Jobs In Myanmar
Load...

ဝန်ထမ်း အရည်အသွေး မြှင့်တင်နိုင်မည့် နည်းလမ်းများ- 2

by JOBLESS


Tags: improvement work employee ways performance



ရန်ကုန်၊ မေ ၂၉ ရက်။ ။  ဝန်ထမ်းများ၏ အတွေ့အကြုံများကို သူ့နေရာနှင့်သူ အံဝင်ဂွင်ကျဖြစ်အောင် အနည်းငယ် ချိန်ညှိပေးရုံမျှဖြင့် မြင့်မားတဲ့ လုပ်ငန်းအောင်မြင်မှုများကို ရရှိနိုင်ကြောင်း သုတေသနပြု လေ့လာတွေ့ရှိချက်များက ဖော်ပြလျက်ရှိသည်။ ထို့ကြောင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင် အတွေ့ အကြုံများကို အခြေခံ၍ ဝန်ထမ်းအရည်အသွေးမြှင့်တင်နိုင်သလို လုပ်ငန်းအောင်မြင်မှုများလည်း ရရှိနိုင်မည့် နည်လမ်းများကို www.jobless.com.mm မှ ပြန်လည်ဝေမျှ ခြင်းဖြစ်သည်။

၆။ တစ်ဖက်သတ် ညွှန်ကြားချက်များကို ရှောင်ရှားရန်

          လုပ်ငန်းခွင် ဝင်ရောက်ခါစ ဝန်ထမ်းများ၏ တစ်ဝက်ခန့်သည် လုပ်ငန်းတာဝန်များအားလုံးကို ချက်ခြင်း စတင်လုပ်ဆောင်လိုသော်လည်း အချို့တစ်ဝက်မှာမူ အစမ်းခန့်သုံးလအတွင်း လုပ်ငန်း လုပ်ဆောင်မှု အဆင့်ဆင့်ကို ကျေညက်အောင် လေ့လာလိုကြသည်။

          ထို့ကြောင့် လုပ်ငန်းခွင် အရည်အသွေးတိုးတက်စေရန် တစ်ဖက်သတ်ခိုင်းစေချက်များနှင့် သင်ကြားမှုများကို မျှတစွာ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သတိပြုသင့်သည်။

 

၇။ လုပ်ငန်းရည်ရွယ်ချက်နှင့် စီပွားရေး လုပ်ဆောင်ချက်များကို ဝန်ထမ်းများ သိရှိပါစေ။

          လုပ်ငန်းရည်ရွယ်ချက်နှင့် စီပွားရေး လုပ်ဆောင်ချက်များကို ဝန်ထမ်းအားလုံးနီးပါး သိရှိဖို့ လိုအပ်သလို တန်ဖိုးထား လုပ်ကိုင်တတ်စေရန် တွေ့ဆုံရှင်းလင်းမှုများကို လုပ်ဆောင်ဖို့ လိုအပ်သည်။ ထိုသို့ရှင်းလင်းရာတွင်လည်း လုပ်ငန်းလုပ်ဆောင်ချက်များ အပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများကို တတ်နိုင်သမျှ ထည့်သွင်း ရှင်းလင်းဖို့လည်း လိုအပ်ပေမည်။ လုပ်ငန်းရည်ရွယ်ချက်များကို သိရှိထားသော လုပ်ငန်းခွင်ဝင်နေသူများသည် သူတို့၏နေ့စဉ် တာဝန်များကို ကုမ္ပဏီ၏ ရည်ရွယ်ချက်များနှင့် အံဝင်ဂွင်ကျဖြစ်အောင် လုပ်ဆောင်နိုင်ကြသဖြင့် လုပ်ငန်း လိုအပ်ချက်များကို အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ကြသည်။ လေ့လာတွေ့ရှိချက်အရ လုပ်ငန်းခွင်ဝင်နေ သူ ဝန်ထမ်းများ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ကုမ္ပဏီ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များကို မသိရှိသေး ကြောင်း တွေ့ရသည်။

 

၈။ လက်အောက်ဝန်ထမ်းများနှင့် စကားစမြည် ပြောဆိုပါ။

          ထိုသို့ လုပ်ဆောင်ခြင်းသည် ဝန်ထမ်းနှင့် လုပ်ငန်းရှင်အကြား ကွာဟချက်ကို ကျဉ်းမြောင်း စေနိုင်သလို ယုံကြည်မှုကိုလည်း တိုးပွားစေနိုင်မှာ ဖြစ်သည်။ လုပ်ငန်းခွင်ဝင်နေသူ ဝန်ထမ်းများ၏ ၂၀ ရာခိုင်နှုန်းခန့်သာ လုပ်ငန်းရှင်နှင့် စကားစမြည်ပြောဆိုခြင်းသည် အရေးကြီးသည့်ကိစ္စမဟုတ်ဟု ထင်မြင်ယူဆကြသည်။ အခြား ၈၀ ရာခိုင်နှုန်းကမူ ယုံကြည်မှုကို တိုးပွားစေကြောင်း ထုတ်ဖော်ပြောကြား ကြသည်။

 

၉။ အောင်မြင်မှုလမ်းကြောင်းကို ဖွင့်ထားပါ။

          ဝန်ထမ်းများအတွက် အောင်မြင်မှု လမ်းကြောင်းကို ဖွင့်ပေးထားခြင်းကလည်း ဝန်ထမ်း အရည်အသွေး တိုးတက်မှုကို အထိရောက်ဆုံး မြှင့်တင်ပေးသည့် နည်းလမ်းပင်ဖြစ်သည်။ စမ်းစစ်မှု များအရ လုပ်ငန်းခွင်ဝင်ရောက်နေသူများ၏ ထက်ဝက်ကျော်ခန့်သည် သူတို့၏ လုပ်ငန်းးခွင် အောင်မြင်မှု လမ်းကြောင်းကို မတွေ့မြင်ကြဟု သိရသည်။ အချို့သော ၄၀ ရာခိုင်နှုန်းခန့်သည် လုပ်ငန်းခွင် အရည်အချင်း စမ်းစစ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြသော်လည်း အောင်မြင်မှုလမ်းကြောင်းကိုမူ မတွေ့ရှိကြဟု သိရသည်။

          ယခုတင်ပြခဲ့သော လေ့လာစမ်းစစ်ချက်များသည် အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှု အေဂျင်စီ Brilliant Ink နှင့် Versta သုတေသနတို့ ပူပေါင်းဆောင်ရွက်မှုအရ ထွက်ပေါ်လာသော ရလာဒ်များကို www.jobless.com.mm မှ ပြန်လည်ဝေမျှခဲ့ခြင်း ဖြစ်သည်။  www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)
Trust Venture Partners Co., Ltd

Trust Venture Partners Co., Ltd

To contribute to the development of the Myanmar economy by helping Myanmar companies access the capital markets to achieve their growth objectives To provide one-stop service to international compani...
Show the postings (46)
Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah Co.,Ltd. [H.O]

Ayer Shwe Wah is a group of companies doing a variety of businesses and managing each unit underneath the breath of a strategic sustainability.Ayer Shwe Wah is one of the largest conglomerates in Myan...
Show the postings (26)
Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS