Jobs In Myanmar
Load...

HRM Functions: 7 Major Functions of HRM (With Diagram) (Part – 4)

by www.jobsinyangon.com


Tags: Knowledge-HRM-Functions-JobsInYangon



HRM function များ - HRM ၏ အဓိက (Major Function) ၇ ခုအကြောင်း (ပုံနှင့်တကွ) (အပိုင်း - ၄) 

 

၃။ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် တိုးတက်မှုရှိလာစေရန်ဆောင်ရွက်ခြင်း

အသင့်တော်ဆုံး၊ အလားအလာအရှိဆုံးသော အလုပ်လျှောက်ထားသူများကို အဖွဲ့အစည်းအတွင်းတွင် ရွေးချယ် ပြီးနောက်တွင်တော့ နောက်တစ်ဆင့်အနေနဲ့ HR ဌာနက ထိုသူတို့ကို လေ့ကျင့်သင့်ကြားပေးဖို့အတွက် စီစဉ်ရမှာ ဖြစ်ပါတယ်။ လုပ်တာဝန်တိုင်းတွင် ထိရောက်မှုရှိစွာစွမ်းဆောင်နိုင်ဖို့အတွက် လေ့ကျင့်သင်ကြားပေးမှုအချို့ကို လိုအပ်မှာဖြစ်ပါတယ်။ ဒီအတွက် ဝန်ထမ်းများအားလုံး (ဝန်ထမ်းဟောင်းများကိုရော ဝန်ထမ်းအသစ်များကိုပါ) ကို လေ့ကျင့်သင်ကြားပေးခြင်း၊ ပြန်လည်လေ့ကျင့်ပေးခြင်းတို့ကို အချိန်အပိုင်းအခြားတစ်ခုတိုင်းတွင် ပြန်လည် လုပ်ဆောင်ပေးသင့်ပါတယ်။ 

ထို့အပြင် နည်းလမ်းအသစ်များ၊ လက်လီရောင်းချခြင်းနည်းစနစ်ပုံစံအသစ်များဟာလည်း ထွက်ပေါ်လျှက်ရှိနေ ပြီး တိုးတက်မှုအသစ်များဟာလည်း ကမ္ဘာတစ်လွှားတွင် ဖြစ်ပေါ်နေသည့်အတွက် လက်လီအရောင်း organization တိုင်းဟာ ဝန်ထမ်းများရဲ့ အသိပညာ၊ ကျွမ်းကျင်မှု၊ စွမ်းရည်များနဲ့ ကိုက်ညီမှုရှိခြင်းတို့ကို ပိုမိုတိုး တက်မှုရှိလာစေပြီး လုပ်ငန်းတာဝန်အသစ်များကိုဆောင်ရွက်နိုင်စေရန်အတွက်ကို ရည်ရွယ်ချက်ထားကာ စနစ်တကျစီမံပြီး လုပ်ဆောင်ပေးသင့်ပါတယ်။ 

၎။ လုပ်ငန်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှု 

ဝန်ထမ်းရွေးချယ်ခြင်း၊ လေ့ကျင့်ပေးခြင်းနဲ့ စိတ်အားထက်သန်မှုရှိစေရန်ဆောင်ရွက်ခြင်းတို့ကို ကျော်ဖြတ်ပြီးနောက် HR မန်နေဂျာတစ်ဦးအနေနဲ့ နောက်ထပ်လုပ်ဆောင်ရမယ့်အချက်ကတော့ ဝန်ထမ်းတစ်ဦး ချင်းစီတိုင်းရဲ့ အကျင့်စာရိတ္တ၊ အမူအကျင့်များနဲ့ စွမ်းဆောင်ရည်များကို သတ်မှတ်ရည်မှန်းချက်များကို ပြည့်မှီအောင်ဆောင်ရွက်နိုင်မှု အစရှိတဲ့ ရေတွက်၍ရနိုင်တဲ့အချက်များကိုအသုံးပြုပြီး အကဲဖြတ်ပေးရမှာပဲဖြစ် ပါတယ်။ HR ဌာနမှ စီမံခန့်ခွဲသူများကလည်း လက်တွေ့လုပ်ဆောင်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှုရဲ့ အကူအညီဖြင့် အဆိုပါဝန်ထမ်းများကို ခေါ်ယူဌားရမ်းလိုက်ခြင်းဟာ ဘယ်လောက်အထိ ထိရောက်မှုရှိလာသလဲ ဆိုတာကို သိရှိလိုကြမှာဖြစ်ပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှုဟာ အသေးစိတ်လေ့လာသူများအနေနဲ့ အားကိုးအားထားပြုနိုင်ပြီး အချိန်နဲ့တပြေးညီရရှိနိုင်တဲ့ အချက်အလက်များကိုပေးသွားနိုင်သည့်အပြင် ထိုသူတို့ ကို ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များချမှတ်လာနိုင်စေရန်အတွက်လဲ ကူညီပေးနိုင်ပါတယ်။ 

 “Performance management” နဲ့ “Performance appraisal” ဆိုသည့်အသုံးအနှုန်း ၂ခုကို အချို့သော စာရေးသူများနဲ့ HR ဘာသာရပ်ကျွမ်းကျင်သူများက တူညီသောအရာ ၂ခုအဖြစ် သုံးနှုန်းနေကြသော်လဲ ကမ္ဘာတစ်လွှားရှိ အသေးစိတ်ခွဲခြမ်းလေ့လာသူများကတော့ performance management ဆိုသည်မှာ performance appraisal ပါ ပါဝင်သော ပိုမိုကျယ်ပြန့်သည့် အသုံးအနှုန်းတစ်ခုဖြစ်သည်ဟု ယူဆထားကြပါတယ်။ 

 

အခြေခံ performance management system တစ်ခုတွင် အောက်ပါ ဆောင်ရွက်ချက်များ ပါဝင်နေပါတယ် - 

 

(က) Job description များကို ရှင်းလင်းစွာ ဖော်ဆောင်ပြုလုပ်ရန်။ 

(ခ) မှန်ကန်သင့်တော်သော ဝန်ထမ်းများကို သင့်တော်သည့်အလုပ်များအတွက် သင့်တော်သော selection process များကို ပြုလုပ်ခြင်းအားဖြင့် ရွေးချယ်ခြင်း။ 

(ဂ) လိုအပ်ချက်များနဲ့ အောင်မြင်မှုများအပေါ် အခြေခံသော အခြေခံလုပ်ငန်းစွမ်းဆောင်ရည်စံနှုန်းများ၊ ရလာဒ် များနဲ့ တိုင်းတာမှုများကို လိုအပ်သည့်အချိန်များတွင် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခြင်း။ 

(ဃ) သင့်တော်သော လေ့ကျင့်သင်ကြားရေး၊ အသိပညာပေးခြင်းနှင့် အလုပ်သင်ကာလ သင်ကြားရေးများကို ပြုလုပ်ပေးခြင်း။ 

(င) စဉ်ဆက်မပြတ် လမ်းညွှန်ပြသမှုများနဲ့ ဝေဖန်အကြံပြုချက်များကို ပေးအပ်ခြင်း။ 

(စ) ၃လတစ်ကြိမ်၊ နှစ်ဝက်တစ်ကြိမ်၊ နှစ်စဉ်တစ်ကြိမ် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်အတွက် ဆွေးနွေး မှုများကို ပြုလုပ်ပေးခြင်း။ 

(ဆ) သင့်တော်သော လစာငွေနှင့် ဝန်ထမ်းများအနေနဲ့ ထူးချွန်ကောင်းမွန်သောပါဝင်ဆောင်ရွက်မှုများကိုပြုလုပ်နိုင်ခဲ့ပါက ဆုကြေးငွေပေးရန် အကဲဖြတ်ခြင်းစနစ်များကို ရေးဆွဲတည်ဆောက်ခြင်း။ 

(ဇ) ဝန်ထမ်းများ၏ သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများတွင် တိုးတက်မှုရှိစေရန် အခွင့်အလမ်းများဆောင်ကြဉ်း ပေးခြင်း။ 

(ဈ) ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့သောဝန်ထမ်းများက organization အတွင်းမှ ထွက်ခွာသွားတဲ့အခါ များတွင် အပိတ်အင်တာဗျူးမေးမြန်းရာတွင် ကူညီပေးခြင်းအားဖြင့် ထိုသူများ ဘာကြောင့်ထွက်ခွာသွားသည်ကို သိရှိနားလည်နိုင်ရန် ကြိုးပမ်းခြင်း။  

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (65)
Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS