပါ။
• သင့်ရဲ့ boss က သင့်ကို ဘယ်ရည်မှန်းချက်တွေကတော့ သင့်ရဲ့အလုပ်တာဝန်တွေနဲ့ အဖွဲ့ အစည်း/ လုပ်ငန်းရဲ့ ထုံးတမ်းစဉ်လာတွေနဲ့ကိုက်ညီမှုရှိအောင် အနည်းငယ်ပြောင်းလဲပြင်ဆင် သင့်ကြောင်းပြောပြပေးနိုင်ပါလိမ့်မယ်။
• သင့်အနေနဲ့ရည်မှန်းချက်များအောင်မြင်အောင်ဆောင်ရွက်နိုင်စေဖို့အတွက် မျှော်မှန်းချက်ထား ရာတွင် အလွန်မြင့်လွန်းတာမျိုး၊ အလွန်နိမ့်လွန်းတာမျိုးမဖြစ်စေပဲ သင်လုပ်ဆောင်နိုင်လောက် တဲ့အရာများကို အနေတော်သတ်မှတ်ထားပေးတတ်ဖို့တော့လိုအပ်ပါလိမ့်မယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Mya Kyar Khine Co., Ltd
..Mya Kyar Khine Company Limited (formally known as Manawmaya Trading Ltd.) was established in 1997. The company started to import and distribute Paul Mitchell Professional Hair Care Products (U.S.A) ...
Show the postings (6)
Koe Koe Tech IT Social Enterprise
Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
VPower Group Holdings Limited
We provide career development and attractive remuneration package and fringe benefits to the right candidates.VPower Group are one of the world's leading large gen-set system integration providers and...
Show the postings (2)
Myanmar Unilink Co., Ltd
Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (10)